နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေး‌ဆိုင်ရာ ဥပဒေသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ (၃၀-၆-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် Naypyitaw State Academyမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ
MY EN

(ခ)-ဦးကျော်ငြိမ်းအောင်(တာချီလိတ်မဲဆန္ဒနယ်)-မေးခွန်း

2026-06-30
တတိယအကြိမ်
နယ်စပ်ရေးရာဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးကျော်ငြိမ်းအောင်(တာချီလိတ်မဲဆန္ဒနယ်)
တာချီလိတ်မြို့၊ အောက်မိုင်းဟဲကျေးရွာအုပ်စုသွားလမ်းမကြီးကို အရှည် ၂၂ မိုင်ကျော်ခန့် အကျယ် ပေ ၂၀ ရှိ မြေသားလမ်းမှ ကတ္တရာလမ်းအဆင့်သို့ ပြုပြင်ပေးရန် အစီအစဉ်ရှိ မရှိနှင့် ယင်း လမ်းမကြီး ကောင်းမွန်‌စေရန် မည်သို့စီမံဆောင်ရွက်ပေးသွားမည်တို့ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ကျေးရွာအုပ်စု ၇ အုပ်စုရှိပြီး ၎င်းကျေးရွာ ၇ အုပ်စုတွင် မိုင်းဟဲအောက်ကျေးရွာအုပ်စုသည်လည်း ကျေးရွာအုပ်စု တစ်စုအနေဖြင့် ပါဝင် ကြောင်း၊ မိုင်းဟဲအောက်ကျေးရွာအုပ်စုသည် တာချီလိတ်မြို့၏ အနောက်မြောက် အရပ်တွင် တည်ရှိပြီး မဟာ ဗျူဟာမြောက်သည့် လမ်းမကြီးတစ်ခုလည်းဖြစ်ပါကြောင်း၊ မိုင်းဟဲအောက်ကျေးရွာ အုပ်စုထဲတွင် ကျေးရွာပေါင်း ၂၇ ရွာ၊ အိမ်ခြေပေါင်း ၁,၄၆၆ အိမ်၊ အိမ်ထောင်စုပေါင်း ၁,၆၅၁ စု၊ လူဦးရေပေါင်း ၆,၃၆၅ ဦးရှိကြပါကြောင်း၊ တာချီလိတ်မြို့၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံ (အထက်)ကျေးရွာမှ မိုင်းဟဲအောက်ကျေးရွာ အုပ်စုနယ်နိမိတ်ဖြစ်သည့်နားမွန်း(လားဟူကျေးရွာ အထိ လမ်းပေါက် သည့် မိုင်းဟဲအောက်ကျေးရွာ အုပ်စုလမ်းမကြီးဖြစ်ပါကြောင်း၊ ၎င်းလမ်းမကြီး သည် လွန်ခဲ့သည့် နှစ် ၄၀ က ဖောက်လုပ်ထားခဲ့ပြီး ယနေ့ အချိန်ထိ မြေသားလမ်းအဆင့် သာ ဖြစ်ပါကြောင်း၊ လမ်းအရှည် ခန့်မှန်း ၂၂ မိုင်ကျော်ခန့်ရှိသည်ဟု သိရှိရပါကြောင်း၊ ၎င်းလမ်းမကြီး သည် မိုင်းဖြတ်မြို့၊ မိုင်းခုတ်၊ မိုင်းဆက်၊ ကျိုင်းတုံ၊ တာချီလိတ်မြို့များနှင့် လည်း ထိစပ်ပေါက်ရောက်နေသည့် မဟာဗျူဟာမြောက်လမ်းမကြီးဆိုရင်လည်း မမှားပါကြောင်း၊ ၁၂ ရာသီကာလပတ်လုံး အလွန် ဆိုးရွားနေခဲ့သည့် လမ်းမကြီးဖြစ်ပါကြောင်း၊ လက်ရှိမြေသားလမ်းမှ ကတ္တရာလမ်းမကြီးအဆင့်သို့ ပြုပြင်ခင်းပေးသွားမည်ဆိုပါက မိုင်းဟဲအောက်ကျေးရွာအုပ်စု တစ်အုပ်စုလုံးရှိ ဒေသခံမိဘပြည်သူ များသာမက ၎င်းလမ်းမကြီးနှင့် ထိစပ်နေသည့် မိဘပြည်သူများအတွက်ပါ လမ်းပန်းဆက်သွယ်ရေး၊ ဒေသထုတ်ကုန်များ ကူးသန်းရောင်းဝယ်ရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် အဖက်ဖက်မှ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ အောက်မိုင်းဟဲ ကျေးရွာအုပ်စုသွားလမ်းမကြီးကို တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံ(အထက်ကျေးရွာမှ အောက်မိုင်းဟဲကျေးရွာ အုပ်စု၊ နားမွန်း(လားဟူကျေးရွာအထိ လမ်းအရှည်အားဖြင့် ၂၂  မိုင်ကျော်ခန့်လမ်းအကျယ်အဝန်းအားဖြင့် ပေ ၂၀ ရှိ လက်ရှိမြေသားလမ်းမှ ကတ္တရာလမ်းအဆင့်သို့ ပြုပြင်ခင်းပေးသွားရန် အစီအစဉ်ရှိမရှိကို သိရှိလိုပါကြောင်းနှင့် ၎င်းလမ်းမကြီးကောင်းမွန် ချောမွေ့ စေရေးကို မည်သို့စီမံဆောင်ရွက် ပေးသွားမည်တို့ကို သိရှိလိုပါကြောင်းဖြင့်မေးမြန်းပါသည်။

အဖြေ
အဖြေ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်ကျော်စွာဦး က

တာချီလိတ်မြို့နယ် ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံ(အထက်ကျေးရွာမှ အောက်မိုင်း ဟဲကျေးရွာ အုပ်စု၊ နားမွန်း(လားဟူကျေးရွာအထိ လမ်းအရှည် ၂၂/၀ မိုင်လမ်းပိုင်းတွင် တာချီလိတ်ခရိုင်၊ တာချီလိတ်-ဘိုရှီး-မိုင်းခုတ် ၆၉မိုင်၊ ၅ ဖာလုံ လမ်းပိုင်းတွင်ပါဝင်ပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေမှ ကျပ်၂၇၅.၇၃၉ သန်းဖြင့် ကတ္တရာ လမ်းခင်းရန်နှင့် တံတားများဆောက်လုပ်ရန် အင်ဂျင်နီယာအကြိုလုပ်ငန်း ဆောင်ရွက် ခဲ့ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေမှ ကျပ် ၇၅၃.၂၅၀ သန်းဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးသို့ လုပ်ငန်း အပ်နှံခဲ့ပါကြောင်း၊မြေပြင်မှာအမှတ် (၉၁၃စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တာဝန်ယူဆောင်ရွက် ခဲ့သော လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းပိုင်းသည် ကျေးရွာ ၁၇ ရွာ၊ အိမ်ခြေ ၁၁၆၇ အိမ်နှင့် လူဦးရေ ၆၁၈၄ ဦးတို့ကို အကျိုးပြုပါကြောင်း ။

            သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ တင်ပြပါလမ်းပိုင်းကို နိုင်ငံတော်၏ ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်၍ နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေဖြင့်လည်းကောင်း၊ ပြည်နယ် ရန်ပုံငွေဖြင့်လည်းကောင်း နှစ်စဉ်အပိုင်းလိုက်အဆိုပြုလျာထားဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးကျော်ငြိမ်းအောင်(တာချီလိတ်မဲဆန္ဒနယ်)ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မိမိမေးသွားတဲ့ အောက်မိုင်းဟဲလမ်းနှင့် စပ်လျဉ်းပြီး ဝန်ကြီးမှ နှစ်စဉ်ရရှိသည့်ရန်ပုံငွေနှင့် လျာထား ဆောင်ရွက်ပေးသွားမည်ဟု ဖြေကြားထားပါကြောင်း၊ ၎င်းအပေါ်တွင် မိမိအနေဖြင့် ရှင်းရှင်း လင်းလင်း တိတိကျကျ သိချင်သည်မှာ ဘယ်နှစ်ကာလ အပိုင်းအခြားလောက်တွင် စတင် အကောင် အထည်ဖော်ဆောင်ရွက်ပေးမလဲဆိုတာကိုသိလိုပါကြောင်းဖြင့်ဆက်စပ်မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်ကျော်စွာဦး က

လာမည့် ၂၀၂၇-၂၈ ဘဏ္ဍာရေးနှစ် မှစပြီး လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြင့်ပြန်လည်ဖြေကြားခဲ့ပါသည်။