နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယမြောက်နေ့သို့ လာရောက်လေ့လာသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ (၂၃.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၏ စက်တင်ဘာ ၂၁ ရက်နေ့ ဆောင်ရွက်မှုများ
MY EN

(ဈ)-ဦးထွန်းလွင်(ချောင်းဦးမဲဆန္ဒနယ်)

2026-09-23
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးထွန်းလွင် (ချောင်းဦး မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ချောင်းဦး-အမြင့်လမ်းတွင် ပျက်စီးနေသော ကတ္တရာလမ်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပြန်လည်ပြုပြင် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းရှိ ချောင်းဦး-အမြင့်လမ်းသည် ၈ မိုင်၊ ၁ ဖာလုံရှည်လျားပြီး ချောင်းဦးမြို့၏ အနောက်ဘက်ရှိ ကျေးရွာပေါင်း ၁၈ ရွာရှိ ဒေသခံ ပြည်သူများ နေ့စဉ်သွားလာအသုံးပြုနေသည့်လမ်းဖြစ်ပါကြောင်း၊ ယခင်က မြေသားလမ်းသာ ရှိခဲ့ သော်လည်း သမ္မတကြီးဦးသိန်းစိန် အစိုးရတာဝန်ယူခဲ့စဉ်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ ဖြင့် ဘဏ္ဍာရေးနှစ် ၃ နှစ် ခွဲပြီး ကတ္တရာလမ်းအဆင့် ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရှိရပါ ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်က ခရီးမိုင်ရှည်လျားသဖြင့် ချောင်းဦး-အမြင့်လမ်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းသို့ လွှဲပြောင်းပေးခဲ့သည်ကို သိရှိရပါ ကြောင်း၊ အဆိုပါလမ်းပေါ်တွင် တံတားပေါင်း ၁၆ စင်းပါရှိပြီး ကွန်ကရစ်တံတား ၁၂ စင်းနှင့် သစ်သား တံတား ၄ စင်းပါရှိပြီး အတိုဆုံးတံတားမှာ ၈ ပေ၊ အရှည်ဆုံးတံတားမှာ ၁၁၀ ပေဖြစ်ပါကြောင်း၊ ချင်းတွင်းမြစ်ရေ ဝင်ရောက်သော ဒေသ ဖြစ်သောကြောင့် မြေတားတမံဖို့ကာ ဖောက်လုပ်ထားသည့် အတွက် လမ်းပခုံးများကျဉ်းကာ တချို့သောနေရာများတွင် မော်တော်ယာဉ် ၂ စီး ခက်ခက်ခဲခဲ ရှောင်နေရပါကြောင်း။ 

ယခုအခါတွင် ချောင်းဦး-အမြင့်လမ်းသည် ကာလကြာရှည်စွာအသုံးပြုခဲ့ခြင်း၊ နှစ်စဉ်ပြုပြင် ထိန်းသိမ်းမှုအားနည်းခဲ့ခြင်း၊ တချို့သောနေရာများတွင် ရေတိုက်စားခံရသဖြင့် လမ်းဧရိယာများ ကျဉ်းမြောင်းလာခြင်း၊ ချိုင့်များဖြစ်ပေါ်လာခြင်းတို့ကြောင့် ယာဉ်များသွားလာရန် ခက်ခဲလာခဲ့ပါ ကြောင်း၊  အရှည်ဆုံး ၁၁၀ ပေ ရှိသည့် ရှမ်းတိုးတံတားသည် လတ်တလောဖြစ်ပေါ်နေသော အခြေ အနေများကြောင့် ၁၃--၂၀၂၆ ရက်မှစတင်ပြီး အသုံးပြု၍မရတော့ဘဲ အဆက်အသွယ် ပြတ်တောက် သွားခဲ့ရပါကြောင်း၊ ထို့ကြောင့် မူလအနေအထားအတိုင်း ပြည်သူများ အဆင်ပြေ ချောမွေ့စွာအသုံးပြုနိုင်ရန် အဆိုပါလမ်းအား ပြန်လည် ပြုပြင်အဆင့်မြှင့်တင်ပေးခြင်း၊ သစ်သား တံတား ၄ စင်းအား ကွန်ကရစ်တံတားအဖြစ်သို့ အဆင့်မြှင့် တည်ဆောက်ပေးခြင်း၊ ပျက်စီးသွားသော ရှမ်းတိုးတံတားအား ပြန်လည်တည်ဆောက်ပေးခြင်းတို့ကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိ ကို မေးမြန်းပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က

          အဆိုပါလမ်းသည် မန္တလေး-စစ်ကိုင်း-မုံရွာ-ရေဦးလမ်းပေါ်ရှိ ချောင်းဦးမြို့ နှင့် တောကျောင်းကြီးအမြင့်-ရွှေဒါးကျလမ်းပေါ်ရှိ အမြင့်မြို့ဟောင်း ကို ဆက်သွယ်ထားသော လမ်း အရှည်မှာ ၈ မိုင်၊ ၁ ဖာလုံရှိပြီး ပြည်ထောင်စုမှ စီမံခန့်ခွဲသည့် Class-A လမ်းဖြစ်ပါကြောင်း၊ လက်ရှိလမ်းအခြေအနေမှာ ကတ္တရာလမ်း ၈ မိုင်၊ ၁ ဖာလုံဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း လမ်းမိုင်ပေါင်း ၅,၁၅၁ မိုင်၊ ၆ ဖာလုံရှိပြီး လက်ရှိလမ်းအခြေအနေများမှ ကတ္တရာ ကွန်ကရစ်လမ်း ၁၄၆ မိုင်၊ ၁ ဖာလုံ၊ ကွန်ကရစ်လမ်း ၄၁၇ မိုင်၊ ၃ ဖာလုံ၊ ကတ္တရာလမ်း ၁,၇၁၂ မိုင်၊ ၂ ဖာလုံ၊ ကျောက်လမ်း ၈၆၀ မိုင်၊ ၃ ဖာလုံ၊ အမာခံလမ်း ၆၉၉ မိုင်နှင့် မြေသားလမ်း ၁,၃၁၆ မိုင်၊ ၅ ဖာလုံ ဖြစ်ပါကြောင်း။

အဆိုပါလမ်းများတွင် ပျက်စီးမှုများနေသော ကတ္တရာလမ်းအပိုင်းများပြင်ခြင်းနှင့် တံတား ပြုပြင်ခြင်းလုပ်ငန်းအား လတ်တလော ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်းနှင့် ကာလတို ၅ နှစ် စီမံချက်ကာလအတွင်း ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြည်ထောင်စုရန်ပုံငွေတွင် နှစ် အလိုက်လျာထားပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့သောအချက်အလက်များနှင့်ပေါင်းစပ်ပြီး ဖြေကြားခဲ့ ပါသည်။