နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ကျင်းပ လွှတ်တော်လုပ်ငန်းစဉ်များနှင့် ကျင့်ဝတ်စည်းကမ်းများ နိုင်ငံတကာစံနှုန်းနှင့်အညီ ကျင့်သုံးနိုင်ရေး ရှင်းလင်းတင်ပြ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၁၀-၁၁-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက်အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်၊ပို့ဆောင်ဆက်သွယ်ရေး၊ဒီဂျစ်တယ်နှင့်သိပ္ပံနည်းပညာကော်မတီ ဥက္ကဋ္ဌဒေါက်တာနန္ဒာလှမြင့် Telecom International Myanmar Co.,Ltd(Mytel)မှChief Representive Officer Mr. Le Van Tuyenဦးဆောင်သောအဖွဲ့အားလက်ခံတွေ့ဆုံ
MY EN

(င)- ဦးရားနီ(ပူတာအိုမဲဆန္ဒနယ်)

2026-11-10
တတိယအကြိမ်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးရားနီ (ပူတာအို မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ပူတာအိုမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနရုံးအား အသစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပူတာအိုမြို့နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးဟူ၍ သီးခြားတည်ရှိပါကြောင်း၊ မြို့နယ် ဦးစီးမှူးရုံးအနေဖြင့် မြို့မရပ်ကွက်ရှိ ဌာနပိုင် ၀.၅၆၀ ဧကရှိမြေပေါ်တွင် အလျား ၆၀ ပေ၊ အနံ ၄၀ ပေ၊ အမြင့် ၁၈ ပေနှင့် ကွန်ကရစ်တစ်ခြမ်း၊ ပျဉ်ခင်းတစ်ခြမ်း၊ သွပ်မိုးပျဉ်ကာဖြင့် ၁၉၅၃ ခုနှစ်တွင် တည်ဆောက်ခဲ့ပါကြောင်း၊ အဆောက်အဦသက် တမ်းသည် ၇၃ နှစ်ကျော်ကြာပြီဖြစ်သည့်အတွက် ဒေသရာသီဥတု အခြေအနေအရ ဥပဓိသည် တော် တော်လေးဟောင်းနွမ်းယိုယွင်းနေသည်ကို တွေ့ရှိရပါကြောင်း၊ ဖော်ပြပါ မြို့နယ်ဦးစီးမှူး ရုံးသည် ပူတာအို မြို့ လယ်ခေါင် ကတ္တရာလမ်းမကြီး၏နံဘေးတွင် အနီးကပ်ဆုံးတည်ရှိ သည်ဖြစ်သည့် အတွက် ဥပဓိသည် အမြင်မကောင်းလောက်အောင် ယိုယွင်းဟောင်းနွမ်းနေသည်ကို တွေ့ရှိရပါကြောင်း၊ ပူတာအိုမြို့နယ် ဦးစီးမှူးရုံးတွင် ဦးစီးအရာရှိတစ်ဦး၊ လူဝင်မှုကြီးကြပ်ရေးမှူးနှစ်ဦး၊ ဒုတိယလူဝင်မှု ကြီးကြပ်ရေးမှူးလေး ဦး၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးတစ်ဦး စုစုပေါင်း ရှစ်ဦးတာဝန် ထမ်းဆောင်လျက်ရှိပါ ကြောင်း။

ပူတာအိုမြို့နယ်အတွင်းရှိသည့် အိမ်ထောင်စု ၁၅,၆၄၁ စု၊ မြို့ပေါ် ၁၁ ရပ်ကွက်မှလူဦးရေ ၁၈,၉၆၂ ဦး၊ ကျေးရွာအုပ်စု ၁၄ ခုမှ လူဦးရေ ၄၉,၁၇၅ ဦး စုစုပေါင်း ၆၈,၁၃၇ ဦးတို့၏ အမှုတွဲများကို ထိန်းသိမ်းထားသည့်ရုံးဖြစ်ပါကြောင်း၊ လူ့အရင်းအမြစ် စာရင်းဇယားများကို မှတ်တမ်းတင်ထိန်းသိမ်း ထားရသောရုံးဖြစ်၍ အရေးကြီးသောရုံးဖြစ်ပါကြောင်း၊ လက်ရှိ ရုံးအဆောက်အဦသည် နှစ်ကာလ သက်တမ်းကြာလာသည်နှင့်အမျှ တိုင်များဆွေးမြည့်ခြင်း၊ ထုတ်တန်းများခြစားခြင်း၊ ဒေသရာသီဥတု အရ ပြတင်းပေါက်နှင့်တံခါးများ အမြင်မကောင်းအောင် ယိုယွင်းပျက်စီးနေပါသဖြင့် ခရိုင်ရုံးစိုက်ရာ မြို့အင်္ဂါနှင့်အညီ အသစ်ပြန်လည်တည်ဆောက်ပေးရန် မဖြစ်မနေလိုအပ်လျက်ရှိသည်ကို တွေ့ရှိရပါ ကြောင်း။

သို့ဖြစ်ပါ၍ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးကို အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိနှင့် အစီအစဉ် မရှိသေးလျှင်လည်း အထူးလိုအပ်ချက်တစ်ရပ်အနေဖြင့် ဘတ်ဂျက်ရေးဆွဲ၍ ဦးစားပေးအစီအစဉ် အနေဖြင့် မဖြစ်မနေတည်ဆောက်ပေးနိုင်ပါရန် မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း က 

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပူတာအိုမြို့နယ်ဦးစီးမှူးရုံးသည် ပူတာ အိုမြို့၊ မြို့မရပ်ကွက်တွင်တည်ရှိပြီး မြေဧရိယာ ၀.၅၆ ဧက အကျယ်အဝန်းရှိ၍ ဌာနပိုင်မြေအဖြစ် ၁၇-၂-၂၀၁၆ ရက်မှ ၁၆-၂-၂၀၂၆ ရက်အထိ ၁၀ နှစ် မြေငှား ဂရန်ရရှိထားသည်ဖြစ်ပါကြောင်း၊ ပူတာအိုမြို့နယ် ဦးစီးမှူးရုံးအဆောက်အဦသည် ၁၉၅၃ ခုနှစ်တွင် ဒေသထွက် သစ်များဖြင့် တင်ပြပါပုံများအတိုင်း တည် ဆောက်ထားပြီး အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁ဝ ပေ၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ တစ်ထပ် အဆောက်အဦဖြစ်၍ ၁၉၅၄ ခုနှစ်မှစ၍ မြို့နယ်ဦးစီးမှူးရုံးအဖြစ် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပူတာအိုမြို့နယ်ဦးစီးမှူးရုံးတွင် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊ နိုင်ငံသား စိစစ်ရေးလုပ်ငန်းများနှင့် e-ID စနစ်ဖြင့် UID ထုတ်ပေးခြင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက် ပေးလျက် ရှိရာတွင် လာရောက် ဆောင် ရွက်သူ တစ်နေ့လျှင် ပျမ်းမျှ ၁ဝ ဦးခန့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ဌာနပိုင်ရုံး ဖွင့်လှစ်နိုင်ခြင်းမရှိ သေးသောရုံးများ၊ ရုံးအင်္ဂါရပ်များနှင့်ညီညွတ်မှုမရှိသော အိုမင်းဟောင်းနွမ်းနေသည့် ဌာနပိုင်ရုံးအ ဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများကို အသစ်ပြန်လည်ဆောက်လုပ်နိုင်ရန်အတွက် နှစ်စဉ် လျာ ထားတင်ပြ တောင်းခံလျက်ရှိပါကြောင်း၊ ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေလျာထား တောင်းခံရာတွင် အကြမ်းဖက် ဖြစ်စဉ်ကြောင့် မီးရှို့ဖျက်စီးခံခဲ့ရသည့် ရုံးအဆောက်အဦများ၊ မန္တလေး

ငလျင် ဒဏ်အပါအဝင် သဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးခဲ့သည့်ရုံးများသည် ဦးစားပေး လျာထား တောင်းခံခဲ့ရသည့် အတွက် ပူတာအိုမြို့နယ်၊ မြို့နယ်ဦးစီးမှူးရုံးသည် လျာထားတောင်းခံမှုတွင် မပါရှိပါ ကြောင်း။

လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင်လည်း အကြမ်းဖက်ဖြစ်စဉ်ကြောင့် မီးရှို့ဖျက်ဆီးခံထားရသည့် ရုံးများ၊ ဌာနပိုင်ရုံး ဖွင့်လှစ်နိုင်ခြင်းမရှိသေးသောရုံးများနှင့် အမှန်တကယ် လူနေထိုင်လျက်ရှိသော ဝန်ထမ်းအိမ်ရာများကို အသစ်ပြန်လည်တည်ဆောက်နိုင်ရန် လျာထားတင်ပြတောင်းခံခြင်းဖြစ်၍ ပူတာအို မြို့နယ်၊ မြို့နယ်ဦးစီးမှူးရုံးဆောက်လုပ်ရန်အတွက် လျာထားတောင်းခံမှုတွင် မပါရှိပါသဖြင့် ၂ဝ၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၏ ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းတင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။