နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသက်ပုံ မြန်မာ - တရုတ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ တာဝန်ရှိပုဂ္ဂိုလ်များအား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်သို့လာရောက်လေ့လာသည့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ဗိုလ်တထောင်ခရိုင်မှ ဒေသခံပြည်သူများအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၁၁-၁၁-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက်အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် ၊ ကော်မတီ (၅) ခုမှ ဥက္ကဋ္ဌများ နှင့် ရန်ကုန်မြို့ ၊ အမေရိကန်သံရုံးမှ ဒုတိယအတွင်းဝန် Mr.Theodore A Meinhover တွေ့ဆုံ
MY EN

(င)-ဦးသန်းဝင်းထွန်း(ရွှေဘိုမဲဆန္ဒနယ်)

2026-11-13
(င)-ဦးသန်းဝင်းထွန်း(ရွှေဘိုမဲဆန္ဒနယ်)
နေပြည်တော်ကောင်စီ
Q&A Image
မေးခွန်း
မေးခွန်း

(င)-ဦးသန်းဝင်းထွန်း(ရွှေဘိုမဲဆန္ဒနယ်)

ရွှေဘိုမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ မဟာနန္ဒာကန်တော်ရေကို ရပ်ကွက်ကြီး(၁၀)တွင် ရေသုံးစွဲမှု အဆင်ပြေစေရေးအတွက် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ရွှေဘိုမြို့သည် ပုဂံခေတ်က မုဆိုးဖိုရွာကြီးဖြစ်ခဲ့ပါကြောင်း၊ မြန်မာသက္ကရာဇ် ၁၁၁၅ ခုနှစ်တွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက ရတနာသိင်္ဃမြို့တော်အဖြစ် တည်ထောင်ခဲ့ပြီး မြို့နှင့်အတူ မြို့တော်၊ နန်းတော်၊ ဗဟိုစည်၊ နတ်ကွန်း၊ ရွှေချပ်ကွန်စေတီ၊ ကျူံးများနှင့် မဟာနန္ဒာကန်တော်ကြီးတို့ကို တစ်ပြိုင်တည်းတည်ဆောက်ခဲ့ပါကြောင်း၊ ရတနာသိင်္ဃမြို့တော်တွင် အလောင်းမင်းတရားကြီး၊ နောင်တော်ကြီးမင်းနှင့် ဆင်ဖြူရှင်မင်းတို့ နန်းစံခဲ့ကြပြီး  ရွှေဘိုသည် မုဆိုးဖို၊ ကုန်းဘောင်၊ ရန်ကြီး အောင်၊ ရတနာသိင်္ဃ၊ ရွှေဘိုဟူ၍ ငါးမည်ရမြို့တော်အဖြစ် ထင်ရှားခဲ့ပါကြောင်း၊ ယခုအချိန်တွင် ရွှေဘိုမြို့ကို ရပ်ကွက်ကြီး(၁၀) ဖြင့် ဖွဲ့စည်းထားရှိပြီး ရပ်ကွက်ကြီး (၁) မှ (၉) အထိ ရပ်ကွက်နေ ပြည်သူများသည် မဟာနန္ဒာကန်တော်ရေကို ရွှေဘိုမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ သွယ်ယူပေးဝေ လျက်ရှိပြီး ရပ်ကွက်ကြီး (၁၀) ရှိ ပြည်သူများမှာ ယခုအချိန်ထိ သုံးစွဲနိုင်ခွင့် မရရှိသေးပါကြောင်း၊ ၎င်းရပ်ကွက်တွင် အိမ်ခြေ ၂,၅၁၁ အိမ်၊ အိမ်ထောင်စု ၂,၇၂၄ စုနှင့် လူဦးရေ ၂၂,၄၃၈ ဦးတို့ နေထိုင် ကြပြီး သရက်ခြံရပ်၊ မြတောင်ရပ်၊ ကုန်းဘောင်ရပ်၊ သူဇာရပ်၊ ရွှေဘိုတက္ကသိုလ်၊ ကျောင်းသား ကျောင်းသူများ နေထိုင်သည့်အပြင်ဆောင်ပေါင်း ၁၅၀ ကျော်၊ ခမရ(၁၁)၊ ခလရ(၄၂)၊ အမှတ်(၄) တပ်သားစုဆောင်းရေးတပ်၊ တည်ဆောက်ရေး (၄)၊ အကျဉ်းဦးစီးဌာနနှင့် ရွှေဘိုစက်မှုဇုန်တို့ ပါဝင် သော ရပ်ကွက်ကြီးတစ်ခုဖြစ်ပြီး၊ ယခုအခါတွင် မြေအောက်ရေကို သုံးစွဲနေကြရပြီး ရေတွင်းတွင်းနက် များကို သုံးစွဲလျက်ရှိပါကြောင်း၊ လျှပ်စစ်မီး အချိန်ကြာမြင့်စွာမလာပါက ရေအခက်အခဲများ ဖြစ်ပေါ်လျက် ရှိပါကြောင်း။

သို့ဖြစ်ပါ၍ ရွှေဘိုမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ မဟာနန္ဒာကန်တော်ရေကို ရပ်ကွက်ကြီး (၁၀)ရှိ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများနှင့် ဌာနဆိုင်ရာများ ရေသုံးစွဲမှုအဆင်ပြေစေရန် ဆောင်ရွက်ပေးနိုင်မှု အစီအစဉ် ရှိ /မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးသွားမည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

နေပြည်တော်ကောင်စီ၊ ကောင်စီဝင်၊ ဦးဝင်းမိုးခိုင် က

ရွှေဘိုမြို့သည် ဧရိယာ ၂.၆၅ စတုရန်းမိုင်ကျယ်ဝန်းပြီး ရပ်ကွက်(၁၀) ရပ်ကွက်ဖြင့် ဖွဲ့စည်း ထားပြီး ရွှေဘိုမြို့ရေပေးဝေရေးအတွက် မဟာနန္ဒာကန်တော်အမှတ်(၁)မှ အချင်း၁၅" ကွန်ကရစ်ပိုက်၊ အချင်း ၁၄" PVCပိုက်နှင့် အချင်း ၁၀" ကွန်ကရစ်ပိုက်လိုင်းများဖြင့် ရေသွယ်ရယူ၍ အမှတ်(၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉) ရပ်ကွက်များသို့ အမြင့်မှအနိမ့်သို့ စီးဆင်းသည့်စနစ်ဖြင့် ရေဖြန့်ဝေပေးလျက် ရှိပါကြောင်း၊ သက္ကယ်တန်းချောင်း၏ အနောက်ဘက်ခြမ်းဖြစ်သည့် အမှတ်(၁ဝ) ရပ်ကွက်အပိုင်း ထူထောင်ရေးရပ်၊ သရက်ခြံရပ်၊ နွားလေးကုန်းရပ်များအား ရေဖြန့်ဝေပေးနိုင်ပြီး သက္ကယ်တန်းချောင်း ၏ အရှေ့ပိုင်းဖြစ်သည့် သူဇာရပ်တွင် သူဇာ(၁)၊ (၂)၊ (၃)တို့အား မြေအောက်စက်ရေတွင်း သုံးတွင်း ဖြင့် အိမ်ခြေ ၁၇၄ အိမ်အားလည်းကောင်း၊ ကုန်းဘောင်ရပ်တွင် မြေအောက်စက်ရေတွင်း တစ်တွင်း ဖြင့် အိမ်ခြေ ၅၀ အားလည်းကောင်း ရေဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ ထို့အပြင် သက္ကယ်တန်း ချောင်း၏ အရှေ့ဘက်ခြမ်းဖြစ်သည့် မြတောင်၊ တပ်မြို့တောင်၊ စက်မှုဇုန်၊ ရွှေဘိုတက္ကသိုလ်၊ တည်ဆောက်ရေး (၄) ၊ အကျဉ်းဦးစီးဌာန၊ ခမရ(၁၁)၊ ခလရ(၄၂)နှင့် တပ်သားစုဆောင်းရေးတပ်များ အနေဖြင့် လက်ရှိအခြေအနေတွင် ကိုယ်ပိုင်မြေအောက်စက်ရေတွင်းများ တူးဖော်၍ ရေရယူသုံးစွဲ လျက်ရှိပါကြောင်း။

စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အမှတ်(၁ဝ)ရပ်ကွက်အတွင်း ရေများပိုမိုဖြန့်ဝေပေးနိုင်ရေး အတွက်  ငါးနှစ်စီမံကိန်းလျာထားစာရင်းတွင် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်၌ ပေါ်ဦးရေတွန်းစက် Pannel Board များအသစ် တပ်ဆင်လဲလှယ်ခြင်း၊ ၂ဝ၂၉-၂ဝ၃ဝ ဘဏ္ဍာရေးနှစ်၌ သူဇာ(၁)ရေစက်ရုံ ဂါလန် ၁ဝဝဝဝ ဆံ့ ကွန်ကရစ်ရေစင်တည်ဆောက်ခြင်း ၊ သူဇာ(၂) ရေစက်ရုံ ဂါလန် ၁ဝဝဝဝ ဆံ့ ကွန်ကရစ် ရေစင်တည်ဆောက်ခြင်းနှင့် ပေါ်ဦးရေစက်ရုံ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လျာထားလျက်ရှိပါကြောင်း၊ မဟာနန္ဒာကန်တော်မှာ ပင်လယ်ရေမျက်နှာပြင်အထက် Sea Level ၃၃၇ ပေ တွင်တည်ရှိပြီး သက္ကယ်တန်းချောင်း၏ အရှေ့ဘက်ခြမ်းရပ်ကွက်(၁ဝ)အပိုင်းမှာ Sea Level  ၃၅၈ ပေ တွင်တည်ရှိသောကြောင့် ရေရရှိနိုင်ရန် ကြားခံတွန်းစက်များ၊ ရေစုကန်များ၊ ပိုက်လိုင်းများ အသစ်တည်ဆောက်ပြီး ဖြန့်ဝေမှသာ ကန်တော်ရေရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မဟာနန္ဒာ ကန်တော်မှ ရေများဖြန့်ဝေပေးနိုင်ရေးအတွက် အမှတ်(၁ဝ)ရပ်ကွက်အတွင်း လက်ရှိ အခြေအနေ တွင် ရေရရှိသုံးစွဲလျက်ရှိနေသည့်အတွက် မဟာနန္ဒာကန်တော်မှ ရေဖြန့်ဝေပေးရေး စီမံကိန်းရေးဆွဲပြီး ၂၀၂၈-၂၀၂၉ နှင့် ၂၀၂၉-၂ဝ၃ဝ ဘဏ္ဍာရေးနှစ်များတွင် ဘတ်ဂျက်တင်ပြ တောင်းခံဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။