နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ (၁၇-၇-၂၀၂၆) အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ကြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
MY EN

(ဈ)- ဦးခင်မောင်ချင်း(မြဝတီမဲဆန္ဒနယ်)-မေးခွန်း

2026-07-13
တတိယအကြိမ်
နေပြည်တော်ကောင်စီ
Q&A Image
မေးခွန်း
မေးခွန်း

ဦးခင်မောင်ချင်း(မြဝတီမဲဆန္ဒနယ်)

အခွန်လွတ်ဈေးများဖွင့်လှစ်ရန်နှင့် ဒေသထွက်ကုန်များသယ်ယူရာတွင် ငွေကြေးကောက်ခံသည့် နေရာများလျော့နည်းအောင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိ၊ မရှိပါက အဘယ်ကြောင့်နှင့် ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြစ်၊ ချောင်း၊ အင်းအိုင်များ၊ ဆည်တမံများ၊ ရေလှောင်ကန်များလည်း ပေါများသည့် နိုင်ငံလည်း ဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လည်း စိုက်ပျိုးရေးလုပ်ငန်းများကို စီမံချက်များ ရေးဆွဲ၍ အားသွန် ခွန်စိုက်ပြုလုပ်လျက်ရှိနေကြသည့် မွေးမြူရေးဇုန်များကိုလည်း ဖွင့်လှစ်၍ မွေးမြူရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ပြည်သူများမှလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်း များနှင့် မွေးမြူရေးလုပ်ငန်းများကို အများအပြား လုပ်ကိုင်ဆောင်ရွက် နေပါကြောင်း။

နိုင်ငံတော်တစ်ဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ ခရိုင်များ၊ မြို့နယ်များနှင့် ကျေးလက် ဒေသများမှ ထွက်ရှိသော ဆန်၊ အသား၊ ငါး၊ ပုစွန်၊ ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက်များနှင့် တခြားသောထွက်ကုန်ပစ္စည်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ ခရိုင်များ၊ မြို့နယ်များရှိ ဈေးများသို့ သယ်ယူပို့ဆောင်ပြီး ရောင်းချကြရာတွင် သယ်ယူပို့ဆောင်သည့် လမ်းခရီးတစ်လျှောက်၌ ငွေကြေးကောက်ခံသည့်နေရာ များပြားလှသဖြင့် သွားလာစရိတ်၊ သယ်ယူစရိတ်၊ ပို့ဆောင်ရေးစရိတ် အများအပြားကုန်ကြနေရသည့်အပြင် ရောင်းချသည့် ဈေးများတွင်လည်း ကောက်ခံသည့် အခွန်အခ များကြောင့် အဆိုပါရောင်းချသည့် ထွက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများသည် အလွန်တရာမြင့်တက် လာသဖြင့် ဝယ်ယူစားသုံးနေရသည့် ပြည်သူများအဖို့ ဈေးကြီးပေး၍ ဝယ်ယူစားသောက်နေရသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ မိဘပြည်သူများ နေ့စဉ်နှင့်အမျှ ဝယ်ယူစားသောက်နေကြရသည့် အခြေခံ ကျသော ဒေသထွက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ အသား၊ ငါး၊ ပုစွန်၊ ကြက်ဥ၊ ဘဲဥ၊ ကွမ်းသီး၊ ကွမ်းရွက်နှင့် ဟင်းသီးဟင်းရွက်များကို ချိုသာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသောက်နိုင်မှသာ ပြည်သူများ၏ စားဝတ်နေရေး တစ်စိတ်တစ်ဒေသ ပိုမိုအဆင်ပြေလာနိုင်မည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ (၁) နိုင်ငံတော်တစ်ဝန်းရှိ မြို့နယ်များတွင် အခွန်လွတ်ဈေးများဖွင့်လှစ်၍ ဒေသ ထွက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိနှင့် မရှိပါက အဘယ်ကြောင့်နှင့် အစီအစဉ်ရှိပါက မည်သည့် ကာလအပိုင်းအခြားတွင် ဆောင်ရွက်ပေးသွားမည်ကို သိလိုပါကြောင်း၊ (၂) ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ ခရိုင်များ၊ မြို့နယ်များရှိ ဒေသထွက်ကုန်ပစ္စည်း များကို သယ်ယူပို့ဆောင်ရာတွင် ခရီးလမ်းတစ်လျှောက် ငွေကြေးကောက်ခံသည့်နေရာများ များပြား နေမှုကို လျော့နည်းအောင် စီမံဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ မရှိ၊ အစီအစဉ်မရှိပါက အဘယ် ကြောင့်နှင့် အစီအစဉ်ရှိပါက မည်သည့် ကာလအပိုင်းအခြားတွင် စီမံဆောင်ရွက်ပေးသွားမည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

 နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးဝင်းမိုးနိုင် က

နိုင်ငံတော်တစ်ဝန်းရှိ မြို့နယ်များတွင် အခွန်လွတ်ဈေးများဖွင့်လှစ်ပြီး ဒေသထွက်ကုန်ပစ္စည်း များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနိုင်ရန် အစီအစဉ်ရှိ မရှိနှင့် ဒေသ ထွက်ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရာတွင်ခရီးလမ်းတစ်လျှောက် ငွေကြေးကောက်ခံသည့် နေရာများ များပြားနေမှုကို လျော့နည်းအောင် စီမံဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ မရှိ၊ အစီအစဉ် မရှိပါက အဘယ်ကြောင့်နှင့် အစီအစဉ်ရှိပါက မည်သည့်ကာလအပိုင်းအခြားတွင် စီမံဆောင်ရွက် ပေးသွားမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း၍ တချို့သောတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လတ်တလောဒေသအခြေအနေနှင့် မြေနေရာအခြေအနေများအရ အခွန်လွတ်ဈေးများ ဖွင့်လှစ်နိုင်မှုမရှိသေးပါကြောင်းနှင့် နေပြည်တော်နှင့် တိုင်းဒေသကြီး ပြည်နယ်များတွင် အခွန်လွတ်ဈေးများ ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုအခြေအနေများအား တင်ပြအပ်ပါကြောင်း။ 

         ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အနေဖြင့် စည်ပင်သာယာရေးကော်မတီပိုင်ဈေး ၃၈ ဈေး တွင် ဒေသထွက်ကုန်ပစ္စည်းများကို မည်သူမဆို လွတ်လပ်စွာ ရောင်းချနိုင်ရန် ပျံကျနေရာများ အခမဲ့ စီစဉ်ဆောင်ရွက်ပေးထားပြီး အဆိုပါနေရာများတွင် လာရောက်ရောင်းချသည့် ဈေးသည်များကို ကုန်ပစ္စည်းများ ရောင်းချခြင်းအတွက် အကျယ်အဝန်းအလိုက် သင့်တင့်သောနှုန်းထားဖြင့် နေ့စဉ် ပျံကျဈေးကောက်တစ်မျိုးတည်းသာကောက်ခံပြီး ၎င်းတို့၏ အမှိုက်နှင့်အညစ်အကြေးများ သန့်ရှင်း ရေး၊ လုံခြုံရေး၊ စည်းကမ်းစနစ်တကျရှိစေရေးတို့ကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အခွန် လွတ်ဈေးကဲ့သို့ ကုန်ပစ္စည်းများအား လွတ်လပ်စွာအခမဲ့ရောင်းချနိုင်ရန် အာဟာရသုခဈေးကဲ့သို့ ဈေးနှုန်းသက်သာပြီး လက်လီ လက်ကားရောင်းချနိုင်သည့် နံနက်ဈေး၊ ညဈေးများ ဖွင့်လှစ်ထား ရှိပြီးဖြစ်ပါသဖြင့် အခွန်လွတ်ဈေးသီးသန့် ဖွင့်လှစ်ဆောင်ရွက်ရန် လိုအပ်မှုမရှိပါကြောင်း၊ ကရင် ပြည်နယ်အတွင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ၇ ဖွဲ့အနက် ၅ ဖွဲ့မှ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဟင်းသီးဟင်းရွက်နှင့်  အသား၊ ငါးများဝယ်ယူနိုင်ရေးအတွက် အခွန်လွတ်ဈေးများအား အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့ များတွင်လည်းကောင်း ဘားအံမြို့၌ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများရောင်းချသည့် တောင်သူ လယ်သမားဈေးအား အပတ်စဉ် အင်္ဂါနေ့နှင့် စနေနေ့များတွင်လည်းကောင်း ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နှင့်မြို့စည်ပင်သာယာရေးအဖွဲ့များတွင် အဖွဲ့ပိုင် ဈေးပေါင်း ၈၀ ရှိပြီး အဆိုပါဈေးများတွင် မြို့နှင့် ကျေးလက်ဒေသများမှ ထွက်ရှိသော ဟင်းသီး ဟင်းရွက်နှင့် အခြားထွက်ကုန်ပစ္စည်းများကို ရောင်းချရန် ပျံကျဈေးရုံများဆောက်လုပ်၍ ရောင်းချ ခွင့်ပြုလျက်ရှိပြီး ထိုသို့ရောင်းချရာတွင် ဆိုင်ခန်းနေရာအနေအထားပေါ်မူတည်၍ ၆ပေx၆ပေ  တစ်ခန်းလျှင် ပျမ်းမျှအားဖြင့် ၅၀ဝိ/- ကျပ်နှုန်းဖြင့် တစ်ကြိမ်သာ ကောက်ခံပြီး အဆိုပါ ၅၀ဝိ/ကျပ် နှုန်းသည် ဈေးသန့်ရှင်းသာယာလှပရေး လုပ်ငန်းများအတွက် လုပ်အားခ ကုန်ကျစရိတ်မျှသာ ဖြစ် သဖြင့် ဈေးသည်များအပေါ် ဈေးကောက်နှုန်းထားအရ ဝန်ထုပ်ဝန်ပိုးမဖြစ်စေသည့်အပြင် ဈေး သန့်ရှင်းသာယာလှပရေးကိုလည်း ဆောင်ရွက်ပေးနိုင်ပါကြောင်း သီးသန့် အခွန်လွတ်ဈေးအဖြစ် ထားရှိမည်ဆိုပါက ဈေး၏ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေ လိုအပ်မည်ဖြစ်ပါသောကြောင့်   အခွန်လွတ်ဈေးအဖြစ်ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ပဲခူးတိုင်းဒေသကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ် ၂၈ မြို့နယ်ရှိ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများတွင် ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်မွေးမြူသူများကို အခွန်ကောက်ခံမှု မရှိဘဲ အခွန်လွတ်ဈေးနေရာ သတ်မှတ်ပေးပြီး သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချစေရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ စားသုံးသူပြည်သူများကို ယနေ့အထိ ပိတ်ရက်မရှိ ရောင်းချပေး လျက်ရှိပါကြောင်း၊ ပဲခူး၊ တောင်ငူ၊ ပြည်နှင့်သာယာဝတီမြို့များရှိ တက္ကသိုလ်၊ ကောလိပ်၊ စက်မှု လက်မှုသိပ္ပံကျောင်းများနှင့် သူနာပြုသင်တန်းကျောင်းများသို့လည်းကောင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေး ဦးစီးဌာန၏ ခရိုင်အလိုက်ဝန်ထမ်းအိမ်ရာများသို့လည်းကောင်း၊ အငြိမ်းစားဝန်ထမ်းအိမ်ရာများသို့ လည်းကောင်း၊ ရုံးဖွင့်ရက်နေ့တိုင်း အလှည့်ကျစနစ်ဖြင့် အခြေခံစားကုန်များကို ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

မန္တလေးတိုင်းဒေသကြီးအနေဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် အတွင်းရှိ စည်းကမ်းမဲ့ လမ်းဘေးကျူးကျော်ဈေးရောင်းချနေမှုများ လျော့နည်းပပျောက်စေရန်နှင့် ပြည်သူများဈေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်စေရန် ယခင်က အောင်မြေသာစံမြို့နယ်တွင် အခွန် လွတ်ဈေး ၂ ခု၊ ချမ်းအေးသာစံမြို့နယ်တွင် အခွန်လွတ်ဈေး ၅ ခု၊ မဟာအောင်မြေမြို့နယ်တွင် အခွန် လွတ်ဈေး၄ ခု၊ ချမ်းမြသာစည်မြို့နယ်တွင် အခွန်လွတ်ဈေး ၁ ခု၊ ပြည်ကြီးတံခွန်မြို့နယ်တွင် အခွန် လွတ်ဈေး ၂ ခု စုစုပေါင်း အခွန်လွတ်ဈေး ၁၄ ခု ဖွင့်လှစ်ခဲ့ပြီး အဆိုပါ အခွန်လွတ်ဈေးများအား ယခုအခါ ပြောင်းလဲလာသော အခြေအနေများအရ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ အခွန်ဌာနနှင့် ဈေးနှင့်သားသတ်ဌာနများမှ အခွန်များပြန်လည် ကောက်ခံလျက်ရှိပါကြောင်း၊ ယခုအခါ ကုန်ဈေးနှုန်းကျဆင်းရေး၊ ဒေသထွက်ကုန်ပစ္စည်းများကို ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချ နိုင်ရေး၊ စားသုံးသူသက်သာချောင်ချိရေး၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူသူများ ဈေးကွက်ပိုမိုရရှိ ရေးနှင့် စည်းကမ်းမဲ့ ကျူးကျော်ဈေးသည်များ လျော့နည်းစေရေးတို့အတွက် မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ ယခင်အခွန်လွတ်ဈေးများအား အချိန်၊ နေရာနှင့် ရက်သတ် မှတ်၍ စနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် နေရာလွတ်များတွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ် ရောင်းချသူများအတွက် အခွန်လွတ်ဈေးများအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွင်း အချိန်၊ နေရာနှင့် ရက်သတ်မှတ်၍ စနစ်တကျ ဖွင့်လှစ်နိုင်ရေး  စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

မွန်ပြည်နယ်အနေဖြင့် မြို့နယ်အလိုက် ရောင်းချပေးသည့် ဈေးနေရာနှင့် ရက်သတ်မှတ်၍ ခြံထွက်သီးနှံများ တစ်ပိုင်တစ်နိုင် လာရောက်ရောင်းချသူများနှင့် ကိုယ်တိုင်ထုတ်လုပ်သူများကို ဈေးကောက် ကောက်ခံခြင်းမရှိဘဲ အခမဲ့ရောင်းချခွင့်ပြုပြီး တစ်ပတ်လျှင် ၂ ရက် ရောင်းချပေးသော မြို့နယ် ၅ ခုနှင့် တစ်ပတ် ၁ ရက် ဖွင့်လှစ်ရောင်းချပေးသော မြို့နယ် ၅ ခုရှိပါကြောင်းနှင့် ပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တက္ကသိုလ်၊ ကောလိပ်သိပ္ပံကျောင်းများ၊ အငြိမ်းစားဝန်ထမ်း များအား လစဉ် လဆန်းရက်များတွင်လည်း အခြေခံစားသောက်ကုန်များကို ရောင်းချပေးလျက်ရှိပါကြောင်း၊ အလားတူ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဒေသထွက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် လွယ်ကူစွာဝယ်ယူသုံးစွဲနိုင်ရေးအတွက် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ ရွှေပြည်သာမြို့နယ် (ရွှေပြည်သာအခွန် လွတ်ဈေး)၊ လှိုင်သာယာမြို့နယ်(လှိုင်သာယာအခွန်လွတ်ဈေး)၊ မရမ်းကုန်းမြို့ နယ်(ဂန္ဓမာအခွန်လွတ် ဈေး)၊ တာမွေမြို့နယ်(တာမွေအခွန်လွတ်ဈေး)၊ ဒဂုံမြို့နယ် (ပန်တျာအခွန် လွတ်ဈေး)၊ ကမာရွတ် မြို့နယ် (ဟံသာဝတီအခွန်လွတ်ဈေး) စသည့်အခွန်လွတ်ဈေးများတွင် ဆိုင်ခွန်၊ ဆိုင်ခများ၊ နှစ်စဉ် မှတ်ပုံ တင်ကြေးများ ကောက်ခံခြင်းမပြုဘဲ ပြည်သူများအနေဖြင့် ဒေသထွက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာ စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၃ ခုနှစ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ဦးဆောင်မှု ဖြင့် အခွန်လွတ်ဈေးများ ပြန်လည်ဖွင့်လှစ်ရေးစီမံဆောင်ရွက်ခဲ့ပြီး မိမိသက်ဆိုင်ရာ မြို့နယ်အဖွဲ့ပိုင် ဈေးများအတွင်းရှိ နေရာလွတ်များ၊ ဘောလုံးကွင်းများ၊ ကျောက်တိုင်ကွင်း၊ ပန်းခြံဘေးရှိ မြေကွက် လပ်များတွင် မြို့နယ် ၃၀ မြို့နယ်၌ အခွန်လွတ်ဈေး ၃၀ ဈေး ဖွင့်လှစ်ခဲ့ပြီး အခွန်လွတ်ဈေးများတွင် ဒေသထွက်ကုန်ပစ္စည်းများအား ရောင်းချဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မူဝါဒ လမ်းညွှန်ချက်များခံယူပြီး ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ၏ ကြီးကြပ်မှုဖြင့် ယခင်ဖွင့်လှစ်ခဲ့သော အခွန်လွတ်ဈေးများအား လာမည့်ပွင့်လင်းရာသီမှစတင်၍ ပြန်လည်ဖွင့်လှစ် ရောင်းချနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ အလားတူ ရှမ်းပြည်နယ်အနေဖြင့် မြို့နယ် စည်ပင်သာယာရေးဌာနအသီးသီးတို့မှ မြို့ပေါ်ဈေး ၈၆ ဈေး၊ ကျေးလက်ဈေး ၉၆ ဈေးတို့အား ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေ၊ ဈေးစည်းကမ်းတို့နှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ်၏ ဓလေ့ထုံးစံအရ ၅ ရက်လျှင် ၁ ကြိမ်အား ဈေးနေ့အဖြစ် သတ်မှတ်ပြီး ဒေသဓလေ့ ထုံးစံအလိုက် ရောင်းဝယ်ဖောက်ကားနေကြခြင်းဖြစ်ပါကြောင်း၊ မြို့ပြများ ဖွံ့ဖြိုးတိုးတက်လာသည် နှင့်အမျှ လူဦးရေများပြားလာခြင်း၊ လူနေထိုင်ရန်နေရာများ တိုးချဲ့ လာခြင်းတို့အပေါ် မြေနေရာ အခက်အခဲရှိပါသဖြင့် အခွန်လွတ်ဈေးများ ဖွင့်လှစ်ရန်အတွက် သီးခြားနေရာများအား လတ်တလော သတ်မှတ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း။

         နေပြည်တော်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် BOT ကုမ္ပဏီများမှ လမ်းအသုံးပြုခကောက်ခံလျက်ရှိသောဂိတ်များနှင့် လမ်းဦးစီးဌာနမှ ကောက်ခံ သောလမ်း၊ တံတားအသုံးပြုခကောက်ခံရေးဂိတ်များသာရှိပြီး အခြားငွေကြေးကောက်ခံသည့် ဂိတ် များမရှိပါကြောင်းနှင့် စစ်ဆေးရေးဂိတ်များတွင် နိုင်ငံတော်လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေမည့် အကြမ်းဖက်အဖွဲ့ဝင်များ၊ လက်နက်၊ ခဲယမ်း မှောင်ခိုရောင်းဝယ်မှုများ၊ မူးယစ် ဆေးဝါး များနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများနှင့် ချက်လုပ်ရာတွင်အသုံးပြုသည့် ဓာတုထိန်းချုပ် ပစ္စည်းများ၊ အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများ၊ ပြည်ပနိုင်ငံများသို့ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်မည့်သူများ၊ လူမှောင်ခိုကူးသူများ၊ တရားခံပြေး၊ စစ်ပြေး၊ ရဲပြေး၊ ရဲဘက်ပြေး စသည့် ပြေး ၄ ပြေးများ ဖြတ်သန်းသွားလာမှုမရှိစေရေး၊ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးတို့အတွက် စနစ်တကျ ရှာဖွေ စစ်ဆေးလျက်ရှိပြီး ထိုသို့စစ်ဆေးရာတွင် ကြန့်ကြာခြင်းမရှိစေရေးနှင့် ဒေသထွက်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာ၌ တရားမဝင်ပစ္စည်းများ ရောနှောသယ်ဆောင်မှု မရှိစေရေးကိုသာ အဓိကထား စစ်ဆေးလျက်ရှိပြီး ဒေသထွက်ကုန်ပစ္စည်းများအပေါ် ငွေကြေး လုံးဝ (လုံးဝ) ကောက်ခံခြင်း မရှိပါ ကြောင်းနှင့် ငွေကြေးကောက်ခံခြင်း မရှိစေရန် တာဝန်ရှိသူများမှ စစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက် လျက်ရှိပြီး ငွေကြေးကောက်ခံခြင်းများရှိပါက နိုင်ငံတော်၏ တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက် ခြင်း၊ သက်ဆိုင်ရာဌာန/တပ်ဖွဲ့များမှ သတ်မှတ်ထုတ်ပြန်ထားရှိသော ဝန်ထမ်းစည်းမျဉ်း စည်းကမ်း၊ ဥပဒေတို့ဖြင့် အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။