နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ (၂၁-၉-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့်ဖြေကြားချက်အကျဉ်းချုပ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးမောင်မောင်အုန်းနှင့် အဖွဲ့ မော်စကိုမြို့၌ မဲရုံများအား ကြည့်ရှုလေ့လာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့်အဖွဲ့ ရုရှားနိုင်ငံ၌ ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်သို့ တက်ရောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ စက်တင်ဘာ ၁၈ ရက်နေ့ ဆောင်ရွက်မှုများ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ ခရီးစဉ်အတွင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ စက်တင်ဘာလ ၁၇ ရက်နေ့ လှုပ်ရှားမှု
MY EN

(ည)- ဒေါ်မြင့်စန္ဒာအောင်(မြောင်းမြမဲဆန္ဒနယ်)

2026-09-21
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
မေးခွန်း
ဒေါ်မြင့်စန္ဒာအောင် (မြောင်းမြ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မြောင်းမြမြို့နယ် ရေကျော်ကျေးရွာအုပ်စုနှင့် လပွတ္တာမြို့နယ် ရေဆိုင်ကျေးရွာ အုပ်စုတို့ကို ဆက်သွယ်သည့် ရေကျော်-ရေဆိုင်လမ်းအား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီ အစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မိမိအနေဖြင့်မြောင်းမြမြို့နယ်၊ ဘူတွင်းကွင်းရေကျော်ကျေးရွာအုပ်စုနှင့် လပွတ္တာမြို့နယ်၊ ရေဆိုင်ကျေးရွာ အုပ်စုတို့ကို ဆက်သွယ်သည့် ရေကျော်-ရေဆိုင်လမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ၏ ခွင့်ပြုချက်နှင့် မေးမြန်းသွားမည်  ဖြစ်ပါကြောင်း၊

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့သည် ရပ်ကွက်ကျေးရွာအုပ်စု ၁၁၄ အုပ်စုရှိပြီး အဆိုပါထဲမှ ဘူတွင်းကွင်း ရေကျော်ကျေးရွာအုပ်စုသည် ကျေးရွာခွဲ ၁၀ ရွာ၊ အိမ်ခြေ ၁,၇၉၈ ၊ အိမ်ထောင်စုပေါင်း ၁,၈၀၄ စုရှိပြီး လူဦးရေ ၉,၅၀၀ ကျော်နေထိုင် လျက်ရှိပါကြောင်း၊ အဆိုပါ ရွာတွင်  အထက်တန်းကျောင်း ၁ ကျောင်း၊ အ..က(ခွဲ၂ ကျောင်း၊ မူလတန်း ၅ ကျောင်းရှိပြီး ကျေးလက် ကျန်းမာရေးဌာနခွဲ ၁ ခု၊ ကျန်းမာရေးဌာနခွဲ ၅ ခု ရှိပါကြောင်း၊ ဘူတွင်း ကွင်းရေ ကျော်ကျေးရွာအုပ်စုသည် ပင်လယ်လေးမြစ်နံဘေးတွင် ရှိပြီး လပွတ္တာမြို့နှင့် နယ်နိမိတ် ချင်း ထိစပ်လျက်ရှိပါကြောင်း၊ မြောင်းမြမြို့နယ်၊ ဘူတွင်းကွင်းရေကျော်ကျေးရွာအုပ်စုနှင့် လပွတ္တာ မြို့နယ်၊ ရေဆိုင်ကျေးရွာအုပ်စုတို့ကို ဆက်သွယ်သည့် ရေကျော်-ရေဆိုင်လမ်းသည် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြောင်းမြမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်ထောင်စုမှ စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊  လမ်းအရှည်အားဖြင့် ၈ မိုင်၊ ၁ ဖာလုံရှိပါ ကြောင်း၊ အဆိုပါလမ်းကို ၂၀၂၃ ခုနှစ်က မြေသားလမ်းအဖြစ် စတင်အကောင်အထည်ဖော် ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းမှာ ဆိုလျှင် တံတားအရှည်ပေ ၃၀၀ ရှိသည့် သစ်ပုပ်ချောင်းတံတား၊ တံတားအရှည်ပေ ၁၂၀ ရှိ သည့် ထီမထိုင် တံတားတို့ ဆောက်လုပ် ထားပါကြောင်း၊ အဆိုပါလမ်းသည် နွေရာသီတွင် ဆိုင်ကယ်၊ ထော်လာဂျီများ ခက်ခဲစွာ သွားလာ ရပြီး မိုးရာသီတွင် သဘာဝဖွတ်ချီးမြေ၊ နုန်းမြေများကြောင့် မည်သို့မျှ သွားလာ၍မရတော့သည့် အတွက် ဒေသခံပြည်သူများသည် မိုးရာသီမှာဆိုလျှင် ရေလမ်းခရီးကိုသာ သွားလာ အသုံးပြု ရသည့် အတွက် အခက်အခဲများစွာ ကြုံတွေ့ရပါကြောင်း၊ ထို့ကြောင့်  အဆိုပါမြေသားလမ်းအား ကျောက်ချော လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးမည်ဆိုပါက မြောင်းမြမြို့နယ်၊ ဘူတွင်း ကွင်းရေကျော်ကျေးရွာအုပ်စုမှ ကျေးရွာခွဲများ၊ လပွတ္တာမြို့နယ်၊ တူးမြောင်းမြို့သစ်နှင့် ကျေးရွာ ခွဲများ၊ လပွတ္တာ မြို့နယ်၊ ရေဆိုင်ကျေးရွာအုပ်စုမှ ကျေးရွာခွဲများမှ ဒေသခံပြည်သူ စုစုပေါင်း ၂၀,၀၀၀ ကျော်တို့၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုစီးပွားဘဝတို့ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ လပွတ္တာ-မြောင်းမြ ဆက်သွယ်ရေးလမ်းမကြီးနှင့်လည်း သွားရောက် ချိတ်ဆက်သွား မည် ဖြစ်သည့် အတွက် ဒေသခံပြည်သူများသည် အချိန်တိုအတွင်းတွင် လပွတ္တာ၊ မြောင်းမြမြို့များသို့ လွယ်ကူစွာ သွားလာနိုင်မည် ဖြစ်သည့် အပြင် ကုန်စည် စီးဆင်းမှု မြန်ဆန်လာမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြောင်းမြမြို့နယ်၊ ဘူတွင်းကွင်းရေကျော်ကျေးရွာ အုပ်စုနှင့် လပွတ္တာမြို့နယ်၊ ရေဆိုင်ကျေးရွာ အုပ်စု တို့ကိုဆက်သွယ်သည့်  ရေကျော်-ရေဆိုင်လမ်းအား ကျောက်ချောလမ်းအဖြစ် မည်သည့် ဘဏ္ဍာရေး နှစ်တွင် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိ လို၍ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး က

          ယခုတင်ပြသည့် ပုံသည် မြောင်းမြမြို့နယ်၊ မြောင်းမြလပွတ္တာကားလမ်းမမှ တူးမြောင်း-ရေကျော်လမ်း တည်နေရာပြမြေပုံဖြစ်ပါကြောင်း၊ရေကျော်လမ်း၏ Road Chart ဇယား ဖြစ်ပါ ကြောင်း၊ ယခုတင်ပြပါပုံသည် ၀ မိုင်မှ ၂ မိုင်၊ ၅ ဖာလုံအတွင်းရှိ မြေပြင် မှတ်တမ်း ဓာတ်ပုံ ဖြစ်ပြီး၊ ၂ မိုင်၊ ၅ ဖာလုံ မှ ၅ မိုင်၊  ၅ ဖာလုံအတွင်းရှိ မြေပြင်မှတ်တမ်း ဓာတ်ပုံဖြစ်ပါကြောင်း၊ ယခု တင်ပြသည့် ပုံမှာ  ၅ မိုင်၊ ၅ ဖာလုံမှ ၈ မိုင်၊ ၁ ဖာလုံအတွင်းရှိ မြေပြင်မှတ်တမ်း ဓာတ်ပုံ ဖြစ်ပါကြောင်း၊ မြောင်းမြ-လပွတ္တာလမ်းမှ တူးမြောင်း-ရေကျော်လမ်းသည် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ပြည်ထောင်စုမှ စီမံခန့်ခွဲသည့် အရှည် ၈ မိုင်၊ ၁ ဖာလုံ ရှိ Class (C) အဆင့်ရှိ မြေသားလမ်းဖြစ်ပါ ကြောင်း၊  အဆိုပါလမ်း၏ လက်ရှိအခြေအနေမှာ ၀ မိုင်မှ ၂ မိုင်၊ ၅ ဖာလုံထိ မိုင်ပေါင်း ၂ မိုင်၊ ၅ ဖာလုံရှိပြီး လမ်း၏ အကျယ်သည် ၂ဝ ပေရှိနေသည် ကို စိစစ်တွေ့ရှိရပါကြောင်း၊ ၂ မိုင်၊ ၅ ဖာလုံမှ ၅ မိုင်၊ ၅ ဖာလုံအထိ ၃ မိုင် သည် လမ်းအကျယ်မှာ ၁၅ ပေရှိနေသည် ကို စိစစ်တွေ့ရှိရပါကြောင်း၊ နောက် ၅ မိုင်၊ ၅ ဖာလုံမှ ၈ မိုင်၊ ၁ ဖာလုံအထိ ၂ မိုင်၊ ၄ ဖာလုံမှာဆိုရင် လမ်းအကျယ် ၁၂ ပေရှိသည် ကို စိစစ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဌာန မှ သတ်မှတ်ထားသည့် လမ်းအကျယ်ရရှိရန်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ လမ်းကော်မတီများ၊ လယ်ယာ မြေပိုင်ရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အဆိုပါလိုအပ်သည့် လမ်းအကျယ်ကိုရရှိပြီးပြီဆိုလျှင် ရေလွှမ်းမိုးမှု မဖြစ်ပေါ်စေရေးအတွက် လိုအပ်သော လမ်းတာ ဘောင်အမြင့်ကို မြေပြင်ကွင်းဆင်းတိုင်းတာပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

သို့ပါ၍ကျေးလက်လမ်းမဟာဗျူဟာအရရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ်ဆောင်ရွက် လျက်ရှိရာ သတ်မှတ်ထားသည့် လမ်းအကျယ်၊ လမ်းအမြင့် ရရှိပြီးသည့် အချိန်မှာ ကျောက်ချော လမ်း ခင်းခြင်းကို လွှတ်တော်ကိုယ်စားလှယ်တော်ကြီး၏ ဦးစားပေးအစီအစဉ်အတိုင်း ဘဏ္ဍာရေးနှစ် အလိုက် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားခဲ့ပါသည်။