နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ (၂၁-၉-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့်ဖြေကြားချက်အကျဉ်းချုပ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးမောင်မောင်အုန်းနှင့် အဖွဲ့ မော်စကိုမြို့၌ မဲရုံများအား ကြည့်ရှုလေ့လာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့်အဖွဲ့ ရုရှားနိုင်ငံ၌ ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်သို့ တက်ရောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ စက်တင်ဘာ ၁၈ ရက်နေ့ ဆောင်ရွက်မှုများ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ ခရီးစဉ်အတွင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ စက်တင်ဘာလ ၁၇ ရက်နေ့ လှုပ်ရှားမှု
MY EN

(ဋ)- ဦးသန်းနိုင်(ဝါးခယ်မမဲဆန္ဒနယ်)

2026-09-21
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးသန်းနိုင် (ဝါးခယ်မ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဝါးခယ်မမြို့နယ်၌ သရွတ်သွတ်ချောင်းကူးတံတားတည်ဆောက်ပေးရန်အစီအစဉ်ရှိမရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ဝါးခယ်မမှာ မြို့ပေါ်ရပ်ကွက် ၁၄ ခုရှိသည့်အနက် ရပ်ကွက် ၄ ခုသည် မြို့၏ တစ်ဖက်ကမ်း၊ ဝါးခယ်မမြစ်၏တစ်ဖက်ကမ်းတွင်  တည်ရှိပါကြောင်း၊ အဆိုပါ ၄ ရပ်ကွက်အနက် တရုတ်တန်းရပ်ကွက်နှင့်ထော်ကနွတ်ရပ်ကွက် ၂ ခုသာ ဝါးခယ်မ တံတား၊ ပန်းတနော်-ရွှေလျောင်း-ဝါးခယ်မကားလမ်းကို ကုန်းလမ်းခရီးဖြင့် အသုံးပြုနိုင်ပါကြောင်း၊ ရွာသစ် ရပ်ကွက်နှင့် တရုတ်တန်းရပ်ကွက်တို့ကြားတွင် ပေ ၂၅၀ လောက်ရှိသည့် သရွတ်သွတ် ချောင်း၊ ဝါးခယ်မမြစ်ငယ်မြစ်လက်တက် ဖြတ်သန်းစီးဆင်းနေသည့် အတွက် မြို့ပေါ်ရပ်ကွက် ၂ ခု ဖြစ်သော ရွာသစ်ရပ်ကွက်၊ သော်ကရပ်ကွက်နှင့် ကျေးရွာအုပ်စုများဖြစ်သည့် စံပြ၊ ရွာသစ်၊ ဇိုးဂနိ၊ အနောက်ဒညင်း၊ ထီးပနန်း၊ တလိုင်းစု၊ သရက်ချောင်း၊ သာယာကုန်း၊ အထက်သက်ကယ်၊ အောက် သက်ကယ်၊ ကျေးရွာအုပ်စု ၉ အုပ်စု၊ ကျေးရွာ ၅၉ ရွာ၊ အိမ်ခြေ ၄,၉၁၄ လုံး၊ အိမ်ထောင်စု ၅,၀၃၅ စု၊ လူဦးရေ ၂၁,၅၀၆ ဦးမှာ အနီးဆုံးဖြစ်သည့် ဝါးခယ်မမြို့ကို ကုန်းလမ်းခရီးအသုံးပြုပြီး သွားလာ နေခြင်းမရှိပါကြောင်း၊နေ့စဉ် နံနက် ၆ နာရီ မှ  ညနေ ၆ နာရီအထိ ပြေးဆွဲပေးနေသည့် ကူးတို့ ရေယာဉ်များကို အသုံးပြုပြီးသွားလာနေကြရပါကြောင်း၊ ဒေသခံပြည်သူလူထု၏ သွားလာရေး အဆင်မပြေဘဲ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဒေသထွက်ကုန်ပစ္စည်းများ ကူးသန်းရောင်း ဝယ်ရေးတို့အပြင်မီးဘေးအန္တရာယ်အတွက် ဝါးခယ်မမြို့မှ မီးသတ်ယာဉ်များ လာရောက်နိုင်ရန် အခက်အခဲများ ကြုံတွေ့နေရပြီး ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးလျက်ရှိနေပါကြောင်း၊

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက် တွင်  တံတားအထူးအဖွဲ့(၁၅မှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲနိုင်ဦး နှင့်အဖွဲ့ အဆိုပါဒေသကို လာရောက်ကွင်းဆင်းခဲ့ပြီး သရွတ်သွတ် ချောင်းကူး တံတား တည်ဆောက် ရန်အတွက် ဦးကြီးတော်ကျေးရွာအုပ်စုနှင့် ညောင်ဝိုင်းကျေးရွာနှင့် စံပြရွာသစ်ကျေးရွာ ကိုဆက်သွယ် တည်ဆောက်ရန်အတွက် လာရောက်တိုင်းတာခဲ့ဖူးပါကြောင်း၊ သို့သော် ဆက်ပြီး ဆောင်ရွက်မှု မရှိတော့ပါကြောင်း၊ ညောင်ဝိုင်းကျေးရွာဘက်ခြမ်းနှင့် စံပြရွာသစ်ဘက်ကမ်းတွင် ရှိသည့် လမ်းနယ်နှင့် မလွတ်သည့်၊ တံတားချဉ်းကပ်လမ်းနှင့်မလွတ်သည့် အိမ်ပိုင်ရှင်၊ လယ်ပိုင်ရှင် များအနေဖြင့် လည်း ဒေသဖွံ့ဖြိုးရေးအတွက် တံတားတည်ဆောက်ပေးမည်ဆိုလျှင် မြေယာ လျော်ကြေး သို့မဟုတ် အစားထိုး၍ ပြန်လည်ပေးအပ်လျှင် ၎င်းတို့၏ နေအိမ်နှင့်မြေယာများကို စွန့်လွှတ်ပေးရန် သဘောတူပါကြောင်း၊ ရပ်ကွက် ၂ ခုနှင့် ကျေးရွာအုပ်စု ၉ စုမှ ဒေသခံ ပြည်သူများကလည်း တံတားတည်ဆောက်မည့် နေရာဖြစ်လာလျှင် ဖယ်ရှားပေးရမည့် မိသားစုများ အတွက် ထောက်ပံ့ငွေလည်း စုပေါင်းပေးအပ်မည်ဟု ဆန္ဒပြုကြပါကြောင်း၊ ဝါးခယ်မမြို့ နှင့် နီးကပ်စွာ ရှိနေပါသော်လည်း ကူးတို့ရေယာဉ်ကိုသာ အားပြုသွားလာနေရသည့် ဝါးခယ်မြို့ ပေါ် ရပ်ကွက် ၂ ခုနှင့် ကျေးရွာအုပ်စု ၉ စုမှ ဒေသခံပြည်သူ ၂၁,၅၀၆ ဦးတို့သည် သရွတ်သွတ် ချောင်းကူး တံတားပေါ်ပေါက်လာရေးကို လိုလားလျက် ရှိနေကြ ကြောင်း၊ သို့ဖြစ်ပါ၍ ဝါးခယ်မမြို့ တစ်ဖက်ကမ်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူ လူထုများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေလိုအပ်နေသောသရွတ်သွတ်ချောင်းကူးတံတား တည်ဆောက် ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုပါသဖြင့် ဒေသခံပြည်သူများ၏ ကိုယ်စား မေးမြန်း ခဲ့ပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး က

ယခုတင်ပြပါပုံသည် ဝါးခယ်မမြို့နယ်၊ သရွတ်သွတ်ချောင်းကူးတံတား တည်ဆောက်မည့် တည်နေရာပြမြေပုံဖြစ်ပါကြောင်း၊ ဝါးခယ်မမြို့နယ်၊ သရွတ်သွတ်ချောင်းကူးတံတား တည်ဆောက် မည့် အရှေ့ဘက် ကမ်းနှင့် အနောက်ဘက်ကမ်း မြေပြင်မှတ်တမ်းဓာတ်ပုံများ ဖြစ်ပါကြောင်း၊ ဝါးခယ်မမြို့နယ်၊ သရွတ်သွတ်ချောင်းကူးတံတား တည်ဆောက်မည့် အရှေ့ဘက်ကမ်းနှင့် အနောက် ဘက်ကမ်းရှိ ချဉ်းကပ်လမ်းနှင့် ဆက်သွယ်မည့် ၅ ပေခန့်သာရှိသည့် ရွာတွင်းလမ်းများ၏ မြေပြင်မှတ်တမ်းဓာတ်ပုံများ ဖြစ်ပါကြောင်း၊ တံတားဆောက်မည်ဆိုလျှင် အိမ်များ၊ လမ်းများ၊ အနေအထားများနှင့် အကျယ်အပေါ်မူတည်ပြီး စဉ်းစားရမည် ဖြစ်ပါကြောင်း၊

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားရှင်းလင်းချက်အရရှင်းလင်းဖြေကြား သွားမည် ဖြစ်ပါကြောင်း၊ သရွတ်သွတ်ချောင်းကူးတံတား တည်ဆောက်မည့်နေရာ သည် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ကျေးလက်လမ်းပေါ်တွင် မတည်ရှိသည့် အတွက် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲခွင့် မရှိသည့် နေရာ ဖြစ်ပါကြောင်း၊ ကွင်းဆင်းစိစစ်ချက်အရ အဆိုပါ ချောင်းကူးတံတား တည်ဆောက်ရမည့် လျာထားနေရာသည် မူလလမ်းနယ်နိမိတ် အကျယ်အားဖြင့် ၅ ပေနှင့် ၈ ပေ ခန့်သာရှိပြီး လူနေအိမ်များနှင့် ကပ်လျက်ရှိပါကြောင်း၊  လိုအပ်သည့် တံတား အကျယ် ကို ရရှိရန်၊ လိုအပ်သည့် လမ်းနယ်အကျယ်ရှိရန်အတွက်ကို လွှတ်တော် ကိုယ်စားလှယ်ကြီး များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူ များနှင့် ပေါင်းစပ်ပြီး ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပေါင်းစပ်ရရှိလာသည့် ရလဒ် အပေါ်မူတည်၍ သတ်မှတ်လမ်းနယ်အကျယ်ရရှိအောင် ကနဦးဆောင်ရွက်ပြီးမှသာ တံတား တည်ဆောက်ခြင်း လုပ်ငန်းကို စတင်ရမည်ဖြစ်သဖြင့် လောလောဆယ် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားခဲ့ပါသည်။