နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်တင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ တောင်သူလယ်သမားများဘဝဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ အား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့ (၂၃-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ကျင်းပ
MY EN

(စ)-ဦးတင်ဦး(အိမ်မဲမဲဆန္ဒနယ်)-မေးခွန်း

2026-07-23
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးတင်ဦး(အိမ်မဲမဲဆန္ဒနယ်)

လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိထားသူ တောင်သူလယ်သမားအိမ်ထောင်ဦးစီးများ ကွယ်လွန် ပါက အမွေဆက်ခံခွင့်ရှိသည့် မိသားစုဝင်များမှ လွယ်ကူချောမွေ့စွာ အမည်ပြောင်းလဲ ပေးနိုင်ရေး အတွက် ဥပဒေနှင့်အညီ ဖြေလျှော့ဆောင်ရွက်ပေးနိုင်ရေး  အစီအစဉ်ရှိ မရှိသိရှိ လိုခြင်းနှင့် ရှိပါကမည်ကဲ့သို့ ဖြေလျှော့ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

လယ်ယာမြေဥပဒေ အခန်း ၃၊ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ၏ အခွင့်အရေးများတွင် ပါရှိသည့် ပုဒ်မ ၉၊ ပုဒ်မခွဲ ()တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် လယ်ယာမြေအားလုံး ကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ လယ်ယာမြေလုပ်ပိုင်ခွင့်ကို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်း ခွင့်တို့ကိုရရှိ စေရမည်ဟူ၍လည်းကောင်း၊ ပုဒ်မ ၉၊ ပုဒ်မခွဲ()အရ လယ်ယာ မြေလုပ်ပိုင်ခွင့် ရရှိသူသည် လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်း နှင့်စပ်လျဉ်း၍ အငြင်းပွားမှု ပေါ်ပေါက်လာပါက တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာတရားရုံး၏ အဆုံးအဖြတ် ခံယူခွင့်ကို ရရှိစေရမည်ဟူ၍ လည်းကောင်း၊ ပြဋ္ဌာန်းထားရှိပါကြောင်း၊တောင်သူလယ်သမား၊ မိဘပြည်သူများအနေဖြင့် ပုဒ်မ ၉၊ ပုဒ်မခွဲ ()တွင် ပြဋ္ဌာန်းထားရှိသလို အငြင်းပွားမှုမရှိဘဲ ရိုးရှင်းပြီး လယ်ယာမြေ လုပ်ပိုင် ခွင့်ကို တရားဝင်အမွေဆက်ခံခွင့်ရရှိနိုင်ရေး လျှောက်ထား ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနနှင့် စာချုပ်စာတမ်းမှတ်ပုံတင် တာဝန် ရှိသူများ မှ လယ်ယာမြေ နည်းဥပဒေ ပုဒ်မ ၂၉ ပြဋ္ဌာန်းချက်ပါ လယ်ယာမြေ လုပ်ပိုင် ခွင့်ကို အမွေဆက်ခံသူသည် အမွေဆက်ခံခွင့် ရှိပါကြောင်း အထောက်အထား နှင့်အတူ မူလ လယ်ယာ မြေလုပ်ပိုင်ခွင့်ပြု လက်မှတ်မူရင်းပူးတွဲ၍ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူ အမည် ပြောင်းလဲပေးရန် လျှောက်ထားခြင်း ပုံစံ ၉ ဖြင့် မြို့နယ်ဦးစီးမှူးရုံးသို့ လျှောက်ထား ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ယင်းသို့လျှောက်ထား ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင် ရာ ခရိုင်တရားရုံးတော်၏ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အမွေဆက်ခံ ခွင့်လက် မှတ်ကို လျှောက်ထားရယူပြီးမှ ဆက်လက်ဆောင်ရွက် ပေးလို့ရမည်ဖြစ်ကြောင်း၊ ရိုးရှင်းပြီး အငြင်းပွားမှုမရှိသော လယ်ယာမြေလုပ်ပိုင်ခွင့် အမွေဆက်ခံခြင်းနှင့် စပ်လျဉ်း၍ လယ်ယာ မြေဥပဒေ၊ နည်းဥပဒေများတွင် တိတိကျကျ ပြဋ္ဌာန်း ထားခြင်းမရှိသည့် အတွက် လယ်ယာ မြေလုပ်ပိုင်ခွင့်ရရှိထားသူ တောင်သူလယ်သမား၊ အိမ်ထောင်ဦးစီးများ ကွယ်လွန်ပါက အမွေ ဆက်ခံခွင့်ရရှိသည့် မိသားစုဝင်များမှ တည်ဆဲ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ခရိုင် အဆင့် တရားရုံးတော်သို့ သွားရောက်၍ ရုံးချိန် အလီလီ တက်ရောက်ပြီးကာမှ အမွေဆက်ခံခွင့် လက်မှတ်ရရှိနေကြရသည့် အတွက် ငွေကုန်ကြေးကျ အလွန်များပြီး တောင်သူများ အခက်အခဲမျိုးစုံနှင့် ကြုံတွေ့နေရပါကြောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တောင်သူ များအား မိုးစပါး၊ နွေစပါးနှင့် အခြားသီးနှံများစိုက်ပျိုးစရိတ်ထုတ် ချေးရာ တွင် လည်း လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ သက်ရှိထင်ရှားရှိသူကိုသာ စိုက်ပျိုး စရိတ်များ ထုတ်ချေး ပေးလျက်ရှိရာ ယခင်ကလို မိသားစုဝင်များက ကိုယ်စားထုတ်ယူခွင့် မရရှိသည့်အတွက် ပိုမိုခက်ခဲကြရပြီး စိုက်ပျိုးစရိတ် သွင်းအားစုများအတွက် ဘူးလေးရာ၊ ဖရုံဆင့်သကဲ့သို့ ဖြစ် နေကြရပါကြောင်း။ 

သို့ဖြစ်ပါ၍ အငြင်းပွားမှုမရှိဘဲ ရိုးရှင်းသော အမွေဆက်ခံခြင်းများနှင့်စပ်လျဉ်း၍ ရရှိထားသူ တောင်သူလယ်သမား၊ အိမ်ထောင်ဦးစီးများ ကွယ်လွန်ပါက အမွေဆက်ခံခွင့်ရရှိ သည့် မိသားစုဝင်များ လွယ်ကူချောမွေ့စွာ အမည်ပြောင်းလဲ ပေးနိုင်ရေးအတွက် ဥပဒေနှင့် အညီ ဖြေလျှော့ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိကို သိရှိ လိုပါကြောင်းဖြင့် မေးမြန်း ခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာရဲတင့်ထွန်း က

လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိထားသူ တောင်သူလယ်သမားအိမ်ထောင်ဦးစီး ကွယ်လွန် ပြီးနောက် အမွေဆက်ခံခွင့်ရှိသည့် မိသားစုဝင်များမှ အမည်ပြောင်းလဲပေးရေးတင်ပြ မှုနှင့် စပ်လျဉ်းပြီး လျှောက်ထားလာမှုများ အပေါ် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၂၄--၂၀၁၇ ရက်စွဲပါစာအမှတ်၊ ဖော်ပြပါစာနံပါတ်ဖြင့်ထုတ်ပြန်ထားရှိသည့်ညွှန်ကြား ချက်အမှတ် (/၂၀၁၇)အရ အောက်ပါလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း။

လယ်ယာမြေကို အမွေဆက်ခံခြင်းဖြင့် လုပ်ပိုင်ခွင့်ပြုလက်မှတ် အမည် ပြောင်းလဲ ပေးရန် လျှောက်ထားခြင်းဖြစ်ပါက အမွေဆက်ခံခွင့်ရရှိသူသည် ဦးစွာ စီရင်ပိုင်ခွင့်ရှိ သည့် တရားရုံးမှ အမွေဆက်ခံခွင့်လက်မှတ်ရရှိရေး လျှောက်ထားရယူဆောင်ရွက်ရမှာ ဖြစ်ပါ ကြောင်း၊ အမွေဆက်ခံခွင့်ရရှိသူသည် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲ ထုတ် ပေးရန် လျှောက်လွှာပုံစံ (-က)နှင့်အတူ ပုံစံ()မူရင်း၊ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်၊ စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးမှ ထုတ်ပေးသော အမွေဆက်ခံခွင့်လက်မှတ် မိတ္တူပူးတွဲ၍ မြို့နယ်မြေစာရင်း ဦးစီး ဌာနရုံးသို့ လျှောက်ထားရမည်ဖြစ်ပါကြောင်း၊ မြို့နယ်မြေစာရင်းဦးစီးဌာနရုံးသည် ၎င်းရုံးတွင် ရှိသည့် မှတ်ပုံတင်စာရင်းပုံစံ ၅ ၊ လယ်ယာ မြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-)ရုံး လက်ခံ တို့နှင့် တိုက်ဆိုင်စစ်ဆေးပြီး  ၁၅ရက်အတွင်း မြို့နယ်ဦးစီးဌာနရုံးနှင့် လယ်ယာမြေ တည်ရှိ ရာရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင်လယ်ယာမြေလုပ်ပိုင်ခွင့် အမည် ပြောင်း လဲလျှောက်ထားခြင်းကို ကန့်ကွက်လိုသူတို့က ရက်ပေါင်း ၃ဝ အတွင်း ကန့်ကွက် နိုင်ရန် ထုတ်ဆင့်တဲ့ကြော်ငြာစာပုံစံ(-) ကို ကပ်ထား ရမည်ဖြစ်ပါကြောင်း။

မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ကန့်ကွက်နိုင်ရန်ကြော်ငြာသည့်ရက်မှ ရက် ပေါင်း ၃၀ ပြည့်ပြီးနောက် ကန့်ကွက်လွှာရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ၇ ရက်အတွင်း သဘောထားမှတ်ချက် နှင့်အတူ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ထံ တင်ပြရမည် ဖြစ်ပါကြောင်း၊ ကန့်ကွက်ခြင်းရှိပါက ကန့်ကွက်လွှာနှင့် တင်ပြသည့် အထောက်အထား လက်ခံများကို စိစစ်၍ သဘောထားမှတ်ချက်နှင့်အတူ ပူးတွဲတင်ပြရမည်ဖြစ်ပါကြောင်း၊ ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအနေဖြင့် ကန့်ကွက်ချက်သည် ခိုင်လုံမှုမရှိပါကအမည် ပြောင်းလဲဆောင်ရွက်ရန်အကြောင်းကြားခြင်း၊ ကန့်ကွက်ချက်သည် ငြင်းပယ်ရန် ခိုင်လုံ ကြောင်း စစ်ဆေးတွေ့ရှိပါက ငြင်းပယ်ကြောင်း အကြောင်းကြားစာပုံစံ(-) ထုတ်ပေး နိုင်ရေး အကြောင်းကြားခြင်းတို့ကို မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ၁၅ ရက်အတွင်း ပေးပို့ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အမည်ပြောင်းလဲဆောင်ရွက်ပေးရန် အကြောင်း ကြားချက်ရရှိလျှင် ၁၅ ရက်အတွင်း မြို့နယ်ဦးစီးမှူး ရုံးတွင် လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင်ရန်ဦးစီးဌာနရငွေစာရင်းသို့ ဦးပိုင်လုပ်ကွက်တစ်ခု အတွက် မှတ်ပုံတင်ကြေး ၅ဝဝ ကျပ်ကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ကို ပေးသွင်းစေပြီး မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေး အဖွဲ့ကလယ်ယာမြေလုပ်ပိုင်ခွင့်ပြု(ပုံစံ-ပြောင်းလဲ ပြင်ဆင်ထုတ်ပေးရမည် ဖြစ်ပါ ကြောင်း၊ အမွေဆက်ခံခြင်းကြောင့်လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများ မှတ်ပုံတင် စာရင်း ပုံစံ(-က) တွင် လည်း မှတ်ပုံတင်ထားရမည်ဖြစ်ပါကြောင်း၊ ငြင်းပယ်ကြောင်း အကြောင်း ကြားချက် ရရှိမည် ဆိုလျှင် ၁၅ ရက်အတွင်းမြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကပုံစံ(-) ဖြင့် ငြင်းပယ်ကြောင်း အကြောင်းကြားခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပြီး အမွေဆက်ခံခြင်း ကိစ္စရပ်များအတွက် အမည်ပြောင်းပေးရန် လျှောက်ထားချက်အပေါ် ငြင်းပယ်ခံရသူများ စာရင်း ပုံစံ (-)တွင်လည်း မှတ်တမ်းတင်ထားရှိရမည် ဖြစ်ပါကြောင်း၊

လက်ရှိအချိန်တွင် (ပုံစံ-)ရရှိထားသူ ကွယ်လွန်ပါက အမွေဆက်ခံခွင့်ရှိသူ မိသားစု ဝင်များ၏ အမည်ပြောင်းလဲနိုင်ရေးအတွက် အထက်ပါလုပ်ငန်းစဉ်များနှင့်အညီသာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းဆက်လက်ပြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးခွန်းတွင် ဖော်ပြထားသည့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူ များအား မိုးစပါး၊ နွေစပါးနှင့်အခြားသီးနှံများစိုက်ပျိုးစရိတ်ထုတ်ချေးရာတွင်လည်းလယ်ယာမြေပုံစံလုပ်ပိုင်ခွင့် ရရှိသူ (ပုံစံ-သက်ရှိထင်ရှားရှိသူကိုသာ စိုက်ပျိုးစရိတ်ထုတ်ချေးလျက်ရှိရာ တောင်သူများ ပိုမို အခက်အခဲကြုံတွေ့နေရကြောင်း ဆိုသည့်ဖော်ပြချက်နှင့်စပ်လျဉ်းပြီးမြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ  --၂၀၂၆ ရက်စွဲပါ ချေးငွေညွှန်ကြားစာကို ထုတ်ပြန်ထားရှိခဲ့ ပြီးဖြစ် ပါကြောင်း၊ အဆိုပါညွှန်ကြားစာမှ ယခုလက်ရှိ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်း သည့် လယ်ယာမြေလုပ်ပိုင်ခွင့်(ပုံစံ-)ရရှိသူကိစ္စနှင့်စပ်လျဉ်းပြီး ဖြေလျှော့မှုများ အား ကောက် နုတ်တင်ပြသွားမည်ဖြစ်ပါကြောင်း၊

လယ်ယာမြေကိုအမည်ပေါက်ပြောင်းလဲရန် ဆောင်ရွက်ဆဲကာလဖြစ်ပါက လယ်ယာ မြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-)မူရင်း မရရှိသေးသည့် တောင်သူများအတွက် တစ်နှစ် အတွင်းဆောင်ရွက်ထားသည့်အမည်ပြောင်းလျှောက်လွှာ(ပုံစံ-)မိတ္တူ၊(ပုံစံ-)ဖြင့် လျှောက် ထားမှုကို ကန့်ကွက်ရန် ရှိ  မရှိကြော်ငြာကပ်သည့်ရက်မှ ရက်ပေါင်း ၃၀ ပြည့် မြောက်ပြီး၍    ကန့်ကွက်သူမရှိကြောင်းမြို့နယ်မြေစာရင်းဦးစီးဌာနထောက်ခံချက် တင်ပြပေးရန်၊ လယ်ယာ မြေအားရောင်း၊ ဝယ်၊ ပေးကမ်း၊ အမွေဆက်ခံခြင်းတို့ကြောင့် (ပုံစံ-)အမည် ပေါက်နှင့် (ပုံစံ-) လက်ဝယ်ပိုင်ဆိုင်ထားသူအမည်တို့ မတူညီပါက အောက်ဖော်ပြပါ စည်းကမ်း ချက်များနှင့် အတူ ဘဏ်ခွဲမန်နေဂျာနှင့် ရပ်ကွက်၊ ကျေးရွာချေးငွေစိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌရှေ့မှောက်တွင် ကတိဝန်ခံချက်လက်မှတ်ရေးထိုး၍ ချေးငွေထုတ်ချေးရမည်ဖြစ်ပါ ကြောင်းအဆိုပါ စည်းကမ်းချက်များမှာ (ပုံစံ-အား ရောင်းဝယ်ခြင်း၊ မိသားစုဝင် ဥပမာ ခင်ပွန်း သို့မဟုတ် ဖခင်ထံမှအမွေဆက်ခံခွင့်ရရှိသဖြင့်ပိုင်ဆိုင်မှုမှန်ကန်ကြောင်း၊ (အမွေ ဆက်ခံ(ပုံစံ-)ဖြင့် ချေးငွေထုတ်ချေးခြင်းကို ကျန်ညီအစ်ကို၊ မောင်နှမများ၏ သဘောတူညီ ကြောင်း၊ ၎င်းတို့၏ မှတ်ပုံတင်၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူပူးတွဲတင်ပြရန်၊အရောင်း အဝယ်ဖြစ်ပါက စာချုပ် ပူးတွဲတင်ပြရန်၊ (သတ်မှတ်ကာလအတွင်း ချေးငွေအရင်း၊ အတိုး၊ ဒဏ်တိုးတို့ကို အချိန်မီ ပြန်လည်ပေးဆပ်မည်ဖြစ်ကြောင်း ဝန်ခံချက်၊ (ချေးငွေရရှိပြီးချိန်မှ တစ်နှစ်အတွင်း လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ (ပုံစံ-အမည် ပေါက်ပြောင်း လဲခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ (ချေးငွေအတွက် ဘဏ်သို့ အာမခံတင်သွင်း ထားသည့် (ပုံစံ-နှင့်စပ်လျဉ်း၍ ပြဿနာတစ်စုံတစ်ရာအရှုပ်အရှင်းဖြစ်ပါက တာဝန်ယူ ဖြေရှင်းမည်ဖြစ်ကြောင်း စသည်ဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူမည့် တောင်သူများအတွက် ဖြေလျှော့ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊  အဆိုပါဖြေလျှော့ ညွှန်ကြား ချက်အတိုင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးတင်ဦး(အိမ်မဲမဲဆန္ဒနယ်) ကဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။

ယခုလို ရှင်းလင်းစွာဖြေကြားပေးသည့် ဒုတိယဝန်ကြီးကို အထူးကျေးဇူးတင် ပါကြောင်း လယ်ယာမြေဥပဒေနှင့် စပ်လျဉ်းပြီး မိမိ သေသေချာချာလေ့လာကြောင်း၊ အောက်ခြေတွင် လည်းအခက်အခဲ ဖြစ်နေ၍ ယခုမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ အဆိုပါ လယ်ယာမြေဥပဒေ၌ ပုဒ်မ ၉၊ ပုဒ်မခွဲ() တွင်အမွေဆက်ခံခွင့်နှင့်စပ်လျဉ်းပြီး အငြင်းပွား မှုပေါ်ပေါက်လာမှသာ တည်ဆဲဥပဒေ များနှင့်အညီ သက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ်ကို ရယူနိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထား ပါကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံသည့် နည်းဥပဒေ ၂၉ တွင် လယ်ယာမြေ လုပ်ပိုင်ခွင့်ကို အမွေဆက်ခံသူသည် အမွေဆက်ခံခွင့်ရှိကြောင်း အထောက်အထားနှင့်အတူမူလလယ်ယာလုပ်ပိုင်ခွင့်ပြုလက်မှတ် မူရင်းပူးတွဲ၍လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအမည်ပြောင်းလဲပေးရန်လျှောက်ထားခြင်း ပုံစံ (ဖြင့် မြို့နယ်ဦးစီးဌာနရုံးသို့ လျှောက်ထားရမည်ဟု နည်းဥပဒေ ၂၉တွင် ပြဋ္ဌာန်း ထားပါ ကြောင်း၊ အမွေဆက်ခံခွင့်ရှိကြောင်း အထောက်အထား နှင့်အတူ မူလလယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်မူရင်းပူးတွဲ၍ဆိုသည့် အမွေဆက်ခံခွင့်ရှိကြောင်း အထောက်အထား ဆိုသည် မှာ သက်ဆိုင်ရာတရားရုံးတော်မှအထောက်အထားသည်  အဆိုပါဥပဒေထဲတွင် မပါ ရှိပါကြောင်း၊ ပုဒ်မ ၉ တွင်လည်း အငြင်းပွားမှုရှိသည့် လယ်ယာမြေအပေါ်တွင်သာ တည်ဆဲ ဥပဒေနှင့်အညီ သက်ဆိုင်ရာတရားရုံးမှ အဆုံးအဖြတ်ခံယူခွင့်ရှိပါကြောင်း၊ ထို့ကြောင့် ထိုဥပဒေထဲတွင် တိတိကျကျပြဋ္ဌာန်းထားတာမျိုး မရှိသည့်အတွက် ရိုးရှင်းစွာ အမည် ပြောင်းလဲလိုသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများကို ဥပဒေသီးခြားပြင်ဆင်သော် လည်းကောင်း သို့မဟုတ် ထိုထက်ပိုပြီး ဖြေလျှော့ပေးနိုင်မည့် ဆောင်ရွက်ပေးနိုင်မှု ရှိမရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာရဲတင့်ထွန်း က

အောက်ခြေတွင် ယခုလိုမျိုးပြဿနာများ ဖြစ်ပေါ်နေသည်ကို မိမိတို့သိရှိထားပါ ကြောင်း၊ သို့သော် အမွေဆက်ခံခြင်းကိစ္စရပ်များတွင် ရိုးရှင်းသောဆိုသည့်အချက် သည် သာမန်အားဖြင့် ဆုံးဖြတ်ရန်ခက်ခဲပါကြောင်း၊ အမွေဆက်ခံပိုင်ခွင့်များတွင် အိမ်ထောင် ဦးစီးကွယ်လွန်သွားလျှင် အရပ်သဘောအရဆိုလျှင် ၎င်းနှင့်ဆက်စပ်သည့် အိမ်ထောင်ဖက် အမျိုးသမီး သို့မဟုတ် သားဦး၊ သားကြီးစသဖြင့် အမွေဆက်ခံခွင့်ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သို့သော် ထိုသို့ဆောင်ရွက်ပေးနိုင်ရန်အတွက် အမည်ပြောင်းလဲပြီး ဆောင်ရွက် သည့်အခါ ယခင်  အတွေ့အကြုံများအရ ပုံစံ()အမည်ပြောင်းလျှောက်ထားပြီးမှသာ အငြင်း ပွားမှုများ ပေါ်ပေါက်လာသည့်ကိစ္စများ ကြုံတွေ့နေရသည့် အနေအထားများလည်း တွေ့ရှိခဲ့ပါကြောင်း၊ ထို့ကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့်အမည် ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ အဓိက အမွေဆက်ခံပိုင်ခွင့်နှင့်စပ်လျဉ်းသည့် လုပ်ငန်းများတွင် စီရင်ပိုင်ခွင့်ရှိသည့် တရားရုံး များမှသာ အမွေဆက်ခံပိုင်ခွင့်ရှိသည့် အနေအထားများကို ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်တော်ကြီး တင်ပြသည့်အတိုင်း ဥပဒေတွင် အငြင်းပွားမှု မရှိသည့်၊ အငြင်းပွားမှုများ ပေါ်ပေါက်လာမှု တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာ တရားရုံးအဆုံးအဖြတ် ခံယူပိုင်ခွင့်ရှိသည်ကိုလည်း ဥပဒေတွင် ဖော်ပြထားပါကြောင်း၊ သို့သော် အငြင်းပွားမှုမရှိဘဲ အမွေဆက်ခံပိုင်ခွင့်ကို သီးခြားပြဋ္ဌာန်းထားမှု မရှိသည့်အတွက် ထိန်းကျောင်းဆောင်ရွက်နိုင်ရန် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ (/၂၀၁၇)အမိန့်နှင့် ညွှန်ကြားချက် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရပါကြောင်း၊ ထိုအတွက် (/၂၀၁၇)တွင် အမွေဆက်ခံခြင်းနည်းလမ်းအရ ဆောင်ရွက်ရမည့်အချက်များကိုလည်း ယခင်မိမိ တင်ပြ ချက်ထဲတွင် အသေးစိတ်ဖော်ပြတင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ထိုသို့ မျိုးအမွေဆက်ခံ ပိုင်ခွင့်နည်းလမ်းများကို ယခုထက်ပိုမိုလွယ်ကူအောင် ဆောင်ရွက်နိုင်ရန် ဆောင်ရွက်သည့် အခါ မိမိတို့ဝန်ကြီးဌာနအနေနှင့် လက်ရှိပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားပါကြောင်း၊ ထိုသို့လုပ်မည်ဆိုလျှင် ဥပဒေတစ်ခု ပြင်ဆင်ပြဋ္ဌာန်းခြင်း၊ ညွှန်ကြားချက်များ ပြင်ဆင်ပြဋ္ဌာန်းခြင်း ဆောင်ရွက်မည်ဆိုလျှင် သက်ဆိုင်ရာ ဆက်စပ်ဦးစီးဌာနများနှင့် အောက်တွင်ရှိနေသည့် Stakeholder အားလုံး ဆွေးနွေးပြီးမှ ပြင်ဆင်ပြဋ္ဌာန်းခြင်းလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သင့်ပါကြောင်း ဖြေကြားခဲ့ပါသည်။