နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၅.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၄.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယမြောက်နေ့သို့ လာရောက်လေ့လာသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ
MY EN

(စ)- ဦးဇော်နိုင်(စလင်းမဲဆန္ဒနယ်)

2026-09-25
ပြည်ထဲရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးဇော်နိုင် (စလင်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

စလင်းမြို့နယ်၊ တောစိမ့်ကျေးရွာအုပ်စု၊ တောစိမ့်အနောက်ဘက် ဦးပိုင်ရှိ ယာမြေပေါ်တွင် ကျေးရွာ အမည်မရှိသောရွာအား ချမ်းငြိမ်းအေးသာယာရွာအဖြစ် အမည်သတ်မှတ်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိ လိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ တောစိမ့်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၅၇၇)၊ တောစိမ့်ရွာအနောက်ဘက် ဦးပိုင်အမှတ် ၁၊ ၁၄၊ ၁၃၅၊ ၁၄၁၊ ၃၄/က နှင့်  ၁၆/၁၊ ၁၆/၂၊ ၁၆/၃၊ ၁၃၆(က)(N)၊ ၈/၁ ဦးပိုင်ရှိ ဧရိယာ ၂၄.၀၈ ဧကရှိ ယာမြေပေါ်တွင် စစ်မှုထမ်း အငြိမ်းစားများနှင့် အရပ်သားများ စုစုပေါင်းလူဦးရေ ၇၀၀ ခန့်၊ အိမ်ခြေ ၁၇၂ အိမ်၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံများ တည်ဆောက်နေထိုင်ကြသည်မှာ ၂၀၀၈ ခုနှစ်ကတည်းက ဖြစ်ပါကြောင်း၊ ချမ်းငြိမ်းအေး သာယာရွာအဖြစ် လျှောက်ထားသည့်မြေတွင် ယာမြေအမျိုးအစားဖြစ်၍ ၂၀၁၂ ခုနှစ်၊ လယ်ယာ မြေ ဥပဒေ မပြဋ္ဌာန်းမီအချိန်ကာလကဖြစ်ပြီး ပုံစံ(၇)ထုတ် ပေးခဲ့ခြင်းမရှိသောမြေများ ဖြစ်ပါ ကြောင်း၊ မြေယာပိုင်ဆိုင်မှု အရှုပ်အရှင်းတစ်စုံတစ်ရာမျှ မရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် တစ်ကြိမ်၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးခွင့်ပြုချက်များ၊ လိုအပ်သည့်အမှုတွဲဖိုင်များကို မင်းဘူးခရိုင်လယ်ယာ မြေစီမံခန့်ခွဲရေး အဖွဲ့သို့ တင်ပြခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် မင်းဘူးခရိုင်လယ်ယာ မြေစီမံခန့်ခွဲရေးအဖွဲ့မှ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်လုပ်ငန်းအတွက် လိုအပ်ချက်များ ပြည်စုံအောင်ဖြည့်စွက်၍ ပြန်လည်ပေးပို့ရန် စာပြန်လာပါသဖြင့် လိုအပ်ချက်များ ဖြည့်ဆည်း၍ ပြန်လည်တင်ပြပြီး ဖြစ်ပါကြောင်း။ 

လယ်ယာမြေဥပဒေ ပုဒ်မ ၃၀၊ ပုဒ်မခွဲ (က)(ခ)အရ လယ်ယာမြေကို သတ်မှတ်သည့်နည်းလမ်း ဖြင့် အသုံးပြုရန်အတွက် ဆင့်ဆိုရန် လျှောက်ထားသည့်အမှုတွဲများဖြစ်သည့်အချက်အလက်များမှာ အမှုတွဲဖိုင်မှာ -

(၁)  မာတိကာ၊

(၂)   စဉ်မှတ်တမ်း၊ 

(၃)  ပုံစံ(၁၄) လျှောက်ထားဖြည့်စွက်ရေး ရှိ မရှိ၊

(၄)  လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊

(၅)  ကန့်ကွက်လွှာ၊ 

(၆)  လျှောက်ထားသူ၏ဝန်ခံချက်၊ 

(၇)  ပိုင်ဆိုင်မှုအတွက် ပုံစံ(၇)မိတ္တူ၊ 

(၈)  အကွက်ချမြေပုံ၊

(၉)  တည်နေရာပြမြေပုံ၊ 

(၁၀)   ပတ်ဝန်းကျင်ဖော်ပြသောမြေပုံ၊

(၁၁)   ကျေးရွာအညွှန်းပြမြေပုံ၊

(၁၂)    မြေစာရင်းပုံစံ(၁၀၅)၊

(၁၃)   မြေစာရင်းပုံစံ(၁၀၆)၊

(၁၄)   Google Map Hard Copy၊

(၁၅)   Google Map Soft Copy၊

(၁၆)   လျှောက်ထားသူ၏ထွက်ဆိုချက်၊

(၁၇)   ပတ်ဝန်းကျင်တောင်သူများ၏ ထွက်ဆိုချက်၊ 

(၁၈)   လျှောက်ထားသူ၏မြေပုံ၏ဓာတ်ပုံ၊ အဆောက်အဦဓာတ်ပုံ၊ 

(၁၉)   လုပ်ငန်းစီမံချက်၊

(၂၀)    ရင်းနှီးငွေအထောက်အထား၊

(၂၁)    ရပ်ကွက်အုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏သဘောထားမှတ်ချက်၊

(၂၂)    ရပ်ကွက်အုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ထောက်ခံချက်၊

(၂၃)    ရပ်ကွက်အုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏အစည်းအဝေးမှတ်တမ်း၊

(၂၄)    မြို့နယ်ဦးစီးဌာနမှူး၏စိစစ်ထောက်ခံချက်၊

(၂၅)    မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏စိစစ်ထောက်ခံချက်၊

(၂၆)    မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏အစည်းအဝေးမှတ်တမ်း၊

(၂၇)   မြို့နယ်မီးသတ်ဦးစီးဌာန၏ထောက်ခံချက်၊

(၂၈)    မြို့နယ်လမ်းဦးစီးဌာန၏ထောက်ခံချက်၊

(၂၉)    မြို့နယ်ဆက်သွယ်ရေးလုပ်ငန်း၏ မြေအောက်ကေဘယ်လ်လိုင်း ကင်းလွတ်ကြောင်း ထောက်ခံချက်၊

(၃၀)   မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ထောက်ခံချက်၊

(၃၁)   ရှေးဟောင်းသုတေသနဦးစီးဌာန၏ထောက်ခံချက်၊

(၃၂)    သာသနာ့မြေ ဘာသာရေးအဆောက်အဦလျှောက်ထားသည့်ကိစ္စ၊ မြို့နယ်၊ ခရိုင်၊ တိုင်း သာသနာရေးဦးစီးဌာန၏ထောက်ခံချက်၊

(၃၃)   ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန၏ထောက်ခံချက်၊ 

(၃၄)   မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ထောက်ခံချက်၊

(၃၅)   မြို့နယ်သစ်တောဦးစီးဌာန၏ထောက်ခံချက်။

စသည်ဖြင့် သက်ဆိုင်ရာဌာနအသီးသီး၏ထောက်ခံချက်များလည်း ရရှိပြီးဖြစ်ပါကြောင်း၊ သို့သော်လည်း ကျေးရွာမရှိဘဲနေရသော စစ်မှုထမ်းဟောင်းအများစုနေသော ရွာလေးသည် ချမ်းငြိမ်းအေး သာယာရွာ အဖြစ် အမည်သတ်မှတ်ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က 

ချမ်းငြိမ်းအေးသာယာကျေးရွာသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ တောစိမ့်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၇၇)၊ တောစိမ့်ကွင်း၊ ယာမြေဧရိယာ ၂၄.၀၈ ဧကခန့်ရှိပြီး အိမ်ခြေ/အိမ်ထောင်စု ၁၅၆ စု၊ လူဦးရေစုစုပေါင်း ၁,၁၂၆ ဦး နေထိုင်ကြောင်း၊ ၎င်းကျေးရွာသူ ကျေးရွာသားများသည် ၂၀၀၈ ခုနှစ်မှစတင်၍ အခြေချနေထိုင် လျက်ရှိပါကြောင်း၊ အဆိုပါ ထိုမြေ နေရာသည် ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့် ကြော်ငြာစာထုတ်ပြန် သတ်မှတ်ထားသော ကျေးရွာအဖြစ် သတ်မှတ်နိုင်ရန်အတွက် ဦးအောင်ဝင်းပါ ၁၅ ဦးမှ လယ်ယာမြေဥပဒေ ပုဒ်မ ၃၀၊ ပုဒ်မခွဲ (ခ)နှင့်အညီ လယ်မြေမှတစ်ပါး လယ်ယာမြေကို အခြားနည်းအသုံးပြုနိုင်ရေးအတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ လျှောက်ထားလာမှု အပေါ်တွင် လုပ်ထုံးလုပ်နည်းများ နှင့် အညီ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အမှုတွဲဖွင့်လှစ်ပေးပို့ တင်ပြခဲ့ပါကြောင်း၊ ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံမှ အနည်းဆုံးလိုအပ် သောပမာဏအား စိစစ်တင်ပြရန် ညွှန်ကြားခဲ့ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်တင်ပြပြီးလည်း ဖြစ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန မှ အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်ထားသော ကျေးရွာအဖြစ်သတ်မှတ်နိုင်ရေး လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၀၊ ပုဒ်မခွဲ(ခ) လျှောက်ထားသည့် မြေနေရာသည် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ မပြဋ္ဌာန်းမီ ၂၀၀၈ ခုနှစ် အစောပိုင်းက လူနေအိမ်များအဖြစ် ကျူးလွန် တည်ဆောက် အသုံးပြုသော မြေနေရာအဖြစ် စိစစ်တွေ့ရှိရပါကြောင်း။

ထိုကိစ္စရပ်များအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာ အမှတ် (၃၃/၂၀၂၄)ဖြင့် ထုတ်ပြန်ထားသည့်လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်း များကို ဖြေရှင်းနိုင်ရန်နှင့် နောက်ထပ် မဖြစ်ပွားစေရန်အတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်ရမည့် စံပြုလုပ်ထုံးလုပ်နည်းများ၊ အခန်း(၆) နှင့်အညီ ဆောင်ရွက်ရမည့်ကိစ္စရပ်တစ်ခု ဖြစ်ကြောင်း စိစစ်တွေ့ရှိပြီး ချမ်းငြိမ်းအေးသာယာကျေးရွာအား ပြည်ထဲရေး ဝန်ကြီးဌာနမှ အမိန့် ကြော်ငြာစာ ထုတ်ပြန်ထားသောကျေးရွာအဖြစ် သတ်မှတ်နိုင်ရေးနှင့်စပ်လျဉ်း၍ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ၏ ကျေးရွာအုပ်စု၊ကျေးရွာများ တိုးချဲ့၊ ပယ်ဖျက်၊ အမည်ပြောင်း ပြင်ဆင်ဖွဲ့စည်း ခြင်းလုပ်ငန်းများ၊ ဆောင်ရွက်ရမည့်အချက်အလက်များ ပြည့်စုံမှုမရှိသေးသော်လည်း ချမ်းငြိမ်းအေး သာယာကျေးရွာ သည် ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ် ထားသော ကျေးရွာအဖြစ် သတ်မှတ်နိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ နှင့်အညီ မကွေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ်မှ နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး ခွင့်ပြုချက်ရရှိပါလျှင် လုပ်ထုံး လုပ်နည်း များနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။