နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၁ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြည်သူ့လွှတ်တော် သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဋ္ဌေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာပါကစ္စတန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၁ ရက်မြောက်နေ့ (၂၈-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ်
MY EN

(ဂ)-ဦးငြိမ်းထွေး(အင်းစိန်မဲဆန္ဒနယ်)-မေးခွန်း

2026-07-28
တတိယအကြိမ်
ပြည်ထဲရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးငြိမ်းထွေး(အင်းစိန်မဲဆန္ဒနယ်)
အင်းစိန်မြို့နယ်တွင် မြေငှားဂရန်ခွင့်ပြုမိန့်ရရှိရေးဆောင်ရွက်မည့် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
အင်းစိန်မြို့နယ်တွင် အိမ်ခြေပေါင်း ၄၇,၀၅၀ လုံး တည်ရှိပြီး လူဦးရေအားဖြင့် ၂၃၀,၀၀၀ ကျော် မှီတင်းနေထိုင်သောမြို့လည်းဖြစ်ပါကြောင်း၊ မြို့နယ်အတွင်းနေထိုင်ကြသော ပြည်သူအများစုသည် မိမိတို့နေထိုင်သည့် အိမ်ခြံဝင်းအား အစိုးရထံမှ တရားဝင်အခွန်ထမ်းဆောင်ပြီး ငှားရမ်းနေထိုင်ခွင့်၊ အငှား လိုင်စင် သို့မဟုတ် အငှားဂရန်ရရှိလိုကြပါကြောင်း၊ အငှားဂရန်ဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့် ပြည်သူ များ၏ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနှင့် ရုပ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုရရှိစေရုံသာမက နိုင်ငံတော်အတွက် ရသင့် ရထိုက်သောအခွန်ငွေများကို အမြောက်အမြားရရှိစေခြင်း၊ တရားဝင်မြေသုံးစွဲမှုရှိခြင်း၊ မြေကို အစိုးရမှ တရားဝင်ငှားရမ်းအသုံးပြုခွင့် ပြုထားသဖြင့် မြေယာအငြင်းပွားမှုများ လျော့နည်းစေခြင်း၊ ဘဏ်ချေးငွေ အတွက် အာမခံအဖြစ် အသုံးပြုနိုင်ခြင်း၊ တရားဝင်ငှားရမ်းထား၍ စီးပွားရေး လုပ်ငန်း လုပ်ပိုင်ခွင့်လိုင်စင် ခွင့်ပြုမိန့်များကို ဆောင်ရွက်နိုင်၍ စီးပွားရေးလုပ်ငန်းများတိုးချဲ့ပြီး ပြည်သူတို့ ၏စားဝတ်နေရေးကိုလည်း ဖြည့်ဆည်းပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကိုလည်း များစွာရရှိ စေမည်ဖြစ်ပါကြောင်း။ 
ဂရန်လျှောက်ထားရေးနှင့်စပ်လျဉ်းပြီး အထက်မြန်မာနိုင်ငံ မြေနှင့်အခွန် စည်းမျဉ်းဥပဒေအရ ပြုလုပ်သော နည်းဥပဒေများ အခန်း ၆၊ နည်းဥပဒေခွဲ(က)သည် မေမြို့၊ ပြင်ဦးလွင်မှ အပဖြစ်သော မီးရထားလမ်းမြို့များအပါအဝင် အထက်မြန်မာနိုင်ငံရှိမြို့များအတွင်းရှိ အစိုးရမြေလွတ်၊ မြေလပ် များအား စီမံချထားခြင်းဆိုင်ရာ နည်းဥပဒေ ၅၁၊ နည်းဥပဒေခွဲ(ခ)တွင် ကောလိပ် တော် အရာရှိသည် လူပုဂ္ဂိုလ် တစ်ဦး သို့မဟုတ် လူတစ်စုကို မြေငှားစာချုပ်တစ်ခုအား ချထားပေးနိုင်သည်ဟု ပါရှိပါကြောင်း၊ အောက်မြန်မာနိုင်ငံတွင် အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ အရပြုလုပ်သော နည်းဥပဒေများ အခန်း(၂)သည် ရန်ကုန်မြို့နှင့် သံတောင်မြို့မှအပ အောက်မြန်မာ နိုင်ငံရှိ မြို့များအတွင်း ရှိ အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများအား အဆောက်အဦဆောက်လုပ်ရန်၊ လူနေထိုင်ရန် သို့မဟုတ် စက်မှုလုပ်ငန်းများအတွက် မြေငှားစာချုပ် ထုတ်ပေးခြင်းဆိုင်ရာ နည်း ဥပဒေများ ၆ တွင် မြေငှားစာချုပ် ထုတ်ပေးနိုင်သည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်သည် ရန်ကုန်မြို့ နှင့် စည်ပင်သာယာနယ်နိမိတ်အတွင်း ပါဝင်သည့် မြို့နယ်ဖြစ်ပါသောကြောင့် ရန်ကုန်မြို့နယ် စည်ပင် သာယာရေးဥပဒေ ၂၀၁၈၊ YCDC ၏ ဥပဒေအတိုင်း လိုက်နာလျှောက်ထား ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။ 
ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပ မြို့နယ်များ၏ ဥပဒေနှင့်အညီ‌ ကောလိပ် တော် အရာရှိမှ အငှားချထားပေးမှုများအား မှတ်တမ်းတင်နိုင်ရန်အတွက် ၁(က) စာရင်းရေးသွင်း ရန် မြန်မာနိုင်ငံ မြေစာရင်း လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဥပဒေအပိုဒ် ၈၄၄ အရ အခွန်စည်းကြပ် နိုင်ရေးအတွက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ ပေးပို့မှတ်တမ်းတင်ထား ရှိပါ ကြောင်း၊ ဂရန်ချထားမှုစာရင်းများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ YCDC ၏ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနတွင် စနစ်တကျ မှတ်တမ်းတင်ထားရှိပါကြောင်း၊ နိုင်ငံတော်၏အစိုးရ ရက် ၁၀၀ စီမံချက်တွင်လည်း ကျေးရွာ မြေငှားဂရန်များအား စံနမူနာပြသည့်ကျေးရွာများတွင် ဆောင်ရွက်သကဲ့သို့ မြို့များတွင်လည်း ဆောင်ရွက်ပေးရန် ပြည်သူများမှ လိုလားလျက်ရှိပါကြောင်း။ 
ထို့ကြောင့် Boundary Officer ၊ Demarcation Officer ခန့်အပ်ရန် မလိုအပ်သော ကွက်စိတ်၊ ကွက်ကျဲတိုင်းတာပြီးဖြစ်သည့် မြို့ပြများတွင် ပြဋ္ဌာန်းထားရှိပြီးဖြစ်သည့် တည်ဆဲဥပဒေများ နှင့်အညီ ပြည်သူများ၏လိုအပ်ချက်ဖြစ်သော ဂရန်ရရှိရေး ဆောင်ရွက်ပေးခြင်းဖြင့် အခွန်အမြောက် အမြား ရရှိနိုင်သည့်အပြင် ပြည်သူ့ဆန္ဒကို ဆောင်ရွက်ပေးခြင်းဖြစ်ပါ၍ အငှားဂရန်ချထားပေးမှု၊ ကျန်ရှိပေးမှုများ အား စိစစ်ခြင်း၊ အထူးဂရန်စီမံချက်များ ချမှတ်ပြီး ဆောင်ရွက်ပေးနိုင်မှုရှိ မရှိနှင့် ဆောင်ရွက်ပေးနိုင် မည်ဆိုပါကလည်း မည်သည့်ကာလအပိုင်းအခြားတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က
အင်းစိန်မြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်တွင်တည်ရှိပြီးရပ်ကွက် ၂၁ ရပ်ကွက်၊ အိမ်ခြေ ၄၇,ဝ၅၅ လုံး၊ အိမ်ထောင်စု ၆၃,၃၇၈ စု၊ လူဦးရေ စုစုပေါင်း ၂၇၃,၉၅၇ ဦး နေထိုင် လျက်ရှိပါကြောင်း၊ အင်းစိန်မြို့နယ် သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ် အတွင်းတွင် ပါဝင်သောကြောင့် မြေငှားဂရန် ထုတ်ပေးခြင်းအား သက်ဆိုင်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေများအရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြ စီမံခန့်ခွဲ မှုဌာနမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အင်းစိန်မြို့နယ်သည် မြေဧရိယာ ၈,၆၅၄ ဧကရှိပြီး မြေအသုံးချမှုများမှာ ဥယျာဉ်မြေ ၁,၆၂၄ ဧက၊ လှပ်ထားမြေ ၃၉၃ ဧက၊ မီးရထားသံလမ်းမြေ ၂၁၃ ဧက၊ လမ်းမြေ ၂၀၈ ဧက၊ ဆည်မြောင်း၊ ကန်၊ တာတမံမြေ ၂၉၇ ဧက၊ မြစ်ချောင်းနှင့် ရေအောက်မြေ ၉၇၈ ဧက၊ စက်ရုံမြေ ၅၂၉ ဧကနှင့် မြို့မြေအတွင်းလူနေထိုင်သည့်မြေ ၂,၅၀၃ ဧကနှင့် သာသနာ့မြေ၊ သုဿန် အဆောက်အဦမြေများ ၁,၉ဝ၉ ဧကတို့ဖြစ်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှ မြို့မြေအတွင်း လူနေထိုင်သည့် ဧရိယာ ၂၅၀၃ ဧကအား မြေငှား ဂရန် ထုတ်ပေးနိုင်ရေးအတွက် လက်ဝယ်ထားရှိပိုင်ခွင့်ရှိသောမြေ၊ မြေပိုင်မြေ ဟုတ် မဟုတ်၊ အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ ဟုတ် မဟုတ်နှင့် နိုင်ငံခြားသားပိုင်မြေ ဟုတ် မဟုတ်အစရှိသည့် ပိုင်ဆိုင်မှု မှတ်တမ်းများကို ကနဦးစစ်ဆေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြေပိုင်ဆိုင်မှု မှတ်တမ်း များ စိစစ် ဆောင်ရွက်ပြီး မြေအမျိုးအစား အလိုက် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ စီမံခန့်ခွဲ ပိုင်ခွင့်ရှိသောမြေဖြစ်တယ်ဆိုရင် ဥပဒေနှင့်အညီ မြေငှားဂရန် စိစစ်ထုတ်ပေးသွားရန်နှင့် အခြား ဝန်ကြီးဌာနများမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေဖြစ်ပါက သက်ဆိုင်ရာဥပဒေများနှင့်အညီ စိစစ် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ နိုင်ငံခြားသားပိုင်မြေများကို ၁၉၈၇ ခုနှစ်၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေအရ ပြည်ထဲရေးဝန်ကြီး ဌာန၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေဆိုင်ရာ စိစစ်ရေးအဖွဲ့သို့ အမွေဆက်ခံခွင့်ရရှိရန် သို့မဟုတ် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန်အလို့ငှာ လျှောက်ထား ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
သို့ပါ၍ အင်းစိန်မြို့နယ်၊ ရပ်ကွက် ၂၁ ရပ်ကွက်တွင် နေထိုင်ကြသောပြည်သူများအတွက် မြေငှားဂရန်ချပေးခြင်းကိစ္စနှင့်စပ်လျဉ်းပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဥပဒေ နှင့် အညီ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ပြန်လည် ဖြေကြား ခဲ့ပါသည်။