နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် Naypyitaw State Academyမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ (၂၉-၆-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပြည်သူ့လွှတ်တော် ကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကျင်းပ
MY EN

(ဃ)- ဦးဆင်ဆုန်း (ခေါင်လန်ဖူးမဲဆန္ဒနယ်)-မေးခွန်း

2026-06-29
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးဆင်ဆုန်း (ခေါင်လန်ဖူးမဲဆန္ဒနယ်)
ပူတာအို- မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်ရှိ မေခမြစ်ကူးတံတားအမှတ် ၁/၄၄ ရီဒမ်းတံတားအား အပြီးသတ်တည်ဆောက်ရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပူတာအို- မဂွေဇ-ခေါင်လန်ဖူး လမ်းပေါ်ရှိ မေခမြစ်အား ၂၀၀၆ ခုနှစ်မတိုင်မီကာလတွင် နားကူးကြူးတံတားအဖြစ် ဒေသနေပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ အသုံးပြုဖြတ်သန်းသွား လာခဲ့ကြပါကြောင်း၊ ဤဒေသတွင် မိုးများသဖြင့် အကြောင်းအမျိုးမျိုးကြောင့် တံတားအား အချိန်မီမပြုပြင်နိုင်သော နှစ်များတွင် အန္တရာယ်ကင်းစွာ ဖြတ်သန်းရန် အခက်အခဲရှိလာပြီး ခရီးသွား လာရာတွင် အသုံးပြုသော လမ်းများသည်လည်း တံတားနိမ့်ကျွံကာ မြစ်ထဲကျခဲ့သည့် အခြေအနေပေါ်ပေါက်ခဲ့ပါကြောင်း၊ ဤသို့အခက်အခဲရှိလာသောကြောင့် ၂၀၀၆ ခုနှစ်တွင် ဒေသနေလုပ်ငန်းရှင်တစ်ဦးမှ တံတားတည်ဆောက်ရေး ဆက်စပ်ပစ္စည်းများ ပံ့ပိုးလှူဒါန်းမှုနှင့်အတူ ခေါင်လန်ဖူးဒေသခံပြည်သူများသည် ဒေသချစ်စိတ်၊ တာဝန်သိစိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်အရင်း ဖြင့် စက်ယန္တရားမပါဘဲ အလွန်အန္တရာယ်များသော မေခမြစ်ကမ်း ပထဝီမြေအနေအထားတွင် အချိန်၊ လုပ်အားဒါနဖြင့်ပါဝင်တည်ဆောက်ခဲ့ကြပါကြောင်း၊  ၂၀၀၈ ခုနှစ်တွင် တံတားအရှည် ၃၂၀ ပေနှင့် အကျယ် ၉ ပေရှိသော ကိုယ်ထူကိုယ်ထ ဂျစ်ကားကူးကြိုးတံတားအဖြစ် ဆောက်လုပ်ပြီးစီးခဲ့ သဖြင့် ယနေ့တိုင် ဖြတ်သန်းအသုံးပြုလာခဲ့ကြပါကြောင်း၊  သို့ရာတွင် ဤဂျစ်ကားကူးကြိုးတံတား သည် နှစ်ကာလကြာလာသဖြင့် ဟောင်းနွမ်းပြီး ကြံ့ခိုင်မှုနည်းလာသဖြင့် ရာသီမရွေးသွားလာ နိုင်သော တံတားကြီး တစ်စင်း မဖြစ်မနေတည်ဆောက်ရန် လိုအပ်လာပါကြောင်း။

လက်ရှိဂျစ်ကားကူးကြိုးတံတားမှ တောင်ဘက် ၂ မိုင်၊ ၂ ဖာလုံအကွာခန့်တွင် ပူတာအို-မဂွေဇ- ခေါင်လန်ဖူးလမ်းပေါ်ရှိ မေခမြစ်ကူး တံတားအမှတ် ၁/၄၄ ရီဒမ်တံတားအား ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ ၁ မှ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ တံတားသည် သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး ပေ ၆၀၀ ရှည်ပြီး တံတား၏ခန့်မှန်း စီမံကိန်းတန်ဖိုးသည် ချဉ်းကပ်လမ်းအပါ ကျပ်သန်းပေါင်း ၃၇၅၀ ရှိပြီး ၃၁.၃.၂၀၂၅ ရက်နေ့တွင် ခန့်မှန်းပြီးစီးရက်အဖြစ် သတ်မှတ်ထားကြောင်း၊ လက်ရှိတွင် ချဉ်းကပ်တိုင်နှင့် ရေလယ်တိုင်အပါ ၃ တိုင်သာ ပြီးစီးနေကြောင်းတွေ့မြင်ရပြီး အကြောင်း အမျိုးမျိုးကြောင့် ပြီးစီးရန် ခန့်မှန်းထားသော အချိန်၌ မပြီးစီးသေးသည်ကို တွေ့မြင်ရပြီး တံတားပြီးစီးရန် များစွာလိုအပ်နေပါကြောင်း။

ဤမေခမြစ်ကူးရီဒမ်းတံတားသည် ခေါင်လန်ဖူး မြို့နယ်မှ ပူတာအိုမြို့သို့ ဆက်သွယ်သွား လာရန် တစ်ခုတည်းသော အသက်သွေးကြောပမာ အရေးပါသော တံတားတစ်စင်းဖြစ်သောကြောင့် ဤတံတားကြီးတည်ဆောက်ပြီးစီးသွားပါက ဒေသနေပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ ဝင်ထွက်သွား လာမှုနှင့် ကုန်စည်စီးဆင်းမှု ပိုမိုလွယ်ကူ လျင်မြန်ကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ ဤတံတား ဆောက်လုပ်ပြီးစီးရေးသည် ဒေသနေပြည်သူများ၏ အလိုအပ်ဆုံးသော လိုအင်ဆန္ဒများမှ တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဤအရေးပါသော ပူတာအို- မဂွေဇ- ခေါင်လန်ဖူး လမ်းပေါ်ရှိ မေခမြစ်ကူးတံတားအမှတ် ၁/၄၄ ရီဒမ်းတံတားအား အပြီးသတ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် အပြီးသတ် တည်ဆောက် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က

ရီဒမ်းတံတားသည် မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်တွင် တည်ဆောက်ထားသည့် မေခမြစ်ကူး တံတားတစ်စင်းဖြစ်ပြီး ရီဒမ်းကြိုးတံတား (အဟောင်း)အနီး တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ရီဒမ်းကြိုးတံတား (အသစ်) သည် ပေ ၆၀၀ ရှိပြီး တံတားအမျိုးအစားသည် သံကူကွန်ကရစ်ဖြစ်ပြီး အပေါ်ပိုင်းတွင်  သုံးလွှာတစ်ထပ်တစ်လမ်းသွား ဘေလီအမျိုးအစားနှင့် လျာထားခြင်းဖြစ်ပါကြောင်း၊ အဆိုပါတံတားကို ၂၀၂၁ တွင် စတင်တည်ဆောက်ခဲ့ပြီး  ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ တံတား တစ်စင်းလုံးပြီးစီးမှုသည် ၅၇ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ဘေလီတံတားသည် အဆင့်သင့်ထိုး၍ လွယ်ပါကြောင်း၊ အဓိကမှာ PR တိုင်များ မေခမြစ်ထဲတွင် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ကျန်အပိုင်းများသည်  ကမ်းကပ်ခုံ A-2   နှင့် ရေလယ်တိုင် ရေလယ်တိုင် P-4 တို့ ဆောင်ရွက်ရန် ကျန်နေပါကြောင်း၊ ရေလယ်တိုင် P-3 ကတော့ အောက်ခြေအုတ်မြစ်ဆောင်ရွက်ဆဲဖြစ်ပါကြောင်း။

          တံတား(အသစ်)အပြီးသတ်ဆောင်ရွက်နိုင်ရန်အတွက် အဓိကအခက်အခဲဖြစ်ပါကြောင်း၊ ထိုတံတားကို မိမိကိုယ်တိုင် နိုင်ငံတော်အကြီးအကဲနှင့် ရောက်ပါကြောင်း၊ လမ်းလျှောက်သွားရပါကြောင်း၊ ထိုဒေသသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် လျာထားပါကြောင်း၊ တကယ်လုပ် သည့်အခါကျမှ ပူတာအိုတွင် အခြေပြုပြီးမှ ပွင့်လင်းရာသီတွင် တက်သည့်အခါ မိုးများ၊ တောင်ပြိုခြင်း၊ လမ်းပိတ်၊ မြစ်ရေလျှံ၊ ပြီးလျှင် ရေခဲတောင်များ အရည်ပျော်ခြင်းကြောင့် မေခမြစ်ရေ အတက်အကျ ပြင်းထန်သည့်အတွက် လုပ်ငန်းသုံးပစ္စည်းများ သယ်ယူသည့် အခက်အခဲ ကန့်သတ်ချက်သည် တစ်နှစ်လုံးမှ ၃ လသာ လုပ်နိုင်သည့် အချိန်ရှိပါကြောင်း၊ ၁ နှစ်တွင် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လဆိုပြီး အချိန်ချ၍ Plan နှင့် ဆောင်ရွက်ရပါကြောင်း။

ပြင်ဆင်ထား‌သော်လည်း မိုးကုန်၍ ရာသီပြန်တက်မည် ဆိုလျှင်တောင်ပြို နေရာများက ပူတာအိုအထက်မှ ခေါင်လန်ဖူးထိဆိုလျှင် ၇၀ နေရာလောက် မြေပြိုပါကြောင်း၊ မြေပြို တာကို ရှင်းပြီးမှ အဆိုပါ ဆိုက်ထဲကို ရောက်အောင်ပြန်သွားရပါကြောင်း၊ မြေပြိုလျှင် လာမယ့်နှစ်င် ပြန်စမည်ဆိုလျှင် ဖြေရှင်းရန် ဆိုင်ကယ်နှင့်ပြန်သွားရပါကြောင်း၊ ခက်ခက်ခဲခဲနှင့် မိမိ ကိုယ်တိုင် လည်း ရောက်ခဲ့ပါ‌ကြောင်း၊ တိုက်ရိုက် ပူတာအိုတွင် အခြေပြု၍ ရီဒမ်းတံတား ကိုတက်ရ ပါကြောင်း၊ အဆိုပါကြိုးတံတားကို မိမိတို့ကိုယ်တိုင် လမ်းလျှောက်၍သွားခဲ့ ပါကြောင်း၊ အင်မတန်မှ ခက်ခဲကြောင်း၊ မေခမြစ်ရေသည်လည်း ပြင်းထန်ပါကြောင်း၊ မိမိတို့က လုပ်ငန်း မရပ်ပါကြောင်း၊ ဘတ်ဂျက်ပြဿနာလည်းမရှိပါကြောင်း၊ ဒေသအတွက် ပြီးစီး အောင် မိမိတို့ကြိုးစား၍ ဆောင်ရွက် နေပါ‌ကြောင်း။ မည်သည့်နှစ်တွင် ပြီးမလဲဆိုသည်ကို အချိန်လျာ ကြည့်ပါကြောင်း။ တစ်နှစ်နဲ့ပြီး မလား ဆိုသော်လည်းအချိန် ၃ လ သာရကြောင်း၊ ဘေလီများအပေါ် ထိုးတာကို ပို့ထားပြီးပါကြောင်း၊ ယခုပြန်တပ်လျှင် မြေပုံများ ရှင်းပြီးမှ အဆိုပါနေရာကို ရောက်အောင် ချဉ်းကပ်သည့် အခါ ပစ္စည်းပို့ခြင်းကို ၃ လအတွင်းတွင်  ရေရှိလျှင် လုပ်၍ မရပါ ကြောင်း၊ ရေမရှိမှလုပ်ရခြင်းဖြစ်ပြီး မြစ်ရေကြမ်းသည့် ကန့်သတ်ချက် အချိန်ကြောင့် ကြာခြင်း ဖြစ်ကြောင်း၊  လာမည့်နှစ် တွင် လုပ်ငန်း ဆောင်ရွက်ချိန်ကာလ အခက်အခဲ ကြောင့် သာဖြစ်ပြီး ဆောလျင်စွာ  အပြီးသတ် တည်ဆောက်နိုင် ရေး အတွက် ဝန်ကြီးဌာနနှင့် သီးခြားအဖွဲ့များ ဖွဲ့ပြီး ပြီးစီး အောင်အလေးထား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။