နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ (၂၁-၉-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့်ဖြေကြားချက်အကျဉ်းချုပ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးမောင်မောင်အုန်းနှင့် အဖွဲ့ မော်စကိုမြို့၌ မဲရုံများအား ကြည့်ရှုလေ့လာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့်အဖွဲ့ ရုရှားနိုင်ငံ၌ ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်သို့ တက်ရောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ စက်တင်ဘာ ၁၈ ရက်နေ့ ဆောင်ရွက်မှုများ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ ခရီးစဉ်အတွင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ စက်တင်ဘာလ ၁၇ ရက်နေ့ လှုပ်ရှားမှု
MY EN

(ဃ)- ဦးဝင်းဆွေ(ခ)ဦးဝင်းရွှေ(လပွတ္တာမဲဆန္ဒနယ်)

2026-09-21
တတိယအကြိမ်
နေပြည်တော်ကောင်စီ
မေးခွန်း
ဦးဝင်းဆွေ(ခ) ဦးဝင်းရွှေ (လပွတ္တာ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

လပွတ္တာမြို့နယ် မြို့မဈေးအားဈေးဝယ်စင်တာအဖြစ်တည်ဆောက်ပေးရန်အစီအစဉ်ရှိမရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

လပွတ္တာမြို့၊ အမှတ်(ရပ်ကွက်၊ ကုန်သည်လမ်း၊ လမ်းမတော်လမ်း၊ ဘုရားလမ်း၊ ပိတောက်လမ်းတို့၏အလယ်တွင် ထောင့်မှန်စတုဂံပုံစံ တည်ရှိပါကြောင်း၊ အလျား ၂၇၃ ပေရှိပြီး အနံ ၈၄ ပေ ကျယ်ဝန်းသည့်မြေ ဖြစ်ပါကြောင်း၊  မြို့၏ကုန်းလမ်း၊ ရေလမ်းစသည့် မြို့ဝင်လမ်းများဆုံရာမြို့၏စီးပွားရေးအချက်အချာကျသည့် နေရာတွင် တည်ရှိပါကြောင်း၊ ဈေးဟောင်းကြီးကို ၁၉၆၂ ခုနှစ်လောက်က တည်ဆောက်ခဲ့ပြီး ၆ ပေ၆ ပေ ၇၂ ခန်း၊ ၆ ပေ၈ ပေ အကျယ် ၁၁၆ ခန်း၊ ၁၀ ပေ၈ ပေ ၃၄ ခန်းနှင့် စုစုပေါင်း ဆိုင်ခန်းပေါင်း ၂၂၂ ခန်း ရှိပါကြောင်း၊ ယခင်က အထည်အလိပ်၊ ရေလုပ်ငန်းသုံးပစ္စည်း၊ နိဗ္ဗာန်ကုန်ပစ္စည်း၊ အထည်ချုပ်ဆိုင်၊ လူသုံးကုန် ပစ္စည်း၊ အလှကုန်ပစ္စည်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်း၊ ကွမ်းနှင့် ကွမ်းယာပစ္စည်း၊ မီးဖိုချောင် သုံးပစ္စည်းနှင့် ကုန်မာဆိုင် များနှင့် ရောင်းသူဝယ်သူအားဖြင့် စည်ကားသော ဈေးကြီးတစ်ခု ဖြစ်ခဲ့ပါကြောင်း။

ယခုဆိုလျှင် နှစ်ကာလကြာမြင့်ပြီဖြစ်သည့်အတွက် ဈေးကြီးသည် ယိုယွင်းလာပါကြောင်း၊ အလင်းရောင်ကောင်းစွာမရရှိခြင်း၊ လေကောင်းလေသန့်မရခြင်း၊ ဝင်/ထွက်လမ်းများ ကျဉ်းမြောင်း ခြင်း၊ ခေတ်မမီခြင်းတို့ကြောင့် ရောင်းသူ၊ ဝယ်သူ နှစ်သက်သဘောကျမှုမရှိတော့ပါကြောင်း၊ ထို့ ကြောင့် လမ်းဘေးရှိ ဆိုင်ခန်း ၂၃ ခန်းလောက်သာလျှင် ဖွင့်လှစ်ရောင်းချနေပြီး ကျန်အခန်းများ ဆိုလျှင် ကုန်ပစ္စည်းသိုလှောင်သည့် သိုလှောင်ရုံအဖြစ်သာ အသုံးပြုနေရသည်ကို တွေ့ရှိရပါ ကြောင်း၊ ဈေးသူဈေးသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်အခါ ဈေးသစ်ကြီးကို ခေတ်မီဈေးသစ်ကြီး ဆောက်လုပ်ရန် အားလုံးသဘောတူကြပါကြောင်း၊  ဈေးကြီးကိုလည်း နှစ်ထပ်ဆောက်လုပ်ရန် ဆန္ဒ ပြုကြပါကြောင်း၊ ထိုသို့ ဈေးဆောက်လုပ်သည့်အခါ ဆိုင်ခန်းတန်ဖိုးများကို ဆိုင်ခန်းပိုင်ရှင်များအနေ ဖြင့် ညီညွတ်မျှတသည့်နှုန်းထား ဖြစ်စေလိုကြပါကြောင်း၊ တစ်ဆက် တစ်စပ်တည်းဖြစ်နေသည့် ဆိုင်ခန်းများကိုလည်း မူလနေရာအတိုင်း ပြန်လည်ချထားပေးရန် တောင်းဆိုပါကြောင်း။

အဆိုပါဈေးဟောင်းကြီးအား ခေတ်မီဈေးသစ်ကြီးအဖြစ်အသစ်ဆောက်လုပ်ပေးရန် ဈေးသူ ဈေးသားများ၊ မြို့သူမြို့သားများက လိုလားလျက်ရှိကြပါကြောင်း၊ ဈေးသစ်ကြီးဆောက်လုပ်ပြီးပါက မြို့၏အချက်အချာကျသည့်နေရာတွင် ရောင်းသူ၊ ဝယ်သူများနှင့် တစ်စုတစ်ဝေးတည်း ပြန်လည် စည်ကားသက်ဝင်လာပြီး မြို့၏ဂုဏ်ကိုလည်း ဆောင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လပွတ္တာမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးဟောင်းကြီးအား ခေတ်မီဈေးသစ်ကြီးအဖြစ် ခရိုင်မြို့အင်္ဂါရပ်နှင့် အညီ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးခင်မောင်လတ် က

လပွတ္တာမြို့မဈေးသည် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၊ အမှတ်(ရပ်ကွက်၊ ကုန်သည်လမ်း၊ လမ်းမတော်လမ်း၊ ဘုရားလမ်းနှင့် ပိတောက်လမ်းတို့အကြား လေးထောင့်စတုဂံပုံ ဈေးဖြစ်ပြီး ၁၉၆၂ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့သည့်ဈေး ဖြစ်ပါကြောင်း၊ ဈေးအကျယ်အဝန်းသည် အလျား ၂၇၃ ပေ × အနံ ၈၄ ပေရှိပြီး ဈေးရုံ ၃ ရုံ၊ ဆိုင်ခန်းပေါင်း ၂၂၂ ခန်းရှိပါကြောင်း၊ လပွတ္တာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကောက်ခံရရှိငွေအခွန်ငွေများဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တွင် အခွန်နှင့် သာမန်ရငွေ ၈၄၃.၄၂ ကျပ်သန်း လျာထားရေးဆွဲထားပြီး သာမန်အသုံးစရိတ် ၄၀၀.၈၆၅ ကျပ်သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ၄၃၈.၇၃ ကျပ်သန်းအား မြို့သာယာလှပရေးနှင့် လမ်း၊ တံတားလုပ်ငန်းများ၊ မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး စည်ပင်သာယာရေး အဖွဲ့မှ ဈေးသစ်ပြန်လည်တည်ဆောက်ရန် လတ်တလော အစီအစဉ်မရှိသေးပါကြောင်းနှင့် မြို့မဈေး ဟောင်းကြီးအား ဈေးသူဈေးသားများမှ ၎င်းတို့၏ဆန္ဒနှင့်အညီ ခေတ်မီသောဈေးသစ်အဖြစ် အကျိုး တူ ရင်းနှီးမြှုပ်နှံလိုသော ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းရှင်များရှိပါက အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။