နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာနန္ဒာလှမြင့် မြန်မာနိုင်ငံမိုဘိုင်းဖုန်းလုပ်ငန်းရှင်များအသင်း(MMIA) အဖွဲ့အား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ (၁၅-၇-၂၀၂၆) မေးခွန်းများဖြေကြားချက်နှင့် အဆိုဆွေးနွေးချက် အကျဉ်းချုပ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည် မြှင့်တင်ရေးဆိုင်ရာသင်တန်းသို့ တက်ရောက်အမှာစကားပြောကြား
MY EN

(စ)- ဦးမောင်မောင်စိုး(သာပေါင်းမဲဆန္ဒနယ်)-မေးခွန်း

2026-07-15
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

 ဦးမောင်မောင်စိုး(သာပေါင်းမဲဆန္ဒနယ်)

သာပေါင်းမြို့နယ်အတွင်းရှိ သာပေါင်း-ရေနံ့သာကားလမ်းမကြီးအား အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားမည့်အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်အတွင်းရှိ သာပေါင်း-ရေနံ့သာလမ်းနှင့် စပ်လျဉ်း၍ ၁၉၉၄-၁၉၉၅ ဘဏ္ဍာရေးနှစ်မှစတင်၍ သစ်ထုတ်လုပ်ရေးတွင် တစ်ကြောင်းထိုး မြေသားလမ်း ၃ မိုင် စတင်ဖောက်လုပ်ခဲ့ပါကြောင်း၊ နောက်ထပ် ၁၇ နှစ်အကြာဖြစ်သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် သာပေါင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဂဝံလမ်း ၁ မိုင် ဖောက်လုပ်ခဲ့ကြောင်း၊ နောက်ထပ် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တစ်ကြောင်းထိုး မြေသားလမ်း မိုင် ၂၀၊ ကျောက်အမာခံလမ်း ၂ မိုင်၊ သာပေါင်း-ရေနံ့သာ လမ်းပေါ်ရှိ တံတား ၉ စင်း၊ ဂဝံခင်းခြင်း ၇ ဖာလုံတို့အားလည်းကောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဖွံ့ဖြိုးရေး လမ်းဦးစီးဌာနမှ ကျောက်အမာခံလမ်း ၁ မိုင်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် ကွန်ကရစ်လမ်း ၁ မိုင်၊ ၄ ဖာလုံနှင့် ကျောက်အမာခံလမ်း ၂ မိုင်တို့အားလည်းကောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း ၄ ဖာလုံနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် တွင် ကွန်ကရစ်လမ်း ၁ မိုင်တို့အား ဖောက်လုပ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ ယနေ့အထိ လုပ်ငန်းများ လုံးဝရပ်ဆိုင်း သွားသည့်အပြင် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း လျာထားသတ်မှတ်ခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း။

သာပေါင်း-ရေနံ့သာလမ်းမကြီးသည် တပ်မတော်ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်နေသည့် အချက်အချာကျ မဟာဗျူဟာမြောက်လမ်းမကြီး ဖြစ်သည့်အပြင် ဧရာဝတီတိုင်း နှင့် ရခိုင်ပြည်နယ်မြို့ကို အချိန်တိုအတွင်းဆက်သွယ်ရောက်ရှိနိုင်တဲ့ လမ်းမကြီးတစ်ခုလည်း ဖြစ်ပါ ကြောင်း၊ ထို့အပြင် သာပေါင်းမြို့နယ်အတွင်းရှိ တောင်ကလေး ကျေးရွာအုပ်စု၊ ရှမ်းမမြောင် ကျေးရွာ အုပ်စု၊ ပျဉ်းမထုံး၊ တောင်ကွင်း၊ လာဟဂမုံး၊ အနန်းကုန်း၊ ခွေးကုတ်၊ မရမ်းချိုကျေးရွာအုပ်စုနှင့် ရွှေရောင်ချကျေးရွာအုပ်စု စသည့် ကျေးရွာအုပ်စုကြီး ၉ အုပ်စုနှင့် ကျေးရွာငယ်ပေါင်း ၆၀ ကျော်၊ အကျိုးပြုအိမ်ခြေပေါင်း ၃,၀၀၀ ခန့်နှင့် လူဦးရေပေါင်း ၂၀,၀၀၀ ကျော်တို့အား အကျိုးပြုပေးမည့် လမ်းမကြီးတစ်ခုဖြစ်သည့်အတွက် အထက်ဌာနမှ အရာထမ်းလမ်းအဆင့်အတန်း သတ်မှတ်ချက် အား Class A ဦးစားပေးအဆင့် သတ်မှတ်ထားကြောင်း၊ သို့သော် ၁၉၉၄-၁၉၉၅ ဘဏ္ဍာရေးနှစ်တွင် စတင်သည့်လမ်းမကြီးသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အထိသာ ဖြည်းဖြည်းချင်းဆောင်ရွက်ခဲ့ရာ စုစုပေါင်း သာပေါင်းမြို့နယ် အဆုံးထိ ၂၃ မိုင်ရှိသည့်အနက် ကွန်ကရစ်လမ်း ၃ မိုင်၊ အမာခံကျောက် လမ်း ၃ မိုင်နှင့် မြေသားတာဘောင်ချဲ့အမာခံလမ်း ၃ မိုင်သာပြီးစီးခဲ့ပြီး ဆက်လက်ဖောက်လုပ်ရန် ကျန်ရှိနေသည့် ကွန်ကရစ်လမ်း မိုင် ၂၀၊ ကျောက်လမ်း ၁၇ မိုင်နှင့် ‌မြေသားလမ်း ၁၄ မိုင်တို့သည် လွန်ခဲ့သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ ယနေ့အထိ ရပ်တန့်နေခဲ့သည်မှာ ၆ နှစ်ခန့်ရှိပြီဖြစ် ကြောင်း၊ ကျန်ရှိသည့် မြေသားလမ်း  ၁၄ မိုင်ဆိုသည်မှာ အကျယ် ၁၈ ပေမဟုတ်ဘဲ ၁၀ ပေခန့်သာ ကျယ်သည့် တစ်ကြောင်းထိုး မြေသားလမ်းသာ လုပ်ရသေးသည့် အခြေအနေဖြစ်ပါကြောင်း၊ သာပေါင်း-ရေနံ့သာလမ်းမကြီးတစ်ခုလုံး၏ မိုင်အရှည် သည် ၄၄ မိုင်ရှည်လျားပါကြောင်း၊ သို့သော် မိမိမေးမြန်းလိုသည်မှာ သာပေါင်းမြို့နယ် နိမိတ်အဆုံးအထိ ၂၃ မိုင်အထိသာဖြစ်ပြီး အဆိုပါ၂၃ မိုင်ကိုလည်း တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဆောင်ရွက် ပေးရန်မဟုတ်ဘဲ အဆင့်အဆင့် အစီအစဉ်အတိုင်း ဆောင်ရွက်ပေးရန် တင်ပြခြင်းဖြစ်ပါကြောင်း။

သာပေါင်း-ရေနံ့သာလမ်းမကြီး ၂၃ မိုင် တွင် ၃ မိုင်သာ ကွန်ကရစ်လမ်းခင်းရသေးသည့် အနေအထားဖြစ်ကြောင်း၊ သာပေါင်းမြို့တွင် အဓိကမြစ်ကြောင်း လမ်းတစ်ခုနှင့် ရခိုင်ဘက် သွားသည့် လမ်း ယခုဖောက်လုပ်မည့် သာပေါင်း- ရေနံ့သာ လမ်းသာ ရှိပါကြောင်း၊ နောက်တစ်ခုမှာ ပုသိမ်ကိုသွားသည့်လမ်း၊ ပင်လယ်ဘက်ထွကသည့် သာပေါင်း- မန်ကျည်းစင်လမ်းရှိပါကြောင်း၊  ယခုဖောက်လုပ်ပြီးစီးသည့် ကွန်ကရစ်လမ်း ၃ မိုင် ကို ခင်းပြီးထားသည့် အနေအထားဖြစ်ပါကြောင်း နှင့် ကွန်ကရစ်လမ်း ၃ မိုင်ပြီးသည့်အခါတွင် နောက်ထပ် ကျောက်ချောလမ်း ၃ မိုင်ခင်းထားသည့် အနေအထားဖြစ်ပါကြောင်း၊ ကျောက်ချောလမ်းပြီးသည့်အခါ နောက်ထပ် အမာခံမြေသားလမ်း ဖောက်လုပ်ထားခြင်းဖြစ်ပါကြောင်း၊ တစ်ကြောင်းထိုး မြေသားလမ်းဖြစ်ပါကြောင်းနှင့် တစ်ကြောင်း ထိုးမြေသားလမ်းသည် အားလုံးကျန်ရှိနေသည်မှာ ၁၄ မိုင်ပင် ကျန်ရှိနေပါကြောင်း၊ လမ်းတစ် လျှောက်တွင် ချောင်းများ၌ ထိုးထားသည့် တံတားများ၏ အခြေအနေဖြစ်ပြီး နှစ်ကာလကြာပြီ ဖြစ်သည့်အတွက် Maintenance နှင့် စပ်လျဉ်း၍ လျော့နည်းယိုယွင်းလာသည့်အတွက် ဆိုင်ကယ်ပင် မနည်းသွားရသည့် အနေအထားဖြစ်ပါကြောင်း၊ သာပေါင်းနယ်နိမိတ်အဆုံးထိရှိ ၂၃ မိုင်တွင် ကွန်ကရစ်လမ်းပြီးသည့် ၃ မိုင်၊  ကျောက်ချောလမ်းပြီးသည့် ၃ မိုင်၊ ပြီးရင် မြေသားတာဘောင်ချဲ့ အမာခံလမ်း ၃ မိုင်နှင့် မြေသားတစ်ကြောင်းထိုး ၁၄ မိုင်၊ ကွန်ကရစ်လမ်းခင်းထားသည့် ပြီးစီးမှု ၃ မိုင်၊ ဒုတိယအဆင့် ကျောက်ချောလမ်းကို ပြသသည့် ၃ မိုင်ပြီးသည့်အနေအထား၊ မြေသားတာ ဘောင်ချဲ့ အမာခံလမ်း ၃ မိုင်ပြီးစီးသည့်အနေအထားနှင့် တစ်ကြောင်းထိုးမြေသားလမ်း ၁၄ မိုင်ကို ပြသသည့် အနေအထားဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ အချက်အချာကျပြီး မဟာဗျူဟာမြောက်လမ်းမကြီးဖြစ်သည့် သာပေါင်း-ရေနံ့သာ လမ်းမကြီး ဖောက်လုပ်ပြီးစီးပါက ဒေသခံပြည်သူလူထုပေါင်း ၂၀,၀၀၀ ကျော်တို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ စိုက်ပျိုး၊‌ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သည့်အပြင် ပြည်သူလူထု၏ လူမှုစီးပွားဘဝများ မြှင့်တင်နိုင် မည်ဖြစ်သည့်အတွက် အဓိကကျသည့် သာပေါင်း-ရေနံ့သာလမ်းမကြီးအား ကွန်ကရစ်လမ်းအဖြစ် အဆင့်ဆင့် အစီအစဉ်အတိုင်း ဆက်လက်ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် စတင်ဖောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က

         သာပေါင်း-ရေနံ့သာလမ်းသည် စုစုပေါင်းအရှည် ၄၅ မိုင်ခန့်ရှိပြီး Class A လမ်းဖြစ်သော်လည်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲရသည့် လမ်းကြောင်းဖြစ်ကြောင်း၊ အဆိုပါလမ်းသည် သာပေါင်းမြို့နယ်ရှိ တောင်ကလေးကျေးရွာမှစတင်ပြီး ဂွ-ငါးသိုင်း ချောင်းလမ်းနှင့် ဆက်သွယ်ထား သော လမ်းတစ်လမ်းလည်း ဖြစ်ပါကြောင်း၊ လက်ရှိလမ်းအခြေအနေသည် ကွန်ကရစ် ၃ မိုင်၊ ကျောက်ခင်းလမ်း ၃ မိုင်၊ အမာခံလမ်း ၁၀ မိုင်နှင့် မြေသားလမ်း ၂၉ မိုင်ဖြစ်ပါကြောင်း၊ ဧရာဝတီ တိုင်းတွင် လမ်းကွန်ရက်သည် လမ်းပေါင်း ၂,၇၅၃ မိုင်ရှိပြီး Unpaved ဖြစ်နေသည်မှာ ကျောက်ခင်း လမ်း ၄၀၇ မိုင်ခန့်၊ အမာခံလမ်း ၂၂၈ မိုင်ခန့်၊ မြေသားလမ်း ၄၇၆ မိုင်ခန့် ကျန်ရှိပါကြောင်း။

         သာပေါင်းမြို့နယ်အတွင်းရှိ သာပေါင်း-ရေနံ့သာလမ်းအပိုင်း ၂၃ မိုင်နှင့်စပ်လျဉ်း၍ ပထမ အဆင့်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အဆိုပါ လမ်းပိုင်းအား ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရန် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် အမာခံလမ်းနှင့် မြေသားလမ်းများအား ရာသီမရွေးသွားလာနိုင်သည့် ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်သွားရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်၍ နှစ်အလိုက်လျာထား ဆောင်ရွက်နိုင်ရေး ရန်ပုံ ငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြန်ကြားချက်များနှင့်အတူ ပြန်လည်ဖြေကြားခဲ့ပါသည်။