နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၂-၁၁-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ အမှတ် (၁) နှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ ကျင်းပ
MY EN

(ခ)-ဦးမောင်ရွှေ(လွိုင်ကော်မဲဆန္ဒနယ်)

2026-11-02
တတိယအကြိမ်
ပြည်ထဲရေးဝန်ကြီးဌာန
မေးခွန်း
ဦးမောင်ရွှေ (လွိုင်ကော် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

လောပိတမြို့၌ ရဲစခန်းရုံးနှင့် ဝန်ထမ်းများနေထိုင်ရန် အိမ်ရာအဆောက်အဦများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လောပိတမြို့သည် ရပ်ကွက် ၈ ရပ်ကွက်ဖြင့် ဖွဲ့စည်းထား ရှိပြီး အိမ်ထောင်စု ၈၇၈ စုနှင့် လူဦးရေ ၃,၀၀၀ ဦးခန့် နေထိုင်လျက်ရှိပါကြောင်း၊ လောပိတရေအား လျှပ်စစ်စက်ရုံသည် မြန်မာနိုင်ငံတွင် အထင်ရှားဆုံးသော ဘီလူးချောင်းရေအားလျှပ်စစ် ထုတ်လုပ်ပေး နေသော စက်ရုံတစ်ခု ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် မြို့အဖြစ်သတ်မှတ်ပေးခဲ့သော မြို့တစ်မြို့ဖြစ်ပါ ကြောင်း၊ မြို့အဖြစ် သတ်မှတ်ပေးခဲ့သည်နှင့်အညီ နယ်မြေလုံခြုံရေး တာဝန်ယူဆောင်ရွက်နေကြ ရသော မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လောပိတမြို့ရဲစခန်းရုံးသည် မြို့အင်္ဂါရပ်နှင့် ညီညွတ်မှုမရှိဘဲ အဆောက်အဦမှာလည်း ခမ်းနားထည်ဝါမှုမရှိသည်ကို တွေ့ရှိရပါကြောင်း။ 

လောပိတမြို့သည် ယခင်က ခရီးသွားပြည်သူများ လောပိတ View Point မှ တောတောင် အလှအပရှုခင်းများနှင့် စက်ရုံကို အလည်အပတ်လာရောက်သူများသော နေရာတစ်ခု ဖြစ်ခဲ့ပါကြောင်း၊ နယ်မြေအေးချမ်းတည်ငြိမ်မှုရှိလာပြီဆိုပါကခရီးသွားများလာရောက်လည်ပတ်တော့မည်ဖြစ်ပါကြောင်း၊ လောပိတမြို့၊ ရေအားလျှပ်စစ်စက်ရုံ အတွက် အဓိကနယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျ ဆင်းရေးများကို အထူးအလေးထား စီမံဆောင်ရွက်ပေးနေရသော အထူးအရေးပါသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဖြစ်ပါကြောင်း။ 

လောပိတမြို့အား မြို့အဖြစ်သတ်မှတ်ပြီဆိုပါကအစိုးရရုံးအဆောက်အဦများ၊ မြို့အင်္ဂါရပ် နှင့် ညီညွတ်ရန် ခမ်းနာထည်ဝါမှုရှိရန်လည်း လိုအပ်လျက်ရှိလာပါကြောင်း၊ အဓိက မြို့တွင်းလုံခြုံရေး တာဝန်ယူဆောင်ရွက်ပေးနေကြရသော ဝန်ထမ်းများ၊ ၎င်း၏မိသားစုများ သက်တောင့်သက်သာ နေထိုင်ရေးသည် အလွန်ပင်အရေးကြီးလိုအပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် လောပိတမြို့ အတွင်းရှိ မြန်မာနိုင်ငံရဲစခန်းရုံးနှင့် ဝန်ထမ်းအိမ်ရာ လေးခန်းတွဲ RC ကွန်ကရစ်ဖြင့် သင့်တော်သော သတ်မှတ် အဆောက်အဦ တည်ဆောက်ပေးရန်အတွက် ၂၀၂၇-၂၀၂၈ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက် ထည့်သွင်း ပြီး တည်ဆောက်ပေးပါရန် ကိစ္စအားမေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က

လောပိတနယ်မြေရဲစခန်းသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ လွိုင်ကော်-လောပိတရေအားလျှပ်စစ်စက်ရုံသို့ သွားရောက်သည့် ကားလမ်းဘေးတွင်တည်ရှိပြီး မြေဧရိယာ ၃.၇ ဧက ကျယ်ဝန်းပြီး အဆောက်အဦများအနေဖြင့် လောပိတနယ်မြေရဲစခန်းဝန်းအတွင်း ၄၁ x ၂၅ x ၁၂ ပေရှိ သွပ်မိုး၊ သွပ်ကာ၊ အုတ်ခင်းတစ်ထပ်ရုံး ၁ လုံး၊ ၄၀ x ၂၀ ပေရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ၂ ခန်းတွဲ ၁ ထပ် ၁ လုံးနှင့် ၄၀ x ၂၀ ပေရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ၄ ခန်းတွဲ ၁ ထပ် နှစ်လုံး၊ ၄၀ x ၂၀ ပေရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းလုံးချင်းနေအိမ် တစ်လုံးတို့ရှိပါကြောင်း ။ 

၎င်းအဆောက်အဦများသည် ၂၀၂၁ ခုနှစ်၊ မတ်လတွင် KNDF/PDF အကြမ်းဖက် သောင်းကျန်းသူများက လောပိတနယ်မြေရဲစခန်းကို သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးမှုကြောင့် ရုံး၊ နေအိမ် အဆောက်အဦများအားလုံး ပျက်စီးဆုံးရှုံးခဲ့သည့် အတွက် တပ်ဖွဲ့ဝင်နှင့် မိသားစုများသည် ၂၃-၅-၂၀၂၁ ရက်နေ့မှစပြီး အမှတ်(၇၂) ခြေလျင်တပ်ရင်း (လောပိတမြို့)နှင့် လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတို့တွင် တွဲဖက်နေထိုင်ပြီး တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိပါကြောင်း ။

လောပိတနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လက်ရှိနယ်မြေအခြေအနေအရ အမှတ်(၇၂) ခြေလျင်တပ်ရင်းတွင်အခြေပြုပြီး တပ်မတော်နှင့်အတူပူးပေါင်း၍ နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေရဆဲဖြစ်ပါကြောင်း ၊ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိမှသာ အကြမ်းဖက်သောင်းကျန်းသူများ၏ မီးရှို့ဖျက်ဆီးခြင်းခံရသော လောပိတနယ်မြေရဲစခန်း၏ ရဲစခန်းခြံဝန်းအတွင်း ခြံစည်းရိုးကာရံခြင်း လုပ်ငန်း၊ နယ်မြေရဲစခန်းရုံး(အချုပ်ခန်းပါ) ၁ ထပ် အဆောက်အဦ ၁ လုံးနှင့်      ၄ ခန်းတွဲ ၂ ထပ် သံကူကွန်ကရစ် အဆောက်အဦ ၁ လုံးတို့အား နီးစပ်ရာဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေလျာထား တင်ပြတောင်းခံပြီး ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ လွိုင်ကော်မြို့နယ်၊ လောပိတမြို့ရှိ လောပိတနယ်မြေရဲစခန်း၏ ရဲစခန်းဝန်း အတွင်းမှာရှိတဲ့ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းနှင့် ရုံးအဆောက်အဦများ၊ နေအိမ်လိုင်းခန်းများ ပြန်လည် တည်ဆောက်ခြင်းလုပ်ငန်းတို့ကို နယ်မြေလုံခြုံရေးအခြေအနေများကြောင့် လုံခြုံရေးအခြေအနေ ကောင်းမွန်မှသာ နီးစပ်ရာဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေလျာထားတင်ပြတောင်းခံပြီး ဆောက်လုပ် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။