နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၃၀.၉.၂၀၂၆) မေးမြန်းခဲ့သောမေးခွန်းများနှင့်ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၉.၉.၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးဆဋ္ဌမမြောက်နေ့သို့ လာရောက်လေ့လာသည့်မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ၊ သာသနာနုဂ္ဂဟအသင်းနှင့် နေပြည်တော်မသန်စွမ်းသူများအသင်းတို့အားတွေ့ဆုံ
MY EN

(ဃ)- ဦးစောမောင်(ဆားလင်းကြီးမဲဆန္ဒနယ်)

2026-09-30
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
မေးခွန်း
ဦးစောမောင် (ဆားလင်းကြီး မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ကျန်းမာရေးဌာန၏ အောက်ခြေဝန်ထမ်းများ အရည်အချင်းပြည့်မီပါက ရာထူးတိုးစာမေးပွဲဖြေဆိုခွင့် ပုံမှန်ရရှိရေး ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

          မိမိသည် အငြိမ်းစား ပညာရေးဝန်ထမ်းတစ်ဦးဖြစ်ပါကြောင်း၊ ၁၀ တန်းအောင် မူလတန်း ပြသင်တန်းကို ဝင်ခွင့်စာမေးပွဲဖြေဆို၍ မူလတန်းပြဆရာဘဝမှ အဆင့်ဆင့်ရာထူးတိုးစာမေးပွဲ ဖြေဆိုပြီး ရာထူးများရခဲ့သည်ဖြစ်ပါကြောင်း၊ ထို့အတူ မိမိတို့ ပညာရေးဝန်ထမ်းများတွင် အောက်ခြေဝန်ထမ်းများ ဖြစ်သည့် သန့်ရှင်းရေးမှ အထွေထွေလုပ်သားအထိ အောက်ခြေဝန်ထမ်း အားလုံးသည် လုပ်သက်၊ ပညာအရည်အချင်း၊ ကန့်သတ်အသက်မီပါက ၃၀ နှစ်ဆိုလျှင် PGTT၊ PGDMA သင်တန်းများ၊ ယခုဆိုလျှင် B.Ed သင်တန်းများဖြေဆို၍ ရာထူးတိုးစာမေးပွဲများ ဖြေဆိုခွင့်ရှိ‌ပါကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများတွင် သားဖွားဆရာမသင်တန်း၊ သူနာပြုသင်တန်းများ ရှိပါကြောင်း၊ သားဖွားဆရာမ များတွင် သူတို့လုပ်သက်ပြည့်သွားသည် နှင့်တစ်ပြိုင်တည်း ရာထူးတိုး သူနာပြုသင်တန်းကို ဖြေဆိုတက် ရောက်ခွင့်ရှိပါကြောင်း၊ သို့သော် အောက်ခြေဝန်ထမ်းများဖြစ်သည့် သန့်ရှင်းရေးအကူသူနာပြု(Nurse Aide) များတွင်လည်း ဝါသနာ၊ အနစ်နာနှင့် ကျန်းမာရေး ဌာနရာထူးတိုးမျှော်ကိုးလျက် တာဝန် ထမ်းဆောင်ခဲ့ကြပါကြောင်း၊ ယခင် သူနာပြုသင်တန်းများ အတွက် ပညာရေးအဆင့်မီ၊ အသက်မီသည့် Nurse Aide များ ပြင်ပ ၁၀ တန်းအောင်များနည်းတူ လျှောက်ထားခဲ့ကြသော်လည်း တစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်း မျှသာ တော်မှရကြသည်ကို တွေ့ရှိရ ပါကြောင်း၊ ကျန်းမာရေးဌာနသို့ သတ်မှတ်အဆင့် မမီ၍ စေတနာပါလွန်းသဖြင့် အောက်ခြေဝန်ထမ်းမှ စတင်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ တချို့အောက် ခြေဝန်ထမ်းများ အခွင့်အရေးမျှော်ရင်း သတ်မှတ် အသက် ၃၀ နှစ်ကျော်သွားသည့်အခါ လုပ်သက် လေးရလာသည်၊ အခြားလည်းမလုပ်တတ်သည် ကြောင့် ပင်စင်မျှော်ကိုးလျက် ဝန်ထမ်းသက် ဆက်နေကြရပါကြောင်း၊ တချို့တွင် မျှော်လင့်ချက်မဲ့ရသည့်အခါ နုတ်ထွက်ကင်းကွာဝန်ထမ်းများ ဖြစ် သွားရပါကြောင်း၊ ငယ်ရွယ် နုပျို၍ တိုးတက်လိုစိတ် ပြင်းပြနေကြသော ကျန်းမာရေးဌာန အောက်ခြေဝန် ထမ်းများအတွက် အသက်၊ ပညာအရည်အချင်း၊ လုပ်သက်ပြည့်မီလျှင် တရားမျှတသော အရည်အချင်း စာမေးပွဲများ ပုံမှန်ဖြေဆိုခွင့် ပြုလျက် ရာထူးတိုးပေးနိုင်ခြင်း ရှိ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က

မိမိတို့ ကျန်းမာရေးဝန်ကြီးဌာနတွင် ဦးစီးဌာန ၆ ခုရှိပါကြောင်း၊ မြို့နယ်အဆင့်နှင့် ကျေးရွာများအထိ တာဝန်ထမ်းဆောင်နေသည်မှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေး ဦးစီးဌာနမှ ဝန်ထမ်းများဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများအနေနှင့် ဒေသန္တရ ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ထမ်းဆောင်၍ ကုသရေး ဦးစီး ဌာနမှ ဝန်ထမ်းများသည် မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများတွင် တာဝန်ထမ်းဆောင် လျက်ရှိ ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ရာထူးတိုးကိစ္စများတင်ပြရာတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာ နနှင့် ကုသရေးဦးစီးဌာန ဦးစီးဌာနနှစ်ခုနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် တို့ကို ကောက်နုတ်၍ တင်ပြပါကြောင်း။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ရုံးချုပ်နှင့် တိုင်းဒေသကြီး ပြည်နယ်များရှိသည့် အမှုထမ်းများ၏ ရာထူးတိုးမြှင့်ရေးကိစ္စရပ်များကို နှစ်စဉ် ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း ရာထူးတိုး လုပ်ငန်းစဉ်နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း ၂ဝ၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် အထိ အရည်အချင်းနှင့် ကိုက်ညီသူ အမှုထမ်းများကို ရာထူးတိုးစာမေးပွဲစစ်ဆေးခဲ့ပြီး ရုံးအကူ၊ လုပ်သား၊ သန့်ရှင်းရေး စသည့် အောက်ခြေဝန်ထမ်းများအပါအဝင် အမှုထမ်းစုစုပေါင်း ၂၅၃ ဦးကို ရာထူးတိုး မြှင့်ပေးပါကြောင်း၊ ကုသရေးဦးစီးဌာနတွင် ဗဟိုအဆင့်ဆေးရုံကြီးများ၊ နေပြည်တော်၊ တိုင်းဒေသကြီး ပြည်နယ်ဆေးရုံများမှာခန့်ထားသည့် အကူသူနာပြုများကို သတ်မှတ်ထားသည့် အသက်၊ လုပ်သက် ကာလ၊ ပညာအရည်အချင်းနှင့်ကိုက်ညီပါက ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနမှ နှစ်စဉ် ဖွင့်လှစ်သင်ကြားပေးသည့် သူနာပြု၊ သားဖွားဒီပလိုမာ ၃ နှစ်သင်တန်းနှင့် သားဖွား ဒီပလိုမာ ၂ နှစ် သင်တန်းများအား ဝင်ခွင့်လျှောက်ထားနိုင်ပြီး သင်တန်း ဆင်းအောင်မြင်လျှင် သူနာပြု၊ သားဖွားဆရာမ ရာထူးသို့ တိုးမြှင့်ခန့်ထားပေးခြင်းဖြစ်ပါကြောင်း။ 

မိမိတို့ ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် ဝန်ထမ်းများသည် အဓိကအားဖြင့် စီမံအုပ်ချုပ်ရေး ဝန်ထမ်းများနှင့် ဘာသာရပ်အလိုက်ကျွမ်းကျင်ဝန်ထမ်းများရှိပြီး ရာထူးတိုးမြှင့် ခြင်းပေးသည့်အခါတွင် ဥပမာအားဖြင့် သားဖွားဆရာမှစ၍ ကျေးလက်ကျန်းမာရေး ဆရာမကြီးသို့ တိုက်ရိုက်တိုးမြှင့် ပေးလို့ မရပါကြောင်း၊ အရည်အချင်းနောက်တစ်ခုဖြစ်သည့် သင်တန်းတစ်ခုတက်ရောက် ပြီးမှသာ ခန့်ထား နိုင်ပါကြောင်း၊  အလားတူ အကူသူနာပြုများကိုလည်း လုပ်သက်အရ ရာထူးတိုးမြှင့်ပေးလို့ မရပါ ကြောင်း၊ အရည်အချင်းနှင့်ကိုက်ညီလျှင် သူနာပြုသားဖွားဒီပလိုမာ သို့မဟုတ် သားဖွားဒီပလိုမာ ၂ နှစ်သင်တန်းများကို တက်ရောက်စေ၍ ရာထူးတိုးမြှင့် ပေးနိုင်သသည် ဖြစ်ပါတယ်ကြောင်း၊ ပြည်သူ့ဆေးရုံများနှင့် ဌာနများမှာရှိသည့် သတ်မှတ်အရည်အချင်းနှင့် လုပ်သက် ပြည့်မီသော အမှုထမ်းများ ရာထူးတိုးမြှင့်ခြင်းကိုလည်း နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ် အချက်အလက်များအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနမှ အမှုထမ်း ၅၃ ဦး တို့ကို ရာထူးတိုးမြှင့်ခန့်ထားပေးနိုင်ခဲ့သည်ဖြစ်ပါကြောင်း၊ အဆိုပါ ၅၃ ဦးအနက် ဆားလင်းကြီး ပြည်သူ့ ဆေးရုံမှ လုပ်သားအထွေထွေ လစာနှုန်း ၁၄၄,၀၀၀ ကျပ်မှ ၁၅၄,၀၀၀ ကျပ်အထိ ဝန်ထမ်း ၂ ဦးတို့သည် ဆေးဘက်ကျွမ်းကျင်-၅ လူနာခန်း လစာနှုန်း ၁၆၂,၀၀၀ ကျပ်မှ ၁၇၂,ဝဝဝ ကျပ်သို့ ရာထူးတိုးမြှင့် ခန့်ထားနိုင်ခဲ့သည်ဖြစ်ပါကြောင်း။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလနှင့် မတ်လတို့တွင် စစ်ကိုင်းတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ အမှုထမ်း ၄၉ ဦးတို့သည် ရာထူးတိုးမြှင့်ခန့်ထားပေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါ ၄၉ ဦးအနက် ဆားလင်းကြီး ပြည်သူ့ ဆေးရုံမှ အကြီးတန်းစာရေး ၁ ဦးသည် ဌာနခွဲစာရေးအဖြစ်သို့လည်းကောင်း၊ လုပ်သားအထွေထွေ    လစာနှုန်း ၁၄၄,၀၀၀ ကျပ်မှ ၁၅၄,၀၀၀ ကျပ်အထိ ၂ ဦးအား လစာနှုန်း ၁၆၂,၀၀၀ ကျပ်မှ ၁၇၂,၀၀ဝ ကျပ် သို့လည်းကောင်း ရာထူးတိုးမြှင့်ခန့်ထားပေးခဲ့ပါကြောင်း ၊၂ဝ၂၆ ခုနှစ် ရာထူးတိုးမြှင့် ခန့်ထားရေးအစီအစဉ်များသည် အောက်တိုဘာလတွင် အရည်အချင်းစစ်စာမေးပွဲများ ကျင်းပပြုလုပ်မည် ဖြစ်၍ သတ်မှတ်ချက်နှင့်ကိုက်ညီသူများသည် အရည်အချင်းပြည့်မီသော အမှုထမ်းများအား ရာထူး တိုးမြှင့်ခန့်ထားပေးခြင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးစောမောင်(ဆားလင်းကြီးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်၊

ကိုဗစ်ဖြစ်သည့်အချိန်တွင် မိမိတို့တိုက်နယ်မှ ဆေးဝန်ထမ်းအားလုံး CDM လုပ်သွားသည့် အတွက် မိမိဇနီးကိုယ်တိုင် သေသည်ကို ထိုင်ကြည့်နေခဲ့ရပါကြောင်း၊ ဆားလင်းကြီးမြို့နယ်တွင် ဘယ်သူမှမနေနိုင်ဘဲ ဆေးရုံဖျက်ဆီးခံရပါကြောင်း၊ အောက်ခြေဝန် ထမ်းများ အားလုံးအတွက် အခွင့်အရေးပုံမှန်ရရှိရန်အ ပုံမှန်စာမေးပွဲကျင်းပနိုင်ခြင်း မျှော်လင့်ချက် ရှိ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က

ပုံမှန်ဆောင်ရွက်ပေးနေသည့်အတွက် ထပ်ဆင့်ဖြေကြားရန်မရှိပါကြောင်း ဖြေကြားခဲ့ပါသည်။