နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၅.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၄.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
MY EN

(င)-ဦးမျိုး(ခ) ဦးမျိုးအောင်(ပြည်မဲဆန္ဒနယ်)

2026-09-25
တတိယအကြိမ်
ပြည်ထဲရေးဝန်ကြီးဌာန
မေးခွန်း
ဦးမျိုး(ခ) ဦးမျိုးအောင် (ပြည် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ပေါက်ခေါင်းမြို့နယ်ရှိ မြို့နယ်မီးသတ်စခန်း၌ ဝန်ထမ်းလိုင်းခန်းအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း 

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မီးသတ်စခန်းတွင် မီးသတ် ယာဉ် ၃ စီး၊ မီးသတ်ရေသယ်ယာဉ် ၃ စီးနှင့် မီးသတ်အထောက်အကူပြုယာဉ် ၁ စီး စုစုပေါင်း မီးသတ် ယာဉ် ၇ စီးရှိပါကြောင်း၊ ဝန်ထမ်းအင်အား အိမ်ထောင်သည်တပ်ဖွဲ့ဝင် ၂၀ ဦးနှင့် လူပျိုတပ်ဖွဲ့ဝင် ၁၅ ဦး ရှိပြီး မြို့နယ်အတွက် မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အဆိုပါ မီးသတ်စခန်းတွင် ၁၉၆၁ ခုနှစ်က ဆောက်လုပ်ခဲ့သည့် အလျား ၄၈ ပေ၊ အနံ ၂၂ ပေ၊ အမြင့် ၁၂ ပေရှိ သွပ်မိုးအုတ်ညှပ်လိုင်းခန်း ၂ တွဲ ရှိပါကြောင်း၊ အိမ်ထောင်သည် တပ်ဖွဲ့ဝင် ၂ ဦးကို နေရာချထားပေးနိုင်ပြီး ကျန်အိမ်ထောင်သည်တပ်ဖွဲ့ဝင် ၁၈ ဦးအား နေရာချထားပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ တချို့အိမ်ထောင်သည်တပ်ဖွဲ့ဝင်များက လိုင်းခန်း အခက်အခဲကြောင့် ဝန်ထမ်းလိုင်းခန်း ရှိသည့် အခြားမြို့နယ်များတွင် တွဲဖက်တာဝန် ထမ်းဆောင် နေသည်ကိုလည်း တွေ့ရပါကြောင်း၊ အိမ်ထောင်သည်တပ်ဖွဲ့ဝင် ၄ ဦးမှ ပတ်ဝန်းကျင် ရပ်ကွက်များ တွင် အိမ်လခပေးပြီး ငှားရမ်းနေထိုင်ကြရ ပါကြောင်း၊ ကျန်တပ်ဖွဲ့ဝင်များသည် ပေါက်ခေါင်းဇာတိ ဖြစ်သည့်အတွက် မိမိတို့နေအိမ်များ၌ နေထိုင်နေကြပြီး လူပျိုတပ်ဖွဲ့ဝင် ၁၅ ဦးမှ မြို့နယ်မီးသတ်တပ်ဖွဲ့ ၏ အစီအစဉ်ဖြင့် ဆောက်လုပ်ထားသည့် သွပ်မိုးထရံကာယာယီအဆောက်အဦတွင် အလှည့်ကျ စနစ်ဖြင့် နေထိုင်နေကြရပါကြောင်း၊ မီးသတ်တပ်ဖွဲ့အနေဖြင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ မီးဘေးအန္တရာယ်လုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရာ တွင် မီးသတ်စခန်းမှာ ၂၄ နာရီ အလှည့်ကျ တာဝန်ယူနေထိုင်ပြီး လူအသင့်၊ စက်အသင့်၊ ဆီအဆင်သင့်၊ ရေအသင့်ဖြင့် အမြဲ ဆောင်ရွက် ရသည့်အနေအထား ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ မီးသတ်စခန်းမှာနေထိုင်မှုမရှိပါက မီးဘေးအန္တရာယ်နှင့် အခြားသောလုပ်ငန်းများ ရင်ဆိုင်ရ သည့်အခါ လူအသင့်ဖြစ်မှုအတွက် များစွာ အခက်အခဲကြုံတွေ့နေရပါကြောင်း။ 

သို့ဖြစ်ပါ၍ ပေါက်ခေါင်းမြို့နယ် မီးသတ်စခန်းမှာ လိုအပ်လျက်ရှိတဲ့ ဝန်ထမ်းလိုင်းခန်း အသစ်ကို ယခုဘဏ္ဍာရေးနှစ်တွင်သော်လည်းကောင်း လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် သော် လည်းကောင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ /မရှိ နှင့် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ မြို့နယ်မီးသတ်ဦးစီးမှူးရုံးနှင့် မြို့နယ် မီးသတ်စခန်းတို့တွင် တပ်ဖွဲ့ဝင် ၃၄ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ မီးသတ်ရေသယ်ယာဉ် ၃ စီး၊ မီးသတ်အထောက်အကူပြုယာဉ် ၁ စီး၊ ပေါက်ခေါင်းမြို့နယ် အရန်မီးသတ်စခန်းတွင် မီးငြှိမ်းသတ် ယာဉ် ၁ စီး၊ စုစုပေါင်းမီးငြိမ်းသတ်ယာဉ် ၈ စီး တို့ဖြင့် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်များ ကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊  ပေါက်ခေါင်းမြို့နယ် မီးသတ်စခန်းတွင် ၂၀၁၉ ခုနှစ်က ဆောက်လုပ်ခဲ့သည့် (၆၅x ၅၂) ပေအကျယ်ရှိ RC ၂ ထပ် မီးသတ်စခန်းအဆောက်အဦ ၁ လုံး၊ ၁၉၆၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့တဲ့ (၄၈x ၂၂)ပေ အုတ်ညှပ် ၂ ခန်းတွဲ ၁ ထပ် ဝန်ထမ်းလိုင်းခန်း ၁ လုံး၊ ၂၀၂၀ ခုနှစ်တွင် ဆောက်လုပ် ခဲ့တဲ့ (၃၇x ၁၂) ပေ သွပ်မိုး၊ အုတ်ညှပ်ယာယီလိုင်းခန်း ၁ လုံးနှင့် ၂၀၂၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့တဲ့ (၅၁x ၁၂) ပေအကျယ် ထရံကာ၊သွပ်မိုး ယာယီလိုင်းခန်း ၁ လုံးတို့တွင် အိမ်ထောင်သည် တပ်ဖွဲ့ဝင် ၁၂ ဦး နှင့် လူပျိုတပ်ဖွဲ့ဝင် ၁၈ ဦးတို့ နေထိုင်လျက်ရှိပြီး ကျန် အိမ်ထောင်သည် တပ်ဖွဲ့ဝင် ၄ ဦးသည် စခန်းပြင်ပရှိမိသားစုနေအိမ်များတွင် နေထိုင်လျက်ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း။

ပေါက်ခေါင်းမြို့နယ်မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များနေထိုင်ရေး အဆင်ပြေ စေရန် ပေါက်ခေါင်းမြို့နယ် မီးသတ်စခန်းအတွင်းတွင် မြေနေရာအကျယ်အဝန်း အခက်အခဲ ရှိသည့် အတွက် ၁၉၆၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် (၄၈x ၂၂) ပေ အုတ်ညှပ် ၂ ခန်းတွဲ ဝန်ထမ်းအိမ်ရာ အဆောက်အဦ ၁ လုံးအား ဖျက်သိမ်းပြီး (၁၀၀x ၄၀x ၃၂) ပေအကျယ် ၄ ခန်းတွဲ ၃ ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှနေပြီး ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ရန်ပုံငွေ ရရှိမှုအပေါ်မှာ လျာထားတင်ပြပြီး ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက် ကိုပြန်လည်ဖြေကြားခဲ့ပါသည်။