နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ (၂၁-၉-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့်ဖြေကြားချက်အကျဉ်းချုပ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးမောင်မောင်အုန်းနှင့် အဖွဲ့ မော်စကိုမြို့၌ မဲရုံများအား ကြည့်ရှုလေ့လာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့်အဖွဲ့ ရုရှားနိုင်ငံ၌ ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်သို့ တက်ရောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ စက်တင်ဘာ ၁၈ ရက်နေ့ ဆောင်ရွက်မှုများ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ ခရီးစဉ်အတွင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ စက်တင်ဘာလ ၁၇ ရက်နေ့ လှုပ်ရှားမှု
MY EN

( ခ)- ဦးသန်းထွန်းဦး(ကျိုင်းတုံမဲဆန္ဒနယ်)

2026-09-21
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
မေးခွန်း
ဦးသန်းထွန်းဦး(ကျိုင်းတုံ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရှမ်းပြည်နယ်(အရှေ့ပိုင်းနယ်စပ်မြို့များသို့ နိုင်ငံခြားခရီးသွားများစနစ်တကျဝင်ရောက်ခွင့်ကို (ယာယီရပ်ဆိုင်းထားခြင်းအား ပြန်လည်ခွင့်ပြုပေးရန်အစီအစဉ်ရှိမရှိ၊မရှိပါကအဘယ်ကြောင့်နည်းနှင့်ရှိပါကမည်သည့်ကာလတွင်ဆောင်ရွက်ပေးမည်ကိုသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဟာ တရုတ်၊ ထိုင်း၊ လာအိုနိုင်ငံ ၃ နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသောဒေသတစ်ခု ဖြစ်ပါပြီး နိုင်ငံခြားသားခရီးသွားအများစုဟာ ထိုင်းနိုင်ငံကတစ်ဆင့် မြန်မာနိုင်ငံကို နယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်မြို့မှတစ်ဆင့် လာရောက်လည်ပတ်လျက်ရှိကြပြီး တာချီလိတ်မြို့ကနေ ဝမ်ပုံ၊ ရွှေတြိဂံ၊ မဲခေါင်မြစ်များ၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းရှူး၊ မိုင်းယန်း၊ မိုင်းဆတ်နှင့် မိုင်းတုံမြို့များမှာရှိတဲ့ အထင်ကရနေရာများသို့ တရားဝင်ဗီဇာများဖြင့် ယခင်က လာရောက်လည်ပတ်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံသားများသည်လည်း နှစ်စဉ်လာရောက် လည်ပတ်ခဲ့ကြသည့်အတွက် တင်ပြပါမြို့များရှိ ဒေသခံမိဘပြည်သူများအနေနဲ့ စီးပွားရေး၊ ရောင်းဝယ်ရေး၊ ဟိုတယ်၊ ခရီးလုပ်ငန်းများ အဆင်ပြေ ခဲ့တဲ့အပြင် နိုင်ငံတော်အတွက်လည်း ဝင်ငွေ များစွာရရှိခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားပြီး နောက်ပိုင်းမှာ အဆိုပါနိုင်ငံခြားသားများနှင့် ထိုင်းနိုင်ငံသားများဟာ တာချီလိတ်မြို့ကိုသာလျှင် လာရောက်လည်ပတ်ခွင့်ရရှိကြပြီး အခြားမြို့နယ် များသို့ သွားရောက်လည်ပတ် ခွင့်အား တားမြစ်ခဲ့ရတာဖြစ်တဲ့အတွက် ဒေသခံ မိဘပြည်သူများအ တွက် အလုပ်အကိုင် အခွင့်အလမ်းများ လျော့နည်းလာခြင်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ၊ ဒေသထွက် စက်မှု၊ လက်မှုပစ္စည်းရောင်းဝယ်ရေးများတွင် လျော့နည်းသွားခြင်းနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ခရီးသွား လုပ်ငန်းများမှ နှစ်စဉ်ရရှိနေတဲ့ နိုင်ငံတော်ဝင်ငွေရရှိမှုများမှာလည်း လျော့နည်း ခဲ့ရပါကြောင်း။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် လူဦးရေ ၉၇၀,၀၀၀ ကျော်ရှိပြီး အိမ်နီးချင်း ၃ နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေတာ ဖြစ်ပြီး ကျိုင်းတုံမြို့နယ်ရှိကမ္ဘာလှည့်ခရီးသွားများ လေ့လာနိုင်တဲ့နေရာ ၁၂ နေရာပါ မှတ်တမ်းဓာတ်ပုံများနှင့် ဟိုတယ်၊ တည်းခိုရိပ်သာ ၂၀ ခုနှင့် အိပ်ခန်းပေါင်း ၇၇၄ ခန်းရှိတဲ့ အခြေအနေ တင်ပြအပ်ပါကြောင်း၊  ကျိုင်းတုံဒေသသို့ ၂၀၁၇ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ ဝင်ရောက်မှုနှင့် ဝင်ငွေရရှိမှုအခြေအနေများနှင့် နိုင်ငံတော်သမ္မတကြီးအနေနဲ့ လာအို နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးသွားရောက်စဉ် ခရီးသွားကဏ္ဍဖွံ့ဖြိုးရေးဆွေးနွေးခဲ့ပြီး လာအိုနိုင်ငံမြို့တော်နှင့် ကျိုင်းတုံမြို့ကိုလည်း လေယာဉ်ပြေးဆွဲရေးတွေပါ ဆွေးနွေးခဲ့တာ ဖြစ်ပါ ကြောင်း၊  ကျိုင်းတုံလေဆိပ်မှ ပြည်ပခရီးစဉ် ၄ ခု ပျံသန်းမှုအခြေအနေရှိပြီး ကျိုင်းတုံ လေဆိပ် ကိုလည်း အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျိုင်းတုံ လေဆိပ် အဆင့်မြှင့်တင်ပြီး ဂျက်လေယာဉ်အမျိုးအစားများပါ ပြေးဆွဲနိုင်မှာ ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ လေဆိပ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံများရှိ လေဆိပ် များသို့ ပြေးဆွဲနိုင်မည်ဖြစ်ပြီး အကျိုးကျေးဇူးများအနေဖြင့် ပြည်ပခရီးသွားဧည့်သည်များထံမှ နိုင်ငံခြားဝင်ငွေများ ရရှိနိုင်ခြင်း၊ မိမိနိုင်ငံ၏ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းနိုင်မှုအား ပြသနိုင် ခြင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်၊ အခွင့်အလမ်းနှင့် ဒေသထုတ်ကုန်များမှ ဝင်ငွေရရှိခြင်းနှင့် မိမိနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံများသို့ တရားဝင်ဗီဇာဖြင့် အလည်အပတ်သွားရောက်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများလည်း ရရှိလာမှာ ဖြစ်ပါကြောင်း၊ ကျိုင်းတုံလေဆိပ်အဆင့်မြှင့်တင်ပြီးပါက ပြေးဆွဲနိုင်မည့် ပြည်ပလေဆိပ် ဖြစ်ပါ ကြောင်း။ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ယခင်က ပြည်ပခရီးသွားများ လှည့်လည်သွားလာ ခွင့်ရှိခဲ့သော မြို့နယ်ဒေသများသို့ နိုင်ငံခြားခရီးသွားများ စနစ်တကျ ဝင်ရောက်လည်ပတ်ခွင့် ယာယီ ရပ်ဆိုင်းထားခြင်းအား ပြန်လည်ခွင့်ပြုပေးရန် အစီအစဉ်ရှိ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ကာလအပိုင်းအခြားတွင် ခွင့်ပြုအကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ဦးရဲထွန်းဦး

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)သည် မြန်မာနိုင်ငံအရှေ့ပိုင်းတွင် တည်ရှိပြီး မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ အရှေ့ဘက်တွင် လာအိုနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် တာချီလိတ် ခရိုင်၊ ကျိုင်းတုံခရိုင်၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံခရိုင်၊ မိုင်းယန်းခရိုင်၊ မိုင်းယောင်းခရိုင်၊ မိုင်းလားခရိုင် ဟူ၍ ခရိုင် ၇ ခု ရှိပါကြောင်း၊  မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ်အား ၁၆--၁၉၉၇ ရက်နေ့တွင် မြန်မာနိုင်ငံဘက်မှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ပြီး စာချုပ်အရ တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်နှင့် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်()ခုအား ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၂၄--၂၀၁၆ ရက်နေ့တွင် ထီးခီး-ဖူနာရွန်နယ်စပ်ဂိတ် အသစ်အား ထပ်မံဖြည့်စွက်ချုပ်ဆို၍ တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့သောင်း-ရနောင်းနှင့် ထီးခီး-ဖူနာရွန် နယ်စပ်ဂိတ် ၄ ခုကို အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်အဖြစ် အဆင့် မြှင့်တင်ဆောင်ရွက်ခဲ့ပါကြောင်း ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဂိတ် အဖြစ် တာချီလိတ်-မယ်ဆိုင် အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်ရှိ၍ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်သန်းသွားလာရေး ဆိုင်ရာသဘောတူစာချုပ်အရ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass)၊ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Temporary Border Pass)ဖြင့် ဝင်ရောက် ပါက တာချီလိတ်ခရိုင်အတွင်း၌သာ ဝင်/ထွက်လည်ပတ်ခွင့်ရှိပြီး ရှမ်းပြည်နယ်၊ တာချီလိတ် ခရိုင်၊ တာချီလိတ်မြို့တွင် မြန်မာ-ထိုင်း နယ်စပ်ချစ်ကြည်ရေးတံတားအား ၂၀၁၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက်ပေါက်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ထားခဲ့ကြောင်း၊ နိုင်ငံခြားခရီးသွား များကို ဝင်/ထွက်ခွင့်ပြုခြင်း၊ တာချီလိတ်အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသားနှင့် ထိုင်းနိုင်ငံသားများအား နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(Border Pass - BP)ဖြင့် (၁၃)ညအိပ် (၁၄)ရက်နှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Temporary Border Pass - TBP)ဖြင့် ()ညအိပ် ()ရက်နေခွင့်ပြုပြီး သက်ဆိုင်ရာ နယ်စပ်ခရိုင်အထိ သွားရောက် လည်ပတ်ခွင့်ပြု ခဲ့ပါကြောင်း။

ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားအများစုသည် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှတစ်ဆင့် မြန်မာနိုင်ငံ တာချီလိတ်မြို့သို့လည်းကောင်း၊ တာချီလိတ်မြို့မှ ကျိုင်းတုံခရိုင် အတွင်းရှိ အထင်ကရနေရာများသို့လည်းကောင်း တရားဝင်ဗီဇာဖြင့် ခရီးသွားလာလည်ပတ်လျက် ရှိခဲ့ပါကြောင်း၊ သက်တမ်းရှိသောနိုင်ငံကူးလက်မှတ် (Passport) ပါရှိပြီး ပြည်ဝင်ဗီဇာမပါရှိသည့် ထိုင်းနိုင်ငံသားများနှင့် တတိယနိုင်ငံသားများအား ၎င်းတို့၏နိုင်ငံကူးလက်မှတ်ကို နယ်စပ်ဂိတ်တွင် အပ်နှံစေ၍ ပြည်ဝင်ခွင့်လက်မှတ် (Entry Permit – EP)ဖြင့် ထုတ်ပေးပြီး (၁၃ညအိပ် (၁၄)ရက်ဖြင့် ဝင်/ထွက်ခွင့်ပြု၍ တာချီလိတ်၊ ကျိုင်းတုံဒေသများသို့ နှစ်စဉ်လာရောက် လည်ပတ်လျက်ရှိကြောင်း ၊  နိုင်ငံကူးလက်မှတ် Passport နှင့် ပြည်ဝင်ဗီဇာပါရှိသည့် တတိယနိုင်ငံသားများနှင့် Package Tour များအား ၂၈ ရက် လည်ပတ်ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကြောင့် ၁၉--၂၀၂၀ ရက်နေ့တွင် တာချီလိတ် နယ်စပ်ဂိတ်အား ယာယီပိတ်ထား ခဲ့ရာမှ ၂၀--၂၀၂၃ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး သတ်မှတ်လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဝင်/ထွက်ခွင့်ပြုခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ လောက်ကိုင်မြို့၊ ရှမ်း(အရှေ့)၊ ရှမ်း(မြောက်) ဒေသတစ်ဝိုက်တွင် အွန်လိုင်းမှတစ်ဆင့် လိမ်လည်သည့် မှုခင်းကျူးလွန်မှုများ ထိန်းချုပ်ရေးအတွက် တတိယနိုင်ငံသား နိုင်ငံခြားသားများ ဗီဇာအမျိုးမျိုးဖြင့် တာချီလိတ်မြို့၊ အမှတ်()ချစ်ကြည်ရေးတံတားမှ ဝင်/ထွက်ခွင့်ကို ၃၀--၂၀၂၃ ရက်မှစတင်၍ ကန့်သတ်ထားရှိပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ကော့သောင်းအပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ပေါက်မှသာ ဝင်/ထွက် ခွင့်ပြုခဲ့ပါကြောင်း။

          ၂၇--၂၀၂၃ ရက်နေ့တွင် နေပြည်တော် MICC-2 ၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အထိမ်းအမှတ်နေ့မှစ၍ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်-မယ်ဆိုင် ဝင်/ထွက်ဂိတ်မှ တတိယနိုင်ငံသားများအား Package Tour အစီအစဉ်ဖြင့် ဝင်ရောက်လည်ပတ်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် အစီအစဉ်အရ ယခု ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ စိစစ်တင်ပြချက်နှင့်အညီ တတိယနိုင်ငံသားများအား Package Tour အစီအစဉ်ဖြင့် သတ်မှတ်ချက်များနှင့် ညီညွတ်မှု ရှိပါက မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်-မယ်ဆိုင် ဝင်/ထွက်ပေါက်မှ ဝင်/ထွက်ခွင့်ပြုလျက်ရှိပါကြောင်း၊

()   နိုင်ငံကူးလက်မှတ်သက်တမ်း အနည်းဆုံး ()လ ရှိရမည်။

()   သက်ဆိုင်ရာမြန်မာသံရုံးမှထုတ်ပေးထားသည့် သက်တမ်းရှိသော ဗီဇာပါရှိရမည်။

()   အမည်မည်းစာရင်း (Blacklist) ကင်းရှင်းရမည်။

()   Package Tour အဖွဲ့တွင် ပါဝင်မည့် အမည်စာရင်း၊ ဝင်ရောက်/ထွက်ခွာမည့်ခရီးစဉ်နှင့် သွားရောက်မည့် ခရီးစဉ်လမ်းကြောင်းတို့ကို တင်ပြနိုင်ရမည်။

()   ခရီးစဉ်လမ်းကြောင်းတစ်လျှောက် တာဝန်ခံလိုက်ပါမည့် လိုင်စင်ရဧည့်လမ်းညွှန် (Tour Guide) ပါရှိရမည်။ (ခွင့်ပြုခရီးစဉ် လမ်းကြောင်းအတိုင်းသာ သွားရောက်ရမည်။)

()   မြန်မာနိုင်ငံတွင် နေထိုင်မည့် ခရီးစဉ်ကာလအတွင်း မြန်မာနိုင်ငံအစိုးရမှအသိအမှတ်ပြုထားသည့်လိုင်စင်ရ ဟိုတယ်/ဧည့်ဂေဟာများတွင်သာ တည်းခိုနေထိုင်ရမည်။

()   ဗီဇာအရ ခွင့်ပြုကာလအတွင်း ပြန်လည်ထွက်ခွာရမည်။ (နေခွင့်သက်တမ်း ဆက်လက် တိုးမြှင့်ခွင့်မပြုပါဘူး။)

()     မြန်မာနိုင်ငံတွင် နေထိုင်စဉ် သုံးစွဲရန် လုံလောက်သည့် ငွေကြေးပမာဏပါရှိရမည် တို့ ဖြစ်ပါကြောင်း။

သတ်မှတ်ချက်များနှင့် ညီညွတ်သည့် တတိယနိုင်ငံသားများအား တာချီလိတ် ဝင်/ထွက်ဂိတ်မှ မြန်မာနိုင်ငံအတွင်းရှိမြို့များသို့ ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကန့်သတ်နယ်မြေများမှအပ တာချီလိတ်-ကျိုင်းတုံ ခရီးစဉ်လမ်းကြောင်းအတိုင်းဝင်ရောက်လည်ပတ် ခွင့်ပြုလျက်ရှိရာ ၂၆-၁၀-၂၀၂၃ ရက်နေ့မှ ယနေ့အထိ တတိယနိုင်ငံသားဝင်ရောက်သူ ၃၄ ဦးနှင့် ထိုင်းနိုင်ငံသား ပြည်ဝင်ခွင့်လက်မှတ် (Entry Permit - EP) ဖြင့် အလည်အပတ်ခရီးလာရောက်သူ ၂,၇၄၆ ဦး ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်စပ်ဒေသများသို့ ယခင်အတိုင်း နိုင်ငံခြားသားခရီးသွားများ စနစ်တကျဝင်ရောက်လည်ပတ်ခွင့်ကို ထိုင်းနိုင်ငံသား များအတွက် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass-BP)၊ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (Temporary Border Pass-TBP)ဖြင့် မြန်မာ-ထိုင်းနှစ်နိုင်ငံကြား နယ်စပ်ဖြတ်သန်း သွားလာရေးဆိုင်ရာ သဘောတူစာချုပ်အရ တာချီလိတ်ခရိုင်အတွင်း ခွင့်ပြုပေးလျက်ရှိပါကြောင်း ၊ ထိုင်းနိုင်ငံသားများအား နိုင်ငံကူးလက်မှတ်ဗီဇာဖြင့်လည်းကောင်း၊ တတိယနိုင်ငံသားများအား Package Tour ဖြင့်လည်းကောင်း၊ ဝင်/ထွက် ခွင့်ပြုလျက်ရှိသည့်အတွက် နိုင်ငံကူးလက်မှတ်၊ ဗီဇာအပြင် Package Tour သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိပါက တာချီလိတ်၊ ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးအတိုင်း အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ပေါက်(မြဝတီနယ်စပ်ဂိတ် မပါ)မှ ထွက်ခွာခွင့်ပြုလျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။