စဉ့်ကိုင်မြို့နယ်၊ပလိပ်ကျေးရွာအုပ်စုအားပလိပ်မြို့အဖြစ်မြို့အဆင့်တိုးချဲ့ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ပလိပ်ကျေးရွာအုပ်စုသည် ကျေးရွာခွဲရှစ်ရွာ၊ အိမ်ခြေ၃,၉၀၈အိမ်၊ အိမ်ထောင်စု ၅,၉၀၀ ကျော်၊ လူဦးရေ ပေါင်း ၂၀,၁၃၇ ဦးတို့ဖြစ်ပြီး မြို့နယ်လူဦးရေ၏ ၁၃.၇၇ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ တည်နေရာနယ်နိမိတ်အဖြစ် ပလိပ်ကျေးရွာအုပ်စုသည် စဉ့်ကိုင်မြို့နယ်၏မြောက်ဘက်မှခြောက်မိုင် အကွာ၊ မန္တလေးမြို့၏ တောင်ဘက်မှ ၁၄ မိုင်အကွာတည်ရှိပြီး မြောက်ဘက်တွင် အမရပူရမြို့ နယ်နှင့် ဒုဌဝတီမြစ်၊ တောင်ဘက်မှာဆီဆုံကျေးရွာအုပ်စုနှင့် အရှေ့ဘက်တွင် ဒုဌဝတီမြစ်နှင့် ဗျင်္ညား လောကျေးရွာတို့ရှိပြီး ဧရိယာအကျယ်အဝန်းအနေဖြင့် မြေပြင်အသုံးချမှု ၇၅၀ဧကဖြစ်ပါကြောင်း၊ ကျေးရွာအုပ်စုအဆင့်မှ မြို့နယ်အဆင့်တိုးချဲ့နိုင်ရန်အတွက် ဌာန၏စံသတ်မှတ်ချက်များနှင့် ကိုက်ညီရေး အတွက် ပလိပ်အုပ်စု၏အခြေခံအချက်များကို အကျဉ်းချုပ်တင်ပြသွားမည်ဖြစ်ပါကြောင်း။
မြို့အုပ်ချုပ်ရေးမှူးရုံး မြေနေရာအဖြစ်တည်ဆောက်မည်ဆိုလျှင် ဘူတာ+ဈေးတန်းကျေးရွာ တွင်ရှိသည့် မြေအကျယ် ၁၂၀ x ၁၀၀ ပေ၊ ဧရိယာ ၀.၂၇ တည်ရှိပါသောကြောင့် သင့်လျော်သော မြေနေရာတစ်ခုဖြစ်ပါကြောင်း၊စည်ပင်သာယာ၏ စီမံခန့်ခွဲမှုအောက်တွင် မြေ ၀.၈၉၆ဧကပေါ်၌ ဆိုင်ခန်းပေါင်း ၁၆၆ ခန်းရှိသော ဈေးတစ်ခုရှိပါကြောင်း၊ ၀.၉၉ ဧကပေါ်တွင် နွားပွဲဈေးတစ်ခု၊ မိုတယ် တစ်ခု၊ တည်းခိုခန်းလေးခု၊ စတိုးဆိုင်များ၊ လူ့အသုံးအဆောင်ဆိုင်ပစ္စည်းများ၊ စားသောက်ကုန်ဆိုင်များ၊ ဆောက်လုပ်ရေးသုံးဆိုင်များ၊ စိုက်ပျိုးရေးနှင့်စပ်လျဉ်းသည့်ဆိုင်များ စုစုပေါင်း ၁၂၈ ဆိုင် ရှိ၍ မြို့အဆင့်ဖြင့် ရောင်းဝယ်စည်ကားလျက်ရှိပါကြောင်း၊ မြို့သန့်ရှင်း သာယာလှပရန်အတွက် ၂.၉၈ ဧကရှိ အမှိုက်ကျင်းမြေနေရာလည်း ဝယ်ယူထားရှိ၍ အမှိုက်ကား နှစ်စီးဖြင့် နေ့စဉ်သိမ်းဆည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပလိပ်နယ်မြေတွင် အခွန်ကောက်ခံမှု အနေဖြင့် ၂၀၂၆ ခုနှစ်၊ဘဏ္ဍာရေးနှစ်တစ်ခုတည်းတွင် လုပ်ငန်း ၁၂ခုမှ အခွန်ရငွေပေါင်းသည် ၂,၃၁၃.၈သိန်း ကို ကောက်ခံရရှိကြောင်းလည်း သိရှိရပါကြောင်း။
လမ်းတံတားအနေနှင့် ကတ္တရာလမ်းသည် ၂၂ လမ်း၊ အရှည် ၅ မိုင်ခန့်၊ ကျောက်ခင်းလမ်းသည် နှစ်လမ်း၊ အရှည်သုံးမိုင်ခန့်၊ မြေသားလမ်းသည် ၃၁ လမ်း၊ အရှည် ၆ မိုင်ကျော်၊ ကွန်ကရစ်လမ်း ၇ လမ်း၊ အရှည်တစ်မိုင်ကျော်ရှိပါကြောင်း၊ လက်ရှိရုံးများနှင့်စပ်လျဉ်း၍ ပလိပ်ရဲကင်းစခန်း တစ်ခု၊ အမှတ်(၁၄)ရဲတပ်ရင်းတစ်ခု၊ လျှပ်စစ်ဓာတ်အားပေး ခွဲရုံ(ပလိပ်) ရုံးတစ်ရုံး၊ မန္တလေး-ပုဂံ ရထားလမ်းနှင့် မန္တလေး-သာစည်လူစီးရထားခြောက်စီး နေ့စဉ်ရပ် တန့်ပေး ခြင်း၊ ကုန်စည်စီးဆင်းမှု အတွက် တစ်လပျမ်းမျှကုန်တွဲ ၁၅၀ခန့် နေ့စဉ်ကုန်တင်၊ ကုန်ချဆောင်ရွက် လျက်ရှိသော ဘူတာရုံတစ်ရုံ၊ မြေဧရိယာ ၃.၁၄၂ ဧကပေါ်တွင် ၁၆ ခုတင်ဆံ့ ပလိပ်တိုက်နယ်ဆေးရုံတစ်ရုံ၊ ကျေးလက်ကျန်းမာရေး ဌာနခွဲလေးခု၊ ပုဂ္ဂလိကဆေးခန်းသည် ဆေးဆိုင်နှင့်ဆေးကုသခန်း ၇ ခန်းရှိပါကြောင်း၊ ပညာရေးအနေဖြင့် အခြေခံပညာအထက် တန်းကျောင်းတစ်ကျောင်း၊ အလယ်တန်းကျောင်းတစ်ကျောင်း၊ မူလွန်တစ်ကျောင်း၊ မူလတန်း ကျောင်းနှစ်ကျောင်း ပညာသင်ကြားလျက်ရှိပါကြောင်း၊ စက်ရုံ၊ အလုပ်ရုံများအနေဖြင့် စက်ရုံတွင် ပလိပ်တမာပိုးသတ်ဆေးစက်ရုံတစ်ရုံ၊ အလုပ်သမား ၇၀၀ ကျော်နှင့် ပလိပ်ပန်တာ ချည်မျှင် အထည် စက်ရုံတစ်ရုံနှင့် စက်ရုံငယ်စုစုပေါင်း ၂၅ရုံရှိ၍ နိုင်ငံတော်အတွက် ကုန်ထုတ်စွမ်းအား မြှင့်တင် ပေးခြင်း၊ အလုပ်အကိုင်ပေးခြင်းနှင့် အခွန်အခများပေးပြီး အောင်မြင်နေသောစက်ရုံများဖြစ်ပါကြောင်း၊ မြို့အဆင့် တိုးချဲ့ဆောင်ရွက်မည်ဆိုလျှင် မြို့နယ်လူဦးရေ၏ ၇ ပုံ ၁ ခန့်ရှိသည့် စည်ပင်သာယာရေး လုပ်ငန်းနှင့် အခွန်နှင့်ရပ်တည်မည်ဆိုလျှင်လည်း စက်ရုံ၊ အလုပ်ရုံပေါင်း ၂၀ ကျော်၊ စတိုးဆိုင်ပေါင်း ၁၂၈ ဆိုင်ရှိပါကြောင်း၊ ဌာန၊ ရုံးခွဲများလည်း အများအပြားရှိပါကြောင်း၊ ကုန်စည်စီးဆင်းနေသော ဘူတာရုံ တစ်ရုံလည်းရှိပါကြောင်း၊ မိမိတို့ စဉ့်ကိုင်၊ မြို့ပုဂံ၊ ရွာပလိပ်ဆိုသည့်စကားအတိုင်း ဘုရားစေတီပေါများသော နေရာလည်းဖြစ်ပါကြောင်း၊ ပုလိပ်မြို့ ရတနာလာဘမုနိမြေွဘုရား ဆိုလျှင် နေ့စဉ်ဘုရားဖူးက ၃၀၀ ကျော်ရှိပါတယ်။ လပြည့်၊ လကွယ်၊ စနေ၊ တနင်္ဂနွေတွင်လည်း လူဦးရေ ၁,၀၀၀ ကျော် ဘုရားဖူးပြည်သူများနှင့် သာသနာ့နယ်မြေ၊ ယဉ်ကျေးမှုနယ်မြေတစ်ခုလည်း ဖြစ်ပါကြောင်း၊ ထို့အပလိပ်ကျေးရွာအုပ်စုသည် ကျေးရွာခွဲရှစ်ရွာ၊ အိမ်ခြေ၃,၉၀၈အိမ်၊ အိမ်ထောင်စု ၅,၉၀၀ ကျော်၊ လူဦးရေ ပေါင်း ၂၀,၁၃၇ ဦးတို့ဖြစ်ပြီး မြို့နယ်လူဦးရေ၏ ၁၃.၇၇ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ တည်နေရာနယ်နိမိတ်အဖြစ် ပလိပ်ကျေးရွာအုပ်စုသည် စဉ့်ကိုင်မြို့နယ်၏မြောက်ဘက်မှခြောက်မိုင် အကွာ၊ မန္တလေးမြို့၏ တောင်ဘက်မှ ၁၄ မိုင်အကွာတည်ရှိပြီး မြောက်ဘက်တွင် အမရပူရမြို့ နယ်နှင့် ဒုဌဝတီမြစ်၊ တောင်ဘက်မှာဆီဆုံကျေးရွာအုပ်စုနှင့် အရှေ့ဘက်တွင် ဒုဌဝတီမြစ်နှင့် ဗျင်္ညား လောကျေးရွာတို့ရှိပြီး ဧရိယာအကျယ်အဝန်းအနေဖြင့် မြေပြင်အသုံးချမှု ၇၅၀ဧကဖြစ်ပါကြောင်း၊ ကျေးရွာအုပ်စုအဆင့်မှ မြို့နယ်အဆင့်တိုးချဲ့နိုင်ရန်အတွက် ဌာန၏စံသတ်မှတ်ချက်များနှင့် ကိုက်ညီရေး အတွက် ပလိပ်အုပ်စု၏အခြေခံအချက်များကို အကျဉ်းချုပ်တင်ပြသွားမည်ဖြစ်ပါကြောင်း။
မြို့အုပ်ချုပ်ရေးမှူးရုံး မြေနေရာအဖြစ်တည်ဆောက်မည်ဆိုလျှင် ဘူတာ+ဈေးတန်းကျေးရွာ တွင်ရှိသည့် မြေအကျယ် ၁၂၀ x ၁၀၀ ပေ၊ ဧရိယာ ၀.၂၇ တည်ရှိပါသောကြောင့် သင့်လျော်သော မြေနေရာတစ်ခုဖြစ်ပါကြောင်း၊စည်ပင်သာယာ၏ စီမံခန့်ခွဲမှုအောက်တွင် မြေ ၀.၈၉၆ဧကပေါ်၌ ဆိုင်ခန်းပေါင်း ၁၆၆ ခန်းရှိသော ဈေးတစ်ခုရှိပါကြောင်း၊ ၀.၉၉ ဧကပေါ်တွင် နွားပွဲဈေးတစ်ခု၊ မိုတယ် တစ်ခု၊ တည်းခိုခန်းလေးခု၊ စတိုးဆိုင်များ၊ လူ့အသုံးအဆောင်ဆိုင်ပစ္စည်းများ၊ စားသောက်ကုန်ဆိုင်များ၊ ဆောက်လုပ်ရေးသုံးဆိုင်များ၊ စိုက်ပျိုးရေးနှင့်စပ်လျဉ်းသည့်ဆိုင်များ စုစုပေါင်း ၁၂၈ ဆိုင် ရှိ၍ မြို့အဆင့်ဖြင့် ရောင်းဝယ်စည်ကားလျက်ရှိပါကြောင်း၊ မြို့သန့်ရှင်း သာယာလှပရန်အတွက် ၂.၉၈ ဧကရှိ အမှိုက်ကျင်းမြေနေရာလည်း ဝယ်ယူထားရှိ၍ အမှိုက်ကား နှစ်စီးဖြင့် နေ့စဉ်သိမ်းဆည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပလိပ်နယ်မြေတွင် အခွန်ကောက်ခံမှု အနေဖြင့် ၂၀၂၆ ခုနှစ်၊ဘဏ္ဍာရေးနှစ်တစ်ခုတည်းတွင် လုပ်ငန်း ၁၂ခုမှ အခွန်ရငွေပေါင်းသည် ၂,၃၁၃.၈သိန်း ကို ကောက်ခံရရှိကြောင်းလည်း သိရှိရပါကြောင်း။
လမ်းတံတားအနေနှင့် ကတ္တရာလမ်းသည် ၂၂ လမ်း၊ အရှည် ၅ မိုင်ခန့်၊ ကျောက်ခင်းလမ်းသည် နှစ်လမ်း၊ အရှည်သုံးမိုင်ခန့်၊ မြေသားလမ်းသည် ၃၁ လမ်း၊ အရှည် ၆ မိုင်ကျော်၊ ကွန်ကရစ်လမ်း ၇ လမ်း၊ အရှည်တစ်မိုင်ကျော်ရှိပါကြောင်း၊ လက်ရှိရုံးများနှင့်စပ်လျဉ်း၍ ပလိပ်ရဲကင်းစခန်း တစ်ခု၊ အမှတ်(၁၄)ရဲတပ်ရင်းတစ်ခု၊ လျှပ်စစ်ဓာတ်အားပေး ခွဲရုံ(ပလိပ်) ရုံးတစ်ရုံး၊ မန္တလေး-ပုဂံ ရထားလမ်းနှင့် မန္တလေး-သာစည်လူစီးရထားခြောက်စီး နေ့စဉ်ရပ် တန့်ပေး ခြင်း၊ ကုန်စည်စီးဆင်းမှု အတွက် တစ်လပျမ်းမျှကုန်တွဲ ၁၅၀ခန့် နေ့စဉ်ကုန်တင်၊ ကုန်ချဆောင်ရွက် လျက်ရှိသော ဘူတာရုံတစ်ရုံ၊ မြေဧရိယာ ၃.၁၄၂ ဧကပေါ်တွင် ၁၆ ခုတင်ဆံ့ ပလိပ်တိုက်နယ်ဆေးရုံတစ်ရုံ၊ ကျေးလက်ကျန်းမာရေး ဌာနခွဲလေးခု၊ ပုဂ္ဂလိကဆေးခန်းသည် ဆေးဆိုင်နှင့်ဆေးကုသခန်း ၇ ခန်းရှိပါကြောင်း၊ ပညာရေးအနေဖြင့် အခြေခံပညာအထက် တန်းကျောင်းတစ်ကျောင်း၊ အလယ်တန်းကျောင်းတစ်ကျောင်း၊ မူလွန်တစ်ကျောင်း၊ မူလတန်း ကျောင်းနှစ်ကျောင်း ပညာသင်ကြားလျက်ရှိပါကြောင်း၊ စက်ရုံ၊ အလုပ်ရုံများအနေဖြင့် စက်ရုံတွင် ပလိပ်တမာပိုးသတ်ဆေးစက်ရုံတစ်ရုံ၊ အလုပ်သမား ၇၀၀ ကျော်နှင့် ပလိပ်ပန်တာ ချည်မျှင် အထည် စက်ရုံတစ်ရုံနှင့် စက်ရုံငယ်စုစုပေါင်း ၂၅ရုံရှိ၍ နိုင်ငံတော်အတွက် ကုန်ထုတ်စွမ်းအား မြှင့်တင် ပေးခြင်း၊ အလုပ်အကိုင်ပေးခြင်းနှင့် အခွန်အခများပေးပြီး အောင်မြင်နေသောစက်ရုံများဖြစ်ပါကြောင်း၊ မြို့အဆင့် တိုးချဲ့ဆောင်ရွက်မည်ဆိုလျှင် မြို့နယ်လူဦးရေ၏ ၇ ပုံ ၁ ခန့်ရှိသည့် စည်ပင်သာယာရေး လုပ်ငန်းနှင့် အခွန်နှင့်ရပ်တည်မည်ဆိုလျှင်လည်း စက်ရုံ၊ အလုပ်ရုံပေါင်း ၂၀ ကျော်၊ စတိုးဆိုင်ပေါင်း ၁၂၈ ဆိုင်ရှိပါကြောင်း၊ ဌာန၊ ရုံးခွဲများလည်း အများအပြားရှိပါကြောင်း၊ ကုန်စည်စီးဆင်းနေသော ဘူတာရုံ တစ်ရုံလည်းရှိပါကြောင်း၊ မိမိတို့ စဉ့်ကိုင်၊ မြို့ပုဂံ၊ ရွာပလိပ်ဆိုသည့်စကားအတိုင်း ဘုရားစေတီပေါများသော နေရာလည်းဖြစ်ပါကြောင်း၊ ပုလိပ်မြို့ ရတနာလာဘမုနိမြေွဘုရား ဆိုလျှင် နေ့စဉ်ဘုရားဖူးက ၃၀၀ ကျော်ရှိပါတယ်။ လပြည့်၊ လကွယ်၊ စနေ၊ တနင်္ဂနွေတွင်လည်း လူဦးရေ ၁,၀၀၀ ကျော် ဘုရားဖူးပြည်သူများနှင့် သာသနာ့နယ်မြေ၊ ယဉ်ကျေးမှုနယ်မြေတစ်ခုလည်း ဖြစ်ပါကြောင်း၊ ထို့အပြင် မြို့အဆင့်တိုးချဲ့မည်ဆိုလျှင်လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထား ပြီးဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ပလိပ်မြို့ဖြစ်မြောက်ရေး တာဝန်ရှိသူများလျှောက်ထားသော ပလိပ်အုပ်စုမှ ပလိပ်မြို့ အဖြစ် မြို့အဆင့်တိုးချဲ့ဆောင်ရွက်ပေးနိုင်ရန် လုပ်ငန်းစာတွဲသည် တာဝန်ရှိသူအဆင့်ဆင့်မှလုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုပေးနိုင်ပါရန် အစီအစဉ် ရှိ မရှိမေးမြန်းခဲ့ပါသည်။ပြင် မြို့အဆင့်တိုးချဲ့မည်ဆိုလျှင်လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထား ပြီးဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ပလိပ်မြို့ဖြစ်မြောက်ရေး တာဝန်ရှိသူများလျှောက်ထားသော ပလိပ်အုပ်စုမှ ပလိပ်မြို့ အဖြစ် မြို့အဆင့်တိုးချဲ့ဆောင်ရွက်ပေးနိုင်ရန် လုပ်ငန်းစာတွဲသည် တာဝန်ရှိသူအဆင့်ဆင့်မှလုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုပေးနိုင်ပါရန် အစီအစဉ် ရှိ မရှိမေးမြန်းခဲ့ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က
ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၈ အုပ်စု၊ ကျေးရွာ ၁၆၃ ရွာဖြင့် ဖွဲ့စည်းထားရှိခြင်း ဖြစ်ကြောင်း၊ ပလိပ်ကျေးရွာအုပ်စုသည် စဉ့်ကိုင်မြို့၏တောင်ဘက် ၆ မိုင်ခန့် အကွာတွင် တည်ရှိ၍ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်ပေးထားသော ကျေးရွာအုပ်စုလည်း ဖြစ်ပါကြောင်း၊ ပလိပ်ကျေးရွာအုပ်စု၌ဆိုလျှင်ပလိပ်(ရွာမ) ကျေးရွာ၊ နောက်တော်ပါကျေးရွာ၊ တံတားဦးလေး၊ သာယာကျွန်းကျေးရွာ၊ စိတ္တရကျေးရွာ၊ အင်းလျား (အရှေ့)ကျေးရွာ၊ အင်းလျား (အနောက်)ကျေးရွာ၊ ဘူတာ+ ဈေးတန်းကျေးရွာ၊ ချည်မျှင်လုပ်သား ကျေးရွာဆိုပြီးတော့ ကျေးရွာရှစ် ရွာရှိ၍ အိမ်ခြေ ၃,၉၀၈ အိမ်၊ အိမ်ထောင်စု ၅,၉၀၀ စု၊ လူဦးရေ ၂၀,၁၃၇ ဦးရှိကြောင်း စိစစ် တွေ့ရှိရပါကြောင်း။
ပလိပ်ကျေးရွာအုပ်စုသည် စဉ့်ကိုင်မြို့၏မြောက်ဘက် ရန်ကုန်-မန္တလေးကားလမ်း၊ ရန်ကုန်-မန္တလေးမီးရထားလမ်း၊ ပလိပ်-တံတားဦးလမ်းနှင့် ပလိပ်-အပြည်ပြည်ဆိုင်ရာလေဆိပ်သွားကားလမ်း တို့ရှိ၍ အရှေ့ဘက်၌ဗျင်္ညားလောကျေးရွာအုပ်စုနှင့် ဒုဋ္ဌဝတီမြစ်၊ အနောက်ဘက်၌ တဘက် ဆွဲကျေးရွာအုပ်စုနှင့် ဒုဋ္ဌဝတီမြစ်၊ မြောက်ဘက်၌ မြောက်ကိုင်းကျေးရွာအုပ်စု နှင့်ဒုဋ္ဌဝတီမြစ်၊ တောင်ဘက်၌ ဆီဆုံကျေးရွာအုပ်စုတို့တည်ရှိပါကြောင်း၊ ပလိပ်ကျေးရွာ အုပ်စုသည် ကွင်းပေါင်းရှစ်ကွင်းရှိပြီးရွာမြေ ဧရိယာ ၁၉၃ ဧကနှင့် မီးရထားလမ်းမြေ၊ ဆည်မြောင်း တာတမံမြေ၊ မြစ်ချောင်းရေအောက်မြေ၊ အင်းအိုင်မြေ၊ စက်ရုံမြေဟူ၍ အဆောက်အဦမြေနှင့် ကျန်အခြားမြေ ၁,၅၁၄ ဧက၊ လယ်ယာမြေဧရိယာ ၁,၆၉၈ ဧက စုစုပေါင်းမြေဧရိယာ ၃,၄၀၅ ဧက ရှိပါကြောင်း။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ တွင်မူ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိသည့် ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များ ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန်ပေါ်ပေါက်လာပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှ နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြ၍ နိုင်ငံတော်သမ္မတမှ လိုအပ်သလိုဆောင်ရွက်ပေးရမည်ဆိုပြီး ပြဋ္ဌာန်းထားပါကြောင်း၊ ပလိပ်ကျေးရွာ အုပ်စုသည် ပလိပ်မြို့အဖြစ် တိုးချဲ့ပြင်ဆင်ဆောင်ရွက်မည်ဆိုလျှင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြ၍ ခွင့်ပြုချက်ရရှိမှသာလျှင် လုပ်ထုံး လုပ်နည်းများနှင့်အညီ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဆောင်ရွက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့၍ ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန်ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း။
ဒေသတစ်ခုကို မြို့အဖြစ်တိုးချဲ့ဖွဲ့စည်းနိုင်ရန်အတွက် အဆိုပြုလာပါက မြို့အင်္ဂါရပ်နှင့် ညီညွတ်ခြင်း ရှိ မရှိ စစ်ဆေးဆောင်ရွက်သည့်အခါတွင် အချက် ၂၁ ချက်ရှိပါကြောင်း၊ ၎င်း ၂၁ ချက် အနက်တွင် ပလိပ်ကျေးရွာအုပ်စုကို တိုးချဲ့ပြင်ဆင်ရန်အတွက်ဆိုလျှင် အချက် ၅ ချက်လိုအပ် နေသည်ကိုလည်း စိစစ်တွေ့ရှိရပါကြောင်း၊ ၎င်းအချက်များတွင် ကလေးများအပန်းဖြေရန်အတွက် ဥယျာဉ်၊ ကစားကွင်း၊ တိုးတက်လာမည့်လူဦးရေအတွက် မြို့ဧရိယာတိုးချဲ့မည့်အစီအမံ၊ အမှိုက်သရိုက် စွန့်ပစ်ရန်နေရာ၊ မိလ္လာစွန့်ပစ်ရန် မြောင်းတူးသည့်မြေနေရာ၊ သုဿာန်မြေနေရာ စသည့်အချက် ၅ ချက် လိုအပ်နေကြောင်းလည်း စိစစ်တွေ့ရှိရပါကြောင်း၊ ထို့အပြင် စဉ့်ကိုင်မြို့နယ်နှင့် ၆ မိုင်ခန့်သာ ကွာဝေးပြီး အုပ်ချုပ်မှုနယ်မြေ လက်လှမ်းမီသည့်အနေအထား တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လက်ရှိ တွင် ပလိပ်မြို့အဖြစ် တိုးချဲ့ပြင်ဆင်ဆောင်ရွက်ရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည် ဖြေကြား ခဲ့ပါသည်။