နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် ချင်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ (၆-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်တင့် မြန်မာနိုင်ငံမိုဘိုင်းဖုန်းလုပ်ငန်းရှင်များအသင်း (MMIA) အဖွဲ့အား လက်ခံတွေ့ဆုံ
MY EN

(င)- ဦးသက်ပုံ(စစ်ကိုင်းမဲဆန္ဒနယ်)-မေးခွန်း

2026-07-06
တတိယအကြိမ်
နေပြည်တော်ကောင်စီ
Q&A Image
မေးခွန်း
မေးခွန်း

ဦးသက်ပုံ(စစ်ကိုင်းမဲဆန္ဒနယ်)

စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များတွင် စနစ်ကျသော ရေပေးဝေရေးလုပ်ငန်းများ စီမံဆောင်ရွက်ပေးရန်  အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

စစ်ကိုင်းမြို့သည် အပူပိုင်းမိုးနည်းဒေသတွင် ပါဝင်ပြီး ဧရာဝတီမြစ်ကြီးရစ်ခွေစီးဆင်းနေသော် လည်း စစ်ကိုင်းတောင်၊ မင်းဝံတောင်တန်းများအခြေတွင် တည်ရှိနေခြင်းကြောင့် ကိုယ်ပိုင်ရေတွင်းများ တူးဖော်ရန်ခက်ခဲပြီး ၎င်းတွင်းများမှထွက်ရှိသည့် ရေသည် ရေစေး၊ ရေပေါ့ဖြစ်ပြီး ရေချိုး၊ အဝတ်လျှော် ရန်ပင် မသင့်တော်သဖြင့် အစဉ်အဆက် ဧရာဝတီမြစ်ရေကိုသာ နည်းလမ်းမျိုးစုံဖြင့် သယ်ယူအသုံးပြုခဲ့ ရပါကြောင်း၊ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းကာလများ၌ စစ်ကိုင်းမြို့ရပ်ကွက်များအလိုက် ကိုယ့်အား ကိုယ်ကိုးရေပေးဝေရေးကော်မတီများ အပြိုင်အဆိုင်ဖွဲ့စည်းလာခဲ့ပြီး ဧရာဝတီမြစ်ရေကို လျှပ်စစ် စွမ်းအင်သုံး ရေစုပ်စက်ကြီးများနှင့် တိုက်ရိုက်စုပ်ယူ၍ မြေအောက်ရေပိုက်လိုင်းများမှတစ်ဆင့် နေအိမ် များသို့ ဖြန့်ဝေပေးခဲ့သည့်အတွက် အထိုက်အလျောက်အဆင်ပြေခဲ့ကြပါကြောင်း။ 

ယခုအခါ စစ်ကိုင်းမြို့ပေါ် ၂၃ ရပ်ကွက်ရှိသည့်အနက် ၁၆ ရပ်ကွက်တွင် ကိုယ့်အားကိုယ်ကိုး ရေပေးဝေရေးကော်မတီများဖွဲ့စည်း၍ ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး စစ်ကိုင်း တောင်ရိုးရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများအတွက် သီတဂူရေပေးဝေရေးမှ ရေစက်ကြီး တစ်ခုဖြင့် အခမဲ့လှူဒါန်းရေပေးဝေလျက်ရှိပါကြောင်း၊ ၎င်းအပြင် စစ်ကိုင်းစက်မှုဇုန်အလိုက်လည်း JICA Myanmar ရေစက်အပါအဝင် ရေစက်ကြီး ၃ ခုဖြင့် ရေဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ရာတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် အထက်ပါရေပေးဝေရေးလုပ်ငန်းများ၏ ရေစုပ်စက်၊ ရေစုကန်၊ ရေတွန်းစက်များနှင့် မြေအောက်ရေ ပိုက်လိုင်းတချို့ ပျက်စီးခဲ့ရပြီး ယခုအခါ ဒေသန္တရအစီအစဉ်ဖြင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ကိုင်းမြို့ပေါ်တွင် မူလကိုယ့်အားကိုယ်ကိုး ရပ်ကွက်အလိုက် ရေပေး ဝေရေးလုပ်ငန်းများ ဆောင်ရွက်စဉ်က သွယ်တန်းထားသည့် ပိုက်လိုင်းများ၊ ဖြန့်ဝေသည့်ရေတိုင်များ အရေအတွက်သည် ၁၉၉၀ ပြည့်နှစ်ကျော်ကာလက အိမ်ထောင်စုများအတွက် လုံလောက်ခဲ့သော် လည်း ယခုအခါ တိုးပွားများပြားလာသည့် အိမ်ထောင်စုများ၊ တိုးချဲ့ဆောက်လုပ်ခဲ့သည့် ထပ်တိုး နေအိမ်များအတွက် ရေပေးဝေနိုင်မှုမရှိဖြစ်နေခြင်း၊ ထပ်မံတိုးချဲ့ဆောင်ရွက်ရန် ရန်ပုံငွေအခက်အခဲ များရှိနေခြင်း၊ ဧရာဝတီမြစ်မှရေတင်သည့် လျှပ်စစ်စွမ်းအင်သုံး ရေစုပ်စက်ကြီးများသည်လည်း သက်တမ်းကြာမြင့်သည်နှင့်အမျှ စွမ်းအားကျလာခြင်း၊ အလှည့်ကျမီးဖြန့်ဝေသည့်စနစ်ကြောင့် ရေ ဖြန့် ဝေရန် အခက်အခဲရှိလာခြင်း၊ ဒီဇယ်လောင်စာဆီသုံးရေစက်များသည်လည်း စက်သုံးဆီနှင့်ဈေးနှုန်း အခက်အခဲများကြောင့် ရေတစ်ယူနစ်ဈေးနှုန်းများမြင့်မားလာခြင်း စသည့် ပြဿနာများဖြင့် ရင်ဆိုင် ကြုံတွေ့နေရပါကြောင်း၊ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်အလိုက် ကိုယ့်အားကိုယ်ကိုးရေဖြန့်ဝေလျက်ရှိသော ရပ်ကွက် ၁၆ ခုတွင် အိမ်ခြေ ၁၄,၃၂၈ အိမ်ရှိသော်လည်း အိမ်ခြေ ၁၀,၂၀၉ အိမ်ကိုသာ ရေပေးသွယ်နိုင် မှုရှိသဖြင့် ၎င်းရပ်ကွက် ၁၆ ခု၌ပင် အိမ်ခြေ ၄,၀၀၀ ကျော် ရေရရှိသွယ်တန်းနိုင်မှုမရှိခြင်း၊ ရေမီတာ တစ်ယူနစ်ဈေးနှုန်းများသည်လည်း ကုန်ကျစရိတ်ပေါ် မူတည်၍ ကွဲပြားလျက်ရှိခြင်း၊ ရေသန့်စင်သည့် စနစ်များကောင်းမွန်မှုမရှိခြင်း စသည်တို့ဖြစ်ပေါ်လျက်ရှိကြောင်း။ 

ထို့ပြင် ကျန်ရပ်ကွက် ၇ ခုအနက် ရပ်ကွက် ၅ ခုတွင် ရေပေးဝေရေးစနစ်မရှိသေးကြောင်း၊ ဧရာဝတီမြစ်ရေသည်လည်း မိုးရာသီတွင် တောင်ကျရေများ‌ကြောင့် နောက်ကျိခြင်း၊ ဆောင်းရာသီ၊ နွေရာသီများ၌လည်း အထက်မြစ်များတစ်လျှောက် ရေထုညစ်ညမ်းမှုများရှိခြင်းတို့ကြောင့် မြစ်ရေကို တိုက်ရိုက်အသုံးပြုနေခြင်းများထက် စနစ်တကျသန့်စင် အသုံးပြုမှသာ ကျန်းမာရေးနှင့်ညီညွတ်‌သော သန့်ရှင်းသည့်ရေကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရ သို့မဟုတ် တိုင်းဒေသကြီး အစိုးရစီမံဆောင်ရွက်မှုဖြင့် ဧရာဝတီမြစ်ရေကို ဆိုလာစနစ် စွမ်းအင်သုံးရေစက်ကြီးများဖြင့် စစ်ကိုင်း တောင်ရိုး သို့မဟုတ် စစ်ကိုင်းမြို့ရှိ ကုန်းမြင့်များပေါ်က ရေစုကန်များသို့ စုပ်တင်ပြီး ရေစစ်ကန်များဖြင့် စနစ်တကျသန့်စင်၍ မြေပြန့်တွင်ရှိသော စစ်ကိုင်းမြို့ရပ်ကွက်များသို့ Gravity Floor ဖြင့် ရေပေးဝေ နိုင်ပါက ကုန်ကျစရိတ်သက်သာစွာဖြင့် ပြည်သူလူထုကို ရေဖြန့်ဖြူးနိုင်မည်ဖြစ်ပါကြောင်း၊ အထက် ဖော်ပြအတိုင်း စစ်ကိုင်းမြို့နေပြည်သူလူထုများ သန့်ရှင်းသော သောက်သုံးရေရရှိစေရေးအတွက် အမျိုးမျိုးကွဲပြားလျက်ရှိသော ရေပေးဝေရေးလုပ်ငန်းများနှင့်ပေါင်းစပ်၍ စနစ်ကျနသော ရေပေးဝေ ဖြန့်ဖြူးရေးလုပ်ငန်းများအား နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးဝင်းမိုးခိုင် က

         စစ်ကိုင်းမြို့တွင် မြို့မ ၁၈ ရပ်ကွက်နှင့် တိုးချဲ့ ၅ ရပ်ကွက် စုစုပေါင်း ၂၃ ရပ်ကွက်၏ အိမ်ခြေ ပေါင်း ၁၈,၄၉၂ လုံးတွင် လူဦးရေပေါင်း ၈၈,၃၀၈ ဦးနေထိုင်ပါသဖြင့် တစ်နေ့လျှင် ရေလိုအပ်မှုအနေဖြင့် ဂါလံ ၂.၃ သန်းဖြစ်ပါကြောင်း၊ လက်ရှိ မြို့ရေပေးဝေရေးအနေဖြင့် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ ရွှေမင်းဝံရပ်ကွက်၊ ဇေယျာရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်တို့အား ဧရာဝတီမြစ်ရေကို ၆ လက်မ ရေပိုက်လိုင်းသွယ်ယူ၍  မြင်းကောင်ရေ ၃၀ Motor ဖြင့် ပယ်ငါးဆယ်ကျေးရွာရှိ ဂါလံ ၆၀,၀၀၀ ဆံ့ ရေကန်သို့ တွန်းတင်ပြီး ၎င်းရေကန်မှ ၆ လက်မပိုက်လိုင်း ပေ ၈,၈၀၀ သွယ်တန်းပြီး မြင်းကောင်ရေ ၅၀ Motor ဖြင့် တောင်ညိုကျေးရွာ၊ မင်းဝံတောင်ပေါ်ရှိ ရေစစ်ကန်ပေါ်သို့တွန်းတင်ပါကြောင်း၊ ရေစစ် ကန်တွင် ကျောက်ချဉ်ထည့်ခြင်း၊ လေဖြင့်သန့်စင်ခြင်း၊ ကျောက်စရစ်ဖြင့်သန့်စင်ခြင်း၊ အနှေးရေ စစ်ကန်မှတစ်ဆင့် Chlorine ခတ်ခြင်း စသည်ဖြင့် အဆင့်ဆင့် သန့်စင်ပြီးသောရေအား လူဦးရေ ၁၇,၄၄၈ ဦးအတွက် အိမ်သွယ်ရေတိုင် ၄,၄၈၇ တိုင်ဖြင့် နေ့စဉ်ဂါလံ ၄၀၀,၀၀၀ အား ဖြန့်ဝေပေး လျက်ရှိပါကြောင်း။

          ရပ်ကွက် ၁၅ ရပ်ကွက်ဖြစ်သည့် မင်းလမ်းရပ်ကွက်၊ ပိုးတန်းရပ်ကွက်၊ ပန်းဘဲတန်းရပ်ကွက်၊ မိုးဇာရပ်ကွက်၊ နန္ဒဝန်ရပ်ကွက်၊ တကောင်းရပ်ကွက်၊ စိန်ကုန်းရပ်ကွက်၊ ထုံးဘိုရပ်ကွက်၊ မြို့သစ် ရပ်ကွက်(အရှေ့ပိုင်း)၊ ပါရမီရပ်ကွက်၊ နီလာရပ်ကွက်၊ ပတ္တမြားရပ်ကွက်၊ ရွာထောင်ရပ်ကွက်၊ မီးရထား ရပ်ကွက်နှင့် ဧမြဝတီရပ်ကွက်တို့အနေဖြင့် ရပ်ကွက်အလိုက် ရေးပေးရေးကော်မတီများဖွဲ့စည်းပြီး ဧရာဝတီဖြစ်ရေမှ တိုက်ရိုက်တွန်းပို့စနစ်ဖြင့် လူဦးရေ ၃၇,၃၈၆ ဦးအား အိမ်သွယ်ရေတိုင် ၆,၀၂၀ တိုင် ဖြင့် ပေးဝေလျက်ရှိပါကြောင်း၊ ကျန် ၅ ရပ်ကွက်တွင် ကိုယ်ပိုင်တွင်းတိမ်၊ တွင်းနက်များမှ ရယူသုံးစွဲ လျက်ရှိပါကြောင်း၊ တစ်မြို့လုံးသို့ သန့်ရှင်းသောသောက်သုံးရေ ဖြန့်ဝေပေးနိုင်ရန်အတွက် ထုံးဘို ရပ်ကွက်မှ မြစ်ရေတင်လုပ်ငန်းအား မြို့သစ်ရပ်ကွက်တွင် ရေစစ်ကန်ဆောက်လုပ်၍ အဆင့်ဆင့် သန့်စင်ပြီး ရေအား ဂါလံ ၂၀,၀၀၀ ဆံ့ အမြင့်တင်ရေကန်မှ မြို့ပေါ်ရပ်ကွက်များသို့ ဖြန့်ဝေပေးနိုင်ရန် အတွက် မြေပြင်ကွင်းဆင်းတိုင်းတာတွက်ချက်ပြီးဖြစ်ပါကြောင်း၊ တိုးချဲ့ဆောင်ရွက်ရာတွင် HDPE ရေတင်ပိုက်လိုင်း ၄,၅၀၀ ပေခန့် သွယ်တန်းခြင်း၊ ရေဖြန့်ဝေပိုက်လိုင်းများသွယ်တန်းခြင်းနှင့် မြို့သစ် ရပ်ကွက်ရှိ ၂ ဧကအကျယ်ရေကန်နေရာတွင် စက်ရုံတည်ဆောက်ပြီး တစ်ရက်လျှင် ရေဂါလံ ၂ သန်းခန့် ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်ရန် ရည်ရွယ်ထားပါကြောင်း၊ ကုန်ကျစရိတ်များပြားပြီး ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သည့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ ဖိတ်ခေါ်ပြီး B.O.T စနစ်ဖြင့် ဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိပါကြောင်းနှင့် B.O.T ဆောင်ရွက်မည့်လုပ်ငန်းရှင်များအား ဖိတ်ခေါ် ပြီးပါက အဆင့်ဆင့်တင်ပြခွင့်ပြုချက်ရယူပြီး လုပ်ငန်းအပ်နှံအကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။