နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် စီမံကိန်းနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ ဦးညွန့်ဆောင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာကော်မတီနှင့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ တို့အား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ (၂၀-၇-၂၀၂၆) အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ
MY EN

(စ)- ဦးထွန်းထွန်းနိုင်(စဉ့်ကိုင်မဲဆန္ဒနယ်)-မေးခွန်း

2026-07-20
တတိယအကြိမ်
ပညာရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးထွန်းထွန်းနိုင်(စဉ့်ကိုင်မဲဆန္ဒနယ်)

စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးကျေးရွာရှိ အခြေခံပညာ(တွဲ)ကျောင်းအား မူလတန်းကျောင်း(ခွဲ)အဖြစ် ဖွင့်လှစ်နိုင်ခြင်းရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

စဉ့်ကိုင်မြို့နယ်၊ မီးသွေးဘုတ်အုပ်စု၊ စိုက်ပျိုးရေးကျေးရွာတွင် အိမ်ထောင်စု ၆၅ စု၊ လူဦး‌ရေ ၂၃၀ ဦးရှိပြီး ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းအား ၂၀၁၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ကျေးရွာသူ ကျေးရွာသားတို့သည် ပညာရေးတွင် စိတ်ဝင်စားမှုအားကောင်းခြင်း၊ ပူးပေါင်းပါဝင်မှု အကောင်းဆုံးကျေးရွာလည်း ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်း(ခွဲ)အဖြစ် လျှောက်ထား ရခြင်း မှာ အနီးစပ်ဆုံးကျောင်းသို့သွားရာတွင် ခက်ခဲခြင်း၊ ကျောင်းသား ကျောင်းသူများ အသွားအလာ များသောခရိုင်ချင်းဆက်လမ်းအတိုင်းသွားရခြင်းဖြစ်သောကြောင့် ကလေးငယ်များအတွက် ယာဉ် အန္တရာယ် ရှိခြင်း၊ အသွားအပြန် ၂ မိုင်ခန့်လမ်းလျှောက်ရခြင်း၊ မိုးရာသီတွင်လမ်းမကောင်း၍ ကျောင်းမှန်မှန် မတက်နိုင်ခြင်းတို့ကြောင့် ကိုယ့်အားကိုယ်ကိုးကျောင်းဖွင့်လှစ်ခဲ့ရခြင်းလည်း ဖြစ်ပါ ကြောင်း၊ ကိုယ့်အားကိုယ်ကိုးကျောင်းဖွင့်လှစ်နိုင်ရန်အတွက် မြေပိုင်ဆိုင်မှုအနေဖြင့် မီးသွေးဘုတ် အုပ်စု၊ စိုက်ပျိုးရေးကျေးရွာနေ ဦးဝင်းနိုင်၊ ဒေါ်တင်တင်မာတို့မှ ဦးပိုင်အမှတ်(၄၃)၊ ဧရိယာ ၁.၇ ဧကတို့အား ကျောင်းမြေအဖြစ် လှူဒါန်းထားခြင်း၊ အလျား ၄၅ ပေ၊ အနံ၁၈ ပေ၊ စာသင်ခန်း ၅ ခန်း ပါကျောင်းဆောင် တစ်ဆောင်အား ဒေါ်တင်လှိုင်မိသားစုနှင့် ကျေးရွာမှလှူဒါန်းထားခြင်း၊ သန့်စင် ခန်း နှစ်လုံးတွဲတစ်ခန်း တို့အား ကိုယ့်အားကိုယ်ကိုးလှူဒါန်းပြီးလည်းဖြစ်ပါကြောင်း၊ ကျေးရွာမှ ဘွဲ့ရ ဆရာမနှစ်ဦး၊ အထွေထွေ လုပ်သားတစ်ဦးတို့အား ကိုယ့်အားကိုယ်ကိုးငှားရမ်းပြီး ယနေ့အထိ ပညာသင်ကြားလျက်ရှိပါကြောင်း၊ ကိုယ့်အားကိုယ်ကိုးအခြေခံပညာမူလတန်းကျောင်းမှာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စုစုပေါင်း ၄၂ ဦး၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စုစုပေါင်း ၅၁ ဦး၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ၅၅ ဦး တက်ရောက် သင်ကြားနေတာကို ကြည့်မည်ဆိုလျှင် ကျောင်းသား ဦးရေတိုးတက်လျက်ရှိပါကြောင်း ။

ကျောင်းခွဲအဖြစ်လျှောက်ထားရာတွင် ကိုယ့်အားကိုယ်ကိုးအခြေခံပညာမူလတန်းကျောင်းနှင့် အနီးစပ်ဆုံးကျောင်းမှာ အ.မ.က(ကင်းတုံ)ကျောင်းဖြစ်ပြီး ခန့်မှန်းအကွာအဝေး ၂ မိုင်ခန့်သွားရ ပါကြောင်း၊ ဒေသလမ်းအခြေအနေအရ သွားရန်ကြာချိန်သည် မိနစ် ၃၀ ခန့်ကြာမြင့်သော ခရီးစဉ် လည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းနေအရွယ် ကလေးအားလုံး အပ်နှံကြပါစို့ဆိုသည့် တိုက်တွန်းနေချိန်တွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းနေ ပျော်၍ ကျောင်းတက်နိုင်ရန်၊ ကျောင်းထွက်နှုန်းကျစေရန်နှင့် ကျေးရွာမှ ကျောင်းသား ကျောင်းသူများ မူလတန်းပညာကို ဆရာပြည့်စုံစွာဖြင့် အလွယ်တကူပညာသင်ကြားနိုင်ရန်အတွက် အခြေခံပညာမူလတန်းကျောင်း(ခွဲ) အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ပါရန် တင်ပြရခြင်း ဖြစ်ပါ ကြောင်း၊ ယခုအခါ အိမ်ထောင်စု     ၆၅ စု၊ လူဦးရေ ၂၃၀ သာရှိသော ကျေးရွာလေးသည် တောင်သူ လုပ်ငန်းနှင့် အလုပ်သမားလုပ်ငန်းကို လုပ်ကိုင်၍ အခြေပြုနေရသော ကျေးရွာလေး ဖြစ်ပါသဖြင့် ဆရာ ဆရာမငှားရမ်းလာသည်မှာ ၈ နှစ် ကျော်ခန့် ကြာလာပြီဖြစ်ပါသဖြင့် ရွာအားနှင့် ဝန်အား မမျှသလိုဖြစ်ပါသဖြင့် ဆက်လက်ငှားရမ်းရာတွင် အခက်အခဲတစ်ခုလည်း ဖြစ်နေပါကြောင်း။

သို့ဖြစ်ပါ၍ စဉ့်ကိုင်မြို့နယ်၊ မီးသွေးဘုတ်အုပ်စု၊ စိုက်ပျိုးရေးကျေးရွာရှိ ကိုယ့်အားကိုယ်ကိုး အခြေခံပညာ(တွဲ)ကျောင်းအား အခြေခံပညာမူလတန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ် ပေးနိုင်ခြင်း အစီအစဉ်ရှိ မရှိနှင့် မူဝါဒအရ အဆင့်တိုးမြှင့်နိုင်ခြင်းမရှိသေးပါက ငှားရမ်းပြီးသင်ကြား နေရသော ဆရာ ဆရာမများခန့်ထားပေးနိုင်ပါရန် အစီအစဉ်ရှိ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးနေမျိုးလှိုင် က

          မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ မီးသွေးဘုတ်အုပ်စု၊ စိုက်ပျိုးရေးကျေးရွာရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသက်တမ်း ၇ နှစ်ရှိပြီဖြစ်ပါကြောင်း၊ အဆိုပါကျောင်း၏ ကျောင်းမြေအကျယ်အဝန်းမှာ ၁.၇ ဧက ရှိပြီးကျောင်းမြေပိုင်ဆိုင်မှုပုံစံအတွက် ၁၀၅၊ ၁၀၆ ရရှိထားပြီးဖြစ်ပါကြောင်း၊ ပင်မ ကျောင်း ဖြစ်သည့် ကင်းတုံအခြေခံပညာမူလတန်းကျောင်းနှင့် ၂ မိုင်ကျော်ဝေးသည် ကိုလည်း တွေ့ရပါ ကြောင်း၊  ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် KG ၃ ဦး၊ Grade-1 ၆ ဦး၊ Grade-2 ၅ ဦး၊ Grade-3 ၉ ဦး၊ Grade-4 ၁၀ ဦး၊ Grade-5 ၈ ဦး စုစုပေါင်း မူလတန်းအဆင့်ကျောင်းသား ၄၁ ဦး ပညာသင် ကြားလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ကိုယ့်အား ကိုယ်ကိုး မူလတန်းကျောင်းမှ အခြေခံ ပညာမူလတန်းကျောင်း(ခွဲ)အဖြစ် ကျောင်းအဆင့် တိုးမြှင့် ရန်အတွက် မူလတန်းအဆင့်ကျောင်းသား ဦး‌ရေ ၅၅ ဦးအထက်ရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသများ၊ သဘာဝဘေးအန္တရာယ် အတားအဆီးရှိသောဒေသများဖြစ်ပါက ပင်မ ကျောင်း၊ တစ်ဆင့်မြင့်ကျောင်းနှင့် ၂ မိုင်အထက်ကွာဝေးခြင်း၊ သွားလာရလွယ်ကူသော မြေပြန့် ဒေသ ဖြစ်ပါက ပင်မကျောင်း၊ တစ်ဆင့်မြင့်ကျောင်းနှင့် ၃ မိုင် အထက် ကွာဝေးခြင်း၊ မြေပိုင်ဆိုင်မှု ၅ ဧကရှိရမည်ဆိုသည့် လျာထားချက်များနှင့်ကိုက်ညီရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ကိုယ်စား လှယ် တော်ကြီးမေးမြန်းထားသည့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ် ရှိ မီးသွေးဘုတ်အုပ်စု၊ စိုက်ပျိုးရေးကျေးရွာရှိ ကိုယ့်အားကိုယ်ကိုးအခြေခံပညာ(တွဲ)ကျောင်းတွင် မူလတန်းအဆင့် ကျောင်းသား ဦးရေ ၄၁ ဦးသာရှိခြင်းနှင့် ပင်မကျောင်းဖြစ်သည့် ကင်းတုံအခြေခံပညာ မူလတန်း ကျောင်းနှင့် ၂ မိုင်ကျော်သာဝေးပြီး သတ်မှတ်ထားသည့်ကျောင်းသားဦးရေစံနှုန်းနှင့် မြေပိုင်ဆိုင်မှု နှုန်း ထားများပြည့်မီရန် လိုအပ်နေသေးသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် မူလတန်း ကျောင်း (ခွဲ) အဖြစ် လက်ရှိအချိန်တွင် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန်အတွက် ဆောင်ရွက်နိုင်ခြင်းမရှိသေး သော်လည်း နောင်တွင် ကျောင်းသားဦးရေ၊ ကျောင်းမြေအကျယ်အဝန်းနှင့် သတ်မှတ်စံနှုန်း များပြည့်မီ လာလျှင် စိစစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ဆရာ ဆရာမလိုအပ်မှုအတွက် အမြန်ဆုံး ဖြည့်ဆည်းစီစဉ်ဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြား ခဲ့ပါသည်။