MY EN

(ဇ)- ဦးမျိုးမြင့်သိန်း(ဝမ်းတွင်းမဲဆန္ဒနယ်)

2026-11-11
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးမျိုးမြင့်သိန်း (ဝမ်းတွင်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဝမ်းတွင်းမြို့နယ်ရှိ သဲတော-ရိုးဇုံလမ်းနှင့် ဘုရားဖြူကုက္ကိုခါးလှလမ်းတို့အား အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဝမ်းတွင်းမြို့နယ်အတွင်းရှိ သဲတော-ရိုးဇုံလမ်းသည် အရှည် ၆ မိုင် ကျော်ရှိပြီး မြို့နယ်၏ အရှေ့ဘက်ခြမ်းရှိ ကျေးရွာအုပ်စု ၅ အုပ်စု၊ ကျေးရွာပေါင်း ၁၅ ရွာရှိ မိဘပြည်သူများအဓိကအား ထား အသုံးပြုနေကြသောလမ်းဖြစ်ပါကြောင်း၊ ထို့အပြင် ခရိုင်ချင်းဆက်လမ်းနှင့် ဆက်သွယ်ထား သော လမ်း ဖြစ်၍ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး ကဏ္ဍများတွင် အဓိကအသုံးပြုနေကြပါကြောင်း၊ ယခုအခါ အဆိုပါလမ်းကို ရပ်မိ ရပ်ဖများဦးဆောင်မှုဖြင့် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်မှုအပါအဝင် အဆင့် မြှင့်တင်ခြင်းကို ပေ ၂၈၀၀ ခန့်ပြီးစီးနေပြီး ကျန်ရှိသောလမ်းအပိုင်းသည် မိုးရာသီတွင် သွားလာရ ခက်ခဲသောကြောင့် လမ်းအဆင့်မြှင့်တင်ပေးရန် လိုအပ်လျက်ရှိ၍ အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ မရှိ နှင့် ၂၀၁၀-၂၀၁၅ အစိုးရသက်တမ်းကာလအတွင်း နိုင်ငံတော်အစိုးရသည် ဆောင်ရွက်ပေးခဲ့ သော ဘုရားဖြူကုက္ကိုခါးလှလမ်းသည် ကျေးရွာအုပ်စု ၁၀ အုပ်စု၊ ကျေးရွာပေါင်း ၃၈ ရွာရှိ ပြည်သူများ သွားလာနေကြသောလမ်းဖြစ်၍ ယခုအခါ ပျက်စီးလျက်ရှိပါကြောင်း၊ ပျက်စီးမှုများကို သံဃာတော်များ ဦးဆောင်၍ စေတနာရှင်ပြည်သူများသည် လှူဒါန်း၍ တစ်နိုင်တစ်ပိုင်ပြုပြင်အသုံးပြုနေကြရပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ ဘုရားဖြူကုက္ကိုခါးလှလမ်းသည် ပြည်သူများသွားလာရန် လွယ်ကူစေအောင် အဆင့်မြှင့် တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ နှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က 

လွှတ်တော်ကိုယ်စားလှယ်တော်ကြီးမေးမြန်းထားသည့် အဆိုပါလမ်းနှစ်လမ်းသည် မန္တလေး တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းများဖြစ်ပါကြောင်း၊ ပထမလမ်းဖြစ်သည့် သဲတော-ရိုးဇုံ လမ်းသည် လမ်းအရှည် ၆ မိုင်ရှိ၍ ဝမ်းတွင်းမြို့နယ်၊ သဲတောမြို့မှ ခရိုင်ချင်းဆက်လမ်း အမှတ်(၂)ကို ချိတ်ဆက်သောလမ်းဖြစ်ပါကြောင်း၊ ဒုတိယလမ်းဖြစ်သည့် ဘုရားဖြူကုက္ကိုခါးလှကန်ပတ်လည်လမ်းသည် အရှည် ၁၃ မိုင် ၂ ဖာလုံရှိ၍ ရန်ကုန်-တောင်ငူ-မန္တလေးလမ်းသို့ ချိတ်ဆက်သွားနိုင် သောလမ်း ဖြစ်ပါကြောင်း၊ သဲတော-ရိုးဇုံလမ်းအခြေအနေသည် ကွန်ကရစ်လမ်း ၅ မိုင်နှင့် ကျောက်ချောလမ်း ၅ မိုင်      ၃ ဖာလုံရှိသည့် အရှည်စုစုပေါင်း ၆ မိုင်ဖြစ်ပါကြောင်း၊ ဘုရားဖြူကုက္ကိုခါးလှကန်ပတ်လည်လမ်း အခြေအနေသည် ကတ္တရာလမ်း ၁ မိုင် ၄ ဖာလုံနှင့် ကျောက်ချောလမ်း ၁၁ မိုင်နှင့် ၆ ဖာလုံရှိသည့် စုစုပေါင်း လမ်းအရှည် ၁၃ မိုင် ၂ ဖာလုံဖြစ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မန္တလေးတိုင်း ဒေသကြီးရန်ပုံငွေအနေဖြင့် သဲတော-ရိုးဇုံလမ်းအရှည် ၃ ဖာလုံသည် ကျောက်ခင်းလမ်း ပြုပြင်ခြင်း၊ ဘုရားဖြူကုက္ကိုခါးလှကန်ပတ်လည်လမ်းပေါ်တွင် ၅ ပေ x ၂၄ ပေ ကျောက်ကြီးစီကမ်းကပ်ခုံ သံကူကွန် ကရစ်ကြမ်းခင်း Box Culvert ၇ စင်းတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင်လည်း တိုင်းဒေသကြီး ငွေလုံး၊ ငွေရင်းရန်ပုံငွေတွင် သဲတော-ရိုးဇုံလမ်းအရှည် ၄ ဖာလုံသည် ကတ္တရာလမ်းဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါကြောင်း၊ နောက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင်လည်း တိုင်းဒေသကြီးဖြည့်စွက် ရန်ပုံငွေ သို့မဟုတ် အထွေ ထွေပိုလျှံ ရန်ပုံ ငွေတွင် ဘုရားဖြူကုက္ကိုခါးလှကန်ပတ်လည်လမ်းအရှည်      ၄ ဖာလုံသည် လည်း ကတ္တရာလမ်း လုပ်ငန်းဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါကြောင်း၊ အဆိုပါ လမ်းနှစ်လမ်း၏ ကျန်းလမ်းအပိုင်းများ ကိုလည်း လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို နှစ်အလိုက် ဆက်လက်လျာထား ပြီးဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်၍ ပြန်လည်ဖြေကြားခဲ့ပါသည်။