ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်အား လက်ခံတွေ့ဆုံ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်အား လက်ခံတွေ့ဆုံ

                                                          ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ 
                                        ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်အား လက်ခံတွေ့ဆုံ
                                                          နေပြည်တော် မတ် ၁၉
                   ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေး ပုဂ္ဂိုလ် H.E.Mr. Kallayana Vipattipumiprates အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်၊၊
                 တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံ မျက်နှာစာသစ်ဖွင့်လှစ်ပြီး  အစိုးရအချင်းချင်း၊ ပြည်သူအချင်းချင်း၊ ကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ၊ လွှတ်တော် နှစ်ရပ်အကြား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ အာဆီယံလွှတ်တော်များဆိုင်ရာ ညီလာခံ AIPA အစည်းအဝေးများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အခြေအနေ၊  အာဆီယံမူဘောင် အတွင်းမှ နှစ်နိုင်ငံလွှတ်တော်များအကြား အပြုသဘောဆောင်သည့် ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
               တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်၊၊
သတင်းစဉ်