အင်္ဂပူမြို့နယ်၊ နောက်မီးအုပ်စုနှင့် ဝက်လဟာအုပ်စုအတွင်းရှိ ကျေးရွာများ မြစ်ကမ်းထိန်းခြင်းနှင့် မြစ်ကြောင်းလွှဲခြင်းလုပ်ငန်းအား အရေးတကြီးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်အတွင်းရှိ နောက်မီးကျေးရွာ အုပ်စု ဝက်လဟာ ကျေးရွာအုပ်စု ရှိရွာများ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ဘုန်းတော်ကြီး ကျောင်း များ၊ ကျေးရွာအိုးအိမ်များပျက်စီးပြောင်းရွှေ့ရခြင်း၊ ကားလမ်းများ၊ တံတားများ မြစ်ကမ်းပြို သည့် နေရာတွင်ပါသွားခြင်း၊ လယ်ယာများ ရေလွှမ်းမိုးမှုဒဏ်နှစ်စဉ်ခံနေရခြင်းဖြစ်နေသည့်အတွက် မြစ်ကမ်းထိန်းခြင်းနှင့်မြစ်ကြောင်း လွှဲခြင်းလုပ်ငန်းများအရေးတကြီးဆောင်ရွက်ပေးပါရန် အစီအစဉ် ရှိ မရှိ ကြယ်ပွင့်ပြမေးခွန်းအား လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းသွားမည်ဖြစ်ပါကြောင်း၊
ငဝန်မြစ်သည် ဧရာဝတီမြစ်ကြီးမှ အင်္ဂပူမြို့နယ်အရှေ့ခြမ်း ရှိ ညောင်ကျိုးကျေးရွာ အထက်နားမှ နေခွဲထွက်ပြီး ဟင်္သာတမြို့နယ်နှင့် အင်္ဂပူမြို့နယ်ကြားတွင် စီးဆင်းကြောင်း၊ ငဝန်မြစ်၏ အနောက်ဘက်ကမ်း ရှိ နောက်မီးကျေးရွာ အုပ်စုနှင့် ဝက်လဟာကျေးရွာအုပ်စုမှ ကျေးရွာများ သည်၂၀၁၈-၂၀၁၉ ခုနှစ်မှစပြီး ပုံတွင် ပြထားသည့် အတိုင်း မြစ်ကမ်းများ ပြိုကျတိုက်စားခဲ့ရာ ကျေးရွာများ ရေတိုက်စားခံရပါကြောင်း၊ မိမိတို့ ဒေသခံပြည်သူများနှင့် တတ်သိပညာရှင်များ မှ ဒေသတွင်ရှိသည့်ဝါးအဖျားများ သစ်ကိုင်းများနှင့် မြစ်ကမ်းဆယ်ခြင်း လုပ်ငန်းကို ကိုယ်ထူကိုယ်ထဝိုင်းဝန်းဆောင်ရွက်ခဲ့ကြပါတကြောင်း၊ ၂၀၂၀-၂၀၂၁ ကာလတွင် မြစ်ကြောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပထမအကြိမ် အဖြစ်ကမ်းထိန်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ ကြောင်း၊ ကတုတ်တန်းများ ဆောင်ရွက် ခဲ့ပါကြောင်း၊ သို့သော်လည်း မိုးရာသီမြစ်ရေ တက်လာသည့်အချိန်တွင် မြစ်ရေတိုက်စားမှုနောက်ကို အကုန်ပါသွားပါကြောင်း၊ အင်္ဂပူ-ညောင်ကျိုးကတ္တရာ လမ်းပိုင်းအချို့ မြစ်ရေ တိုက်စားမှုဒဏ်ကိုခံရပါကြောင်း၊ မြစ်ရေတိုက်စားသည့် ဒဏ်ကိုခံရပါကြောင်း၊ မြစ်ရေတိုက်စားမှုနောက်ကို ပါသွားပါကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်၌ မြစ်ကြောင်းရိုးမှ မြစ်ကမ်းထိန်း နံရံများဆောင်ရွက်ခြင်း၊ ကမ်းထိန်းခြင်းလုပ်ငန်းများ ဒုတိယအကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ မှတ်တမ်းများအရ သိန်းပေါင်း ၃၀၀၀ ကျော်ကုန်ကြပါကြောင်း၊ မြစ်ရေ တိုက်စား သည့် နောက် မြစ်ရေကြီး လာသည့် အခါတွင် ပါသွားကြောင်း၊ အနီးအနားရှိ နောက်မီး အုပ်စုထဲမှ ကျို့ကုန်းရွာ၊ ဘုန်းတော်ကြီးကျောင်းတို့ မြစ်ကမ်းပြိုသည့် နောက်ကိုပါသွားသည့် အတွက် ဘုန်းတော်ကြီး ကျောင်းကို ပြောင်းရွှေ့ရပါကြောင်း၊ ငဝန်မြစ်ရေ ဆက်လက်ပြီး တိုက်စားမှုကြောင့် ကားလမ်း များပါသွားကြောင်း၊ အိုးအိမ်များ မျောပါပျက်စီးမှု၏ အပေါ်တွင် သက်ဆိုင်ရာဌာနအကြီးအကဲများ၊ အုပ်ချုပ်ရေး အဖွဲ့များ လာရောက်ကြည့်ရှုကွင်းဆင်းသည့် အနေအထားများ ရှိပါကြောင်း၊ ၎င်းမြစ်ရေ တိုက်စားမှုကြောင့် အင်္ဂပူ-ညောင်ကျိုးကားလမ်းပေါ်ရှိ မမြချောင်းကူးတံတား၊ ကညင်ပင်တံတားလည်း ပြိုကြပျက်စီးခဲ့ရပြီး သစ်သားတံတား ဖြစ်ပါ ကြောင်း၊ ငဝန်မြစ်ရေဆက်လက်တိုက်စားမှုအပေါ်တွင် မြစ် ကြောင်းရိုးမှ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မြစ်ကမ်း ထိန်းကတုတ်များ၊ မြစ်ကမ်းဆည်ခြင်းလုပ်ငန်းများ၊ ရေကာတန်းများ ကြိုးစား ဆောင်ရွက်ခဲ့သော်လည်း မိုးအခါမျောပါပျက်စီးခဲ့ပါကြောင်း၊ ထို့နောက် တွင် ကညင်ပင် နောက်မီး ကျေးရွာများတွင် ဆက်လက်ကမ်းပြိုတိုက်စားမှုအား ဒရုန်းဖြင့်တင်ပြ ထားသည့် ပုံဖြစ်ပါ ကြောင်း၊ ယခုချိန်ထိ မြစ်ကမ်းထိန်းခြင်းလုပ်ငန်း၊ ကမ်းဆည် သည့်လုပ်ငန်းကို လေးကြိမ် ဆောင်ရွက်ခဲ့ တာတွေ့ရပြီးကုန်ကျမှုမှာ ၁.၂ ဘီလီယံလောက်ခန့်မှန်း ကုန်ကြခဲ့ပြီး ဖြစ်ပါကြောင်း၊ အိမ်ခြေပေါင်း ၁၅၀ ကျော်ကမ်းပြိုသည့် ထဲပါသွားပြီးရွာများပြောင်းရွေ့ရပါကြောင်း။
ကားလမ်းလည်း ၁ မိုင်ကျော်တိုက်စားခံရပြီး ယခုအခါ သွားလာရေး အဆက်အသွယ် ပြတ်တောက်သွားပြီဖြစ်ပါကြောင်း၊ ဆက်လက်ပြီး မြစ်ကမ်းကရပ်မသွား ပဲနှင့်ရွာများအနားတွင် ရှိသည့်လမ်းများကို ဆက်လက်အန္တရာယ်ပြုလျက်ရှိပါကြောင်း၊ ထို့ကြောင့် ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများ၊ မြို့မိ၊ မြို့ဖများနှင့် မြစ်ကမ်းလွှဲခြင်းလုပ်ငန်းကိုဆောင်ရွက်မှသာ မြစ်ရေ တိုက်စားမှု အန္တရာယ်ကင်းနိုင်မည်ဖြစ်သည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊ ဆက်လက်၍ မြစ်ကမ်း ရေတိုက်စားသည့် ဒဏ်ခံနိုင်ရန်အတွက် မြစ်ကြောင်းလွဲခြင်းကို အင်္ဂပူမြို့နယ် လူတော်စုအုပ်စု၊ အမြိုင်းကျေးရွာ၏ ထိပ်နားမှ တန်းလွဲနံရံများပြုလုပ်ပြီး မူလမြစ်ဟောင်းထဲကို ဆောင်ရွက် ပေးနိုင်မှသာလျှင် ရေတိုက်စားခြင်းဒဏ် ပြီးဆုံးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြစ်ရေ တိုက်စားခြင်း၊ ကမ်းပါးများ ပြိုကြခြင်း၊ ဆက်၍ နောက်မီးကျေးရွာ၊ တံခါးစုကြီးကျေးရွာ၊ တံခါးစု လေးကျေးရွာ၊ အင်အားကြီးကျေးရွာလူနေအိမ်စုများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများကို မြစ်ကြောင်းများ ထိန်းသိမ်းခြင်းနှင့် ရေအရင်းမြစ်နှင့် မြစ်ကြောင်းများထိန်းသိမ်းရေးဦးစီးဌာနတွင် ပညာရှင်များနှင့် မြစ်ကြောင်းလွှဲခြင်းလုပ်ငန်းဆောင်ရွက်ပေးမှသာ ကမ်းပြိုကမ်းစားရပ်သွားမည် ဖြစ်ကြောင်း သုံးသပ်ညှိနှိုင်းတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ငဝန်မြစ်ရေတိုက်စားမှု အန္တရာယ်မှ လွတ်ကင်းနိုင်အောင် မြစ်ကမ်းထိန်းခြင်းနှင့် မြစ်ကြောင်းလွှဲခြင်းလုပ်ငန်းများ အရေးပေါ် ဆောင်ရွက် ပေးနိုင်ပါရန် အစီအစဉ် ရှိ မရှိနှင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြုလုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းလူ က
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာအုပ်စု၊ မကျီးစုကျေးရွာအုပ်စု၊ ဝက်လဟာကျေးရွာအုပ်စု၊ ကညင်တပင်ကျေးရွာနှင့် ကြို့ကုန်းကျေးရွာများကို ဖြတ်၍ စီးဆင်း နေပါကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်နောက်ပိုင်း တဖြည်းဖြည်း ရေဦးထိုးတိုက်စားလာပြီး ငဝန်မြစ်မှ ကညင်တပင်ကျေးရွာအုပ်စုတွင် နောက်သို့ဆုတ်သွားပါကြောင်း၊ ထိုမှ တဖြည်းဖြည်း ငဝန်မြစ်က မမြချောင်းနှင့်ပေါင်းစပ်သည်အထိ နောက်ကို တဖြည်းဖြည်းချင်းဆုတ်ပြီး ကမ်းတိုက်စားမှုဖြစ်ပွား ခဲ့ပါကြောင်း။
မမြချောင်းနှင့် ငဝန်မြစ်ပေါင်းပြီး ထပ်ပြီးတိုက်စားနေသေးသည့်အတွက် ကညင်တပင် ကျေးရွာအုပ်စုမှ ၎င်း၏ရွာများ၊ လမ်းများအကုန်လုံး နောက်ကိုဆုတ်ရပါကြောင်း၊ ငဝန်မြစ်စီးဆင်း သည့် ရေဦးထိုးတိုက်စားမှုသည် ကမ်းတော်တော်ပြိုသည့် အနေအထားဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၀-၂၀၂၁ ခုနှစ်အထိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း များကို တတ်နိုင်သမျှကြိုးစားပြီး လုပ်သည့်အတွက် ဒီလောက်ထိ သက်သာတာဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ နောက်မီးအုပ်စုနှင့် ဝက်လဟာကျေးရွာအုပ်စုရှိ ကျေးရွာများ ဘက်သို့ ကမ်းပြိုမှုဖြစ်ခြင်းများသည် မိမိပြောသည့် အနေအထားအတိုင်းဖြစ်လာပြီး ငဝန်မြစ်ရေစီး ထုထည် များပြားလာသည့်အတွက် ကားလမ်းများသည်လည်း နောက်ဆုတ်လာပါကြောင်း၊ ရေဦး ထိုးတိုက်စားခံရသည့် အနေအထားသည်လည်း အခြေအနေဆိုးပါကြောင်း၊ မြစ်ကမ်းပါးမြေသား ပြိုကျမှုသည်လည်း သဲနုန်းမြေများဖြစ်သဖြင့် ပြိုကျမြန်သည့်အတွက် စားနုန်းက ပိုပြီးမြန် လာပါကြောင်း၊ ထို့ကြောင့် ကမ်းပြိုမှုမှ ကာကွယ်ရန်အတွက် တင်ပြပါအတိုင်း မြစ်ဖြတ်မြောင်း ၁.၄ မိုင် ဖောက်လုပ်ရမည်ဖြစ်ပါကြောင်း၊ အပေါ်ဘက်တွင် ကျောက်ဖြစ်မျော ကွန်ကရစ်ကွက် ၃၁၀၀ ပေ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကညင်တပင်ကျေးရွာကို ရေမသွားနိုင်ရန် ထိုမှတားထားလိုက်မှ ဆင်းလာမည်ဖြစ်ပါကြောင်း၊ တတိယတစ်ချက်မှာ မြစ်ဖြတ်မြောင်းအောက်ဘက် ငဝန်မြစ်အတွင်း တွင် Porcupine ၂,၀၀၀ ချ ထားမည့် အစီအမံဖြစ်ပါကြောင်း၊ အောက်ဘက်ရှိ တောင်ဆွယ်ကိုလည်း ထပ်ပြီးဖြတ်ရမည်ဖြစ်ပါကြောင်း။
ထို ၃ ချက်လုပ်မှသာလျှင် ကညင်တပင်ကျေးရွာက ရေဦးထိုးတိုက်စားမှုက ကာကွယ်နိုင် မည်ဖြစ်ပါကြောင်း၊ ထိုကိစ္စကို မိမိတို့ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထိုရန်ပုံငွေအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ကို ၂၀၂၂ ခုနှစ်တွင် တင်ပြခဲ့သော်လည်း တကယ်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သည့်အခါမှာ ဒေသခံများနှင့် ဆွေးနွေးသည့်အခါ ဒေသခံများမှ ကန့်ကွက်ကြသည့်အတွက် Project အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ကမ်းပါးတိုက်စားမှု သက်သာအောင်ပဲ မိမိတို့ လုပ်ပေးခဲ့ ရသည့် အနေအထားဖြစ်ပါကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ငဝန်မြစ်ရေတိုက်စားမှုအခြေအနေအရ အင်္ဂပူမြို့နယ်၊ မကျီးစုကျေးရွာ၊ ကညင်တပင်ကျေးရွာနှင့် ကြို့ကုန်းကျေးရွာများရှိ ကမ်းပြိုနေသည့် နေရာများကို တိုက်ရိုက်ကာကွယ်ရေး ဆောင်ရွက်ပေးခြင်းတစ်ခုရှိပါကြောင်း၊ Pilot Channel ဖောက်ပြီး လုပ်မည့်လုပ်ငန်းစဉ်များကိုလုပ်သည့် သွယ်ဝိုက်ကာကွယ်ပေးခြင်းဆိုသည့် နှစ်ခုရှိပါ ကြောင်း၊ မြတ်ဖြတ်မြောင်းဖောက်ခြင်းကို နှစ်စဉ်ဦးစားပေးအစီအစဉ်အတိုင်း လုပ်ရန်အတွက် လျာထားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ မကျီးစုကျေးရွာ၊ ကညင်တပင်ကျေးရွာ၊ ကြို့ကုန်း ကျေးရွာနှင့် အင်္ဂပူ-ညောင်ကျိုးကားလမ်း ကမ်းပြိုကမ်းစားခြင်းမှ ရေရှည်ကာကွယ်နိုင်ရန် အတွက် တိုက်ရိုက်ကာကွယ်သည့် နည်းစနစ်ထက် သွယ်ဝိုက်ကာကွယ်သည့် နည်းစနစ်ဖြစ်သော Pilot Channel ဖောက်လုပ်နိုင်မှသာ ထိရောက်အောင်မြင်နိုင်မည်လို့ လွှတ်တော် ကိုယ်စားလှယ်ကြီး၏ တင်ပြချက် မှန်ကန်ပါကြောင်း၊ ထို့ကြောင့် ဒီမြစ်ဖြတ်မြောင်း ဖောက်လုပ်နိုင်ရန်အတွက် အင်္ဂပူမြို့နယ်နှင့် ဟင်္သာတမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၏ သဘောတူညီချက် ဦးစွာရရှိရန် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူလူထုနှင့် ညှိနှိုင်း ဆွေးနွေးမှု ရလဒ်အပေါ် မူတည်ပြီးမှသာ ဒီမြစ်ဖြတ်ပြီး တူးမြောင်းဖောက်လုပ်ခြင်းနှင့် ဆက်စပ် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ငဝန်မြစ်ရေတိုက်စားမှုကာကွယ်ရေး သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခု ဖြစ်သည့်အတွက် ခုနတုန်းက အားလုံးသဘောတူညီပြီဆိုလျှင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်သွားတော့မည့်အချိန်တွင် ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် နည်းပညာအရရော၊ လုပ်အားအရရော ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။