နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေး‌ဆိုင်ရာ ဥပဒေသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ (၃၀-၆-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် Naypyitaw State Academyမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ
MY EN

(ဇ)-ဦးဝင်းဇော်ဦး(သာယာဝတီမဲဆန္ဒနယ်)-မေးခွန်း

2026-06-30
တတိယအကြိမ်
ပညာရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးဝင်းဇော်ဦး(သာယာဝတီမဲဆန္ဒနယ်)

သာယာဝတီခရိုင်မြို့တွင် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တစ်ခု ဆောက်လုပ်ပေးရန်နှင့် မည်သည့်ဘဏ္ဍာနှစ် တွင်ဆောက်လုပ်ပေးမည်ကို  သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့သည် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲနောက်ပိုင်း အင်္ဂလိပ်အစိုးရ လက်ထက် ၁၈၇၈ ခုနှစ်ကတည်းက ခရိုင်ရုံးစိုက်ရာ မြို့ဖြစ် ခဲ့ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးကို ခရိုင် ၄ ခရိုင်နှင့်ဖွဲ့စည်းခဲ့ပြီး ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင် စသည့်ခရိုင်မြို့များကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ဖွံ့ဖြိုးမှုနောက်ကျခဲ့သော ခရိုင်မြို့ဖြစ်ပါကြောင်း၊ ယခုအခါ ခရိုင် ၆ ခရိုင်ဖြင့် တိုးချဲ့ဖွဲ့စည်းထား ခဲ့ပြီးဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဖွံ့ဖြိုးမှုနောက်ကျ နေရ ခြင်းမှာ အခြားသောခရိုင်မြို့များကဲ့သို့ ဒေသဖွံ့ဖြိုး တိုးတက်စေသော စီမံကိန်းများ၊ အခြေခံ အဆောက်အဦများ ချထားပံ့ပိုးပေးခဲ့ခြင်းမရှိသောကြောင့် ဖြစ်ပါကြောင်း၊ ထို့အတူ အခြားသော ခရိုင်မြို့များတွင် တက္ကသိုလ်၊ ကောလိပ်များ ချထားဖွင့်လှစ်ပေးခဲ့သော်လည်း သာယာဝတီခရိုင်မြို့တွင် ချထားဖွင့်လှစ်ပေးခဲ့ခြင်းမရှိပါကြောင်း၊ သာယာဝတီခရိုင်တွင် မြို့နယ် ၆ ခုပါဝင်ပြီး အထက်တန်း ကျောင်းပေါင်း ၄၄ ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း ၄၉ ကျောင်း စုစုပေါင်း ၉၃ ကျောင်းရှိပြီး အ.လ.ကကျောင်း ၆၈ ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း ၄၅ ကျောင်း၊ မူလတန်းလွန်ကျောင်း ၁၁၂ ကျောင်း၊ အလယ်တန်းအဆင့် စုစုပေါင်း၂၂၅ ကျောင်း၊ မူလတန်းအဆင့် အ.မ.ကကျောင်း ၇၂၈ ကျောင်း၊ အ.မ.က(ခွဲ)ကျောင်း ၁၆ ကျောင်း စုစုပေါင်း မူလတန်းအဆင့် ၇၄၄ ကျောင်းနဲ့ မူလယ်ထက်၃ မျိုးပေါင်း ၁၀၆၂ ကျောင်းရှိပါကြောင်း၊ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်  ဖြေဆိုသူပေါင်း ၄၅၄၅ ယောက်ရှိခဲ့ပြီး ဖြေဆိုသည့်ရာခိုင်နှုန်းမှာ  ၉၃.၃၈ ရာခိုင်နှုန်းရှိခဲ့ပါကြောင်း၊ ၂၈-၆-၂၀၂၆ ရက် အောင်စာရင်းတွင် အောင်မြင်သူပေါင်း ၂,၆၅၁ ဦး ရှိခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ ၅၈.၂၆ ရာခိုင်နှုန်း အောင်မြင်ခဲ့ပါကြောင်း၊ ထိုကဲ့သို့ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ကြသော ကျောင်းသူ ကျောင်းသားများသည် အဆင့်မြင့်တက္ကသိုလ်ပညာရေးကို မိုင် ၈၀ ခန့်ဝေးသော ရန်ကုန်မြို့နှင့် မိုင် ၁၀၀ ခန့်ဝေးသော ပြည်မြို့တို့တွင် သွားရောက်သင်ကြားနေကြရပါကြောင်း၊  ထို့ကြောင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူထဲမှ ကျောင်းသားအနည်းငယ်သာ တက္ကသိုလ်ပညာရေး ကို ဆက်လက်သင်ကြားနိုင်ကြပါကြောင်း။ 

အင်္ဂလိပ်အစိုးရကိုစတင် တော်လှန်ခဲ့သည့် ဆရာစံတော်လှန်ရေးစတင်ခဲ့ရာ သာယာဝတီမြို့ ကို ယခင်အစိုးရများအဆက်ဆက် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးရန် မေ့လျော့နေခဲ့ရ သော်လည်း ပြည်သူကရွေးချယ်တင်မြှောက်ထားသော ယခုအစိုးရလက်ထက်တွင် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် သို့မဟုတ် အဆင့်မြင့်ပညာရေး ကောလိပ်တစ်ခု ချထားဖွင့်လှစ်ပေးခြင်းဖြင့် သာယာဝတီခရိုင်အတွင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သော ကျောင်းသား/ ကျောင်းသူ များ အားလုံး တက္ကသိုလ်ပညာရေးကို ကုန်ကျစရိတ် နည်းပါးစွာဖြင့် သင်ယူနိုင်ပြီး ဘွဲ့ရပညာတတ်များ ဖြစ်ကာ ဖွံ့ဖြိုးမှုနောက်ကျနေသော သာယာဝတီ ခရိုင်မြို့သည်လည်း အခြားမြို့များနည်းတူ ဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်ပါကြောင်း၊ ထို့အတူ ဇွန်လ၂၉ ရက်နံနက်က နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့သည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များပါဝင်သော အစည်းအဝေးတွင် သမ္မတကြီးမှလည်း ဒေသဖွံ့ဖြိုးတိုးတက် ရေး စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုသည်ဟု လမ်းညွှန်ထားသည်ကို တွေ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် သာယာဝတီခရိုင် မြို့တွင် ပဲခူးတိုင်းအတွင်းမှ အခြားသောခရိုင်မြို့များနည်းတူ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်တစ်ခု ချထား ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် ရှိခဲ့ပါက မည်သည့်ဘဏ္ဍာနှစ်တွင် စတင်လျာထားလုပ်ဆောင်ပေးနိုင်မည်ကို သာယာဝတီမဲဆန္ဒနယ်မှ မဲဆန္ဒရှင်များနှင့် သာယာဝတီ ခရိုင်အတွင်းမှ ကျောင်းသား မိဘများမှ သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာဇော်မြင့်

ပထမဦးစွာတင်ပြလိုသည်မှာ အဆင့်မြင့်ပညာသင်ယူမှုအခွင့်အလမ်းကို တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်စေရန်အတွက် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုစီတွင် အနည်းဆုံး တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တစ်ကျောင်း ဖွင့်လှစ်ထားရှိရာ ပညာရေး ဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံး တက္ကသိုလ်၊ ဒီဂရီကောလိပ် ၅၀ နှင့် ပညာရေးဒီဂရီကောလိပ်         ၂၅ ကျောင်းဖွင့်လှစ်ထားပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တက္ကသိုလ်တစ်ခုဖွင့်လှစ် ပေးလိုသည်ဆိုပါက ဖွင့်လှစ်မည့်ဒေသ၏ အနီးဆုံးတက္ကသိုလ်၏အကွာအဝေး၊ လမ်းပန်းဆက်သွယ်ရေး၊ အနီးဆုံးတက္ကသိုလ်တွင် ကျောင်းသားဝင်ဆံ့အား Full Capacity ပြည့်မီမှု၊ အိပ်ဆောင် Hostel ပေးနိုင်မှု၊ အနီးဆုံးတက္ကသိုလ်မှာသင်ကြားသည့် အထူးပြုဘာသာရပ်များနှင့်မတူညီသော အထူးပြု ပညာရပ်နယ်ပယ်များသင်ကြားမှု၊ လူသားအရင်းအမြစ်နှင့် အရည်အသွေးမြှင့်တင်မှု အထူးအစီအစဉ် အရလိုအပ်မှု၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူအရေအတွက်၊ ပထမနှစ်တက်ရောက်မည့် ကျောင်းသားအရေအတွက်၊ နှစ်စဉ်တက်ရောက်မည့် ကျောင်းသားအရေအတွက်၊ နောင် ၅ နှစ်တွင် ဖြစ်ပေါ်လာမည့် ခန့်မှန်းကျောင်းသားဦးရေ Projection၊ အထူးပြုဘာသာရပ်တစ်ခုစီမှာ တက်ရောက် မည့်ကျောင်းသားဦးရေ၊ ဆရာကျောင်းသားအချိုး၊ ဆရာတစ်ဦးရဲ့တစ်ပတ်သင်ကြားချိန် Workload၊ သင်ကြားရေးဆရာလိုအပ်ချက်၊ အုပ်ချုပ်မှုဆိုင်ရာလိုအပ်ချက်၊ တက္ကသိုလ်အင်္ဂါရပ် University Characteristics များ၊ နိုင်ငံတကာအဆင့်မီသင်ကြားသင်ယူမှုနည်းစနစ်များ၊ နည်းပညာအထောက် အကူပြုပစ္စည်းများ ပြည့်စုံအောင်ဖြည့်ဆည်းရေး အစရှိသည့်လိုအပ်ချက်များကို ထည့်သွင်းစီမံ ဆောင်ရွက်ရတာဖြစ်သည့်အတွက် စနစ်တကျတွက်ချက်ဆောင်ရွက်ကြရပါကြောင်း။

ပဲခူးတိုင်း ဒေသကြီး(အရှေ့ခြမ်း)၊ ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်များရှိ မြို့နယ် များတွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများသည် ပဲခူးတက္ကသိုလ်နှင့် တောင်ငူတက္ကသိုလ် သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)မှာရှိသည့် ပြည်ခရိုင်၊ သာယာဝတီခရိုင်နှင့် နတ်တလင်းခရိုင်များတွင် ရှိသည့် မြို့နယ်များမှ ကျောင်းသား/ကျောင်းသား များသည် ပြည်တက္ကသိုလ် သို့ လည်းကောင်း တက်ရောက် ပညာသင်ယူလျက်ရှိကြပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် သာယာဝတီခရိုင်မှ ဖြေဆိုသူ ၃,၈၅၅ ဦးတွင် အောင်မြင်သူ ၁,၁၉၆ ဦးရှိခဲ့ပြီး ပထမနှစ်နေ့သင်တန်းသို့ တက်ရောက်ခွင့်ပြုခဲ့သူ ၁၆၈ ဦးအနက် ပြည်တက္ကသိုလ် ပထမနှစ်မှာ ကျောင်းအပ်မှတ်ပုံတင်သူ ၆၆ ဦးရှိခဲ့ပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲမှာ သာယာဝတီခရိုင်မှဖြေဆိုသူ ၄,၅၅၀ ဦးမှာ အောင်မြင်သူ ၂,၆၅၁ ဦးရှိသည်ကို တွေ့ရှိရပါကြောင်း။ 

သာယာဝတီမြို့နှင့် ပြည်မြို့သည် ၁၀၂ မိုင်ကွာဝေးပြီး မော်တော်ယာဉ်ဖြင့် ၃ နာရီ ခရီး အကွာတွင်တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်ကို တွေ့ရှိရပါကြောင်း၊ ထိုတူ သာယာဝတီမြို့နှင့် ရန်ကုန်မြို့သည်လည်း ၇၃ မိုင်ကွာဝေးပြီး မော်တော်ယာဉ်ဖြင့် ၂ နာရီခွဲခရီး တွင် တည်ရှိပါကြောင်း၊  သို့ဖြစ်ပါ၍ သာယာဝတီခရိုင်မြို့တွင် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တစ်ခုခု ချထား ဆောက်လုပ်ရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် လတ်တလောမှာတော့ အစီအစဉ်မရှိသေးပါ ကြောင်းနှင့် နောင်လိုအပ်သောအချိန်မှာ ဖွင့်လှစ်နိုင်ရေးအတွက် သာယာဝတီ ခရိုင်တွင် အဆင့်မြင့် ပညာဆည်းပူးသူ ကျောင်းသား/ ကျောင်းသူများစွာ ပေါ်ထွက်လာရေးကို မိဘပြည်သူများက တိုက်တွန်းပေးပါရန် မေတ္တာရပ်ခံလိုပါကြောင်းနှင့် သာယာဝတီခရိုင်မှ ပြည်တက္ကသိုလ် တက်ရောက် လိုသော ကျောင်းသား/ ကျောင်းသူတစ်ဦးတိုင်း၊ တစ်ယောက်တိုင်းအတွက်ကို အစိုးရအိပ်ဆောင် (Hostel) ချထားပေးနိုင်မည်ဖြစ်ပါကြောင်း ဖြင့် မေးကြားခဲ့ပါသည် ။