နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၁ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြည်သူ့လွှတ်တော် သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဋ္ဌေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာပါကစ္စတန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၁ ရက်မြောက်နေ့ (၂၈-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ်
MY EN

(ဈ)- ဒေါ်နန်းသန်းသန်းမွှေး(မိုင်းကိုင်မဲဆန္ဒနယ်)-မေးခွန်း

2026-07-17
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဒေါ်နန်းသန်းသန်းမွှေး(မိုင်းကိုင်မဲဆန္ဒနယ်)

မိုင်းကိုင်လမ်းပိုင်းနှင့် ပန်ကေတု-ကျေးသီးလမ်းပိုင်းအားချဲ့ပေးရန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် လျာထားနိုင်ခြင်းရှိ မရှိနှင့် မရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

          (၁) လွိုင်လင်-ပန်ကေတု-သီပေါလမ်းသည် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (မြောက်ပိုင်း)အား အဓိကဆက်သွယ်ထားသော ပြည်ထောင်စုလမ်းမကြီးဖြစ်ပါကြောင်း၊ လွိုင်လင်-ပန်ကေတု-သီပေါ လမ်းမှ မိုင်းကိုင်လမ်းပိုင်းကို ၂၀၀၂-၂၀၀၃ ဘဏ္ဍာရေးနှစ်တွင် ၁၂ ပေအကျယ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ထားပြီး ကတ္တရာလမ်းသက်တမ်း ၂၃ နှစ်ခန့်ကြာမြင့်ပြီဖြစ်ပါသဖြင့် ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေပြီး ဒေသအတွင်းဖွံ့ဖြိုးတိုးတက်ရန်အတွက် ဖြတ်သန်းသွားလာနိုင်သော ယာဉ်အစီးရေများပြားလာခြင်းကြောင့် ယာဉ်အန္တရာယ်ကင်းရှင်းရန် မိုင်းကိုင်မြို့မှ သီပေါမြို့နယ် နယ်စပ်အထိဖြစ်သော ပြည်ထောင်စုလမ်းပိုင်းမှ မိုင်းကိုင်မြို့အထွက်၊ ပန်ကေတုရွာအဝင် ၇ မိုင် ကျော်ခန့်၊ ပန်ကေတုအထွက်၊ တုံလောရွာအဝင် ၁၂ မိုင်ကျော်ခန့်နှင့် တုံလောရွာအတွင်းမှ သီပေါ နယ်စပ်အထိ ၆ မိုင်ကျော်ခန့်သည် ၁၈ ပေအကျယ်  ကတ္တရာလမ်းအဖြစ်သို့ အဆင့်မြှင့်တင်ပေးရန် လိုအပ်နေပါကြောင်း၊ မိုင်းကိုင်မြို့မှ သီပေါနယ်စပ်အထိ ၄၀ မိုင်၊ ၂ ဖာလုံသည် လမ်းအကျယ် ၁၈ ပေ ချဲ့ရန် ၂၆ မိုင်ခန့်ကျန်ရှိနေပါကြောင်း။

          (၂) ကွန်ဟိန်း-မိုင်းနောင်-ကျေးသီး-ပန်ကေတုလမ်းသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန် ခရိုင်၊ ကွန်ဟိန်းမြို့၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နှင့် လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့တို့အား ဆက်သွယ် ထားတဲ့ ခရိုင်ချင်းဆက်လမ်းဖြစ်ပါကြောင်း၊ ပန်ကေတု-ကျေးသီးလမ်းပိုင်း ၁၁ မိုင်သည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ထားပြီး ကတ္တရာလမ်းသက်တမ်း ၁၂ နှစ်ခန့် ကြာမြင့်ပြီဖြစ်ရာ လမ်းအတော်ပျက်စီးနေပါသဖြင့် ဒေသခံပြည်သူများ၏ သွားလာရေးနှင့်ကုန်စည် ပို့ဆောင်ရေးအဆင်ပြေစေရန်အတွက် ပန်ကေတု-ကျေးသီးလမ်း ၁၁ မိုင်အား ၁၈ ပေအကျယ်ချဲ့ပေးရန် လိုအပ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ ကျဉ်းမြောင်းနေသောလမ်းများအား ၁၂ ပေမှ ၁၈ ပေအဖြစ်သို့ အကျယ်ချဲ့ပေးရန် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် လျာထားပေးရန် အစီအစဉ် ရှိ မရှိ၊ လျာထားခြင်း ရှိပါက မည်သည့်နှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က

မေးမြန်းထားသည့် လမ်းနှစ်လမ်းအနက် ပထမလမ်းဖြစ်သော မိုင်းကိုင်လမ်းပိုင်းသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်-ပန်ကေတု-သီပေါ(ခိုလုံ)လမ်း၏ အစိတ်အပိုင်းဖြစ်ပြီး မိုင်းကိုင်မြို့မှ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (မြောက်ပိုင်း)နယ်စပ်အထိ ၄၀ မိုင်၊ ၂ ဖာလုံအရှည်ရှိပြီး ပြည်ထောင်စုက စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ လက်ရှိလမ်းအခြေအနေသည် ၂၄ ပေ အကျယ် ကတ္တရာ ၇ ဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာလမ်း ၁၃ မိုင်နှင့် ၁၂ ပေအကျယ် ကတ္တရာ ၂၆ မိုင် စုစု ပေါင်း ၄၀ မိုင်၊ ၂ ဖာလုံဖြစ်ပါကြောင်း၊ ဒုတိယမေးထားသော ပန်ကေတု-ကျေးသီးလမ်းပိုင်းသည် ကွန်ဟိန်း-မိုင်းနောင်-ကျေးသီး-ပန်ကေတုလမ်းမှ လမ်းအစိတ်အပိုင်းဖြစ်ပြီး ၁၁ မိုင်အရှည်လျားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့် လမ်းဖြစ်ပါကြောင်း၊ လက်ရှိ ၁၂ ပေအကျယ် ကတ္တရာလမ်း ၁၁ မိုင်ဖြစ်ပါကြောင်း။ 

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် လမ်းမိုင်ပေါင်း ၃,၄၁၀ မိုင်ရှိပြီး ကျောက်ခင်းလမ်းအဖြစ် ၂၂၅ မိုင်ကျော်၊ အမာခံလမ်း ၁၁၇ မိုင်၊  မြေသားလမ်း ၆၅၉ မိုင်နှင့် ဆိုင်ကယ်လမ်း ၁၅၉ မိုင်ရှိကြောင်း၊ အဆိုပါလမ်းပိုင်းများသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လုပ်ငန်းများခွင့်ပြုထားပြီးဖြစ်ရာ ပထမလမ်းဖြစ်သည့် လွိုင်လင်-ပန်ကေတု- သီပေါ(ခိုလုံ) လမ်း၏ မိုင်းကိုင်လမ်းပိုင်းတွင် ကတ္တရာရေပိတ်လွှာပျက်စီးသည်ကို လောင်းခြင်း ၃ ဖာလုံ၊ အမာခံလမ်း လမ်းပခုံး ပြုပြင်ခြင်း ၃ ဖာလုံ၊ မြေသားလမ်းပခုံးပြုပြင်ခြင်း ၉ မိုင်၊ ၃ ဖာလုံ ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ မိုင်းကိုင်လမ်းပိုင်းရှိ ပျက်စီးနေသည့် လမ်းပိုင်းများအား ပြည်ထောင်စုပြင်ဆင် ထိန်းသိမ်း ခြင်းရန်ပုံငွေဖြင့် ဦးစားပေးအလိုက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်  ဒုတိယလမ်းဖြစ်သည့် ကွန်ဟိန်း-မိုင်းနောင်-ကျေးသီး-ပန်ကေတုလမ်း၏ ပန်ကေ တု- ကျေးသီးလမ်းပိုင်းကို လမ်းအနိမ့်အမြင့် ဖြေညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်း ၆ ဖာလုံ၊ ကတ္တရာလမ်းပြုပြင်ခြင်း ၂ ဖာလုံ၊ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းများကိုလည်း ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း။

အဆိုပါလမ်းနှစ်လမ်းနှင့်စပ်လျဉ်း၍ ပထမအဆင့်အနေဖြင့် ပြည်ထောင်စုနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပထမလမ်းဖြစ်သည့် လွိုင်လင်-ပန်ကေတု- သီပေါ လမ်းကို ၁၈ ပေအကျယ်ကတ္တရာလမ်းချဲ့ခြင်း ၄ မိုင်၊ ၂ ပေအကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၁ မိုင်၊ ၇ ဖာလုံ၊ ၁၀ ပေ x ၃၄ ပေ သံကူကွန်ကရစ်တံတား ၂ စင်းကို တည်ဆောက်  ပေးသွားမည် ဖြစ်ပါကြောင်း၊ ဒုတိယလမ်းဖြစ်သည့် ကွန်ဟိန်း-မိုင်းနောင်-ကျေးသီး-ပန်ကေတုလမ်းကို ၁၈ ပေ အကျယ် ကတ္တရာလမ်းချဲ့ခြင်း ၁ မိုင်၊ ၂ ဖာလုံဆောင်ရွက်ခြင်းလုပ်ငန်းများကို လျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

ဒုတိယအဆင့်အနေဖြင့် မိုင်းကိုင်လမ်းပိုင်း ၂၆ မိုင်နှင့် ပန်ကေတု-ကျေးသီးလမ်းပိုင်း ၁၁ မိုင် အား လမ်းအကျယ် ၁၈ ပေ အကျယ်ချဲ့ခြင်းနှင့် လုပ်ငန်းများကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှ စတင်၍ မိုင်းကိုင်လမ်းပိုင်းအား ပြည်ထောင်စုရန်ပုံငွေနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေ တို့တွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ပန်ကေတု-ကျေးသီးလမ်းပိုင်းသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံ ခန့်ခွဲသောလမ်းဖြစ်သဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေတွင် လျာထားဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လာသည့်အချက်အလက်များနှင့် ပေါင်းစပ်၍  ပြန်လည် ဖြေကြားခဲ့ပါသည်။