နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေး‌ဆိုင်ရာ ဥပဒေသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ (၃၀-၆-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် Naypyitaw State Academyမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ
MY EN

(က)- ဦးစိုင်းဝန်းဆမ် (မိုင်းခတ်မဲဆန္ဒနယ်)-မေးခွန်း

2026-06-30
နယ်စပ်ရေးရာဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးစိုင်းဝန်းဆမ် (မိုင်းခတ်မဲဆန္ဒနယ်)

မိုင်းခတ်မြို့နယ်၊ ဟွေဖယ်ရွာမှ ပါပီကျေးရွာသွားလမ်း ၃/၀မိုင် မြေလမ်းပေါ်တွင် အရှည် ၂၀ ပေ ကွန်ကရစ် တံတား(၁)စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် ရှိလျှင်မည်သည့် အချိန်တွင် တည်ဆောက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မိုင်းခတ်မြို့သည် ရပ်ကွက် ၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၆ စုဖြင့် ဖွဲ့စည်းထားသော မြို့ဖြစ်ပါကြောင်း၊ ကျေးရွာအုပ်စုများတွင် အများအားဖြင့် တိုင်းရင်းသားလူမျိုးများစွာ နေထိုင်ကြပါ ကြောင်း၊ ဟွေဖယ်ကျေးရွာမှ ပါပီကျေးရွာသို့ ကျေးရွာချင်းဆက်လမ်း မြေသားလမ်း ၃ မိုင်ကို အစိုးရမှ ဖောက်လုပ်ပေးထားပြီးဖြစ်ပါကြောင်း၊ မိုးရာသီတွင် မိုးများသည့်အတွက် မြေပြိုခြင်း၊ လမ်းမပေါ်တွင် ရေစီးကြောင်းများဖြစ်ပေါ်စေခြင်းတို့ကြောင့် လမ်းများပျက်စီးနေပြီး ၎င်းလမ်းမပေါ်တွင် ကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ပေးရန် လိုအပ်နေကြောင်း၊ ၎င်းကွန်ကရစ်တံတား ၁ စင်း တည်ဆောက် ပေးမည်ဆိုပါက ကျေးရွာသူကျေးရွာသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ၎င်းတို့၏ လယ်ယာထွက်ကုန် ပစ္စည်းများ သယ်ယူပို့ဆောင်ရောင်းဝယ်ရေးကိစ္စလည်း အဆင်ပြေလာမည် ဖြစ်ပါကြောင်း၊ ၎င်းအပြင် အရေးကြီးလူနာများ၊ ခွဲစိတ်လူနာများရှိခဲ့လျှင်လည်း ဆေးရုံသို့ သွားရောက်ပို့ဆောင်ရာတွင် အခက်အခဲ မရှိကြောင်း။ မိုင်းခတ်မြို့နယ် ပါပွန်းကျေးရွာအုပ်စု၊ ဟွေဖယ် ရွာမှ ပါပီကျေးရွာသွားလမ်း ၃ မိုင်မြေသားလမ်းပေါ်တွင် အရှည် ၂၀ ပေကွန်ကရစ်တံတား ၁ စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ၊ ရှိလျှင်မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး က

မိုင်းခတ်မြို့နယ်၊ ပါပွန်းကျေးရွာအုပ်စု၊ ဟွေဖယ်ကျေးရွာမှ ပါပီကျေးရွာ သွားလမ်း ၃ မိုင် ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ နှင့် မြေလမ်း ၃ မိုင် ဖောက်လုပ်ထားပြီး ကျေးရွာ ၃ ရွာ၊ အိမ်ခြေ ၁၆၀ နှင့် လူဦးရေ ၈၀၀ ဦးတို့ကို အကျိုးပြုလျက်ရှိကြောင်း အဆိုပါလမ်းပိုင်းပေါ်ရှိ ပေ ၂၀ ကွန်ကရစ်တံတား ၁ စင်း တည်ဆောက် ခြင်းလုပ်ငန်းကို နိုင်ငံတော်၏ ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ သို့မဟုတ် ပြည်နယ်ရန်ပုံငွေမှ အဆိုပြုလျာထား ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။