နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ (၂၁-၉-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့်ဖြေကြားချက်အကျဉ်းချုပ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးမောင်မောင်အုန်းနှင့် အဖွဲ့ မော်စကိုမြို့၌ မဲရုံများအား ကြည့်ရှုလေ့လာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့်အဖွဲ့ ရုရှားနိုင်ငံ၌ ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်သို့ တက်ရောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ စက်တင်ဘာ ၁၈ ရက်နေ့ ဆောင်ရွက်မှုများ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ ခရီးစဉ်အတွင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ စက်တင်ဘာလ ၁၇ ရက်နေ့ လှုပ်ရှားမှု
MY EN

(ဌ)- ဦးကျော်မင်းထွန်း(ဇီးကုန်းမဲဆန္ဒနယ်)

2026-09-21
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
မေးခွန်း
ဦးကျော်မင်းထွန်း (ဇီးကုန်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဇီးကုန်းမြို့နယ် အမှတ်(၂) ရပ်ကွက် ရွှေဘုံသာတံတား ပျက်စီးနေမှုအား အသစ်တည်ဆောက်ရန် သို့မဟုတ် ပြုပြင်ရန် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မင်းဘူး-ချောင်းကူးတံတား ဒေသအခေါ် ရွှေဘုံသာတံတားသည် အရှည် ၁၃၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၂၅ ပေရှိပြီး ၁၉၆၈ ခုနှစ်တွင် ပုဂ္ဂလိကအလှူရှင်တစ်ဦးမှ တည်ဆောက်လှူဒါန်းထားခြင်း ဖြစ်ပါကြောင်း၊ ၂၀၀၅ ခုနှစ်တွင် ထပ်မံပြုပြင်ခဲ့ပြီးနောက်ပိုင်း ယနေ့ကာလအထိ ပြုပြင်ထိန်းသိမ်းမှု ကင်းမဲ့ပြီး တံတားလက်ရန်းများ၊ ကြမ်းခင်းများ ပျက်စီးလျက်ရှိပါကြောင်း၊ အဆိုပါတံတားသည် အနီးဝန်း ကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၊ ကျောင်းသားကျောင်းသူများ နေ့စဉ်အသုံးပြုသွားလာနေကြ သည့် ဇီးကုန်း-ဘော်ဘင်လမ်းမကြီးနှင့် ချိတ်ဆက်လျက်ရှိပါကြောင်း။

တင်ပြပါတံတားသည် ယနေ့ကာလတွင် အများပြည်သူများအသုံးပြုရန်မသင့်သော အန္တရာယ် ဖြစ်နိုင်ချေရှိသော အခြေအနေသို့ ရောက်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသခံပြည်သူများ၏ တင်ပြချက်အရ အဆိုပါတံတားအား အရှည် ၁၃၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၂၅ ပေရှိသော တံတားအဖြစ် အသစ်ပြန်လည်တည်ဆောက်ပေးနိုင်ခြင်း သို့မဟုတ် ပြန်လည်ပြုပြင်ပေးနိုင်ခြင်းရှိ မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က 

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်၊ ဇီးကုန်း-သစ်မျှောကြီး ကျေးရွာချင်းဆက်လမ်းသည် တိုင်း ဒေသကြီးမှ စီမံခန့်ခွဲသောလမ်းဖြစ်ပြီး အဆိုပါလမ်းပေါ်ရှိ ရွှေဘုံသာတံတားသည် ပြည်ထောင်စုမှ ကြီးကြပ်ကွပ်ကဲသော တံတားဖြစ်ပါကြောင်း၊ အဆိုပါတံတားသည် အရှည် ၁၂၅ ပေရှိ အုတ်ခုံခံ၊ သစ်သားကြမ်းခင်းတံတားဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် အလှူရှင် လှူဒါန်းထားသော တံတားဖြစ် ပြီး ယခုအခါ ကမ်းကပ်ခုံနှင့်ယက်မများသည် ကောင်းမွန်နေပြီး သစ်သားကြမ်းခင်းနှင့်  လက်ရန်း များ ပျက်စီးလျက်ရှိပါကြောင်း၊ လက်ရှိမြေပြင်အနေအထားအရ သစ်သားကြမ်းခင်းနှင့် လက်ရန်းတန်း များကို အသစ်လဲလှယ်ပြုပြင်၍ ပြင်ဆင်အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ပျဉ်းကတိုးသစ်များကို အသုံးပြုပြီး အသစ်လဲလှယ်ပြုပြင်ခြင်းကို ဆောင်ရွက်မည်ဆိုပါက ခန့်မှန်းငွေ ကျပ် သန်း ၇၀ ခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ပထမဦးစားပေး လျာထားတင်ပြပေးမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။