နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ကျင်းပ လွှတ်တော်လုပ်ငန်းစဉ်များနှင့် ကျင့်ဝတ်စည်းကမ်းများ နိုင်ငံတကာစံနှုန်းနှင့်အညီ ကျင့်သုံးနိုင်ရေး ရှင်းလင်းတင်ပြ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၁၀-၁၁-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက်အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်၊ပို့ဆောင်ဆက်သွယ်ရေး၊ဒီဂျစ်တယ်နှင့်သိပ္ပံနည်းပညာကော်မတီ ဥက္ကဋ္ဌဒေါက်တာနန္ဒာလှမြင့် Telecom International Myanmar Co.,Ltd(Mytel)မှChief Representive Officer Mr. Le Van Tuyenဦးဆောင်သောအဖွဲ့အားလက်ခံတွေ့ဆုံ
MY EN

(ဂ)- ဦးမင်းခန့်ကျော်(ပဲခူးမဲဆန္ဒနယ်)

2026-11-10
တတိယအကြိမ်
ပို့ဆောင်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးမင်းခန့်ကျော် (ပဲခူး မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရန်ကုန်တိုင်းဒေသကြီးပြင်ပတွင် မှတ်ပုံတင်ထားရှိသော မော်တော်ယာဉ်များကို ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူများ၏လိပ်စာအတိုင်း ပြန်လည်ခွင့်ပြုပေးရန် မည်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယာဉ်ကြောကျပ်တည်းမှု၊ ယာဉ်ကြောပိတ်ဆို့မှုများ ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသည့်ယာဉ်များကိုသာ ထိုတိုင်းဒေသကြီးအ တွင်း၌ ဆက်လက်မှတ်ပုံတင်ထားရှိစေ၍ ပြင်ပတိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် မှတ်ပုံတင်ထား ရှိသော မော်တော်ယာဉ်များကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ မော်တော်ယာဉ်နယ်ဝင် လိပ်စာ ပြောင်းခြင်းကိုခွင့်မပြုဘဲ ကန့်သတ်ထားခဲ့သည်မှာ ၂၀၁၅ ခုနှစ်ဝန်းကျင်မှ ဖြစ်သည်ဟု သိရှိရပါ ကြောင်း၊ သို့ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သောပြည်သူများသည် နယ်လိုင်စင်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အသုံးပြုနေကြသည့် အတွက် ထိုတိုင်းဒေသကြီးအတွင်း ယာဉ်အ သွားအလာအသုံးပြုမှုများသည် ထူးခြားစွာပြောင်းလဲ လာခြင်းမရှိပါကြောင်း၊  နယ်လိုင်စင်ကား များ ကို ဝယ်ယူအသုံးပြုနေသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် ယာဉ်လိုင် စင်ကိစ္စနှင့်စပ်လျဉ်း၍ ယာဉ်မှတ်ပုံတင်ထားရှိသည့်နယ်ရုံးများသို့ သွားရောက်ဆောင်ရွက် ရသည့် အတွက် အချိန်ကုန်လူပန်းဖြစ်နေကြပါကြောင်း၊ နယ်လိုင်စင်များကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည်နယ်ဝင်မှတ်ပုံတင်ခွင့်ပြုလျှင် ပြည်သူများအဆင်ပြေစေနိုင်သကဲ့သို့ နေရပ်လိပ်စာမှန်ကန် ရေးနှင့် နိုင်ငံတော်လုံခြုံရေးကိုပါ အထောက်အကူပြုစေနိုင်ပါကြောင်း၊

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့်လည်း ယာဉ်အတွက်ရရှိမည့် စည်ပင်သာယာရေး ဘီးခွန်များလည်း တိုးတက်ရရှိစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးပြင်ပရှိ တိုင်းဒေ သကြီး ပြည်နယ်များတွင် မှတ်ပုံတင်ထားရှိသော မော်တော်ယာဉ်များကို ရန်ကုန်တိုင်း ဒေသကြီး အတွင်းနေ ပြည်သူများ၏လိပ်စာအတိုင်း ပြန်လည်ခွင့်ပြုပေးရန် အစီအစဉ် ရှိ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် အချိန်တွင် ပြန်လည်ဖွင့်လှစ်ပေးမည်ကို မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင် က

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအထိ မှတ်ပုံတင်ထားသော မော်တော်ယာဉ်စီးရေ ၅၂၈,၂၂၁ စီးရှိ၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ယခင်က ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ လိပ်စာပြောင်းနယ်ဝင်လျှောက်ထားလာပါက ရုံးအမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လက်ခံဆောင်ရွက်ပေးပါကြောင်း၊  သို့ရာတွင် ရန်ကုန်မြို့အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ အများပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့ စေရေး၊ လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုလျော့နည်းစေရေး အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၅) ဆုံးဖြတ်ချက် အပိုဒ် ၆၈ အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများ အနေဖြင့် လိပ်စာပြောင်းနယ်ဝင်သည့် မော်တော်ယာဉ်များသည် လိပ်စာပါနေရာတွင် ကားပါကင်ရှိ ကြောင်း ထောက်ခံချက်ပါရှိမှသာ နယ်ဝင်လက်ခံဆောင်ရွက်ပေးရန် သတ်မှတ်ခဲ့ပါကြောင်း။

ထို့အပြင် ၂၈-၁၂-၂၀၁၇ ရက်တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၄၆/၂၀၁၇) ဆုံးဖြတ်ချက်အပိုဒ် ၁၁၅ အရ ရန်ကုန်တိုင်းဒေသကြီးလိုင်စင်ဖြင့် အရည်ကျိုအပ်နှံသော မော်တော်ယာဉ်များကိုသာ ရန်ကုန်လိုင်စင်ထုတ်ပေးရန်နှင့် နယ်လိုင်စင် အရည်ကျိုကားများကို နယ်လိုင်စင်သာထုတ်ပေးရန် ထပ်မံ၍အကြောင်းကြားလာပါကြောင်း၊ ကုန်း လမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ရန်ကုန်လိုင်စင်ခွင့်ပြုပေးနိုင်ခြင်းနှင့်စပ်လျဉ်း၍ မော်တော် ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၏ဆုံးဖြတ်ချက်အရ ရန်ကုန်လိပ်စာဖြင့်မှတ်ပုံတင် ထားသောမော်တော်ယာဉ်များသည် ဖျက်သိမ်း၍ အစားထိုးတင်သွင်းလာပါက ရန်ကုန်လိုင်စင် ခွင့်ပြု ပေးခြင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်းတွင်တပ်ဆင် ထုတ် လုပ်သော CKD/ SKD မော်တော်ယာဉ်များသည် ပြည်တွင်းထုတ်လုပ်မှုကို အားပေးကူညီသည့် အနေ ဖြင့် ရန်ကုန်လိပ်စာဖြင့်လျှောက်ထားလာပါက ရန်ကုန်လိုင်စင်ခွင့်ပြုပေးခြင်း၊ အမျိုးသားအဆင့် လျှပ် စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် ကုမ္ပဏီ များမှ တက္ကစီဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရန် တင်သွင်းလာသည့် လျှပ်စစ်သုံးတက္ကစီ ယာဉ် များနှင့် လျှပ်စစ်သုံးခရီးသည်တင်ယာဉ်များသည် ရန်ကုန်လိပ်စာဖြင့်လျှောက်ထားလာပါက ရန်ကုန် လိုင်စင်ခွင့်ပြုပေးခြင်းတို့ကိုသာ အထူးကိစ္စရပ်တစ်ရပ်အနေဖြင့် ဆောင်ရွက်ပေး လျက်ရှိပါ ကြောင်း။

သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးပြင်ပတွင် မှတ်ပုံတင်ထားသည့်မော်တော်ယာဉ်များကို ရန်ကုန်တိုင်းဒေသကြီးသို့ လိပ်စာပြောင်းနယ်ဝင်၍ ရန်ကုန်တိုင်းအတွင်းနေ ပြည်သူများ၏လိပ်စာ အတိုင်း ပြန်လည်ခွင့်ပြုပေးရန် အစီအစဉ် ရှိ မရှိနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ မော်တော်ယာဉ်များ နယ်ဝင်ခွင့်လျှောက်ထားခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအတိုင်း ဆောင်ရွက်ပေးခြင်းနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်းတပ်ဆင်ထုတ်လုပ်ထားသော (CKD/SKD) မော်တော်ယာဉ်များ အား ပြည်တွင်းထုတ်လုပ်မှုကို အားပေးကူညီသည့်အနေဖြင့် ရန်ကုန်လိုင်စင်ခွင့်ပြုပေးခြင်း၊ အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ကုမ္ပဏီများမှ တက္ကစီဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရန် တင်သွင်းလာသည့် လျှပ်စစ်သုံးတက္ကစီယာဉ်များနှင့်လျှပ်စစ်သုံးခရီးသည်တင်ယာဉ်များကို ရန်ကုန်လိပ်စာဖြင့် လျှောက်ထား ပါက အထူးကိစ္စရပ်တစ်ရပ်အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။