ဦးဌေးလွင်(ခ)ဦးဒီလုံး(နမ့်စန်မဲဆန္ဒနယ်)
နမ့်စန်မြို့နယ်၊ ဟိုင်းနားကြီးကျေးရွာအုပ်စု၊ နားရိုင်းလမ်းမကြီးရှိ 33 KV ဓာတ်အားလိုင်းမှ နောင်ခမ်း-နောင်ခါး-နမ့်စမ်(နမ့်ဟူးမိုင်)-နောင်ဒေးကျေးရွာများအထိ 33 KV ဓာတ်အားလိုင်း ၇ မိုင်နှင့် 33/0.4 KV ထရန်စဖော်မာ ၄ လုံး တည်ဆောက်ပေးရန်အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
နမ့်စန်မြို့နယ်၊ ဟိုင်းနားကြီးကျေးရွာအုပ်စုအတွင်းရှိ နားရိုင်းရွာမကြီးအထိ 33 KV ဓာတ်အားလိုင်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေး ခဲ့သည့် ဓာတ်အားလိုင်း ကြီး ဖြစ်ပါကြောင်း၊ ၎င်းဓာတ်အား လိုင်းကြီးရရှိသည့်အချိန်မှစပြီး နားရိုင်း ရွာမကြီးလမ် တစ်လျှောက် ကျေးရွာတွေအားလုံး မီးလင်းနေတာကို တွေ့ရှိရမည်ဖြစ် ပကြောင်း၊ ၎င်းဓာတ်အားလိုင်း နားရိုင်းရွာမ ထိ ရောက်ရှိလာသည်မှာ ၁၀ နှစ်ကျော်ပြီ ဖြစ်သော်လည်း နားရိုင်းရွာမ၏ တောင်ဘက်အခြမ်းမှာ ရှိ သည့် နမ့်ခမ်း၊ နောင်ခမ်း၊ နောင်ဒေး၊ နောင်ခါး အစရှိသည့် ကျေးရွာ ၄ ရွာကို ဓာတ်အားလိုင်းများ ရောက်ရှိခြင်း မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ ဖော်ပြပါ ကျေးရွာ ၄ ရွာတွင် အိမ်ခြေ ၄၀၀ ခန့်နှင့် ပြည်သူလူထု ၂၀၀၀ ခန့် နေထိုင်ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အစစအရာရာ နိမ့်ကျ လျက်ရှိပြီး ကျေးလက်နှင့်မြို့ပြ ဆင်းရဲချမ်းသာမှု၊ ဖွံ့ဖြိုးမှုကွာဟလျက်ရှိ နေသည်ကိုလည်း တွေ့ရှိရပါ ကြောင်း၊ ကျေးရွာရှိတိုင်းရင်းသားပြည်သူများနှင့် မိမိတို့တွေ့ဆုံသည့်အခါ ကျေးရွာနေပြည်သူများ၏ ဆန္ဒမှာ နမ့်စန် မြို့နယ်၊ ဟိုင်းနားကြီး ကျေးရွာ အုပ်စု၊ နားရိုင်းရွာမကြီးမှ နောင်ခမ်းကျေးရွာအထိ 33 KV ဓာတ်အားလိုင်း ၂ မိုင်နှင့် 33/0.4 KV၊ 100 KVA ထရန်စဖော်မာတစ်လုံး တည်ဆောက်ပေးနိုင်ရန်၊ နမ့်စန်မြို့နယ်၊ ဟိုင်းနားကြီး ကျေးရွာ အုပ်စု၊ နောင်ခမ်းကျေးရွာမှ နောင်ခါး ကျေးရွာအထိ 33 KV ဓာတ်အားလိုင်း ၁ .၄ မိုင်နှင့် 33/0.4 KV၊ 100 KVA ထရန်စဖော်မာတစ်လုံး တည်ဆောက်ပေးနိုင်ရန် ၊ နမ့်စန်မြို့နယ်၊ ဟိုင်းနားကြီး ကျေးရွာအုပ်စု၊ နောင်ခါးကျေးရွာမှ နမ့်ခမ်းကျေးရွာအထိ 33 KV ဓာတ်အား လိုင်း ၂.၂ မိုင် နှင့် 33/0.4 KV၊ 200 KVA ထရန်စဖော်မာ တစ်လုံးတည်ဆောက်ပေးနိုင်ရန် ၊ နမ့်စန်မြို့နယ်၊ ဟိုင်းနားကြီးကျေးရွာအုပ်စု၊ နမ့်ခမ်းကျေးရွာမှ နောင်ဒေးကျေးရွာအထိ 33 KV ဓာတ်အားလိုင်း ၁.၃ မိုင် နှင့် 33/0.4 KV၊ 200 KVA ထရန်စဖော်မာတစ်လုံး တည်ဆောက်ပေးနိုင်ရန် နှင့် အထက်ဖော်ပြပါ ကျေးရွာ ၄ ရွာအတွက် စုစုပေါင်း 33 KV ဓာတ်အားလိုင်း ၇ မိုင်ခန့်နှင့် 33/0.4 KV ထရန်စဖော်မာ ၄ လုံးတို့အား နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် ဦးစားပေးထည့်သွင်း ဆောင်ရွက်မည့် အစီအစဉ်အား သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအေးကျော် က
ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ ဟိုင်းနားကြီးကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာတွင် အိမ်ထောင်စု ၅၆ စု၊ နောင်ခါးကျေးရွာမှာ အိမ်ထောင်စု ၆၂ စု၊ နမ့်စမ်(နမ့်ဟူးမိုင်)ကျေးရွာ၌ အိမ်ထောင်စု ၁၄၂ စုနှင့် နောင်ဒေးကျေးရွာတွင် အိမ်ထောင်စု ၁၅၆ စုရှိပါကြောင်း၊ နောင်ခမ်းကျေးရွာ၊ နောင်ခါးကျေးရွာ၊ နမ့်စမ်(နမ့်ဟူးမိုင်)ကျေးရွာ၊ နောင်ဒေးကျေးရွာများ ဓာတ်အားရရှိရေးအတွက် 66/33 KV၊ နမ့်စန်ဓာတ်အားခွဲရုံ၏ နမ့်စန်၊ နားရိုင်း 33 KV ဓာတ်အားလိုင်းက 33/0.4 KV ထရန်စဖော်မာဖြင့် ဓာတ်အားရရှိရေးဖြစ်သည့် နားရိုင်းရွာမကြီးကျေးရွာမှ နောင်ခမ်းကျေးရွာသို့ 33 KV ဓာတ်အားလိုင်း ၂ မိုင် နှင့် 33/0.4 KV၊ 100 KVA ထရန်စဖော်မာတစ်လုံး တည်ဆောက်ခြင်းအတွက် ခန့်မှန်းကုန်ကျစရိတ် ကျပ် ၇၉၆ သန်း၊ နောင်ခမ်းကျေးရွာမှ နောင်ခါးကျေးရွာသို့ 33 KV ဓာတ်အားလိုင်း ၁.၄ မိုင်နှင့် 33/0.4 KV၊ 100 KVA ထရန်စဖော်မာတစ်လုံး တည်ဆောက်ခြင်းအတွက် ခန့်မှန်းကုန်ကျစရိတ် ကျပ် ၅၈၅.၇ သန်း၊ နောင်ခါးကျေးရွာမှ နမ့်စမ်(နားဟူးမိုင်)ကျေးရွာသို့ 33 KV ဓာတ်အားလိုင်း ၂.၂ မိုင်နှင့် 33/0.4 KV၊ 200 KVA ထရန်စဖော်မာတစ်လုံး တည်ဆောက်ခြင်းအတွက် ခန့်မှန်းကုန်ကျစရိတ် ကျပ် ၈၈၁.၁ သန်းနှင့် နမ့်စမ်(နားဟူးမိုင်)ကျေးရွာမှ နောင်ဒေးကျေးရွာသို့ 33 KV ဓာတ်အားလိုင်း ၁.၃ မိုင် နှင့် 33/0.4 KV၊ 200 KVA ထရန်စဖော်မာတစ်လုံး တည်ဆောက်ခြင်းအတွက် ခန့်မှန်း ကုန်ကျစရိတ် ကျပ် ၅၆၅.၆၅ သန်းကုန်ကျမှာဖြစ်ပြီး စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ် ကျပ် ၂၈၂၈.၄၅ သန်း ကုန်ကျ မည်ဖြစ်ပါသဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေဖြင့် ၂၀၂၇-၂၈ ဘဏ္ဍာရေးနှစ်မှစပြီး ဘဏ္ဍာရေးနှစ်အလိုက် ထည့်သွင်းလျာထားပေးမည် ဖြစ်ပြီး ဘဏ္ဍာ ငွေခွင့်ပြုရရှိမှုအပေါ်မူတည်၍ တည်ဆောက်ပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
ဦးဌေးလွင်(ခ)ဦးဒီလုံး(နမ့်စန်မဲဆန္ဒနယ်)ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဒုတိယဝန်ကြီးမှ ၂၀၂၇-၂၈ ဘဏ္ဍာနှစ်မှစပြီး ရှမ်းပြည်နယ်အစိုးရ၏ ဘဏ္ဍာရေးနှစ်အလိုက် ထည့်သွင်း ဆောင်ရွက်ပေးမည်ဆိုသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ 33 KV ဓာတ်အား လိုင်းကို ယခင်ကလည်း ပြည်ထောင်စုဘဏ္ဍာမှနေပြီး ထည့်သွင်းဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ယခု ဒုတိယဝန်ကြီးပြောသွားသည့်အထဲတွင် ငွေပမာဏလည်းများသည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၏ ဘဏ္ဍာငွေလောက်နှင့်တော့ မလုံလောက်နိုင်ဘူးလို့ မိမိထင်မြင်ယူဆသည့် အတွက် ပြည်ထောင်စု ဘဏ္ဍာငွေမှ ထည့်သွင်းဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/ မရှိကိုလည်း သိလိုပါကြောင်းဖြင့် ဆက်စပ် မေးခွန်းမေးမြန်းပါသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအေးကျော် က
မိမိတို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်ပေါင်းစပ်ညှိနှိုင်းပြီး ဖြေကြားခြင်း ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေအခြေအနေအရဆိုပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးပြီးမှ ပြည်ထောင်စု ရန်ပုံငွေ၏ စီစဉ်ဖြင့်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဆက်စပ်မေးခွန်းအားပြန်လည် ဖြေကြားခဲ့ပါ သည်။