နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၄.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယမြောက်နေ့သို့ လာရောက်လေ့လာသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ

ဥပဒေပြုပုံအဆင့်ဆင့်

ဥပဒေ စတင်ဆောင်ရွက်ပုံ

  • ဥပဒေပြုခြင်းအတွက် ဥပဒေကြမ်းစတင် တင်သွင်းဆွေးနွေးခြင်း ဆောင်ရွက်၊
  • နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ (လွှတ်တော်ကော်မတီများ အပါအဝင်)၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းသော ဥပဒေကြမ်းများကို တင်သွင်းခြင်း၊ ဆွေးနွေးခြင်းနှင့် ဆုံးဖြတ်ခြင်း၊
  • နိုင်ငံတော်၏အမျိုးသားစီမံကိန်းဥပဒေကြမ်း၊နှစ်စဉ်အရအသုံးခန့်မှန်းခြေ ငွေစာရင်း ဥပဒေကြမ်းနှင့် အခွန်အကောက်ဆိုင်ရာဥပဒေကြမ်း (၃)မျိုးမှလွဲ၍ ကျန်သော ဥပဒေကြမ်းများကို ပြည်ထောင်စုလွှတ်တော်နာယကမှ ပြည်သူ့လွှတ်တော်သို့ စတင် ဆွေးနွေးရန်ပေးပို့လာပါက ပြည်သူ့လွှတ်တော်တွင် စတင် ဆွေးနွေးခြင်း၊

 

 

ဥပဒေပြုခြင်း

ဥပဒေကြမ်း စတင်တင်သွင်းသည့်အချိန်မှ ထုတ်ပြန်ပြဋ္ဌာန်းသည့်အချိန်အထိ ဥပဒေပြုရေး အဆင့်ဆင့်ကို အောက်ဖော်ပြပါအတိုင်း တင်ပြအပ်ပါသည်-

laws
laws
laws

လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲခြင်းကိစ္စ

  • လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲပါက ပြည်ထောင်စုလွှတ်တော်နာယကက ဥပဒေကြမ်း ပူးပေါင်းကော်မတီသို့ လေ့လာစိစစ်ရန် အချိန်ကာလသတ်မှတ်၍ ပေးပို့၊
  • ပူးပေါင်းကော်မတီ၏ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်ကို ပြုစု၍ ပူးပေါင်းကော်မတီ ဥက္ကဋ္ဌက လက်မှတ်ရေးထိုးပြီး နာယကထံတင်ပြ၊
  • လွှတ်တော်နှစ်ရပ်၏ သဘောထားကွဲလွဲချက်များစပ်လျဉ်း၍ ပူးပေါင်းကော်မတီသည် ၎င်း၏ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များကို လွှတ်တော်တွင် ရှင်းလင်းတင်ပြ၊
  • နာယက က ဆွေးနွေးမည့် ကိုယ်စားလှယ်စာရင်းတောင်းခံပြီး ဆွေးနွေးမည့်ရက်ကို သတ်မှတ်ပေးခြင်း၊
  • လွှတ်တော် အဆုံးအဖြတ်ရယူရာတွင် ဆွေးနွေးချက်များကို ဦးစွာအဆုံးအဖြတ်ရယူပြီး ဥပဒေတစ်ရပ်လုံးကို လွှတ်တော်က အတည်ပြုရန် အဆုံးအဖြတ်ရယူ၊
  • လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့်အချက်နှင့် တိုက်ရိုက်သက်ဆိုင်သော ပြင်ဆင်ချက် ကိုသာ လွှတ်တော်က အတည်ပြုရန် အဆုံးအဖြတ်ရယူ၊

 

 

နိုင်ငံတော်သမ္မတထံပေးပို့ခြင်း

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသော ဥပဒေကြမ်းကို ဥပဒေအဖြစ် ထုတ်ပြန်နိုင်ရန် နိုင်ငံတော်သမ္မတထံပေးပို့ရာတွင် -

  • (၁၄) ရက်အတွင်း နိုင်ငံတော်သမ္မတက လက်မှတ်မရေးထိုးလျှင် သို့မဟုတ် မည်သည့် သဘော ထား မှတ်ချက်မပြုလျှင် အတည်ဖြစ်သည်ဟု မှတ်ယူရမည်၊
  • (၁၄) ရက်အတွင်း နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လျှင် ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည်ဆွေးနွေး အတည်ပြုခြင်းဆောင်ရွက်ပြီး သမ္မတထံ ဒုတိယအကြိမ်ပေးပို့၊
  • ထပ်မံပေးပို့ထားသော ဥပဒေကြမ်းကို (၇) ရက်အတွင်း လက်မှတ်ရေးထိုးလျှင် သို့မဟုတ် မရေးထိုးလျှင် အတည်ဖြစ်သည်ဟု မှတ်ယူရမည်၊
  • အတည်ပြုပြီးသောဥပဒေကို နိုင်ငံတော်ပြန်တမ်းနှင့် ပြည်သူများ သိရှိနိုင်ရန် နိုင်ငံပိုင်သတင်းစာ များတွင် ထည့်သွင်းကြေညာ၊