နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၅.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၄.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယမြောက်နေ့သို့ လာရောက်လေ့လာသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ
MY EN

(ဋ)- ဦးကျော်မင်းထွန်း(ဇီးကုန်းမဲဆန္ဒနယ်)

2026-09-25
ဆောက်လုပ်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးကျော်မင်းထွန်း (ဇီးကုန်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဇီးကုန်းမြို့နယ်နှင့် ကျေးရွာချင်းဆက်လမ်းဖြစ်သော ဇီးကုန်း-သင်ကန်-ရွှေဖလားလမ်း၊ ရွှေကြို့ပင်မှ ရွှေဖလားကျေးရွာထိ ကွန်ကရစ်လမ်းအား မည်သည့်အချိန်တွင် အဆင့်မြှင့်တင်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဇီးကုန်းမြို့နှင့် ကျေးရွာချင်းဆက်လမ်း ဖြစ်သည့် ဇီးကုန်း-သင်ကန်-ရွှေဖလားလမ်းအရှည် ၁၂ မိုင်သည် ကျေးရွာအုပ်စု ၅ ခုမှ ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများ ဇီးကုန်းမြို့နှင့် နေ့စဉ်ဆက်သွယ်သွားလာနေသောလမ်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် ဇီးကုန်းမြို့မှ ရွှေကြို့ပင် ကျေးရွာထိပ်နားအထိ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးပြီး ကျန်ရှိလမ်းပိုင်း ၁၀ မိုင်ခန့်အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် ကျန်ရှိနေပါသေးကြောင်း ဒေသခံပြည်သူများမှ တင်ပြတောင်းဆိုလာကြပါကြောင်း၊ သို့ဖြစ်ပါ၍ ကျန်ရှိလမ်းပိုင်းအား ကွန်ကရစ်လမ်းအဖြစ် ဆက်လက်၍ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့် အချိန်ကာလတွင် ဆောင်ရွက်ပေးနိုင်မည်အား မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က

          အဆိုပါလမ်းသည် ရန်ကုန်-ပြည်လမ်းပေါ်ရှိ ဇီးကုန်းမြို့၊ မော်ရရွာမှစတင်ပြီး သင်္ကန်ရွာ၊ ရွှေဖလားရွာတို့မှတစ်ဆင့် ခရိုင်ချင်းဆက်လမ်းအမှတ်(၁)ကို ချိတ်ဆက်ထားသောလမ်းအရှည် ၁၂ မိုင်ရှိသည့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ လက်ရှိ လမ်းအခြေ အနေတွင် ကွန်ကရစ်လမ်း ၁ မိုင် ၅ ဖာလုံ၊ ကျောက်လမ်း ၅ မိုင် ၇ ဖာလုံ၊ အမာခံလမ်း     ၁ မိုင် ၄ ဖာလုံ၊ မြေသားလမ်း ၃ မိုင်ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှာ လမ်း မိုင်ပေါင်း ၂,၄၃၀ မိုင်ရှိပြီး ကတ္တရာလမ်းအဖြစ် မရှိသေးသည့်လမ်းအနေဖြင့် ကျောက်ခင်းလမ်း ၂၇၈ မိုင် ၄ ဖာလုံ၊ အမာခံလမ်း ၂၇၁ မိုင် ၆ ဖာလုံနှင့် မြေသားလမ်း ၃၂၄ မိုင်ဖြစ်ပါကြောင်း။ 

၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် အဆိုပါလမ်း၏ မူလကျောက်လမ်းပိုင်းမှာ ပျက်စီး နေသောလမ်းအရှည် ၂ ဖာလုံအား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ မူလရန်ပုံငွေတွင် လျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး ဖြည့်စွက်ရန်ပုံ ငွေတွင် လမ်းအရှည် ၂ ဖာလုံ ထပ်မံ၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ လျာထား သွားမည်ဖြစ်ပါကြောင်း၊  ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကိုလည်း နှစ်အလိုက် ရန်ပုံငွေ လျာထားသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်ပြီး ပြန်လည်ဖြေကြားခဲ့ပါသည်။