နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်သို့လာရောက်လေ့လာသည့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ဗိုလ်တထောင်ခရိုင်မှ ဒေသခံပြည်သူများအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၁၁-၁၁-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက်အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် ၊ ကော်မတီ (၅) ခုမှ ဥက္ကဋ္ဌများ နှင့် ရန်ကုန်မြို့ ၊ အမေရိကန်သံရုံးမှ ဒုတိယအတွင်းဝန် Mr.Theodore A Meinhover တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ကျင်းပ
MY EN

(ဎ)- ဦးတင့်ဆွေ(ဆင်ပေါင်ဝဲမဲဆန္ဒနယ်)

2026-11-11
ကျန်းမာရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးတင့်ဆွေ (ဆင်ပေါင်ဝဲ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဆင်ပေါင်ဝဲမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် Digital X-Ray စက်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ထောက်ပံ့ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့ဆေးရုံသည် ၂၅ ခုတင်ဆံ့ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီးတစ်ဦး၊ လက်ထောက်ဆရာဝန်တစ်ဦး၊ တခြားကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိပါကြောင်း၊ ဆင်ပေါင်ဝဲမြို့ပေါ်တွင် ရပ်ကွက် သုံးရပ်ကွက်၊ အိမ်ထောင်စု ၁,၃၀၀ ကျော်နှင့် လူဦးရေ ၅,၄၂၁ ဦးနေထိုင်လျက်ရှိပြီး အနီးပတ်ဝန်းကျင်ကျေးရွာများမှလည်း မြို့နယ်ပြည်သူ့ဆေးရုံ သို့ ကျန်းမာရေးအတွက် အားကိုးအားထားပြုနေရကြောင်း၊ ဆင်ပေါင်ဝဲမြို့ကို ရန်ကုန်-ပြည်-မန္တလေး ကားလမ်း၏အနောက်ဘက် ၁၆ မိုင် ၄ ဖာလုံဝင်ရသည့် ကုန်းတွင်းမြို့လေးတစ်မြို့လည်းဖြစ်ပြီး မကွေးမြို့ရဲ့တောင်ဘက် ၆၃ မိုင်ခန့်၊ အောင်လံမြို့၏ မြောက်ဘက် ၄၈ မိုင်ခန့်၊ တောင်တွင်းကြီးမြို့ နှင့် မိုင် ၄၀ ခန့်ကွာဝေးပါကြောင်း၊ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိနေသော်လည်း မြစ်ကြောင်းအသုံးပြုမှုသည် အနီးပတ်ဝန်းကျင်ကျေးရွာများနှင့်သာ ဆက်သွယ်မှုရှိပြီး ကားလမ်း တစ်ခုတည်းကိုသာ အားကိုးအားထားပြုနေရသည့်မြို့ဖြစ်ပါကြောင်း၊ ဆင်ပေါင်ဝဲမြို့မှ နံနက်ပိုင်း တစ်ချိန်တည်းသာ မကွေးမြို့၊ အောင်လံမြို့၊ တောင်တွင်းကြီးမြို့များသို့ ဈေးဝယ်ကားများရှိပြီး ညနေပိုင်းအချိန်မှ မြို့သို့ပြန်ဝင်ကြကြောင်း၊ ကျန်အချိန်များတွင် ကျန်းမာရေးကိစ္စပေါ်ပေါက်ပါက ကိုယ်ပိုင်ယာဉ်ရှိသူများအတွက် အဆင်ပြေသော်လည်း အများပြည်သူတို့သည် မြို့နယ်ပြည်သူ့ဆေးရုံ ကိုသာ အားကိုး အားထားပြုနေကြရပါကြောင်း။

မြို့ပေါ်တွင် ပုဂ္ဂလိကဆေးရုံဆေးခန်း လုံးဝမရှိဘဲ မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိသော X-Ray ဓာတ်မှန်စက်သည် အချိန်ကာလကြာမြင့်စွာသုံးစွဲထားသဖြင့် အဆင်မပြေပါကြောင်း၊ လူနာများ၏ ဆေးစစ်ချက်၊ တိကျမှန်ကန်သော အဖြေရရန် အခက်အခဲများ ကြုံတွေ့ရကြောင်း၊ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့ဆေးရုံတွင် အမှန်တကယ် အရေးတကြီး လိုအပ်နေသော Digital X-Ray စက်နှင့် ဆက်စပ်ပစ္စည်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာတင်ထွန်းက

          မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံအတွက် လတ်တလော 100 mA Conventional X-Ray Machine တစ်လုံးကိုထောက်ပံ့ရန် ကုသရေး ဦးစီးဌာန ၏ ၂၁-၁၀-၂၀၂၆ ရက်စွဲပါစာအမှတ်၊ ကုသ/ဖြန့်ဖြူးရေး/၂၀၂၆ (၁၂၇၂)ဖြင့် စီစဉ်ဆောင်ရွက် ထားပြီး ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၏ အစီအစဉ်နှင့် မကြာခင်ကာလတွင် သွားရောက် တပ်ဆင်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့ပါသည်။

ဦးတင့်ဆွေ(ဆင်ပေါင်ဝဲမဲဆန္ဒနယ်) က ဆက်စပ်မေးမြန်းခဲ့ပါသည်-

          ဆင်ပေါင်ဝဲမြို့နယ်၊ ပြည်သူ့ဆေးရုံသည် ၂၅ ခုတင်ဆံ့ဆေးရုံဖြစ်သဖြင့် သွားဘက်ဆိုင်ရာ ဆရာဝန်အပါအဝင်ဆရာဝန်ငါးဦး လျာထားခွင့်ပြုထားသော်လည်း ယခုလက်ရှိ မြို့နယ်ဆရာဝန်ကြီး တစ်ဦးနှင့် လက်ထောက်ဆရာဝန်တစ်ဦးသာ ခန့်ထားပေးထားပါကြောင်း၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း၌ တိုက်နယ်ဆေးရုံ သုံးခုရှိသည့်အနက် တိုက်နယ်ဆေးရုံနှစ်တွင် တိုက်နယ်ဆရာဝန်များရှိပြီး ဆင်မတောင်တိုက်နယ်ဆေးရုံတွင် ဆရာဝန်ခန့်ထားပေးခြင်း မရှိသေးပါကြောင်း၊ မြို့နယ်ဆေးရုံ အတွက် နောက်ထပ်ဆရာဝန်တစ်ဦးနှင့် ဆင်မတောင် တိုက်နယ်ဆေးရုံအတွက် ဆရာဝန်တစ်ဦး ခန့်ထားပေးနိုင်ခြင်း ရှိ၊ မရှိကို မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက

          ၂၅ ခုတင်ဆံ့နှင့် ခုတင် ၅၀ ဆံ့တို့သည် ဖွဲ့စည်းပုံအတိုင်း အင်ပြည့်အားပြည့် မခန့်နိုင်ပါကြောင်း၊ ပြီးခဲ့သည့်လ ၁၁ ရက်နေ့ ဒုတိယဝန်ကြီးဖြစ်သည့်နေ့တွင် HR Shortage အခြေအနေ မိမိတင်ပြခဲ့ပါကြောင်း၊ Minimum Facter D အရ ဆရာအင်အားနှင့် Maximum Production ဖြစ်အောင် ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာဝန်မွေးထုတ်နိုင်မှုအခြေအနေပေါ် မူတည်၍ ဆင်ပေါင်ဝဲမြို့နယ် ဆေးရုံတင်မဟုတ်ဘဲ ကျန်ဆေးရုံများတွင်လည်း ထိုအခြေအနေများ အတိုင်း တချို့တော်တော်ရှိနေသေးပါကြောင်း၊ အနည်းဆုံး မြို့နယ်ဆရာဝန်နှင့် AS ဟုခေါ် သည့် လက်ထောက်ဆရာဝန်ရှိအောင် မိမိတို့ အစွမ်းကုန်ကြိုးစားဆောင်ရွက်နေပါကြောင်း၊ နိုင်ငံ တော်အကြီးအကဲ၏ မူဝါဒလည်းရှိပြီး ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်ဆိုသည့် မူဝါဒရှိပါကြောင်း၊ ဆင်ပေါင်ဝဲဆေးရုံတင်မဟုတ်ဘဲ ကျန်ဆေးရုံများပါ မြို့နယ်ဆရာဝန်ကြီးအပြင် ကျန်လက်ထောက် ဆရာဝန်တစ်ဦးရှိလျှင် နှစ်ဦးဖြစ်အောင် မွေးထုတ်နိုင်သည့်အပေါ် မူတည်၍ ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

ဆင်မတောင်တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသေးသည်ကို တိုင်းဦးစီးမှူးကို ညွှန်ကြားပြီး တိုက်နယ်ဆရာဝန်၊ နောက်ဆုံးတိုက်နယ်ဆရာဝန် ခန့်အပ်ရန် လူမရှိလျှင် မြို့နယ်ဆေးရုံမှဖြစ်ဖြစ်၊ တိုင်းဒေသကြီးတစ်နေရာမှဖြစ်ဖြစ် Relieving သွားပြီး အလှည့်နှင့် တာဝန်ထမ်းဆောင်နိုင်အောင် မိမိတို့စီစဉ်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။