MY EN

(ဆ)- ဒေါ်ခင်သန်းမြင့်(ငပုတောမဲဆန္ဒနယ်)

2026-10-23
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
မေးခွန်း
ဒေါ်ခင်သန်းမြင့် (ငပုတော မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ငပုတောမြို့နယ်၊ ဆောက်လုပ်ရေးလမ်းတံတားများအတွက်ရန်ပုံငွေများအားပိုမိုခွဲဝေချထားပေးရန်အစီအစဉ်ရှိမရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ငပုတောမြို့နယ်ထဲတွင် ငပုတောမြို့၊ ဟိုင်းကြီးမြို့၊ ငရုတ်ကောင်းမြို့များပါဝင်ပါကြောင်း၊ ငပုတောမြို့သည် ပမ္မဝတီရေနက် ဆိပ်ကမ်းရှိပါကြောင်း၊ ဟိုင်းကြီးကျွန်းမြို့တွင် မြတ်မော်တင်ဘုရား ရှိပါကြောင်း၊ ငရုတ်ကောင်းမြို့တွင် ဂေါ်ရန်ဂျီအပန်းဖြေဒေသပါဝင်ပါကြောင်း၊ ထိုမြို့ သုံးမြို့ကို ဆက်သွယ်ထားသည်မှာ ပုသိမ်မှစ၍ အားလုံးလမ်းကွန်ရက်ဆက်သွယ်ထားပါကြောင်း၊ ပုသိမ်-ငပုတောလမ်းဆိုလျှင် ပုသိမ်၊ ကန်ကြီးထောင့် မြို့နယ်နှင့် ငပုတောမြို့နယ်ထဲ ကိုလာရ ပါကြောင်း၊ ပုသိမ်မှစ၍ ဟိုင်းကြီးကိုသွားသည့်လမ်း၊ ငရုတ်ကောင်းတောင်၊ ငရုတ်ကောင်းလမ်း ထိုလမ်း သုံးလမ်းသည် ယခင်က ဟိုင်းကြီးနှင့် ငရုတ်ကောင်းတို့သည် ရေလမ်းခရီး၊ ငရုတ်ကောင်း ဆိုလျှင်တောလမ်းမှစ၍ ကုန်းလမ်းခရီးသွားရပါကြောင်း၊ မိုးတွင်းဆိုလျှင် ရေလမ်းမှ သွားလို့ မရပါကြောင်း။

ယခု တပ်မတော်အစိုးရလက်ထက်တွင် ထိုလမ်းများဖောက်ခဲ့သည့်အတွက် ကုန်းလမ်းခရီးမှ အလွယ်တကူသွားနိုင်ကြပါကြောင်း၊ ငပုတောလမ်းသည် လမ်း စတင်ဖွင့်လှစ်စဉ်က မိနစ် ၃၀၊ ၄၅ မိနစ် အတွင်း ပုသိမ်ကိုရောက်ပါကြောင်း၊ ယခုအချိန်တွင် တစ်နာရီခွဲ နှစ်နာရီခန့် သွားရသည့် လမ်းကြီး ဖြစ်ပါကြောင်း၊ ပုသိမ်-ဟိုင်းကြီးလမ်း၌လည်း ယခင်က မြတ်မော်တင်ဘု ရားပွဲဆိုလျှင် ကားများနှင့်သွားကြပါကြောင်း၊ သို့သော် လမ်း၏တောင်တက်တောင်ဆင်းများနှင့် လမ်းများမ ကောင်းသည့် အခါ ယခု ဘုရားပွဲကို ပုသိမ်တွင်ကားများထား၍ သင်္ဘောများနှင့် သွားနေ ကြပါကြောင်း၊ အဆိုးဆုံးမှာ ပုသိမ်-ငရုတ်ကောင်းတောင်-ငရုတ်ကောင်းလမ်းဖြစ်ပါကြောင်း၊ ပုသိမ်-ငရုတ် ကောင်းတောင် -ငရုတ်ကောင်းလမ်းသည် ငရုတ်ကောင်းတောင်ကိုရောက်၍ ငရုတ်ကောင်း ကိုသွားသည့်လမ်းသည် တောင်တက်တောင်ဆင်းလည်းများပါကြောင်း၊ ကားများသည် ၎င်းလမ်းကို သွားသည့်အခါတွင် ဗွက်များနှင့် ချောက်ထဲကိုကျမည်ဖြစ်သည့်အတွက်ကြောင့် တစ်စီးနှင့်တစ်စီး ကြိုးများနှင့် ဆွဲ၍ မဖြစ်ဖြစ်အောင် သွားကြရပါကြောင်း၊ ယခင်က လမ်းများကောင်းသော်လည်း ယခုအချိန်တွင် လမ်းများပျက်စီးသွားသည့်အတွက်ကြောင့် အနောက်ကမ်းခြေဒေသမှ အဓိကဝန် ထမ်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၎င်းတို့သာ ရှိပါကြောင်း။

အရေးပေါ်အခြေအနေအရ မိမိတို့ ၎င်းကိုလာကြရတော့မည်ဆိုလျှင် လမ်းများမကောင်း၊ ကားများမမှီသည့်အခါတွင်  ရှိတာလေးနှင့် ငှားရမ်းလာသည့်အခါ လမ်းခရီးတွင် ခရီးစရိတ်သည် ၁ သိန်းခွဲ၊ နှစ်သိန်းခန့်၊ အသွားအပြန်ဆိုရင် သုံးသိန်းခန့် ကုန်ကျပါကြောင်း၊ ထို့ကြောင့် ၎င်းဒေသသည် ဂေါ်ရန်ဂျီကျွန်းလည်းဖြစ်ပါကြောင်း၊ အပန်းဖြေစခန်းလည်းရှိသည့်အခါ လမ်းမကောင်းသည့်အတွက် နိုင်ငံတော်နှင့် ဒေသခံပြည်သူများအတွက်ပါ  အဆင်မပြေဖြစ်နေပါကြောင်း၊  လမ်းကြီးသည် ကောင်းသွားလျှင် အပန်းဖြေလာမည့်သူများနှင့် စည်စည်ကားကားဖြစ်၍ ဒေသခံ ပြည်သူများလည်း စီးပွားရေးကောင်းမွန်၍ ၎င်းတွင်ရှိသည့် ဝန်ထမ်းများ၊ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အားလုံးအဆင်ပြေသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ငပုတောမြို့နယ်အတွင်းရှိသည့် ငပုတော၊ ဟိုင်းကြီး၊ ငရုတ်ကောင်းတွင်ရှိသည့် ဒေသခံပြည်သူဝန်ထမ်းများ အန္တရာယ်ကင်း၍ အချိန်မီသွားလာနိုင်သည့် ဆောက်လုပ်ရေးလမ်း၊ တံတားများဖြစ်စေရန်အတွက် အသုံးပြုလျက် ရှိသည့်  ရန်ပုံငွေများကို ယခု ထက်ပိုမိုခွဲဝေချထားပေးရန် အစီအစဉ် ရှိ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်မှစတင်၍ ဆောင်ရွက်ပေးမည်ကို မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က 

ငပုတောမြို့နယ်အတွင်း၌ ငပုတောမြို့၊ ဟိုင်းကြီးကျွန်းမြို့နှင့် ငရုတ်ကောင်းမြို့ များပါဝင်၍ လမ်းမိုင်စုစုပေါင်း ၂၅၆ မိုင်၊ ၃ ဖာလုံရှိပါကြောင်း၊ ၎င်းတွင် ပြည်ထောင်စုမှ စီမံခန့်ခွဲ သောလမ်း ၂ လမ်းပါပါ၍ လမ်းမိုင် ၄၁ မိုင်၊ ၅ ဖာလုံရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ စီမံခန့်ခွဲသောလမ်းမှာ ၁၄ လမ်းရှိပါကြောင်း၊  လမ်းမိုင်သည် ၂၁၄ မိုင်၊ ၆ ဖာလုံဖြစ်ကြောင်း၊  ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိသည့် စုစုပေါင်းလမ်းမိုင်သည် ၂,၇၅၃ မိုင်၊ ၄ ဖာလုံဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရမှ စီမံ ခန့်ခွဲသောလမ်း ၂၀ လမ်းရှိ၍ လမ်းမိုင် ၆၀၇ မိုင်၊ ၅ ဖာလုံရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းမှာ လမ်းပေါင်း ၁၇၀ ရှိ၍ လမ်းမိုင်ပေါင်း ၂,၁၄၅ မိုင်၊ ၇ ဖာလုံ ရှိပါကြောင်း။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ငပုတောမြို့နယ် အတွက် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျပ် ၂,၃၀၆ သန်းနှင့် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၂,၅၄၆ သန်း စုစုပေါင်း ကျပ် ၄,၈၅၂ သန်းသည် ခွဲဝေလျာထားပါကြောင်း၊  ၎င်းရန်ပုံငွေများနှင့် လမ်း၊ တံတား တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေး ဦးစားပေးအစီအစဉ်အရ မြို့နယ်များ၏ လိုအပ် ချက်များအပေါ်မူတည်၍ ဘဏ္ဍာငွေခွဲဝေဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည် ဖြေကြား ခဲ့ပါသည်။