MY EN

(ဂ)-ဦးလှဆွေ(ပုဗ္ဗသီရိမဲဆန္ဒနယ်)

2026-11-09
တတိယအကြိမ်
နေပြည်တော်ကောင်စီ
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးလှဆွေ (ပုဗ္ဗသီရိ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

တပ်ကုန်းမြို့၊ အောင်ဇေယျရပ်ကွက်၊ အ.ထ.က(၁)ကျောင်း ခြံစည်းရိုးအနီးသို့ ပလက်ဖောင်းပြောင်းရွှေ့ရန် ရေတို၊ ရေရှည်အစီအမံများ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

တပ်ကုန်းမြို့ပေါ်တွင် အ.ထ.က (၁)၊ အ.ထ.က(၂)ဆိုပြီး အ.ထ.က နှစ်ကျောင်း ရှိပါ ကြောင်း၊ အ.ထ.က(၁)တွင်ကျောင်းသား ၂,၀၀၀ကျော်ရှိပြီး အောင်ဇေယျရပ်ကွက်တွင်ရှိပါ‌ ကြောင်း ၊ ၎င်းရှေ့ကလမ်းကို အောင်သီဟလမ်းဟု ခေါ်ပါကြောင်း၊ အောင်သီဟလမ်းသည် ပေ ၁၀၀ လောက် ကျယ်သော်လည်း ဘေးတွင် ၅ ပေ ပလက်ဖောင်း နှစ်ခုရှိ သည့်အတွက် ၎င်း ၁၀ ပေ ကို နုတ်လိုက်လျှင် အလယ်ခေါင်လမ်းကြီးသည် ပေ ၉၀ ကျန် ရမည်ဖြစ်သော်လည်း  ပလက်ဖောင်း အလယ်ခေါင်ရောက်နေသည့်အခါ လမ်းအကျယ်မှ ၃၂ ပေသာရှိပါတော့ကြောင်း၊ ၎င်းကို ဒုတိယဥက္ကဋ္ဌကြီးမှ လွှတ်တော်နားသည့်အချိန် တပ်ကုန်းရှိ မဲဆန္ဒရှင်ပြည်သူများနှင့် သွားတွေ့သည့်အခါမှာ ပြည်သူလူထုကတင်ပြသည့်အတွက် ဦးလှဆွေ တို့လည်း သွားပြီးကွင်းဆင်း ကြည့်ပါဦးဆိုလို့ မိမိကိုယ်တိုင်သွားဆင်းကြည့်သည့်အခါ ကျောင်းရှေ့လမ်းသည် ၃၂ ပေသာရှိပြီး ပလက်ဖောင်းများက အလယ်ခေါင်တွင် စုနေပါကြောင်း၊ ၎င်းပလက်ဖောင်းသည် ၅ ပေကျယ် ပြီး ပေ ၁,၆၀၀ လောက်ရှည်ပါကြောင်း၊ ၎င်း ပလက်ဖောင်းကြီးကို ကျောင်းဘက် တွင် မြေနေရာများ လွတ်နေပါကြောင်း၊ အဲဒီလိုကပ်လိုက်မည်ဆိုပါက မူလ ၃၂ ပေရှိနေသည်ကနေ ပေ ၉၀ လောက်ကျယ်သည့် သုံးဆလောက်ကျယ်သည့်လမ်းကြီးဖြစ်ပြီး ၎င်းလမ်းကြီးသည် Main လမ်းကြီးဖြစ်ပြီး ယာဉ်သွားလာမှုများပါကြောင်း၊ ကျောင်းသူ ကျောင်းသား ၂,၀၀၀ လောက် ရှိ သည့်အတွက် ကျောင်းတက်၊ ကျောင်းဆင်းချိန်တွင် အင်မတန် အန္တရာယ်များသည့်အတွက် ပေ ၁,၆၀၀ လောက်ရှိသည့်ပလက်ဖောင်းကို နေရာရွှေ့ပေးရန် အစီအစဉ် ရှိ/ မရှိ ကိုသိလိုပါ ကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

နေပြည်တော်ကောင်စီ၊ ကောင်စီဝင်၊ ဦးဝင်းမိုးခိုင် က

တပ်ကုန်းမြို့၊ အောင်ဇေယျရပ်ကွက်၊ အ.ထ.က(၁) ကျောင်းရှေ့ရှိ အောင်သီဟလမ်းသည် အကျယ်ပေ ၁၀၀၊ ပလက်ဖောင်းနှစ်ခုကြား အကျယ် ၃၂ ပေသာရှိသည့် Mainလမ်းဖြစ်သဖြင့် လူသွား လူလာများခြင်းနှင့် ကားကြီးများ ဖြတ်သန်းသွားလာမှုရှိခြင်းတို့ကြောင့် ကျောင်းတက်‌၊ ကျောင်းဆင်း ချိန်များတွင် ကျောင်းသား ကျောင်းသူများ အန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်ရန်အတွက် အဆိုပါပလက်ဖောင်း အရှည်ပေ ၁၆၀၀၊ အကျယ် ၅ ပေ ၆ လက်မအား ဖျက်၍ အ.ထ.က(၁) ကျောင်းခြံစည်းရိုးအနီး (ရေမြောင်းအနီး)သို့ ပြောင်းရွှေ့ဆောင်ရွက်နိုင်ရေး ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေ၌ အောင်သီဟလမ်းတွင် မူလပလက်ဖောင်း အဟောင်းအားဖျက်သိမ်း၍ ပလက်ဖောင်းအသစ်ပြုလုပ်ခြင်း အရှည်ပေ ၁၆၀၀၊ အကျယ် ၅ ပေ ၆ လက်မလုပ်ငန်းအား ငွေကျပ်(၁၂၁.၇၂၅)သန်းဖြင့် ထည့်သွင်းလျာထားပြီးဖြစ်ပါ ကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါ သည်။