ဦးစိုင်းကျော်လှ(ကွန်ဟိန်းမဲဆန္ဒနယ်)
ကွန်ဟိန်းမြို့နယ်အတွင်း ကျေးရွာ၇၂ ရွာတို့တွင် ဆက်သွယ်ရေးကွန်ရက်မရှိပါဖြင့် အော်ပရေ တာတစ်ခုခုမှ တာဝါတိုင်၂ တိုင်တည်ဆောက်ပေးရန် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိ လိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
မေးခွန်းနှင့်စပ်လျဉ်း၍ နမ့်စန်ခရိုင်၊ ကွန်ဟိန်း မြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၄ အုပ်စုရှိပြီး ၎င်းတို့အနက်မှ ကျေးရွာအုပ်စု ၉ အုပ်စုဖြစ်သော ကျိုင်းခမ်းကျေးရွာအုပ်စု၊ ဝမ်လော ကျေးရွာအုပ်စု၊ နားတင်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာအုပ်စု၊ နားပွဲကျေးရွာအုပ်စု၊ ကွန်ပုကျေးရွာအုပ်စု၊ ဆိုင်းခေါင်ကျေးရွာအုပ်စု၊ကျိုင်းလွန်းကျေးရွာအုပ်စု၊ ဝမ်ဖိုင်ကျေးရွာအုပ်စုများ ဖြစ်ပါကြောင်း၊ ၎င်းအုပ်စု ၉ အုပ်စုထဲတွင် ပါဝင်သောကျေးရွာ ၇၂ ရွာမှာ -
(၁) ကျိုင်းခမ်းကျေးရွာအုပ်စု တွင်ပါဝင်သောကျေးရွာများမှာ ပေါက်ကန့်ကောင် ကျေးရွာ၊ ပေါက်ကန်ဝိန်းကျေးရွာ၊ ပေါက်မွေတော် ကျေးရွာ တို့ဖြစ်ပါကြောင်း၊
(၂) ဝမ်လောကျေးရွာအုပ်စုတွင်ပါဝင်သော ကျေးရွာများမှာ ဝမ်လောရွာမှကျေးရွာ၊ ပန်ဝတ် ကျေးရွာ၊ ပိန်းခန်ကျေးရွာ၊ ကုန်းစာကျေးရွာ၊ နားမွန်းကျေးရွာ၊ ပလောင် ကျေးရွာ၊ ကွတ်ပုံကျေးရွာ၊ လုံမော့ကျေးရွာ၊ ပန်ဟုတ်ကျေးရွာ၊ ပန်ပက်ကျေးရွာ၊ ဟွေဖိန်ကျေးရွာ တို့ဖြစ်ပါကြောင်း၊
(၃) နားတင်ကျေးရွာအုပ်စုတွင်ပါဝင်သော ကျေးရွာများမှာ ကွန်မိကျေးရွာ၊ ဝိန်းလုံ ကျေးရွာ၊ နားခါးလုံကျေးရွာ၊ နားပေါက်ကျေးရွာ၊ ဝမ်ဆုန်ဆန်းကျေးရွာ၊ နားခါး အွမ်ကျေးရွာတို့ ဖြစ်ပါကြောင်း၊
(၄) လွယ်ကျိုင်းကျေးရွာအုပ်စု တွင်ပါဝင်သောကျေးရွာများမှာ လွယ်ကျိုင်း ကွန်ကျောင်းကျေးရွာ၊ နားတောင်းကျေးရွာ၊ နားလကျေးရွာ၊ ဗိုလ်တကျေးရွာ၊ နားကျူ ကျေးရွာ တို့ဖြစ်ပါကြောင်း၊
(၅) နားပွဲကျေးရွာအုပ်စုတွင်ပါဝင်သော ကျေးရွာများမှာ နောင်ဝိုကျေးရွာ၊ နမ့်ခမ်း ကျေးရွာ၊ ဝမ်ဖစ်ကျေးရွာ၊ ဟိုတကျေးရွာ၊ တာဆိုင်းကျေးရွာ၊ အွမ်းကုန် ကျေးရွာ တို့ဖြစ်ပါ ကြောင်း၊
(၆) ကွန်ပုကျေးရွာအုပ်စု တွင်ပါဝင်သော ကျေးရွာများမှာလွယ်ယန်းကွန်ပုကျေးရွာ၊ နမ့်ပန်ကျေးရွာ၊ နမ့်ကုံကျေးရွာ၊ ကြူကျိန်ကျေးရွာတို့ဖြစ်ပါကြောင်း၊
(၇) စိုင်းခေါင်ကျေးရွာအုပ်စုတွင်ပါဝင်သော ကျေးရွာများမှာ ဆိုင်းခေါင်ကျေးရွာ၊ ဝမ်ဆိုင်းမွန်း ကျေးရွာတို့ဖြစ်ပါကြောင်း၊
(၈) ကျိုင်းလွန်းကျေးရွာအုပ်စုတွင်ပါဝင်သောကျေးရွာများမှာ ကျိုင်းလွန်းရွာမ ကျေးရွာ၊ ဆိုင်းလင်ကျေးရွာ၊ လွိုင်မိုင်လွိုင်ဟေးကျေးရွာ၊ နားခတ်ကျေးရွာ၊ နားတီး ကျေးရွာ၊ နားကျိုင်း ကျေးရွာ၊ နမ့်မင်ကျေးရွာ၊ နောင်လိုင်ကျေးရွာ၊ ပန်ဟန် ကျေးရွာ၊ နမ့်ပါမန်းကျေးရွာ၊ နားစောက်ကျေးရွာ၊ ပန်ခါးကျေးရွာ၊ လွယ်ချို ကျေးရွာ၊ ပန်အင် ကျေးရွာ၊ နားဖိုင်ကျေးရွာ၊ နားလုံကျေးရွာ၊ ပန်ဆပ်ကျေးရွာ၊ တာဖ ကျေးရွာ၊ ဝမ်တုံကျေးရွာ၊ ပိန်းဖွီးကျေးရွာ၊ နားကြပ်ကျေးရွာ၊ နားလီကျေးရွာ၊ နမ့်လျော ကျေးရွာ၊ တာဟုန်းကျေးရွာ၊ နမ့်ပွန်း ကျေးရွာ၊ ဆဟန်ကျေးရွာ၊ မိုက်ဟင်လောင်းကျေးရွာ၊ မိုက်ဆီလီးကျေးရွာ၊ ဆာလား ကျေးရွာ၊ ဟိုပန်ကျေးရွာ၊ ဆိုင်မိန်းကျေးရွာ၊ နားလီကျေးရွာတို့ဖြစ်ပါကြောင်း၊
(၉) ဝမ်ဖိုင်ကျေးရွာအုပ်စုတွင်ပါဝင်သော ကျေးရွာများမှာ ဝမ်ကျောင်းကျေးရွာ၊ နားယန်း ကျေးရွာ၊ ဟန်နားကျေးရွာတို့ဖြစ်ပါကြောင်း၊
၎င်းကျေးရွာပေါင်း ၇၂ ရွာ၊ အိမ်ခြေ ၁၉၁၂ အိမ်၊ လူဦးရေ ၈၆၈၇ ဦးတို့တွင် ဆက်သွယ်ရေး ကွန်ရက်မရှိပါသဖြင့် ပြည်သူလူထုများ၏ လူနေမှုစနစ် အဆင့်အတန်းဖွံ့ဖြိုးမှုရှိစေရေးအတွက် ဆက်သွယ်ရေးအဆင်ပြေစေရန် အော်ပရေတာတစ်ခုခုမှ တာဝါတိုင် ၂ တိုင်တည်ဆောက်ပေးနိုင် ပါရန် ပြည်ထောင်စုအစိုးရအဖွဲ့မှ မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်း ခဲ့ပါသည်။
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် က
ရှမ်းပြည်နယ်(တောင်ပိုင်)၊ ကွန်ဟိန်းမြို့နယ်အတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းစခန်း ၁၁ ခု၊ ATOM မှ မိုဘိုင်းစခန်း ၄ ခု၊ U 9 မှ မိုဘိုင်းစခန်း ၃ ခု၊ Mytel မှ မိုဘိုင်းစခန်း ၇ ခု၊ စုစုပေါင်း မိုဘိုင်းစခန်း ၂၅ ခုကို ဖိုင်ဘာကေဘယ်၊ မိုက္ကရိုဝေ့ဗ် အဝေး ဆက်သွယ်ရေးဆက် ကြောင်း များနှင့် ချိတ်ဆက်၍ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပါ ကြောင်း။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၉ စု၊ ကျေးရွာ ၇၂ ရွာ တွင် ဆက်သွယ်ရေးကွန်ရက်မရှိသဖြင့် ကျိုင်းလွန်းကျေးရွာနှင့် ဝမ်လောကျေးရွာတို့၌ ဆက်သွယ်ရေးတာဝါတိုင် ၂ တိုင် တည်ဆောက် ပေးနိုင်ရန် တင်ပြလာသည့်အပေါ် အဆိုပါ ကျေးရွာများအနေ ဖြင့် လျှပ်စစ်ဓာတ်အား မရရှိခြင်း၊ တောင်ကုန်းတောင်တန်းထူထပ်ပြီး အဝေး ဆက်သွယ်ရေးဆက်ကြောင်းများ တည်ဆောက်ရန် ခက်ခဲခြင်းတို့ကြောင့် မိုဘိုင်း ဆက်သွယ်ရေး စခန်းအသစ်များ တည်ဆောက်တပ်ဆင်ပေးရန် လတ်တလော အစီအစဉ်မရှိသေးပါကြောင်း။
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး နှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့်လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပြီး သွားလာရန်မလွယ်ကူသည့် နယ်မြေဒေသများတွင် ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်လျက်ရှိရာ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်း ထားသည့် ကွန်ဟိန်း မြို့နယ်အတွင်း ကွင်းဆင်းတိုင်းတာစိစစ်ရေး ဆောင်ရွက်သွား မည်ဖြစ်ပါ ကြောင်း၊ အဆိုပါကျေးရွာများတွင် မိုဘိုင်းဆက်သွယ်ရေးစခန်းများ တည်ဆောက်နိုင်ရန် အတွက် လျှပ်စစ်ဓာတ်အားရရှိနိုင်မှု၊ ဆက်သွယ်ရေးဆက်ကြောင်းများ တည်ဆောက် ချိတ်ဆက် နိုင်မှု၊ ဘဏ္ဍာငွေရရှိမှုနှင့် နယ်မြေ ဒေသအခြေအနေများအပေါ် မူတည်၍ ဆက်သွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ချက် များနှင့် ကိုက်ညီမှုရှိပါက မိုဘိုင်ဆက်သွယ်ရေး စခန်း အသစ် များ တည်ဆောက်နိုင်ရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် လျာထားစီစဉ်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။