နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၁ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြည်သူ့လွှတ်တော် သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဋ္ဌေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာပါကစ္စတန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၁ ရက်မြောက်နေ့ (၂၈-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ်
MY EN

(ဃ)- ဒေါ်ခင်နီနီအောင်(ကော့ကရိတ်မဲဆန္ဒနယ်)-မေးခွန်း

2026-07-28
တတိယအကြိမ်
ပြည်ထဲရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဒေါ်ခင်နီနီအောင်(ကော့ကရိတ်မဲဆန္ဒနယ်)
ကော့ကရိတ်မြို့နယ်၊ နဘူးနှစ်ချားကျေးရွာတွင်  မီးသတ်စခန်းတည်ဆောက်ရန်အစီအစဉ်ရှိ မရှိ၊ သိရှိ လိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ နဘူး(ခေါ်)နဘူးနှစ်ချား ကျေးရွာသည် ထီလုံ-တာပေါင်-ပတ-နဘူး- ကော့ကရိတ်-တံတားကျိုးလမ်းမကြီး၊ နဘူး-အောက် ပိုတဲ-မြဝတီလမ်းမကြီးစသည့် လမ်းမကြီး ၂ လမ်း ဆုံရာတွင်တည်ရှိသော ကျေးရွာကြီးဖြစ်ပါကြောင်း၊ နဘူး နှစ်ချားကျေးရွာအုပ်စုသည် နဘူးတိုက်နယ်ကိုယ်စားပြု ကျေးရွာဖြစ်သည်နှင့်အညီ ကျေးရွာ ခွဲများ ဖြစ်သော နန်းကော်တေး၊ ကန်းနားစု၊ နဘူးမုန့်စူး၊ ဘုရားကုန်းကျေးရွာတို့ပါဝင်ပြီး ပတ်ဝန်း ကျင် ကျေးရွာအုပ်စုများဖြစ်သော မြပတိုင်၊ နောင်ထပ္ပံ၊ အင်းရှည်၊ ခနိမ်းဖော်၊ နဘူး၊ တခွန်တိုင် ကျေးရွာ အုပ်စုများနှင့် ဆက်စပ်လျက်ရှိသော ကျေးရွာကြီးလည်းဖြစ်ပါကြောင်း၊ အဆိုပါ နဘူး နှစ်ချားကျေးရွာ တွင် တိုက်နယ်ဆေးရုံ၊ အခြေခံပညာအထက်တန်းကျောင်း၊ စာတိုက်၊ ရုပ်မြင် သံကြား ထပ်ဆင့် လွှင့်စက်ရုံ၊ အမှတ်(၅၄၇)(၅၄၈)(၅၄၉) ခြေမြန်တပ်ရင်း ၃ ရင်းတည်ရှိသော ကျေးရွာ လည်းဖြစ်ပါ ကြောင်း၊ နဘူးနှစ်ချားကျေးရွာသည် လမ်းပန်းဆက်သွယ်ရေး အဓိကကျ သည့်နေရာတွင် တည်ရှိပြီး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ လူနေထူထပ်လာပြီး နေအိမ် အဆောက်အဦများ များပြားလာသည်နှင့်အညီ ဘေးအန္တရာယ်ဖြစ်သော မီးဘေးအန္တရာယ် ဖြစ်ပေါ် ပါက မီးငြှိမ်းသတ်ရန် ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့မှ မီးသတ်ကားများ လာရောက်ဝိုင်းဝန်း မီးငြှိမ်း သတ်ရသည်မှာ ဝေးကွာလွန်းပြီး အချိန်မီ လာရောက်ရန် မလွယ်ကူသောကြောင့် မလိုအပ်ဘဲ နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပါကြောင်း၊ ထို့ကြောင့် မီးဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့ပါက လျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် ကျေးရွာသူကျေးရွာသားများမှ နယ်မြေ မီးသတ်စခန်း ဖွင့်လှစ်ဆောင်ရွက်ရန် အတွက် နဘူးနှစ်ချား ကျေးရွာအုပ်စု၊ နဘူးကျေးရွာ၊ ကွင်းအမှတ်(၃၄/ခ) တနင်စာတောင်ကွင်း၊ ဦးပိုင်အမှတ်(၂၁-G/2)၊ ဧရိယာဧက ၀.၂၈ ဧက၊ အတိုင်းအတာ ပေ ၁၀၀ပတ်လည်ခန့်ရှိသည့် ကျေးရွာပိုင်မြေအား သက်ဆိုင်ရာဌာနသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်ကို သိရှိခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါလွှဲပြောင်းရရှိသော မြေနေရာတွင် ကျေးရွာနယ်မြေမီးသတ်စခန်း ဖွင့်လှစ်ဆောင်ရွက်ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ခွင့်ပြု ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခွင့်ပြု မည်ကို သိရှိလိုပါကြောင်း မေးမြန်း ခဲ့ပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကော့ကရိတ်မြို့နှင့် ကျုံးဒိုးမြို့ ဟူ၍ မြို့ ၂ မြို့ရှိပြီး ရပ်ကွက် ၁၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၃ အုပ်စု၊ ကျေးရွာ ၂၆၀ ရွာ ရှိပါ ကြောင်း၊နဘူးနှစ်ချားကျေးရွာသည် ကျေးရွာ ၅ ရွာပါဝင်သော နဘူးနှစ်ချား ကျေးရွာ အုပ်စု တွင်ပါဝင်ပြီး အိမ်ထောင်စု ၆၈၉ စု၊ အိမ်ခြေ ၆၆၀၊ လူဦးရေစုစုပေါင်း ၄,၁၄၂ ဦး ရှိပါကြောင်း၊ နဘူးနှစ်ချား ကျေးရွာသည် ကော့ကရိတ်မြို့နယ်၏ အနောက်မြောက်ဘက် ၁၅ မိုင်ခန့်၊ ကျုံဒိုးမြို့ ၏မြောက်ဘက် ၁၂ မိုင်ခန့်အကွာတွင် တည်ရှိပြီး တိုက်နယ်ဆေးရုံ၊ အခြေခံပညာ အထက်တန်း ကျောင်း၊ စာတိုက်၊ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံနှင့် အမှတ် ၅၄၇၊ ၅၄၈၊ ၅၄၉ ခြေမြန်တပ်ရင်း ၃ ရင်းရှိပြီး လူနေထူထပ်သော ကျေးရွာကြီးဖြစ်ပါကြောင်း၊ မီးဘေးလုံခြုံရေးလုပ်ငန်းများ ဆောင် ရွက် နိုင်ရန်အတွက် နယ်မြေမီးသတ်စခန်းဖွဲ့စည်းပုံ ခွင့်ပြုချက်ရရှိပြီး ဖြစ်ကြောင်း။
ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးမှူးရုံး ၁ ရုံးရှိပြီး ဝန်ထမ်း အင်အား ၁၁ ဦးရှိပြီး မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ မီးသတ်ရေသည်ယာဉ် ၁ စီးထားရှိ ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးစခန်း ၁ ခုရှိပြီး ဝန်ထမ်းအင်အား ၁၂ ဦးရှိပြီး မီးငြှိမ်းသတ် ယာဉ် ၂ စီး၊ မီးသတ်ရေသည်ယာဉ် ၁ စီးရှိပါကြောင်း၊ ကျုံဒိုးနယ်မြေမီးသတ်စခန်းတွင် ဝန်ထမ်း အင်အား ၂ ဦးရှိပြီး မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသည်ယာဉ် ၁ စီးရှိပါကြောင်း၊ စုစုပေါင်း မီးသတ်စခန်း ၃ ခုတို့တွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၇ စီးနှင့် မီးသတ်ရေသယ် ယာဉ် ၃ စီး စုစုပေါင်း ၁၀ စီးတို့ဖြင့် ခရိုင်၊ မြို့နယ်မီးဘေး လုံခြုံရေး၊ ကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း။
ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ နဘူးနှစ်ချားကျေးရွာတွင် နဘူးနယ်မြေမီးသတ် စခန်းဖွင့်လှစ်နိုင်ရန်အတွက် ကျေးရွာသူ ကျေးရွာသားများမှ နဘူးကျေးရွာကွင်းအမှတ်(၃၄/ခ) တနင်စာ တောင်ကွင်း၊ ဦးပိုင်အမှတ်(၂၁)၊ ဥယျာဉ်မြေအမျိုးအစား ၀.၂၈ ဧကအား မီးသတ်ဦးစီး ဌာနသို့ လှူဒါန်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နဘူးနယ်မြေ မီးသတ်စခန်းအား ဖွဲ့စည်းပုံ ခွင့်ပြုပေးပြီး ဖြစ်ပါ၍ နယ်မြေမီးသတ်စခန်း အဆောက်အဦ ဆောက်လုပ်ခြင်းနှင့် ခြံစည်းရိုး ကာရံခြင်းများ အတွက် ကရင် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ထည့်သွင်းရေးဆွဲနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ပေါင်းစပ် ဖြေကြားချက်အရ ပြန်လည်ဖြေကြားခဲ့ပါသည်။