MY EN

(ဂ)- ဦးလှမြင့်(မတ္တရာမဲဆန္ဒနယ်)-မေးခွန်း

2026-06-23
တတိယအကြိမ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးလှမြင့်(မတ္တရာမဲဆန္ဒနယ်)

မတ္တရာမြို့နယ် ရွှေချောင်းကျေးရွာအုပ်စု၊ နေပူရွာမှ ရွှေတချောင်း မြောင်းဘောင်လမ်းသည် မြေသားလမ်းဖြစ်ပြီး မိုးရာသီကာလအတွင်းသွားလာမှုအတွက် အခက်အခဲများစွာဖြစ်ရပါသဖြင့် ပြုပြင်ပေးမည့် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မတ္တရာမြို့နယ်၊ ရွှေချောင်းအုပ်စု၊ နေပူရွာမှ ရွှေတချောင်းတာဘောင်အထိ မြေသားလမ်း ဖြစ်ပြီး မိုးရာသီကာလတွင် သွားလာရေးအတွက် များစွာဒုက္ခဖြစ်ရပါကြောင်း၊ မြေသားလမ်း ရေကျော်သည့်အခါ ပို၍ ဒုက္ခရောက်ပါကြောင်း၊ ထိုဒေသရှိ ရွာသူရွာသားများ၊ ကျောင်းသား ကျောင်းသူများသွားလာရာ၌ ရွှံ့နွံထူထပ်ခြင်း၊ မကြာခဏချော်လဲခြင်း၊ လမ်းဘေးရေမြောင်းများထဲသို့ လျှောကျခြင်း၊ ခရီးတာနှောင့်နှေးခြင်းတို့ကို ကြုံတွေ့ခံစားနေကြရပါကြောင်း၊ အဆိုပါလမ်းကို ကျေးလက်ဒေသများဖြစ်သည့် ရွှေချောင်း၊ နေပူရွာ၊ အလယ်ရွာ၊ မြစ်ကောက်ရွာ၊ တဲကုန်းရွာ၊ တောင်ပြုံးလေးရွာ၊ ရွာတန်းရှည်၊ မုံရွေး၊ စက်ထိပ်၊ ချမ်းတော စတဲ့ရွာတွေကနေ အများဆုံး အသုံးပြုပြီး မန္တလေးမြို့နှင့် မတ္တရာမြို့သို့ သွားရာ၌ အသုံးပြုသောလမ်းတစ်ခုဖြစ်ပါကြောင်း၊ ဤသို့သော အခြေအနေများကြောင့် ၂၀၂၃ ခုနှစ်တွင် အလှူရှင် ဦးတင်ရွှေ၊ ဒေါ်ခင်တင့် မိသားစုမှ လမ်းအရှည် ၂၇၀၅၀ ပေကို ကွန်ကရစ်လမ်းခင်းပေးခဲ့ပါကြောင်း၊ နေပူရွာမှ ရွှေတချောင်းမြောင်း ဘောင်အထိ လမ်းအရှည် ၇၅၀၀ ပေ၊ လမ်းအကျယ် ၂၀ ပေအား ကွန်ကရစ်လမ်းခင်းပေးနိုင်မည့် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်၏ ကြယ်ပွင့်ပြမေးခွန်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပေါင်းစပ်ဖြေကြားသွားမည်ဖြစ်ပါကြောင်း။ တင်ပြသည့်လမ်းသည် နေပူရွာမှ တာဘောင် အထိ ၁ မိုင် ၂ ဖာလုံရှိသည့် လမ်းကိုတောင်းထားခြင်း ဖြစ်ပါကြောင်း၊ နေပူရွာမှ ရွှေတချောင်းမြောင်း ဘောင်လမ်းသည် ၁ မိုင် ၂ ဖာလုံရှိပြီး ရွှေတချောင်း- သဖန်းဆိပ် လမ်းဒေါင့်သည် Class A အရှည် ၆ မိုင် ၂ ဖာလုံမှာရှိသည့် ကျောက်ချောလမ်း ၁ မိုင် ပါဝင်ပါကြောင်း၊ တင်ပြပါလမ်း၏ ၂ မိုင်နှင့် ၁ ဖာလုံတွင် ၁ မိုင်သည် ကျောက်ချောလမ်းပါဝင်ပါကြောင်း၊  နေပူရွာမှ တောင်ပြုံးရွာသို့သွားသည့် လမ်း ၁ မိုင်တွင် ကျောက်ချောလမ်း ၂ ဖာလုံ ပါဝင်ပါကြောင်း၊ စုစုပေါင်း ၁ မိုင် ၂ ဖာလုံဖြစ်ပါကြောင်း၊ အဆိုပါလမ်း ၁ မိုင် ၂ ဖာလုံကို ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်မည်ဆိုလျှင် ခန့်မှန်းကုန်ကျငွေကျပ် ၁၃၆၁.၀၄ သန်းခန့် ကုန်ကျမည်ဖြစ်ပြီး ကျေးရွာ ၆ ရွာ၊ အိမ်ခြေ ၁၂၅၃ အိမ်၊ လူဦးရေ ၅၇၆၀ ဦးကို အကျိုးပြုမည် ဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် ကျောက်ချောလမ်းအဆင့်ဖြစ်ပြီး လမ်းပြတ်တောက်မှုမဖြစ်ဘဲ  ရာသီ မရွေးသွားလာနိုင်သည့် လမ်းဖြစ်ပါကြောင်း၊ ထို့ကြောင့် နေပူရွာမှ ရွှေတချောင်းမြောင်းဘောင်အထိ လမ်းပိုင်းကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရရှိသည့် ရန်ပုံငွေအပေါ် မူတည်၍ ကျောက်ချောလမ်း အဖြစ် အဆင့်မြှင့်တင်ခြင်းကို ဦးစားပေးလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။