နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယမြောက်နေ့သို့ လာရောက်လေ့လာသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ (၂၃.၉.၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၏ စက်တင်ဘာ ၂၁ ရက်နေ့ ဆောင်ရွက်မှုများ
MY EN

(ဆ)- ဦးအောင်ကိုလတ် (တမူးမဲဆန္ဒနယ်)

2026-09-23
တတိယအကြိမ်
နယ်စပ်ရေးရာဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးအောင်ကိုလတ် (တမူး မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာ ရွာပတ်လမ်းရှိ ရေထုတ်မြောင်းအား Box Culvert ()စင်း၊ စော်ဘွားအင်းရပ်ကွက်ရှိ သာသနာ့ဥယျာဉ်လမ်း၊ စန္ဒကူးအမှတ်(//)ရပ်ကွက်ရှိ ကုန်ထုတ် လမ်းမ ကြီးနှင့် မြို့မ အမှတ်()နှင့် အမှတ်()ရပ်ကွက်အား ဆက်သွယ်ထားသော မော်ကူးလမ်း တို့အား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့သည် တစ်ခရိုင်၊ တစ်မြို့နယ်သာဖြစ်ပြီးရပ်ကွက် ကြီးပေါင်း ၁၂ ခု၊ ကျေးရွာအုပ်စုပေါင်း ၂၂ ခုနှင့် ကျေးရွာပေါင်း ၆၁ ရွာတို့ဖြင့် ဖွဲ့စည်းတည်ရှိပြီး တမူးမြို့နယ်အတွင်း တိုင်းရင်းသားလူမျိုးပေါင်းစုံ ၁၂၂,၆၂၅ ဦးနေထိုင် လျက်ရှိပါကြောင်း၊ ၂၈.၁၂.၂၀၂၅ ရက်မှစ၍ ၂၅..၂၀၂၆ ရက်အထိ အပိုင်းလိုက် ကျင်းပပြု လုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်မိဘပြည်သူများမှ ယုံကြည်အားကိုးစွာ မျှော်လင့်ခြင်းကြီးစွာဖြင့် တစ်ခဲနက်ထောက်ခံမဲပေး ရွေးချယ်ပေးလိုက်ပြီး ပေါ်ပေါက်လာသော ရွေးကောက်ခံအစိုးရသစ်မှလည်း ပထမ ရက် ၁၀၀ စီမံကိန်းချမှတ်ပြီး တစ်နိုင်ငံလုံး တည်ငြိမ် အေးချမ်းအောင် အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ တည်ငြိမ်အေးချမ်းပြီးဖြစ်သော နေရာများတွင် လည်း ဒေသဖွံ့ဖြိုးရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိပါ ကြောင်း၊ တမူးမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်မိဘပြည်သူများမှလည်း အမှန်တကယ် လိုအပ်နေသည့် အောက်ဖော်ပြပါလုပ်ငန်းများကို တောင်းခံတင်ပြပေးပါရန် တင်ပြလာပါကြောင်း

()     တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာ စာသင်ကျောင်းအနောက်ရွာပတ်လမ်းပေါ်ရှိ ရေထုတ် မြောင်းတံတားသည် သစ်သားတံတား ကြမ်းခင်းများဆွေးမြည့်နေပြီဖြစ်သဖြင့် ဆိုင်ကယ်များ၊ ကားများသွားလာရန် ခက်ခဲနေပြီး ရေရှည်အသုံးပြုနိုင်ရန်အတွက် ၁၈ ပေ၊ ၁၂ ပေ၊ ၈ ပေ၊ Box Culvert ()စင်း၊

()      တမူးမြို့၊ စော်ဘွားအင်းအမှတ်(/၁၀)ရပ်ကွက်ရှိ သာသနာ့ဥယျာဉ်လမ်းသည် ၎င်း ရပ်ကွက်တွင် အဓိကကျပြီး အသုံးပြုမှုများသော လူသွားကျောက်ချောလမ်းတစ်ခု ဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် မိုးရာသီတွင် ရွှံ့ဗွက်များထူထပ်ပြီး သွားလာရ ခက်ခဲသဖြင့် အဆိုပါလမ်းထိပ် စွယ်တော်ဖြူလက်ဖက်ရည်ဆိုင်မှ သာသနာ့ဥယျာဉ် ဘုန်းတော်ကြီးကျောင်းအထိ ပေ ၄,၀၀၀ ခန့်ကို ကွန်ကရစ်လမ်းခင်းခြင်း၊ 

()     တမူးမြို့၊ စန္ဒကူးအမှတ်(//)ရပ်ကွက်ရှိ ကုန်ထုတ်လမ်းမကြီးအား စန္ဒကူးရပ်ကွက် ၏ အလယ်တွင်ရှိပြီး တောင်၊ မြောက်အလွန်ရှည်လျားသည့် ကုန်ထုတ် ကျောက်ချော လမ်းမကြီးတစ်ခု ဖြစ်ပါကြောင်း၊ ၅ ဖာလုံခန့်ရှည်လျားသည့် အဆိုပါ ကုန်ထုတ် လမ်းမကြီးကို တံတား ၁၄ အနီး အာရှလမ်းမကြီးထိပ် နယ်စပ် ကုန်သွယ် ရေး ရုံးထောင့်မှ တောင်ဘက်လမ်းထိပ်အထိ ကွန်ကရစ် လမ်းခင်းခြင်း၊

()     တမူးမြို့၊ မြို့မအမှတ်()နှင့် အမှတ်()ရပ်ကွက်အား ဆက်သွယ်ထားသော မော်ကူး လမ်းသည် ပေ ၅၀၀ ခန့်လမ်းပိုင်းအား အဆင့်မြှင့်တင်ပြီး မြတ်သုခ လမ်းထိပ်အဝမှ အရှေ့ဘက်သို့ မီးကွင်းဘုန်းကြီးကျောင်းဘက်အထွက်ထိ ပေ ၃,၀၀၀ ခန့်အား ကွန်ကရစ်လမ်းခင်းခြင်း၊ 

သို့ဖြစ်ပါ၍ တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာ ရွာပတ်လမ်းပေါ်ရှိ Box Culvert ()စင်း၊ တမူးမြို့၊ စော်ဘွားအင်း ရပ်ကွက် ပေ ၄,၀၀၀ ခန့် ကွန်ကရစ်လမ်း၊ စန္ဒကူးရပ်ကွက်ရှိ ၅ ဖာလုံခန့် ကွန်ကရစ် လမ်း၊ မြို့မရပ်ကွက်ရှိ ပေ ၃,၀၀၀ ခန့် ကွန်ကရစ်လမ်းတို့အား ဆောင်ရွက်ပေးပါရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး က

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာ အုပ်စု၊ ဟဲဇင်းကျေးရွာရှိ စာသင်ကျောင်း အနောက်ရွာပတ်လမ်းတွင်ရှိသည့် ရေထုတ်မြောင်းနေရာတွင် Box Culvert ()စင်း တည်ဆောက်ရန်အတွက် Feasibility Study ပြုလုပ်ပြီး Design ရေးဆွဲပြီး နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေရှိမှုပေါ်မူတည်၍ ဆောင်ရွက် မည်ဖြစ်ပါ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား တင်ပြလိုပါကြောင်း။

တမူးမြို့၊ စော်ဘွားရပ်ကွက် နယ်မြေ(အမှတ်()ကျောင်းလမ်းသွယ်မှ နယ်မြေ(၁၀သာသနာ့ဥယျာဉ်ဘုန်းကြီးကျောင်းမုဒ်ဦးအထိ စုစုပေါင်းအရှည် ၄,၆၂၅ ပေ၊ အ..က()ကျောင်း လမ်းထိပ်မှ ချယ်ရီလမ်းအထိ သဲကျောက်လမ်း အရှည်ပေ၂,၀၀၀ ရှိပြီး ချယ်ရီလမ်းမှ သာသနာ့ ဥယျာဉ်ဘုန်းကြီးကျောင်းထိပ်အထိ စုစုပေါင်းလမ်းအရှည် ၆,၆၂၅ ပေအနက် ၂,၆၂၅ ပေ မြေလမ်း သည် လမ်းသားနိမ့်ပြီး ရေဝပ်သည့်အပိုင်းဖြစ်သည့်အတွက် မြေပြင်အခြေအနေအရ ကွန်ကရစ်လမ်း ခင်းရမည်ဖြစ်ပါကြောင်း၊ ချယ်ရီလမ်းမှ သာသနာ့ဥယျာဉ်ဘုန်းကြီးကျောင်းအထိ ကွန်ကရစ်ခင်း ခြင်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေတွင် အဆိုပြု လျာထားရန် စီစဉ်ထားရှိပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေတွင် စန္ဒကူးရပ်ကွက် အမှတ်(//)အတွင်းရှိ လမ်းအား ကွန်ကရစ်ခင်းခြင်း ၂ ဖာလုံနှင့် မြို့မရပ်ကွက်၊ အမှတ်()နှင့် အမှတ်()ရှိ မိုးကောင်းဓမ္မာရုံလမ်းအား ကွန်ကရစ်ခင်းခြင်း ၄ ဖာလုံကိုလည်း အဆိုပြုလျာထားရန် စီစဉ်ထားရှိပါကြောင်း၊ မြို့မအမှတ်()နှင့် အမှတ်(ရပ်ကွက် အား ဆက်သွယ်ထားသည့် မော်ကူးလမ်း ပေ ၃,၀၀၀ အား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ နယ်စပ် ဒေသဖွံ့ဖြိုးရေးတိုင်းဒေသကြီးရန်ပုံငွေမှ ချောင်းသဲကျောက်အမာခံခင်းရန် အဆိုပြုလျာ ထားရန် စီစဉ်ထားရှိပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ပြန်လည်ဖြေကြား ခဲ့ပါသည်။