နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၃၀.၉.၂၀၂၆) မေးမြန်းခဲ့သောမေးခွန်းများနှင့်ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၉.၉.၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးဆဋ္ဌမမြောက်နေ့သို့ လာရောက်လေ့လာသည့်မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ၊ သာသနာနုဂ္ဂဟအသင်းနှင့် နေပြည်တော်မသန်စွမ်းသူများအသင်းတို့အားတွေ့ဆုံ
MY EN

(ဇ)- ဦးနိုင်ဝင်း(ဓနုဖြူမဲဆန္ဒနယ်)

2026-09-30
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးနိုင်ဝင်း (ဓနုဖြူ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဓနုဖြူမြို့နယ်၊ စခန်းကြီးကျေးရွာရှိ ကြပ်ရိုးကျေးရွာမှ တော်ဖျားအရှေ့ကျေးရွာအထိ ရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းအဖြစ်ပြုပြင်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

          တင်ပြပါ လမ်းသည် ကြပ်ရိုး အ.မ.ကကျောင်းမှ တော်ဖျားအနောက် အထက်တန်းကျောင်းကို ဖြတ်ပြီး တော်ဖျားအရှေ့ အ.မ.ကကျောင်းအထိ အရှည် ၅,၄၅၀ ပေ၊ အကျယ် ၁၈ ရှိပြီး ရွာခွဲပေါင်း ၂၅ ရွာ၊ လူဦးရေ ၁၅,၀၃၈ ဦး အသုံးပြုနေသည့် လမ်းတစ်ခုဖြစ်ပါကြောင်း၊ ဒေသမှ နှစ်စဉ်ထွက်ရှိ သည့် မိုးစပါး၊ နွေစပါး၊ မတ်ပဲ အစရှိသည့် သီးနှံများကို နီးစပ်ရာဖြစ်သည့် ကျုံပျော်မြို့နယ်၊ အထောင်မြို့နှင့် ဟင်္သာတမြို့နယ်၊ ရှားခဲကျေးရွာသို့ ကုန်ပစ္စည်းများကူးသန်းရောင်းဝယ်ခြင်းသာမက ဆေးရုံ၊ ဆေးခန်းများသို့ ကျန်းမာရေးအတွက် ဆေးကုသမှုခံယူရာမှာ အသုံးပြုအားထားနေရသည့် ခရိုင်ချင်းဆက်လမ်းတစ်ခုဖြစ်ပါကြောင်း၊ မအူပင်ခရိုင်နှင့် ကျုံပျော်ခရိုင် ဆက်သွယ်သည့် လမ်းဖြစ်ပါ ကြောင်း၊ ထို့အပြင် အ.မ.က(ကြပ်ရိုး)နှင့် အ.ထ.က(တော်ဖျား)တို့မှ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူ ၅၀၀ ကျော်သည် နေ့စဉ် ပညာရေးကိစ္စအတွက် ကျောင်းသွား၊ ကျောင်းပြန်အသုံးပြုနေရ သည့် လမ်းတစ်ခုဖြစ်ပါကြောင်း၊ ဓနုဖြူမြို့နှင့် မြို့ပြ မိုင် ၃၀ ကျော်ဝေးကွာပါကြောင်း၊ ဓနုဖြူမြို့နယ်၊ ကန်စွန်းခင်းကျေးရွာ၊  နိရောဓာရုံကျောင်းတိုက် စာသင်တိုက်မှ ဆရာတော်၊ သံဃာတော် အပါး ၄၀၀ ကျော်သည် နှစ်စဉ် ဆွမ်းဆန်တော်အလှူခံတော်မူသည့် လမ်းဖြစ်ပါကြောင်း။ 

          ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈ မှာ နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့်ကျန်းမာရေး တိုးတက်စေရေးတို့အတွက် အလေးထားဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတင်ပြသည့်လမ်းသည် ဒေသခံရဟန်းရှင်၊ လူ၊ ပြည်သူ၊ ကျောင်းသား ကျောင်းသူများအတွက် ပညာရေး၊ ကျန်းမာရေးအပြင် လူမှုရေး၊ စီးပွားရေးကိုပါ အားထားနေရသည့် မဲဆန္ဒရှင်ပြည်သူများ လိုလားတောင့်တစွာ မျှော်လင့်ချက်ရောင်ခြည်ဖြာနေသည့် လမ်းတစ်ခုဖြစ်နေပါ၍ မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ တော်ဖျား-ကြပ်ရိုး-အကယ်ကြီး-ဇီးဖျောက်ကျေးရွာချင်းဆက်မြေသားလမ်း ၃ မိုင် ၆.၅ ဖာလုံရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနကနေပြီး စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ မေးခွန်းပါ ကြပ်ရိုး အခြေခံပညာမူလတန်းကျောင်း ရှေ့မှ တော်ဖျားကျေးရွာ မူလတန်းကျောင်းရှေ့အထိ ကျေးရွာချင်းဆက်မြေသားလမ်း၏ အရှည်သည် ၂ မိုင် ၆.၂၄ ဖာလုံကနေပြီး ၃ မိုင်နှင့် ၆.၅ ဖာလုံအထိ အရှည် ၅,၄၅၀ ပေ၊ ၁ မိုင် ဝ.၂၆ ဖာလုံ ရှိပါကြောင်း၊ မြေပြင်ကွင်းဆင်းစိစစ်ချက်အရ မြေသားလမ်းဖြစ်ပြီး တချို့နေရာများသည် မြေသား လမ်းများနိမ့်ပြီး လမ်းချိုင့်ကြီးများ ဖြစ်ပေါ်နေသည့်အတွက် မိုးတွင်း၌ သွားလာမှုခက်ခဲပါကြောင်း။

အဆိုပါလမ်းသည် အကျယ် ၁၇ ပေရှိသည့် လမ်းသာဖြစ်ပြီး ၁ မိုင် ၀.၂၆ ဖာလုံကို လမ်း အကျယ် ၂၂ ပေရရှိရန် လမ်းတာဘောင်ချဲ့ခြင်းနှင့် ကျောက်ရောမြေခင်းခြင်းလမ်းအဖြစ် အဆင့်မြှင့် တင်မည်ဆိုပါက ခန့်မှန်း ၄၈၉ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ ကလေးသူငယ်၊ ကျောင်းသား ကျောင်းသူများ ကျောင်းဖွင့်ချိန်ကာလတွင် ချောမွေ့လွယ်ကူစွာ သွားလာနိုင်ရန် ရည်မျှော်၍လည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာအရလည်းကောင်း ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ်ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မှစ၍ ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေ အကန့်အသတ်အတွင်းမှ ပြင်ဆင်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီးမေးမြန်းသည့် ၁ မိုင်နှင့် ၀.၂၆ ဖာလုံအား မြေသားတာဘောင်ချဲ့ခြင်းနှင့် ကျောက်ရောမြေခင်းခြင်းကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေမှ လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးနိုင်ဝင်း(ဓနုဖြူမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။

မိမိတင်ပြမေးမြန်းသည့် မေးခွန်းသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုဘတ်ဂျက်မှ ယခုနှစ် ပြင်ဆင်ထိန်းသိမ်းခြင်း၊ လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ဟု ဖြေကြားသည့်အတွက် လွှတ်တော်ကြီးနှင့် သမဝါ ယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို မဲဆန္ဒရှင်ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ပြီးခဲ့သည့် လွှတ်တော်ရပ်နားချိန် ကွင်းဆင်းသည့်အခါ နှစ်စဉ် ဒေသခံပြည်သူများသည် နွေစပါး ရိတ်သိမ်းပြီးသည့်အချိန်တွင် ထိုလမ်းကိုပြင်ပါကြောင်း၊ တံတားအသေးလေးများ တည်ဆောက်ပြီး ကျောက်ခင်းပါကြောင်း၊ ကော်မတီရှိပါကြောင်း၊ ကော်မတီမှတင်ပြသည့်အခါ ပထမတင်ပြသည့် ကြပ်ရိုး အ.မ.က မှ တော်ဖျား အ.မ.က ဟု တင်ပြထားခြင်းရှိပါကြောင်း၊ သို့သော် ကြပ်ရိုး အ.မ.က ၏ဘယ်ဘက်တွင် ၂ ဖာလုံလောက်သည် အင်မတန်မှ ပျက်စီးနေပါသောကြောင့် ကောင်းသည့်နေရာ ကောင်းပြီး ဆိုးသည့်နေရာဆိုးသည့်အတွက် ဘယ်ဘက်ကို ၂ ဖာလုံပြောင်းရွှေ့ပြီး‌ သတ်မှတ်ထားသည့် ဘောင်အတွင်း ၁ မိုင်၊ ၀.၂၆ ဖာလုံအတွင်းတွင် ဆောင်ရွက်ပေးနိုင်ခွင့် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။ 

အဖြေ
အဖြေ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က

ပထမဦးဆုံး ကျောင်းသူကျောင်းသားများ သွားလာရန်ခက်ခဲ နေသည့်အတွက် ယခု၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်ခြင်းရန်ပုံငွေထဲမှ ပြင်သွားမည်ဟု မိမိ တင်ပြထားပါကြောင်း၊ ထို့အပြင် ကိုယ်စားလှယ်တော်ကြီး မေးမြန်းသည့် ၁ မိုင်နှင့် ၀.၂၆ ဖာလုံ မြေသားတာဘောင်ချဲ့ခြင်း၊ ကျောက်ရောမြေခင်းခြင်းကို လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေနှင့် လျာထားဆောင်ရွက်ပေးသွားမည်ဟု မိမိတင်ပြထားပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါ သည်။