MY EN

(ဃ)- ဦးအောင်မြင့်သန်း(ကျောက်ဆည်မဲဆန္ဒနယ်)

2026-10-28
ဆောက်လုပ်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးအောင်မြင့်သန်း (ကျောက်ဆည် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ကျောက်ဆည်မြို့နှင့် ဆက်သွယ်သောလမ်း ရွှေဒါး- သပြေဝန်းလမ်းပိုင်းအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ပေးမည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း

ကျောက်ဆည်မြို့နှင့်ဆက်သွယ်ထားသော အရှေ့ငယ်တိုး၊ ရွှေဒါး၊ ရဲဘော်လေး၊ ရဲဘော်ကြီး၊ သပြေဝန်းလမ်းပိုင်း ၅ မိုင် ၇ ဖာလုံသည် ၂၀၂၀ ပြည့်နှစ်အထိ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်မှုများဆောင်ရွက်ရာတွင် အရှေ့ငယ်တိုးမှ ရွှေဒါးကျေးရွာအရောက်တွင် ရပ်နားပါကြောင်း၊ အဆိုပါလမ်းပိုင်းတွင် ဒေသခံအိမ်ထောင်စု ၂,၅၇၃ စု၊ ပြည်သူ ၁၁,၁၈၃ ဦးတို့၏ စီးပွားရေး၊ ကျန်းမာ ရေးနှင့်လူမှုရေးအတွက် တစ်ခုတည်းသော အားထားရာလမ်းမကြီးလည်းဖြစ်ပါကြောင်း၊ အဆို ပါလမ်း သည် အရှေ့ငယ်တိုးမှစ၍ ရွှေဒါးကျေးရွာအရောက်တွင် ကတ္တရာခင်းခြင်း လုပ်ငန်းရပ်နားပါ ကြောင်း၊ ထို့ကြောင့် ၎င်းလမ်းပိုင်းတွင်ရှိသည့် အရှေ့ငယ်တိုးမှ ရွှေဒါး- သပြေဝန်းအထိ ကျန်ရှိ သည့် လမ်းပိုင်းသည် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်ဆောင်ရွက်ပေးနိုင်ပါရန် မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဦးမျိုးမြင့် က

လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းထားသည့် အဆိုပါလမ်းပိုင်းသည် ကျောက်ဆည် မြို့နယ် အတွင်းရှိ အရှေ့ငယ်တိုးကျေးရွာ၊ ရွှေဒါးကျေးရွာ၊ သပြေဝန်းကျေးရွာတို့မှ ခရိုင်ချင်းဆက် လမ်း အမှတ် ၂ သို့ ဆက်သွယ်သွားလာနိုင်သည့် လမ်းအရှည် ၅ မိုင် ၇ ဖာလုံရှိသော ပြည်ထောင် စုအစိုးရမှ စီမံခန့်ခွဲသည့်လမ် ဖြစ်ပါကြောင်း၊ လက်ရှိလမ်းအခြေအနေတွင် ကတ္တရာလမ်း ၂ မိုင် ၁ ဖာလုံ၊ ကျောက်လမ်း ၃ မိုင် ၆ ဖာလုံရှိ၍ စုစုပေါင်း အရှည် ၅ မိုင် ၇ ဖာလုံ ဖြစ်ပါကြောင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်း၌ လမ်းမိုင်ပေါင်း ၃,၁၁၇ မိုင် ၃ ဖာလုံရှိပါကြောင်း၊ ၎င်းတွင်  ကတ္တရာကွန်ကရစ် မဖြစ်သေးသည့်လမ်းသည် ကျောက်လမ်းအနေဖြင့် ၄၄၃ မိုင်၊ အမာခံလမ်း ၁၇၇ မိုင် ၇ ဖာလုံနှင့် မြေသား လမ်း ၅၃၇ မိုင် ၄ ဖာလုံ ရှိပါကြောင်း။

၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေတွင် မူလကျောက်လမ်း အရှည် ၇ ဖာလုံသည် ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပျက်စီး နေသော ကျောက်လမ်းအရှည် ၄ ဖာလုံသည် ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျန်လမ်းပိုင်းသည် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့် တင်ခြင်းလုပ်ငန်းကို နှစ်အလိုက် ဆက်လက်လျာထားပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။