နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၁၃-၁၁-၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ် ပြည်သူ့လွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသက်ပုံ မြန်မာ - တရုတ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ တာဝန်ရှိပုဂ္ဂိုလ်များအား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်သို့လာရောက်လေ့လာသည့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ဗိုလ်တထောင်ခရိုင်မှ ဒေသခံပြည်သူများအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၁၁-၁၁-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက်အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ကျင်းပ
MY EN

(ခ)- ဦးစိုင်းလောင်း(မိုင်းပျဉ်းမဲဆန္ဒနယ်)

2026-11-13
(ခ)- ဦးစိုင်းလောင်း(မိုင်းပျဉ်းမဲဆန္ဒနယ်)
နယ်စပ်ရေးရာဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

(ခ)- ဦးစိုင်းလောင်း(မိုင်းပျဉ်းမဲဆန္ဒနယ်)

မိုင်းပျဉ်း-မိုင်းဆတ်လမ်းပေါ်မှ ထမ်ယမ်း-မိုင်းပုကြီးကျေးရွာအုပ်စုသို့သွားသော ကျေးလက်ကုန်ထုတ် လမ်းဟောင်းအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြန်လည်ပြုပြင်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းမန်း-ထမ်ယမ်း-မိုင်းပုကြီးလမ်းသည် ၆၂.၃၈ မိုင်ခန့် ရှိပြီး ရှမ်း၊ လားဟူ၊ ပလောင် စသော တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသော ဒေသဖြစ်ပါကြောင်း၊ ထိုလမ်းသည် လွန်ခဲ့သော ၂၀၁၀ ပြည့်နှစ်တွင် C.B ကုမ္ပဏီမှ ထမ်ယမ်းကျေးရွာအုပ်စု၊ မိုင်းပုကြီးကျေးရွာအုပ်စုအတွင်းရှိ သစ်များထုတ်ရန် ဖောက်လုပ်ခဲ့သော မြေသားလမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်းကို အမှီပြုလျက် ထမ်ယမ်း၊ နားကျောင်း၊ မိုင်းပုကြီး၊ မိုင်းမန်းစသည့် ကျေးရွာအုပ်စုများမှ တိုင်းရင်းသားဒေသခံပြည်သူများသည် လမ်းပန်း ဆက်သွယ်သွားလာမှု၊ လယ်ယာထုတ်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှု လွယ်ကူအဆင်ပြေ ချောမွေ့ ခဲ့ပါကြောင်း၊ သို့ရာတွင် နှစ်ပေါင်းကြာလာသည့်အခါ သစ်ထုတ် လုပ်မှုလည်းမရှိတော့ခြင်း၊ လမ်းပြုပြင် ထိန်းသိမ်းမှုလည်း မရှိတော့ခြင်းကြောင့် လမ်းရေတိုက်စား၍ လမ်းအူကြောင်း မြောင်းဖြစ်ခြင်း၊ ချိုင့်ခွက်များပေါ်ခြင်း၊ တောင်ပြိုကျ၍ လမ်းကျဉ်းခြင်း စသည့် အကြောင်း များကြောင့် ကားငယ်များ ပင် သွားလာ၍မရသဖြင့် ဆိုင်ကယ်များဖြင့်သာ သွားလာရပါကြောင်း၊ အထူးသဖြင့် မိုးတွင်းကာလ တွင် ထိုဒေသသည် လုံခြုံရေးတာဝန်ယူနေ ကြသော တပ်မတော်သားများ အတွက် ရိက္ခာပို့ဆောင် ရာတွင်လည်းကောင်း၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များနှင့် သယ်ယူပို့ ဆောင်ရာတွင် သော်လည်း ကောင်း၊ အရေးပေါ်ကိစ္စရပ်များ ပေါ်ပေါက်လာတွင် သော်လည်းကောင်း အခက်အခဲများစွာ ရင်ဆိုင် ခဲ့ရပါကြောင်း။

၎င်းလမ်းကိုအမှီပြုသော ကျေးရွာအုပ်စုလေးခု၊ ကျေးရွာပေါင်း ၈၈ ရွာ၊ အိမ်ခြေပေါင်း ၂,၃၄၃ အိမ်၊ လူဦးရေပေါင်း ၁၃,၇၄၁ ဦးရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိုင်းပျဉ်းမြို့နယ်၊ မိုင်းပျဉ်း-မိုင်းဆတ် လမ်းပေါ်မှ မိုင်းမန်းကျေးရွာအုပ်စု၊ နမ့်ဘော်လမ်းခွဲမှတစ်ဆင့် ထမ်ယမ်း-မိုင်းပုကြီး ကျေးရွာအုပ်စု သို့သွားသော ကျေးလက်ကုန်ထုတ်လမ်းဟောင်းသည် ရာသီမရွေးသွားလာနိုင်ရန်အတွက် ပြန်လည် ပြုပြင်ပေးပါရန် အစီအစဉ်များ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိနှင့် စီမံချက်များရှိလျှင် မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး က 

လွှတ်တော်ကိုယ်စားလှယ်တော်ကြီးမေးမြန်းသည့်လမ်းပိုင်းသည် မိုင်းပျဉ်းမြို့နယ်၊ မိုင်းပျဉ်း-မိုင်းဆတ်လမ်းပေါ်ရှိ မိုင်းပျဉ်းမြို့နယ်၊ မိုင်းမန်းကျေးရွာအုပ်စု၊ နမ့်ဘော်လမ်းခွဲမှ မိုင်းပုကြီးကျေးရွာ အုပ်စု၊ ပိန်းစန်းကျေးရွာကိုဆက်သွယ်ထားသည့် လမ်းပိုင်းဖြစ်ပြီး အရှည်အားဖြင့် မြေသားလမ်း မိုင် ၄၀ ခန့်ဖြစ်ပါကြောင်း၊ အကျယ်အားဖြင့် ၁၄ ပေမှ ၁၀ ပေခန့်ရှိ၍ ပျမ်းမျှ ၁၂ ပေခန့် အကျယ်ဖြစ်ပါ ကြောင်း၊  ဒေသအစီအစဉ်နှင့် ဆောက်လုပ်ထားသည့် လမ်းဖြစ်ပြီးမှ   နယ်စပ်ရေးရာဝန် ကြီးဌာန၏ စီမံမှု အောက် တွင်ပါရှိသည့် လမ်းပိုင်းဖြစ်ပါကြောင်း၊ ၎င်းလမ်းပိုင်းသည် ကျေးရွာအုပ်စု ၃ အုပ်စု၊ ကျေးရွာ ၂၄ ရွာ၊ အိမ်ထောင်စု ၆၃၃ စုနှင့် လူဦးရေ ၃,၄၁၆ ဦးကို အကျိုးပြုလျက်ရှိသည်ဟု သိရှိရပါကြောင်း။

ထို့ကြောင့် တင်ပြပါလမ်းပိုင်းကို အဆင့်မြှင့်တင်နိုင်ရန်အတွက် မြေသားလမ်းတာချဲ့ခြင်း လုပ်ငန်းကို ဦးစွာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လမ်းတာချဲ့ခြင်းလုပ်ငန်းကို ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု သို့မဟုတ် ပြည်နယ်ရန်ပုံငွေ၏ အမျိုးသား စီမံကိန်းစာရင်းတွင် အဆိုပြုလျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြား ခဲ့ပါသည်။