နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ (၂၁-၉-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့်ဖြေကြားချက်အကျဉ်းချုပ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးမောင်မောင်အုန်းနှင့် အဖွဲ့ မော်စကိုမြို့၌ မဲရုံများအား ကြည့်ရှုလေ့လာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့်အဖွဲ့ ရုရှားနိုင်ငံ၌ ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်သို့ တက်ရောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ စက်တင်ဘာ ၁၈ ရက်နေ့ ဆောင်ရွက်မှုများ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ ခရီးစဉ်အတွင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ စက်တင်ဘာလ ၁၇ ရက်နေ့ လှုပ်ရှားမှု
MY EN

(ဈ)- ဦးတင့်လွင်(နတ်တလင်းမဲဆန္ဒနယ်)

2026-09-21
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးတင့်လွင်(နတ်တလင်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

နတ်တလင်းမဲဆန္ဒနယ်အတွင်းရှိ ရွာသာကုန်း-ဇီးပင်ကွင်း-ရှမ်းကုန်း-လက်ခုပ်ပင် ကျေးရွာချင်း ဆက်လမ်း ပျက်စီးနေပါသဖြင့် ကွန်ကရစ်လမ်းအဖြစ် မည်သည့်ဘဏ္ဍာရေးတွင် ဆောင်ရွက်ပေး မည်ကို သိရှိလိုခြင်းနှင်စပ်လျဉ်းသည့်မေးခွန်း

မိမိအနေဖြင့် ပဲခူးတိုင်းဒေသကြီး(အနောက်)၊ နတ်တလင်းမြို့နယ်အတွင်းရှိ ရွာသာကုန်းဇီးပင်ကွင်း-ရှမ်းကုန်း-လက်ခုပ်ပင်ကျေးရွာချင်းဆက်လမ်း လမ်းအရှည် ၂ မိုင်၊ ၇ ဖာလုံမှာ ပျက်စီး နေပါသဖြင့် ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်းရှိ မရှိမေးခွန်းအား လွှတ်တော်ဥက္ကဋ္ဌကြီး မှတစ်ဆင့် မေးမြန်းသွားမည် ဖြစ်ပါကြောင်း၊ ၎င်းလမ်းနှင့်စပ်လျဉ်း၍ ရွာသာကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအပါအဝင် ရပ်မိရပ်ဖ ၁၄ ဦးမှလည်း ၂၂--၂၀၂၄ ရက်စွဲပါစာဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးရုံးမှ စာအမှတ် ၂//(သမကျေးလက်)၈၃၈/၂၀၂၄ ဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် ကွန်ကရစ်လမ်း 

ဆောင်ရွက်ပေးနိုင်မည့် အခြေအနေပြန်ကြားခြင်း အကြောင်းအရာဖြင့် ပြန်စာအား တင်ပြသူထံ ပြန်လည်ပေးပို့ခဲ့ပါကြောင်း၊ 

ပြန်စာ အပိုဒ် ၂()တွင် ကျေးရွာ ၃ ရွာအတွင်းမှဖြတ်သန်းသွားလာသော ရွာထိန်းလမ်းဖြစ် သဖြင့် လျှပ်စစ်မီးတိုင်များမှာ လမ်းမပေါ်ကျရောက်နေပြီး လမ်းနှင့်ကင်းရန်အတွက် မီးတိုင်များ ရွှေ့ပြောင်းစိုက်ထူရန်လိုအပ်ကြောင်း၊ အပိုဒ် ၂ ()တွင် မီးတိုင်များရွှေ့ပြောင်းနိုင်ရေးအတွက် ဒေသခံ ပြည်သူများမှ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့နှင့်ညှိနှိုင်းပြီး ကွန်ကရစ် လမ်းအဆင့် မြှင့်တင်ဆောင်ရွက်မည်ဆိုပါက ခန့်မှန်းငွေကျပ် ၁၆၁၀.၅ သန်းကုန်ကျမည်ဖြစ်ရာ ကျေးရွာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှစ၍ ပြည်ထောင်စုတိုင်းဒေသ ကြီးရန်ပုံငွေဖြင့် လျာထား တင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုပေါ်မူတည်၍ ဆောင်ရွက် ပေးသွား မည်၊ အပိုဒ် ၂ ()တွင် မိုင်တိုင်အမှတ် ၂/၃ မှ၂/၇ မိုင်အထိ လမ်းအရှည် ၄ ဖာလုံမှာ လမ်း အကျယ် ၈ ပေခန့်သာရှိသဖြင့် လမ်းနယ်ချဲ့ရန် လမ်းဘေးဝဲယာတောင်သူများမှ မြေနေရာလှူဒါန်း ပေးနိုင်မှု မရှိဟု ပါရှိ ပါကြောင်း၊

ထို့ကြောင့် ဒေသခံပြည်သူများမှ လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများ၊ လမ်းနယ်နှင့် ထိစပ်နေသော တောင်သူများနှင့်ညှိနှိုင်းပေါင်းစပ်ပြီး ၂၉-၁၁-၂၀၂၄ တွင် လမ်းကော်မတီမှ လျှပ်စစ်မီးတိုင်များ ရွှေ့ပြောင်းပေးမည့် လျှပ်စစ်ဦးစီးဌာနနှင့် ညှိနှိုင်းပြီးစီးကြောင်း ကတိဝန်ခံချက်၊ လမ်းဘေးဝဲယာရှိ တောင်သူများ၏ မြေလှူဒါန်းမည့်ကတိဝန်ခံချက်များပါသည့်စာကို ကျေးရွာ အုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖနှင့် အ..က(ခွဲ)ရှမ်းကုန်းကျောင်း ကျောင်းကော်မတီဝင်များမှ ထပ်မံ အသနားခံစာပေးပို့ခဲ့ပါကြောင်း၊  တင်ပြပါလမ်းမှာ ရှမ်းကုန်း အ..က(ခွဲ)မှ ကျောင်းသား ကျောင်းသူ ၂၀၅ ဦးတက်ရောက်နေခြင်း၊ ကျေးရွာအုပ်စု ၄ အုပ်စု၊ ကျေးရွာခွဲ ၁၆ ရွာရှိ လယ်ဧက ၄,၇၉၄ဧကအတွက် လယ်ယာသုံးစက်ပစ္စည်းများ ဖြတ်သန်းသွားလာပြီး လယ်ယာထွက်ကုန် သယ်ယူ ပို့ဆောင်ရေးအတွက် အဓိကအသုံးပြုနေရခြင်း၊ ကျေးရွာ ၁၆ ရွာရှိ ပြည်သူများ ကျန်းမာရေးအတွက် အဓိကအသုံးပြုနေရပါတကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါလမ်းအား ကွန်ကရစ်လမ်း ဆောင်ရွက်ပေး နိုင်ပါရန် အစီအစဉ်ရှိ မရှိနှင့် ရှိပါကမည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေး နိုင်မည်ကို မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး က

နတ်တလင်းမြို့နယ်၊ ရွာသာကုန်း-ဇီးပင်ကွင်း-လက်ခုပ်ပင်လမ်း တည်နေရာပြမြေပုံနှင့် လက်ရှိမြေပြင်မှတ်တမ်းဓာတ်ပုံဖြစ်ပါကြောင်း၊ ရွာသာကုန်း-ဇီးပင်ကွင်း-ရှမ်းကုန်း-လက်ခုပ်ပင် သို့ဆက်သွယ်ထားသောလမ်းသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင်တိုင်းဒေသကြီးမှ စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊ စုစုပေါင်း လမ်း အရှည် ၂ မိုင်၊ ၇ ဖာလုံ ရှိပါကြောင်း၊ အဆိုပါလမ်းသည် အမာခံလမ်း ၂ မိုင်၊ ၀.၁၈ ဖာလုံနှင့် မြေသားလမ်း ၆.၈၂ ဖာလုံပါဝင်ပြီး Class (A) အဆင့်လမ်းဖြစ်ပါကြောင်း၊ စုစုပေါင်း လမ်းအရှည် ၂ မိုင်၊ ၇ ဖာလုံအနက် ၁ မိုင်၊ ၀.၂၄ ဖာလုံ မြေနီကျောက်စရစ်ခင်းခြင်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်တွင်  ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လက်ရှိ အခြေအနေ တွင် ကျန်ရှိသော အမာခံလမ်း ၁ မိုင်နှင့် မြေသားလမ်း ၆.၇၆ ဖာလုံမှာ ပျက်စီး လျက်ရှိပါကြောင်း၊ အဆိုပါ အမာခံလမ်းနှင့် မြေသားလမ်း ၂ မိုင်၊ ၇ ဖာလုံကို ကွန်ကရစ်လမ်းခင်း မည်ဆိုပါက ခန့်မှန်း ကုန်ကျငွေကျပ် ၃.၇၆၂ ဘီလီယံ ကုန်ကျမည် ဖြစ်ပါကြောင်း၊

ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာအရ ရာသီမရွေးသွားလာနိုင်သည့်လမ်းအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် လမ်းပိုင်း ၁ မိုင်၊ ၀.၂၄ ဖာလုံမှ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ၂ ဖာလုံကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေး နှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေ တွင် လျာထားသွားမည်ဖြစ်ပြီး ရန်ပုံငွေ ရရှိမှု အပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် လတ်တလောတွင် ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင် ခြင်းကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားခဲ့ပါသည်။