နောက်ဆုံးရသတင်းများ

Online registration for visitor

လွှတ်တော်သို့လာရောက်လေ့လာနိုင်မည့်အချိန်များ

တနင်္လာနေ့မှ သောကြာနေ့ အထိ

နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၁၆ နာရီအထိ (အစိုးရရုံးပိတ်ရက်များ မပါ) 

လာရောက်လေ့လာနိုင်ပါသည်။

ဆက်သွယ်ရန်ဖုန်း - ၀၆၇-၄၅၉၁၃၀၀ ၊ ၀၆၇-၄၅၉၁၂၈၃

eMail – hrdept453@gmail.com ,  observerpyithu.dpm@parliment.hluttaw.mm 

Online မှတဆင့်လျှောက်ထားမည်ဆိုပါက (၅)ရက် ကြိုတင် လျှောက်ထားနိုင်ပါသည်

myanmar foreigner_only

 

 

                                                                                                                           လာရောက်လေ့လာသူများအနေဖြင့်လိုက်နာရမည့်စည်းကမ်းများ

 

 

၁။

လေ့လာသူများ၏ အချက်အလက်များကို ဖြည့်စွက်ရာတွင် အမည်၊ မှတ်ပုံတင်အမှတ် (မှတ်ပုံတင် မရှိသူများ/ ပျက်စီး/ ပျောက်ဆုံးသူများအတွက် သက်ဆိုင်ရာရပ်ကွက်၏ နေထိုင်ကြောင်း ထောက်ခံ ချက်များ၊ ကျောင်းသားဖြစ်ပါက ကျောင်းသားကတ်)၊ ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာတို့ကို တစ်ပါတည်း ပြည့်စုံစွာ ဖြည့်စွက်၍ လျှောက်ထားပါရန်။

၂။

လွှတ်တော်သို့ လာရောက်လေ့လာသည့်နေ့တွင် မှတ်ပုံတင်/ ထောက်ခံစာမူရင်းများ ယူဆောင် လာပါရန်။ 

၃။

မြန်မာဆန်ဆန် ဝတ်စားဆင်ယင်ကြရန် (ဥပမာ - စကတ်တို၊ ဘောင်းဘီတို၊ လည်ဟိုက်အင်္ကျီ၊ လက်ပြတ် အင်္ကျီ စသည်တို့ မဝတ်ဆင်ရ)

၄။

ဧည့်သည်တော်များအနေဖြင့်  ဂိတ်အမှတ်(၁) ကြိုးတံတားဂိတ်မှ စတင်ဝင်ရောက်၍ လုံခြုံရေးအရ စစ်ဆေးခြင်းကို ကြည်ဖြူစွာခံယူရန်နှင့် ဝင်/ထွက်ခွင့် လည်ဆွဲကတ်များအား စနစ်တကျ ထုတ်ယူပြီး ပျောက်ဆုံးမှု မရှိစေရေး ဂရုပြုကြရန်။ (တက္ကဆီနှင့် ဆိုင်ကယ်များ ဝင်ခွင့်မပြု)

၅။

သတ်မှတ်ထားသည့်နေရာများတွင် လေ့လာရန်နှင့် ဆူညံခြင်း မပြုကြရန်။

၆။

လွှတ်တော်အစည်းအဝေးခန်းမအတွင်းသို့ မှတ်သားစရာ စာအုပ်၊ ဘောပင်နှင့် ခဲတံမှလွဲ၍ ကျန်ပစ္စည်း များအား ယူဆောင်ခြင်းမပြုရ။ 

၇။

ကလေးငယ်များပါရှိသည့် မိဘများအနေဖြင့် အစည်းအဝေးခန်းမပြင်ပရှိ သတ်မှတ်နေရာတွင်သာ နေ၍ အစည်းအဝေးကျင်းပနေပုံအား လေ့လာရန်။

၈။

လေ့လာသူများအနေဖြင့် အစားအသောက်များ၊ ရုပ်ရှင်/ ရုပ်သေကင်မရာ၊ ရေဒီယို၊ ကက်ဆက်၊ လက်ကိုင်ဖုန်း(စက်ပိတ်ထားပါရန်)၊ အသံလွှင့် အသံဖမ်းကိရိယာများအား  သတ်မှတ်ထားသည့်  Locker ထဲတွင် သော့ခတ်သိမ်းဆည်းရန်နှင့်  သော့နံပါတ်များအား လုံခြုံရေးဝန်ထမ်းများထံ စာရင်း ပေးပြီး  သော့များကို  မိမိကိုယ်တိုင် စနစ်တကျ သိမ်းဆည်းရန်။ 

၉။

အစည်းအဝေးခန်းမအတွင်းသို့ အစားအသောက်များ ယူဆောင်လာခြင်း မပြုရ။

၁၀။

လေ့လာရေးစင်မြင့်တွင် နေရာယူသည့်အခါ ထိုင်ခုံပေါ်တွင် ဒူးထောက် ထိုင်ခြင်း၊ ရှေ့ခုံပေါ် ခြေထောက် တင်ခြင်း၊ စားပွဲပေါ် မှောက်အိပ်ခြင်း မပြုလုပ်ရ။

၁၁။

လွှတ်တော်အစည်းအဝေးခန်းမအတွင်းသို့ ဥက္ကဋ္ဌကြွရောက်လာစဉ်နှင့် ခန်းမအတွင်းမှ ပြန်လည် ထွက်ခွာစဉ် ဧည့်သည်တော်များအားလုံး မတ်တပ်ထရပ်ပေးကြပါရန်နှင့် အခမ်းအနားမှူးမှ အားလုံးထိုင်နိုင်ပါပြီဆိုမှ ထိုင်ပေးကြပါရန်။

၁၂။

လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် လွှတ်တော်ကိုယ်စားလှယ်များက အစီအစဉ်တစ်ခုပြီးတိုင်း  လက်ခုပ် ဩဘာတီးသည့်အချိန်တွင် ဧည့်သည်တော်များအနေဖြင့် လက်ခုပ်တီးခြင်း မပြုလုပ်ကြရန်။

၁၃။

အစည်းအဝေး ခေတ္တရပ်နား/ ပြီးဆုံးချိန်မှသာ အစည်းအဝေးခန်းမအတွင်းမှ ထွက်ခွာရန်။

၁၄။

လေ့လာခြင်းခရီးစဉ်ပြီးဆုံးပါက အမှတ်(၂) ကြိုးတံတားဂိတ်တွင် ဝင်/ထွက်ခွင့် ကတ်များအား ထုတ်ယူထားသည့် အရေအတွက်အတိုင်း စနစ်တကျ အပ်နှံပြီးမှ  ပြန်လည်ထွက်ခွာရန်။