နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် စီမံကိန်းနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ ဦးညွန့်ဆောင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာကော်မတီနှင့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ တို့အား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ (၂၀-၇-၂၀၂၆) အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ
MY EN

(ဃ)- ဒေါ်ဆွေဆွေသင်း(ပေါင်းတည်မဲဆန္ဒနယ်)-မေးခွန်း

2026-07-20
တတိယအကြိမ်
ပညာရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဒေါ်ဆွေဆွေသင်း(ပေါင်းတည်မဲဆန္ဒနယ်)

ပေါင်းတည်မြို့နယ်၊ မြို့တွင်းရွာအခြေခံမူလတန်းကျောင်းအား အ-မ-က(မူလွန်) အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ပါရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပဲခူးတိုင်းဒေသကြီး၊  နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ခေမံအုပ်စု၊ မြို့တွင်းရွာအခြေခံ ပညာမူလတန်းကျောင်းတွင် ကျောင်းသား ၆၀ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပါကြောင်း၊ အဆိုပါကျေးရွာသည် လယ်ဦးစုရွာ၊ ခေမံရွာ၊ စမ်းအိုင်ကုန်းရွာ၊ ကျွန်းတိုင်းရွာတို့နှင့် ရွာချင်းဆက်စပ် လျက်ရှိသော ရွာကြီးတစ်ရွာဖြစ်ပါကြောင်း၊ မြေပြင်အခြေအနေတွင် ကွင်းဆင်းလေ့လာချက်အရ အဆိုပါကျေးရွာမှ ရပ်မိရပ်ဖများ၏ တင်ပြချက်အရ ကျေးရွာနေ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူအရေအတွက်စာရင်းအားဖြင့် မြို့တွင်းရွာတွင် မူလတန်းကျောင်းသားဦးရေ ၆၀ ဦး၊ မြို့တွင်းရွာမှ ၁ ဖာလုံခန့်အကွာရှိ လယ်ဦးစုရွာတွင် မူလတန်းကျောင်းသား ၅၆ ဦး၊ မြို့တွင်းရွာမှ         ၁ မိုင်ခန့်အကွာရှိ ခေမံရွာမှ မူလတန်းကျောင်းသားဦးရေ ၅၀ ဦး၊ မြို့တွင်းရွာမှ ၃ ဖာလုံခန့်အကွာရှိ စမ်းအိုင်ကုန်းရွာမှ မူလတန်းကျောင်းသားဦးရေ ၃၁ ဦး၊ မြို့တွင်းရွာမှ ၄ ဖာလုံခန့်အကွာရှိ ကျွန်းတန်း ရွာမှ မူလတန်းကျောင်းသားဦးရေ ၂၂ ဦးရှိပါကြောင်း။

အဆိုပါမူလတန်းကျောင်းသား ကျောင်းသူစုစုပေါင်း၂၁၉ ဦးသည် မူလတန်းပြီးဆုံးပါက            ၄ မိုင်ခန့်ဝေးသော ဘုရားငါးဆူအလယ်တန်းကျောင်းသို့ ပြောင်းရွှေ့တက်ရောက်ကြရပါကြောင်း၊ မိုးရာသီတွင် ရာသီဥတု အခက်အခဲအရလည်းကောင်း၊ နယ်မြေလုံခြုံရေး အခြေအနေအရ ကျောင်းသား ကျောင်းသူများ၏ လုံခြုံရေးအရလည်းကောင်း ကြိုပို့ယာဉ်မရှိသည့်အတွက် အဆင် မပြေမှုများစွာ ဖြစ်ရသည့်အတွက် ဒေသခံမိဘများမှ စိတ်ပူပင်လျက်ရှိပါကြောင်း၊ ထိုသို့ အခက်အခဲ များအရ ကျောင်းဆက်မတက်နိုင်တော့သည့် ကလေးများအတွက် မြို့တွင်းရွာတွင် မူလတန်းလွန် အဆင့်တိုးမြှင့်ပေးခြင်းနှင့် ကျောင်းဆောင်သစ်တစ်ဆောင် တည်ဆောက်ပေးနိုင်ရန်၊ ခွင့်ပြုချက်ရရှိ ရေးအတွက် မိဘများမှ များစွာမျှော်လင့်လျက်ရှိပါကြောင်း၊ မူလတန်းအဆင့်ပြီးဆုံးသည့်အခါ သွားလာရေးအဆင်မပြေမှုကြောင့် အလယ်တန်းအဆင့် ပညာဆက်လက်သင်ကြားခွင့် ဆုံးရှုံးပြီး အရွယ်နှင့်မမျှ မိုးရာသီတွင် ငါးရှာ၊ ဖားရှာ၊ နွေရာသီတွင် ကြွက်ထောင်ရင်းနှင့် ဘဝတိုးတက်ရေး လမ်းပျောက်နေရပါကြောင်း၊ အခြေခံလက်လုပ်လက်စားမိသားစုဝင်များ၏ ကလေးများ ဘဝအနာ ဂတ် ဖွံ့ဖြိုးတိုးတက်စေလိုသော စေတနာဖြင့် မေးမြန်းခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပဲခူးတိုင်း ဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ခေမံအုပ်စု၊ မြို့တွင်းရွာ အခြေခံပညာမူလ တန်းကျောင်းအား ပထမကနဦးအနေနှင့် မူလတန်းလွန်အဆင့် ထိုမှတစ်ဆင့် အလယ်တန်းကျောင်း ခွဲအဆင့်သို့ တိုးမြှင့်ပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ပညာသင်နှစ်တွင် မည်သို့စီမံဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ မြို့တွင်းရွာ အခြေခံပညာမူလတန်းကျောင်းကို ၁၉၅၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အထိ ကျောင်းသက်တမ်း ၇၆ နှစ်ရှိပါကြောင်း၊ ကျောင်းမြေအကျယ်အဝန်းမှာ ၂.၇၁ ဧကရှိပြီး ကျောင်းမြေပိုင်ဆိုင်မှုအတွက် ပုံစံ ၁၀၅ ရရှိထားပြီးဖြစ်ပါကြောင်း၊ အဆိုပါကျောင်းနှင့် အနီးဆုံး အခြေခံပညာအလယ်တန်း ကျောင်းဖြစ်သည့် ဘုရားငါးဆူ အခြေခံပညာအလယ်တန်းကျောင်းသည်လည်း ၂.၂၅ မိုင်ကွာဝေး ပါကြောင်း။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ KG ၉ ဦး၊ Grade-1 ၇ ဦး၊ Grade-2  ၁၃ ဦး၊ Grade-3 ၈ ဦး၊ Grade-4 ၅ ဦးနဲ့ Grade-5 ၉ ဦး၊ စုစုပေါင်း မူလတန်းအဆင့်ကျောင်းသား           ၅၁ ဦး ပညာသင်ကြားလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ကျောင်းအဆင့်တိုးမြှင့်ရေးဆိုင်ရာ သတ်မှတ်ချက်များအရ အခြေခံပညာမူလတန်းကျောင်းမှ အခြေခံပညာ မူလတန်း(လွန်)ကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရာတွင် မူလတန်းအဆင့် ကျောင်း သားဦးရေ ၂၅၀ ဦးနှင့်အထက်ရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသများ၊ သဘာဝ ဘေးအန္တရာယ်ကြောင့် သွားလာရေးအခက်အခဲရှိသည့် ဒေသများဖြစ်လျှင် ပင်မကျောင်း သို့မဟုတ် တစ်ဆင့်မြင့်ကျောင်းနှင့် ၂ မိုင်အထက် ကွာဝေးခြင်း၊ သွားလာရေးလွယ်ကူသော မြေပြန့်ဒေသဖြစ်ပါက ပင်မကျောင်း သို့မဟုတ် တစ်ဆင့်မြင့်ကျောင်းနှင့် ၃ မိုင်အထက် ကွာဝေးခြင်း၊ ကျောင်းမြေပိုင်ဆိုင်မှု  ၅ ဧကရှိရန် လိုအပ်ခြင်းဆိုသည့် လျာထားချက်များချထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုလျာထား ချက်များနဲ့ကိုက်ညီတယ်ဆိုလျှင် ကွင်းဆင်းစစ်ဆေးပြီး ဆရာမခန့်ထားနိုင်ရေး၊ ကျောင်းအဆင့်တိုးမြှင့်နိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြ တောင်းခံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

အဆိုပါ မြို့တွင်းရွာ အခြေခံပညာမူလတန်းကျောင်း၏ လက်ရှိအခြေအနေကို စိစစ်သည့် အခါ မူလတန်းအဆင့်ကျောင်းသားဦးရေ ၅၁ ဦးရှိပြီး သတ်မှတ်ထားသည့် ကျောင်းအဆင့် တိုးမြှင့်ရေး လျာထားချက်တွင် လိုအပ်ချက်များရှိနေသေးသည်ကို  တွေ့ရပါကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်ကြီးမေးမြန်းသည့် အဆိုပါကျောင်းကို အခြေခံပညာမူလတန်းလွန်ကျောင်း သို့မဟုတ် အခြေခံပညာအလယ်တန်းကျောင်းအဖြစ် လက်ရှိအချိန်တွင် အဆင့်တိုးမြှင့်ပေးနိုင်ရေး ဆောင်ရွက်နိုင်ခြင်းမရှိသေးသော်လည်း နောက်ပိုင်းကာလများတွ၍် ကျောင်းသားဦးရေ ပြည့်မီလာပါက ကျေးရွာ ၅ ရွာအတွက် ခေမံအုပ်စု၊ မြို့တွင်းရွာမူလတန်းကျောင်းကို မူလ တန်းလွန်ကျောင်း သတ်မှတ်ပေးနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးချက်များနှင့် စိစစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဒေါ်ဆွေဆွေသင်း(ပေါင်းတည်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။

ထိုမြို့တွင်းရွာ မူလတန်းလွန်ကျောင်းကို ခွင့်ပြုပေးမည်ဆိုလျှင် လိုအပ်နေသည့် ကျောင်း ခြံအကျယ်အဝန်း မညီမျှသည့်ကိစ္စနှင့်စပ်လျဉ်း၍ ကျေးရွာနေ မိဘပြည်သူများမှ ထပ်တိုး၍ ၎င်းတို့စွမ်းဆောင်နိုင်သမျှ ဆောင်ရွက်ပေးမည်ကို သိရှိရပါကြောင်း၊ ဒုတိယဝန်ကြီးအနေဖြင့် လည်း ဆောင်ရွက်ပေးနိုင်သည့် အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး ဆက်လက်ဆောင်ရွက် ပေးမည်ဟု သိရသည့်အတွက်လည်း ကျေးဇူးအများကြီးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။