နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၉.၉.၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးဆဋ္ဌမမြောက်နေ့သို့ လာရောက်လေ့လာသည့်မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ၊ သာသနာနုဂ္ဂဟအသင်းနှင့် နေပြည်တော်မသန်စွမ်းသူများအသင်းတို့အားတွေ့ဆုံ ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပမှုကို လာရောက်လေ့လာ
MY EN

(ခ)-ဦးဝင်းဆွေ(ခ)ဦးဝင်းရွှေ(လပွတ္တာမဲဆန္ဒနယ်)

2026-09-30
တတိယအကြိမ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
မေးခွန်း
ဦးဝင်းဆွေ(ခ) ဦးဝင်းရွှေ (လပွတ္တာ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

လပွတ္တာမြို့နယ်ရှိ ကိုင်းသောင်၊ ပုံကမာ၊ ရေတွင်းဆိပ်နှင့် ကုန်းကြီးရွာများ၌ School Cum Shelter ၄ လုံး ဆောက်လုပ်မှုရပ်နားထားသည့်အပေါ် မည်သို့ဆောင်ရွက်မည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်း သည့် မေးခွန်း

လပွတ္တာမြို့နယ်အတွင်း ဆောက်လုပ်ခဲ့သည့် School Cum Shelter ၄ လုံး၏ ဆောက်လုပ် သည့်နေရာများသည် ကပ္ပလီပင်လယ်နှင့် အလွန်နီးစပ်ပြီး ကိုင်းသောင် ကျေးရွာအုပ်စုသည် ပင်လယ်ထဲတွင်ရှိသည့် ကျွန်းတစ်ကျွန်းဖြစ်ပါကြောင်း၊၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းတွင် လူအသေ အပျောက် ၈၀,၀၀၀ ခန့်ရှိခဲ့သည့်နေရာများလည်း ဖြစ်ပါကြောင်း၊ ဒေသခံ ပြည်သူများသည် စာသင် ကျောင်းလည်းဖြစ်၊ခိုလှုံရာအဆောက်အဦလည်းဖြစ်သည့်အတွက်ပိုပြီးသဘောကျကြပြီးပို လိုချင်ကြ ပါကြောင်း၊ ဆားချက်အုပ်စု၊ ပုံကမာကျေးရွာတွင် ဆောက်လုပ်သည့် School Cum Shelter ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်က ဆောက်လုပ်ခဲ့ပြီး ခွင့်ပြုငွေ ၂၈၅ သန်းဖြစ်ပါကြောင်း၊ PSA ကုမ္ပဏီ က ဆောက်လုပ်ခဲ့ပြီး ၂၇ ရာခိုင်နှုန်းပြီးစီးခဲ့ပါကြောင်း၊ ၎င်းအဆောက်အဦကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေး နှစ်တွင် Silver Star ကုမ္ပဏီမှ ဆက်လက်ဆောက်လုပ်ခဲ့ပြီး ၃၅ ရာခိုင်နှုန်းအထိ ပြီးစီး ခဲ့ပါကြောင်း၊ ၎င်းအချိန်မှစပြီး ဆက်လက်ဆောက်လုပ်ခြင်းမရှိဘဲ ရပ်နားထားသည်မှာ ယနေ့ တိုင်ဖြစ်ပါ ကြောင်း၊

ရေတွင်းဆိပ်ကျေးရွာ School Cum Shelter ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် က ဆောက် လုပ်ခဲ့ပြီး ခွင့်ပြုငွေ ၂၈၅ သန်း ဖြစ်ပါကြောင်း၊ PSA ကုမ္ပဏီ တည်ဆောက်ခဲ့ပြီး ၂၇ ရာခိုင်နှုန်း ပြီးစီးခဲ့ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် သစ္စာမဏ္ဍိုင်က၎င်းအဆောက်အဦကို ဆက်လက် ဆောက်လုပ်ခဲ့ပြီး ပြီးစီးမှုရာခိုင်နှုန်းက ၃၅ ရာခိုင်နှုန်းသာ ရှိခဲ့ပါကြောင်း၊ ဆက်လက် ဆောက်လုပ်ခြင်းမရှိဘဲ ရပ်နားထားသည်မှာ ယနေ့တိုင် ဖြစ်ပါကြောင်း၊ ကိုင်းသောင်ရွာတွင် ဆောက်လုပ်ခဲ့သည့် School Cum Shelter ကို၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ၂၈၅ သန်း ခွင့်ပြုငွေရထားပြီး Marval Wealth ကုမ္ပဏီမှ တည်ဆောက်ခြင်းဖြစ်ပြီး ၂၀ ရာခိုင်နှုန်း သာ ပြီးစီးခဲ့ပါကြောင်း၊ မြေအောက်ပိုင်ရိုက်သည့်အဆင့်မှာသာ ဆောင်ရွက်ခဲ့ပြီး လက်ရှိအခြေအနေ တွင် ရေနှင့်လျှိုမြောင်အောက် တွင်နစ်မြုပ်နေခြင်း ဖြစ်ပါကြောင်း၊ ကုန်းကြီးကျေးရွာတွင် ဆောက်လုပ်ခဲ့သည့် School Cum Shelter သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုငွေပေါင်း ၃၄၈.၆ သန်းနှင့် Ayar Pioneer ကုမ္ပဏီမှ ဆောက်လုပ်ခဲ့ရာ ၆၀ ရာခိုင်နှုန်းသာပြီးစီးခဲ့ပြီး ဆက်လက် ဆောက်လုပ်ခြင်းမပြုဘဲ ရပ်ဆိုင်းသွားသည်မှာ ယနေ့တိုင်ဖြစ်ပါကြောင်း။ 

၎င်းကျောင်းများ၏ အဆင့်များမှာ ပုံကမာကျေးရွာသည် မူလတန်းလွန်ကျောင်း၊ ရေတွင်း ဆိပ်ကျေးရွာသည် အလယ်တန်းကျောင်းခွဲ၊ ကုန်းကြီးကျေးရွာ သည် အထက်တန်းကျောင်းခွဲ၊ ကိုင်းသောင်ကျေးရွာသည် အထက်တန်းကျောင်းခွဲတို့ဖြစ်ပါကြောင်း၊ အဆိုပါ ကျောင်းများတွင် တိုးတက်လာသည့်ကျောင်းသားဦးရေအရ အမှန် တကယ်လိုအပ်၍ လျာထားဆောက်လုပ်ခြင်း လည်း ဖြစ်ပါကြောင်း၊ School Cum Shelter များကို ပြီးပြတ်‌အောင် ဆောက်လုပ်နိုင်ခြင်း မရှိသည့်အတွက် ဒေသခံကျောင်းသူ ကျောင်းသားများမှာ အခက် အခဲများနှင့်ကြုံတွေ့ရပါကြောင်း၊ ဆောက်လုပ်ပြီးစီးခဲ့လျှင် ပညာရေးအပြင် လေဘေးမုန်တိုင်းဘေး မှ ခိုလှုံရာ အဆောက်အဦများ လည်း ဖြစ်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများက ဆက်လက်ဆောက်လုပ်ပေးရန် သို့မဟုတ် အသစ်ဆောက်လုပ်ပေးရန် မျှော်လင့်လျက်ရှိကြပါကြောင်း၊ သို့ဖြစ်ပါ၍ ပြီးပြတ်အောင် ဆောက်လုပ်ထားခြင်းမရှိသော လပွတ္တာမြို့နယ်ရှိ ပုံကမာ၊ ရေတွင်းဆိပ်၊ ကိုင်းသောင်၊ ကုန်းကြီး ကျေးရွာများရှိ School Cum Shelter များအား ဆက်လက်ဆောက်လုပ် ပေးရန် သို့မဟုတ် အသစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ /မရှိနှင့်စပ်လျဉ်းပြီး သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။ 

အဖြေ
အဖြေ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် ပင်မလုပ်ငန်း တာဝန်ဖြစ်သည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည့်အပြင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ အတွင်းရေးမှူးရုံး အဖွဲ့အနေဖြင့် Shelterများ ဆောက်လုပ်ခြင်းအပါအဝင် ဘေး အန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်လိုကြောင်း ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်း ဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များက ရန်ပုံငွေ တင်ပြတောင်းခံလာလျှင် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက်ရယူပြီး ခွင့်ပြုချက်ရရှိပါက သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့များ သို့ ရန်ပုံငွေလွှဲပြောင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဆိုပါ Shelter တည်ဆောက်ခြင်း လုပ်ငန်းများအပါအဝင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို သက်ဆိုင်ရာ အစိုးရအဖွဲ့များ ကသာ တာဝန်ယူကြီးကြပ်စီမံ အကောင်အထည်ဖော် ဆောင်ရွက်ကြရခြင်း ဖြစ်ပါကြောင်း။

Shelter တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းအလွန်ကာလကစပြီး ၂၀၁၅ ခုနှစ်အထိ နိုင်ငံတော်အစိုးရဘတ်ဂျက်၊ ပြည်တွင်း၊ ပြည်ပအလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် ဆောင်ရွက်ခဲ့ရာ Shelter ၉၅ လုံး တည်ဆောက်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစပြီး သက်ဆိုင် ရာ အစိုးရအဖွဲ့များ၏ တင်ပြမှုအပေါ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ မှ Shelter ၁၅၈ လုံး တည်ဆောက်ရန်အတွက် ရန်ပုံငွေများခွင့်ပြုပေးခဲ့ပါကြောင်း၊ ၎င်းတို့ အနက် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းရပ်တန့်နေသည့် Shelter များရှိခဲ့ရာ အဆိုပါ လုပ်ငန်း ရပ်တန့်နေသည့် Shelter များနှင့်စပ်လျဉ်းပြီး ဆက်လက်ဆောင်ရွက်မည့် အစီအမံကို အမျိုးသား ကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များကို တောင်းခံခဲ့ပါ ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှာရှိသည့် လုပ်ငန်းရပ်တန့်နေသည့် Shelter များအတွက် ထပ်မံလိုအပ်ငွေ ခွင့်ပြုပေးပါရန် အစိုးရအဖွဲ့များက တင်ပြလာပါက တင်ပြမှုနှင့်စပ်လျဉ်းပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးမှုမရှိသည့် ကုမ္ပဏီများအပေါ် ဆောင်ရွက်မည့်အခြေအနေ၊ ဆက်လက် ဆောင်ရွက် မည့် အစီအမံတို့ကို အသေးစိတ်ရေးဆွဲတင်ပြရန်နှင့် အမျိုးသားသဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ထပ်မံအကြောင်းကြားခဲ့ရာတွင် လုပ်ငန်းဆောင်ရွက်မည့်ဒေသခံကုမ္ပဏီများ ရွေးချယ်ပြီးဖြစ်ပါကြောင်း၊ ရန်ပုံငွေထပ်မံ တိုးမြှင့်ပေး ပါက လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းနှင့် ဆောင်ရွက်မည့် ကုမ္ပဏီ များ ၏ ကတိဝန်ခံချက်များ ရယူထားပါကြောင်း အစိုးရအဖွဲ့က တင်ပြလာပါက ရန်ပုံငွေ ထပ်မံဖြည့်တင်း ပေးခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားသည့် Shelter များ အတွက်လည်း ပါဝင်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းထားသည့် Shelter ၄ လုံးအနက်မှ ကိုင်းသောင် ကျေးရွာ Shelter သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် Marval Wealth ကုမ္ပဏီက ဆောက်လုပ် ခဲ့ရာတွင် ၂၀ ရာခိုင်နှုန်းသာပြီးစီးပြီး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခြင်းမပြုတော့ပါသဖြင့် ပြန် လည် အပ်နှံခဲ့သည့်လုပ်ငန်းဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်လိုသည့် ကုမ္ပဏီ ကို ရှာဖွေသော်လည်း လမ်းခရီးဝေးကွာခြင်း၊ လုပ်ငန်းသုံးပစ္စည်းများ သယ်ယူပို့ဆောင်ရန် ခက်ခဲ ခြင်းတို့ကြောင့် ဆောင်ရွက်လိုသည့်ကုမ္ပဏီမရှိပါကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကို တင်ပြခဲ့သည့်လုပ်ငန်းဖြစ်ပါကြောင်း။

ပုံကမာကျေးရွာ Shelter နှင့်စပ်လျဉ်းပြီး မူလခွင့်ပြုငွေမလုံလောက်သည့်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထပ်မံတောင်းခံမှုအပေါ် ရန်ပုံငွေဖြည့်တင်းပေးခဲ့ပြီး အစိုးရအဖွဲ့က ကြီးကြပ်ဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း၊ အဆိုပါ Shelter ကို တည်ဆောက်သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့က စိစစ် ရွေးချယ်ထားသည့် ဒေသခံကုမ္ပဏီအနေဖြင့် ဆောက်လုပ်ရေး ပစ္စည်း ဈေးနှုန်း မြင့်တက်ခြင်း၊ လုပ်သားရှားပါးခြင်း၊ လုပ်အားခမြင့်မားခြင်း၊ စက်သုံးဆီအခက်အခဲ စသည်တို့ ကြောင့် လုပ်ငန်းဆက်လက် ဆောင်ရွက်နိုင်မှုမရှိဘဲ ရပ်နားထားရသည့်အတွက် ပြန်လည် အပ်နှံခွင့် ပြုရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့က အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကို တင်ပြခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကုမ္ပဏီတို့ ချုပ်ဆိုထားသည့် လုပ်ငန်းသဘောတူစာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ ကုမ္ပဏီကို အရေးယူဆောင်ရွက်ရန်၊ ကျန်ရှိ တန်ဖိုးနှင့် လုပ်ငန်းအာမခံကြေးတို့ကို သိမ်းယူရန်နှင့် ဆောင်ရွက်ပြီးစီးမှုကို ပြန်လည် တင်ပြရန် အကြောင်းကြားခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဖြေကြားချက်အရ ပုံကမာ ကျေးရွာ Shelter သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် Silver Star Pathein ကုမ္ပဏီကနေ ၂၃-၉-၂ဝ၂၄ ရက်တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်း ၃၅ ရာခိုင်နှုန်း ပြီးစီးပြီးသည့်နောက် တည်ဆောက်ရေးလုပ်ငန်း အခက်အခဲရှိသည့်အတွက် အဆိုပါကုမ္ပဏီမှ လုပ်ငန်းရပ်နားမှု တင်ပြခဲ့ ရာတိုင်းဒေသကြီးအစည်းအဝေးအမှတ်စဉ်(၅/၂၀၂၆)၏ ဆုံးဖြတ်ချက်အရ လုပ်ငန်းပြန်လည် အပ်နှံခွင့်ပြုကြောင်း၊ လုပ်ငန်းများ၏ ပြီးစီးရန်ကျန် လုပ်ငန်းတန်ဖိုးနှင့် PG တန်ဖိုးများကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ သို့ ပြန်လည်အပ်နှံခွင့်ပြုကြောင်းနှင့် ကုမ္ပဏီကို Black list စာရင်းရေးသွင်းရန် ဆုံးဖြတ်ခဲ့ပါကြောင်း။ 

အလားတူ ရေတွင်းဆိပ်ကျေးရွာ Shelter အတွက် မူလခွင့်ပြုငွေမလုံလောက်သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထပ်မံတောင်းခံမှုအပေါ် ရန်ပုံငွေထပ်ဖြည့်တင်းပေးခဲ့ပြီး  အစိုးရအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ Shelter ကို တာဝန်ယူဆောင်ရွက်နေသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့က စိစစ်ရွေးချယ်ထားသည့် ဒေသခံကုမ္ပဏီအနေဖြင့် လုပ်ငန်းများရပ်တန့်နေမှုအပေါ် အစိုးရအဖွဲ့နှင့် ကုမ္ပဏီတို့ချုပ်ဆိုထားသည့် လုပ်ငန်းသဘောတူစာချုပ်ကိုရပ်စဲပြီး လုပ်ငန်းပြန်လည် အပ်နှံခွင့်ပြုရန် ၃၀-၇-၂၀၂၆ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို တင်ပြပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်အရ ရေတွင်းဆိပ် ကျေးရွာ Shelter သည် ၂ဝ၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မဏ္ဍိုင်သစ္စာကုမ္ပဏီမှ ၂၃-၉-၂ဝ၂၄ ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်း ၃၅ ရာခိုင်နှုန်းပြီးနောက် တည်ဆောက်ရေးလုပ်ငန်း အခက်အခဲရှိသည့်အတွက် အဆိုပါကုမ္ပဏီက လုပ်ငန်းရပ်နားမှုတင်ပြခဲ့ရာ တိုင်းဒေသကြီးအစည်းအဝေးအမှတ်စဉ်(၅/၂၀၂၆) ၏ ဆုံးဖြတ်ချက်အရ လုပ်ငန်းသဘောတူ စာချုပ်ပါ စည်းကမ်းချက်များအရ သဘောတူရပ်စဲပြီး ၎င်း Shelter အတွက် ၆၅ ရာခိုင်နှုန်း ထုတ်ရန် ကျန်ငွေကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေကို ပြန်လည်အပ်နှံခွင့်ပြုပြီး ဆုံးဖြတ်ခဲ့ပါကြောင်း။

ကုန်းကြီးကျေးရွာ Shelter ကို တည်ဆောက်ပေးရန် ကျေးရွာနေပြည်သူများက တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြခဲ့မှုအပေါ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ခွင့်ပြုပေးရန် တင်ပြလာသည့်အတွက် ခွင့်ပြုပေးထားသည့်လုပ်ငန်း ဖြစ်ပါကြောင်း၊ အဆိုပါ Shelter ၆၀ ရာခိုင်နှုန်း လုပ်ငန်းပြီးစီးမှုအတွက် အစိုးရအဖွဲ့ထံမှ လုပ်ငန်းရှင်က ကျသင့်ငွေထုတ်ယူ ပြီး ထပ်မံပြီးစီးသည့် ၁၀ ရာခိုင်နှုန်းအတွက် အစိုးရအဖွဲ့ကို ကျသင့်ငွေတောင်းခံရာမှာ ကြန့်ကြာမှု များဖြစ်ပေါ် နေသည့်အတွက် ဖြေရှင်းပေးရန် Shelter တည်ဆောက်သည့်ကုမ္ပဏီက အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကို တင်ပြလာပါကြောင်း၊ ကုမ္ပဏီ၏တင်ပြမှု အပေါ် စိစစ်ဖြေရှင်း ဆောင်ရွက်ရန်နှင့် ဆောင်ရွက်မှုအခြေအနေကို ပြန်လည်တင်ပြရန် အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကို အကြောင်းကြားထားပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဖြေကြားချက်အရ ကုန်းကြီး ကျေးရွာ Shelter သည် ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၃၄၈.၆ သန်းဖြင့် Ayar Pioneer ကုမ္ပဏီမှ ၅-၁၀-၂၀၂၃ ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ လုပ်ငန်း ၆၀ ရာခိုင်နှုန်း ပြီးစီးပြီး ငွေထုတ်ယူပြီးနောက် လုပ်ငန်းစာချုပ်အရ သက်တမ်းကျော်လွန်နေပြီဖြစ်သည့်အပြင် မြေပြင်တွင် ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် Ayar Pioneer ကုမ္ပဏီကို အမည်ပျက် စာရင်းရေးသွင်းပြီး PG ၅ ရာခိုင်နှုန်းနှင့် ကျန်ရှိသည့်လုပ်ငန်းတန်ဖိုး ၄၀ ရာခိုင်နှုန်း ငွေကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေစာရင်းကို ပေးသွင်းနိုင်ရေးတင်ပြထား သည်ကို သိရှိရပါကြောင်း။

ထို့ကြောင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် သက်ဆိုင် ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များမှ ဒေသလိုအပ်ချက်အရ တင်ပြလာသည့် လုပ်ငန်းများ ကို ရန်ပုံငွေပေါ်မူတည်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုချက်များရယူဆောင်ရွက် ပေးထား ပြီး ဖြစ်သည့်အပြင် အခက်အခဲကြောင့် ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိသည့် ရန်ပုံငွေပြန်လည် အပ်နှံလိုမှုကိုလည်း အစိုးရအဖွဲ့များ၏တင်ပြချက်ပေါ်မူတည်ပြီး ပြန်လည်အပ်နှံခွင့်ပြုခဲ့ပါကြောင်း၊ သို့သော် အဆိုပါရန်ပုံငွေ ပြန်လည်အပ်နှံသည့်လုပ်ငန်းများ မြေပြင်တွင်ပြီးစီးအောင် ဆောင်ရွက် နိုင်ရေးသည် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သင့်လျော်သည့်အစီအမံဖြင့် ဆက်လက် ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လပွတ္တာမြို့နယ်၊ ကုန်းကြီး၊ ပုံကမာ၊ ရေတွင်းဆိပ် ကျေးရွာများတွင် တည်ဆောက်သည့် Shelter ၃ လုံးကို ဒေသပေါက်ဈေးဖြင့် ဆက်လက်ဆောင်ရွက်နိုင်မည့်ကုမ္ပဏီများဖြင့် ဆက်သွယ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးဝင်းဆွေ(ခ)ဦးဝင်းရွှေ(လပွတ္တာမဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။            

တကယ်တော့ အပေါ်တွင် မိမိတင်ပြခဲ့သည့် ၎င်းဒေသများသည် ပင်လယ်ကမ်းနှင့်အင်မတန်နီးပြီး  မိုးဦးကျနှင့် မိုးနှောင်းပိုင်းတွေမှာ မကြာခဏမုန်တိုင်းတိုက်ခတ်ခြင်းခံရသည့်နေရာများ ဖြစ်ပါ ကြောင်း၊ ၎င်း School Cum Shelter များသည် မိမိတို့ဒေသများအတွက် အလွန်အရေးပါသည့် အဆောက်အဦ များဖြစ်ပါကြောင်း၊ နောက်တစ်ခုက ယခုလျာထားဆောက်လုပ်ခဲ့သည့် အဆောက် အဦများတွင် တချို့အဆောက်အဦများဆိုလျှင် ၆ နှစ်ကျော်သွားပြီ ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် ကုမ္ပဏီများနှင့် မည်သို့စည်းနှောင်စာချုပ်များချုပ်ထားသည်ကို သိလိုပါကြောင်းနှင့် လက်ရှိဖြစ်ပေါ်လာသည့် အခြေအနေတွင် မည်သို့အရေးယူ ဆောင်ရွက်ထား ပြီး မည်သည့်ကာလတွင် နှစ်အပိုင်းအခြား တစ်ခုနှင့် ဘတ်ဂျက်နှစ်တစ်ခုနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးနိုင်မည်ဆိုသည်ကို သိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။ 

အဖြေ
အဖြေ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုး

၎င်းကိုတိုင်းဒေသကြီးအစိုးရမှ အဓိကဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးကလည်း လောလောလတ်လတ် ရေဘေးအန္တရာယ်များနှင့် ၎င်းတို့လည်း နည်းနည်းအလုပ်ရှုပ်နေပုံရပါကြောင်း၊ မိမိမှ ၎င်းဒေသရှိ လူမှုရေးဝန်ကြီးနှင့် ချိတ်ဆက်ပြီး ပြန်လည်ဆွေးနွေးပြီး ပြန်လည်ဖြေကြားပေးမည်ဖြစ်ပါကြောင်းဖြင့် ဖြေကြားခဲ့ပါသည်။