နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ ဘယ်လာရုစ်သမ္မတနိုင်ငံ Belaya Rus ပါတီ ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဥတ္တရခရိုင် တပ်ကုန်းမြိုနယ်တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်းပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းခြင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သတင်းမီဒီယာများနှင့် တွေ့ဆုံ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
MY EN

(ခ)-ဦးမောင်ရွှေ (လွိုင်ကော်မဲဆန္ဒနယ်)-မွေးခွန်း

2026-07-01
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးမောင်ရွှေ (လွိုင်ကော်မဲဆန္ဒနယ်)

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရပ်ကွက်များအား ရေလွှမ်းမိုးမှုမှကာကွယ်ရန် ဘီးလူးချောင်း ဘေးမှ ရေတား တာဘောင်ပြုလုပ်ပေးပါရန်နှင့် ရှိပြီးသားတာဘောင်အား ပြန်လည်မြှင့်တင်ဆောင်ရွက်ပေးရန် အစီ အစဉ် ရှိ မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

         လွိုင်ကော် မြို့နယ်တွင် မြို့အတွင်းသို့ ကွေ့ပတ် စီးဆင်းနေသော အလွန်လှပသည့် ဘီလူးချောင်း ရှိပါကြောင်း၊ ခရီးသွားဧည့်သည်များ လည်ပတ်ကောင်းမွန်သော မြို့တစ်မြို့ဖြစ်ပြီး အာဆီယံ တွင်လည်း အသန့်ရှင်းဆုံးသောမြို့တစ်မြို့အဖြစ် မှတ်တမ်းဝင်ခဲ့ပါကြောင်း၊ ဘီလူးချောင်း မှ စီးဆင်းသွားသော ရေများကို လောပိတရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အမှတ် ()၊ ()၊ (မှ အဆင့်မြှင့်လျှပ်စစ် ထုတ်လုပ်ပေးလျက်ရှိသည်ကိုလည်း အများအသိဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ် တွင်တစ်ကြိမ် ရေလွှမ်းမိုးမှုကို ခံစားကြရပါကြောင်း၊ နှစ်စဉ်လိုလိုမိုးများခြင်း၊ ရေလျှံခြင်း၊ ဘီလူးချောင်း မှ ရေမြင့်တက်လာခြင်း တို့ကြောင့် အလွန်လှပသော လွိုင်ကော်မြို့နယ်ရှိ ရပ်ကွက် ၈ ရပ်ကွက်သည် ရေဘေးသင့်ဒဏ်ကို ခံစားခဲ့ကြရပါကြောင်း။ 

         ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ မှစ၍ မိုးများ၍ ရေကြီးရေလျှံဖြစ်ပေါ်ခဲ့ရာ အလွန်ဆိုးဝါးသော နှစ် အဖြစ်စံချိန်တင်ဖြစ်ခဲ့ရပါကြောင်း၊ လွိုင်ကော်မြို့ပေါ်ရှိ အနိမ့်ပိုင်းတွင်ပါဝင်သော ရပ်ကွက်များ သည် ကတ္တရာလမ်းပေါ်တွင် မော်တော်ဘုတ်များ မောင်းရသည်အထိ ရေလွှမ်းမိုးမှုကို ခံစားကြရပါ ကြောင်း၊ နှစ်စဉ် မိုးများ၍ ရေကြီးရေလျှံ ရေလွှမ်းမိုးမည်ကို ကြိုသိရှိကြသဖြင့် မိုးဦးကျလျှင် ပြောင်းရွှေ့ရန် နေရာရှာကြရပါကြောင်း၊ စားဝတ်နေရေးအတွက် အခက်အခဲနှင့်ကြုံတွေ့ကြရပါ ကြောင်း၊ ဘီလူးချောင်းသည် နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ နုန်းများဝင်ရောက်မှုများလည်း များပြားလာသည် မှာ အမှန်ပဲဖြစ်ပါကြောင်း၊ မိုးကောင်းပြီဆိုပါက ဘီလူးချောင်းတွင် ရေမြင့်တက် လာသည်ကို  တွေ့ရှိရပါကြောင်း။

         မြန်မာနိုင်ငံတွင် တာတမံကော်မတီအဖွဲ့ ဖွဲ့စည်းထားရှိသည်ကို သိရှိရပါကြောင်း၊ပညာရှင် များ နှင့်ဖွဲ့စည်းထားသော တာတမံအဖွဲ့များ ဘီလူးချောင်းကိုကွင်းဆင်းပြီး ရေစီးဆင်းမှု၊ ရေဝင် ရောက်မှု၊ ရေသိုလှောင်မှုစနစ်များကို ကြည့်ရှုစစ်ဆေးပေးသင့်ပါကြောင်း၊ ၂၀၂၆-၂၇ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ရန်လျာထားသည့်လုပ်ငန်းများမှာ ဒေါနိုးကူးတံတားမှ နမ့်ကွတ်ရေစီးကွေ့အထိ၊ ရှမ်းပိုင်း ရပ်ကွက်တံတားမှ ဒေါနိုးကူးရပ်ကွက်တံတားအထိ မြေထိန်း နံရံကာရံ ခြင်းပါဝင်လာပြီး ဘီလူးချောင်း ကမ်းပါး ကန္တာရဝတီတံတားမှ ရှမ်းပိုင်းရပ်ကွက်တံတားအထိ အုတ်စီခြင်းလုပ်ငန်းများ ရွှေတောင် ရပ်ကွက်ကမ်းနားလမ်း၊ ရွှေချောင်းနှင့်သံတံတားအကြား မြေထိန်း နံရံတည်ဆောက် ခြင်းနှင့် ရွှေချောင်း တောင်ဘက်ထောင့်ရှိ ရေထွက်ပေါက်တွင် ရေတံခါးတပ်ဆင်ခြင်းလုပ်ငန်း များပါဝင်လာသည်ကိုသိရှိရပါကြောင်း၊ ကျန်ရှိနေသော ဓမ္မာရုံရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ ဈေးပိုင်း ရပ်ကွက်နှင့် ကန္တာရဝတီတံတားမှ မင်းစုရပ်ကွက် ရွှေချောင်းအထိ ရေထိန်း နံရံ တာဘောင်အား မြှင့်တင်မှုပြုလုပ်ပေးရန်လည်း လိုအပ်လျက်ရှိပါ‌ကြောင်း။  

         ရေထိန်း နံရံ တာဘောင်တစ်လျှောက် ၆ ပေအကျယ်၊ အမြင့် ၁၂ လက်မ ကွန်ကရစ်လမ်း စတီး လက်ရန်းတိုင်အကာပါ ထည့်သွင်းပြုလုပ်ပေးပါက ပြည်သူများလမ်းလျှောက် အပန်းဖြေမည့် နေရာတစ်ခုဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၂၇-၂၈ ဘဏ္ဍာရေးနှစ် တွင် ဘီလူးချောင်း ဘေး ရေထိန်းနရံတာဘောင်တစ်လျှောက် ၆ ပေအကျယ်၊ အမြင့် ၁၂ လက်မ ကွန်ကရစ်လမ်း စတီး လက်ရမ်းပါ အကာများပါ ဆက်လက်၍ ထည့်သွင်းပြုလုပ်ပေးပါရန်နှင့် ဓမ္မာရုံရပ်ကွက်၊ မင်္ဂလာ ရပ်ကွက်၊ ဈေးပိုင်းရပ်ကွက်နှင့် ကန္တာရဝတီတံတားမှ မင်းစုရပ်ကွက် ရွှေချောင်းအထိ ရေထိန်း နံရံ တာဘောင်အား အဆင့်မြှင့်တင်သည့်လုပ်ငန်းအား ထည့်သွင်းပြုလုပ်ပေးနိုင်ပါရန် သိရှိလိုပါ ကြောင်းဖြင့် မေးမြန်းပါသည်။ 

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က    

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် နှစ်စဉ်မိုးများ၍ ဘီလူးချောင်း ရေမြင့်တက် မှုကြောင့် ဘီလူးချောင်းကမ်းဘေး အနိမ့်ပိုင်းရပ်ကွက်များဖြစ်သော မင်္ဂလာရပ်ကွက်၊ ဓမ္မာရုံ ရပ်ကွက်၊ ဈေးပိုင်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ရှမ်းပိုင်းရပ်ကွက်၊ ဒေါနိုးကူးရပ်ကွက်၊ မင်းစု ရပ်ကွက် အနိမ့်ပိုင်းနေရာနမ့်ကွတ်ရပ်ကွက်တို့ကို နှစ်စဉ်ရေလွှမ်းမိုးမှုဒဏ်ခံရလေ့ရှိပြီး ရေဝင်ရောက် လွှမ်းမိုးမှုကို ကာကွယ်ရန် အတွက် ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေနီကန်ကျေးရွာနှင့် သတ္တပလူ ကျေးရွာအနီး  ဘီလူးချောင်း အတွင်းရှိ သဲနုန်းများ၊ ဒိုက်ပင်၊ ကိုင်းပင်များအား တူးဖော် ဖယ်ရှားခြင်း လုပ်ငန်း ၂ ခု၊ ကန္တာရဝတီတံတားမှ နမ့်ကွတ်ရေစီးကွေ့အတွင်းဘီလူးချောင်းဘေးမြေနိမ့်နေရာအား ကျောက်ရော မြေဖြင့် ဘောင်မြှင့်တင်ခြင်းနှင့် ရေဆိုးထုတ်မြောင်းနေရာ ၅ နေရာအား ရေတံခါး တည်ဆောက်ခြင်း လုပ်ငန်း ၁ ခုစုစုပေါင်းလုပ်ငန်း ၃ ခု ဆောင်ရွက်ခဲ့ပါကြောင်း။

၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြည်နယ် ရန်ပုံငွေဖြင့် နမ့်ကွတ်ရေစီးကွေ့မှ ဒေါ့တချား ရေထိန်းတံခါးအတွင်း တာဘောင်ဖို့ခြင်း၊သဲနုန်းခုံများဖယ်ရှားခြင်း စုစုပေါင်းလုပ်ငန်း ၅ ခုကို ဆောင်ရွက်သွားမည့်ဖြစ်ပြီး ဘီလူးချောင်း ကမ်းပါးဘေး ထပ်မံ၍ လိုအပ်သောနေရာများဖြစ်သည့် ရှမ်းစုရပ်ကွက်၊ နန္ဒာလမ်းကျောက်စီရေတား တာဘောင် နှင့် လျှောက်လမ်းပြုလုပ်ခြင်း အလျား ၄၃၀ ပေ (မြဝတီလမ်းမှ ရူမဝလမ်း အထိ)၊ ဒေါဥခူရပ်ကွက်၊ ကမ်းနားလမ်း ကျောက်စီရေတား တာဘောင်နှင့် လျှောက်လမ်းပြုလုပ်ခြင်း အလျား ၁၀၆၀ ပေ (ကျွန်းတောလမ်းမှ ဒွေးမယ်နော်လမ်းအထိ)တို့အား ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လိုအပ်သော သဲနုန်းများနှင့် ရေကြီးရေလျှံမှုများအတွက် စူးစမ်း လေ့လာမှု၊ လိုအပ်မှုများကိုလည်း ဝန်ကြီးဌာနမှ ပေါင်းစပ်ပြီး လိုအပ်သည်များ ကူညီပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။