Skip to main content

စဉ့်ကူးမြို့နယ်ပညာရေးဌာနတွင် --၂၀၁၆ ရက်နေ့မှ စပြီး ရုံးဝန်ထမ်း ၁၅ ဦးနှင့် သင်ကြားရေးဝန်ထမ်းဆရာဆရာမ ၉၅ ဦးကို နေ့စားလပေးများ အဖြစ်ခန့်အပ်ခဲ့ပါကြောင်း၊ ယင်းသို့ခန့်အပ်နိုင်ရန် အလုပ်ခေါ်ယူရာတွင် သင်ကြားရေးဝန်ထမ်း ဆရာဆရာမများအတွက် မူလကတည်းက နေ့စားလပေးများအဖြစ်သာခေါ်ယူခဲ့ပါကြောင်း၊ ရုံးဝန်ထမ်းများ ခေါ်ယူခဲ့ရာတွင် အမြဲတမ်းဝန်ထမ်းများအဖြစ်  သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးရုံးများမှတစ်ဆင့် အမြဲတမ်းဝန်ထမ်းပုံစံဖြင့် စနစ်တကျစာဖြင့် ခေါ်ယူခဲ့သော်လည်း အလုပ်ခန့်သည့်အချိန်တွင် အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းမရှိဘဲ နေ့စားလပေးဝန်ထမ်းများ အဖြစ်သာခန့်အပ်ခဲ့သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊

သို့သော် အခြေခံပညာဦးစီးဌာနအောက်တစ်ခုတည်းတွင် ဝန်ထမ်းအမျိုးအစားနှစ်ခုသည် နေ့စား လပေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ကြရသည်မှာ တူညီသော်လည်း တစ်နှစ်အကြာ --၂၀၁၇ ရက်နေ့တွင် သင်ကြားရေးဝန်ထမ်းဖြစ်သည့် ဆရာဆရာမများသည် အမြဲတမ်းဝန်ထမ်းအဖြစ် အတည်ပြု ခန့်ထားခြင်းခံခဲ့ရပြီး  ရုံးဝန်ထမ်းများအနေဖြင့် ယနေ့တိုင်အောင် Permanent ဝန်ထမ်းများအဖြစ် မရရှိသေးသည်ကို လေ့လာသိရှိရပါကြောင်း၊ --၂၀၁၃ ရက်နေ့တွင်လည်း နေ့စားလပေးများထဲမှ သင်ကြားရေးဆရာဆရာမများကို --၂၀၁၄ ရက်နေ့ တစ်နှစ်အကြာတွင် အမြဲတမ်းဝန်ထမ်းအဖြစ်လည်းကောင်း၊ ရုံးဝန်ထမ်းများကို -၁၀-၂၀၁၄ ရက်နေ့ တစ်နှစ်အကြာတွင်လည်းကောင်း အမြဲတမ်းဝန်ထမ်းအဖြစ် အသီးသီးခန့်ထားခဲ့ကြပါကြောင်း၊ ထို့ကြောင့် ၂၀၁၆ ခုနှစ်က နေ့စားလပေးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ရုံးဝန်ထမ်းများနေဖြင့်လည်း ဖော်ပြပါပုဂ္ဂိုလ်များအလားတူ တစ်နှစ်ခန့်ပြည့်လျှင် အမြဲတမ်းဝန်ထမ်း ဖြစ်လာမည်ဟူသည့် မျှော်လင့်ချက်များနှင့် အခက်အခဲများကိုသည်းခံပြီး တာဝန်များကို ထမ်းဆောင်ခဲ့ပါကြောင်း၊ ၎င်းတို့သည် နေ့စားဝန်ထမ်းများဖြစ်နေသည့်အတွက် Permanent ဝန်ထမ်းများကဲ့သို့ လုပ်ဆောင် နေရသော်လည်း ရုံးပိတ်ရက်များအတွက် နေ့စားခ မရရှိကြသည့်အပြင် ဒေသခံမဟုတ်သူများ အနေဖြင့် နေထိုင်စရာအခန်းငှားခ စရိတ်များ၊ စားသောက်စရိတ်များ၊ ရေမီတာ၊ လျှပ်စစ်မီတာနှင့် အခြားလူမှုရေးအသုံးစရိတ်များကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေခြင်း၊ အိမ် ထောင်သည်များအနေဖြင့်လည်း မိသားစုကိုပြန်လည်မထောက်ပံ့နိုင်သည့်အပြင် ကျသည့်နေရာမှာပင် တာဝန်များကို ခဲခဲယဉ်းယဉ်းထမ်းဆောင်လျက်ရှိခြင်း၊  အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခြင်း ခံရမည်ဆိုပါက ၎င်းတို့၏ဒေသများကို ပြန်လည်ပြီး ပြောင်းရွှေ့တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်သည့်အတွက် နေထိုင်စားသောက်စရိတ်များ လျှော့ချပြီး မိသားစုကိုထောက်ပံ့နိုင်မည့်အပြင် မိသားစုပါစည်းစည်းလုံးလုံးနေနိုင်ကြမည်ဖြစ်ခြင်း၊ နေ့စားလပေးရုံးဝန်ထမ်းတချို့အနေဖြင့်လည်း အခြားသော ဝန်ကြီးဌာနများ၏ အလုပ်အကိုင်အခွင့်အလမ်းများအတွက် ပြောင်းရွှေ့ လျှောက်ထား လိုသော်လည်း ဘွဲ့ကန့်သတ်ချက်၊ အသက်ကန့်သတ်ချက်များကြောင့် မလွယ်ကူခြင်း စသည့် အခြေအနေများသို့ရောက်ရှိနေပါကြောင်း၊

၎င်းနေ့စားလပေးရုံးဝန်ထမ်းများကို ခန့်အပ်ခဲ့ရာတွင်လည်း သက်ဆိုင်ရာ ကျောင်း၊ ရုံးများတွင် အမှန်တကယ်လိုအပ်လျက် ရှိသည့် ဖွဲ့စည်းပုံပါနေရာများအတွက်ခန့်ထားခဲ့ခြင်း ဖြစ်သဖြင့် ၎င်းတို့အား အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်လိုက်မည်ဆိုပါက ရာထူးနေရာ၊ လစာစရိတ်များအတွက် ဌာနအနေဖြင့် အခက်အခဲရှိနိုင်မည်မဟုတ်ပါကြောင်းနှင့် ယင်းကဲ့သို့ အဆင်မပြေသည့် ဝန်ထမ်း များသည် မြန်မာနိုင်ငံအဝန်း ၄၀၀၀ ကျော်ရှိသည်ဟုလည်း လေ့လာသိရှိရပါကြောင်း၊

ထို့ကြောင့် အခြေခံပညာဦးစီးဌာနအောက်ရှိ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူး မြို့နယ်၏ ယနေ့တိုင်အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ခြင်းမခံရသေးသော နေ့စားလပေးရုံးဝန်ထမ်း ၁၅ ဦးအား အမြဲတမ်းဝန်ထမ်းအဖြစ်ခန့် အပ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး

ပညာရေးဝန်ကြီးဌာနအနေဖြင့်အခြေခံပညာဦးစီး ဌာနရုံးအပါအဝင်ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း (ထောက်ကြံ့) နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးနှင့် ရုံးခွဲများ၊ ခရိုင်ပညာရေးမှူးရုံးများ၊ မြို့နယ်ပညာရေးမှူးရုံးများနှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ကျောင်းများတွင် အမှုထမ်းရာထူးနေရာ ၃၉၀၁ နေရာတွင် ခန့်ထားခွင့်ပြုရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကို ပညာရေးဝန်ကြီးဌာနအနေဖြင့် တင်ပြဆောင်ရွက် ထားရှိပါကြောင်း၊ အခြေခံပညာဦးစီးဌာနအောက်ရှိ အမှုထမ်းရာထူးနေရာ ၃၉၀၁ နေရာကို ခန့်အပ်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပြည်ထောင်စုလွှတ်တော်၏ ဘဏ္ဍာရေးခွင့်ပြုချက် ရရှိပြီးမှသာ ဆောင်ရွက်ရန်ဟု ခွင့်ပြု ချက် ရရှိပြီး ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အထက်ဖော်ပြပါအမှုထမ်းရာထူးနေရာ ၃၉၀၁နေရာ အတွက် ရန်ပုံငွေခွင့်ပြုချက်ရရှိပြီးပါက အမြဲတမ်းဝန်ထမ်းများခန့်ထားနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ရွေးချယ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနတွင် အခြေခံပညာဦးစီးဌာန၊ နည်းပညာနှင့် သက်မွေး၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ကျန်သည့်ဦးစီးဌာန ဦးစီး ဌာနစုစုပေါင်း ၁၁ ခုတွင် မိမိတို့ဖွဲ့စည်းပုံသည့် ကိုးသိန်းနီးပါးရှိသော်လည်း ယခု ခန့်ထားသည့် အင်အားသည် ငါးသိန်းနီးပါးသာ ရှိပါကြောင်း၊

ထို့ကြောင့် အရည်အသွေးရှိသော ပညာရေးကိုဦးတည်အကောင်အထည်ဖော် ကြိုးပမ်းပြုပြင်ပြောင်းလဲဆောင်ရွက်ရာ တွင် အရည်အသွေးရှိသော ဆရာဆရာမများ ခန့်ထားရေးသည် နံပါတ်() ဦးစားပေးဖြစ်ပါကြောင်း၊ နံပါတ်()အနေဖြင့် နေ့စားလပေးနှင့် ရုံးများတွင် လာရောက်ဆောင်ရွက်ပေးနေသည့် အမှုထမ်းများကိုလည်း ပညာရေးဝန်ကြီးဌာန၏ ကိုယ်စား အထူးကျေးဇူးတင်ရှိပါသည်ဟု  တင်ပြလိုပါကြောင်း၊ ၎င်းတို့၏ လာရောက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးမှုသည်လည်း အရည်အသွေးရှိသည့် ပညာရေးကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အများကြီးအထောက်အကူဖြစ်ပါကြောင်း၊ ထို့ကြောင့် အတည်ပြုခန့်ထားနိုင်ရေးကို လုပ်ထုံး လုပ်နည်းနှင့်အညီ အရည်အသွေးရှိသောပညာရေးကို ဦးတည်ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်နေသည့်အတွက် အရည်အသွေးရှိသူများကိုသာ ပညာရေးဝန်ကြီးဌာန အနေဖြင့် စိစစ်ရွေးချယ်ခန့်ထားနိုင်ရေးကို ဆက်လက်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။

ဒေါက်တာဇော်ဝင်းမြင့်(စဉ့်ကူးမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။ 

ပညာရေးဝန်ထမ်းနေ့စားလပေးကို Permanent ခန့်ရန် မေးခဲ့ခြင်း မဟုတ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်ကတည်းကပင် ခန့်ထားခဲ့သည့် ရုံးဝန်ထမ်းများကို Permanent ဖြစ်နိုင်/မဖြစ်နိုင်ကိုသာ မေးမြန်းခြင်းဖြစ်သည့်အတွက် အဆိုပါမေးခွန်းကို ဖြေကြားပေးစေလိုပါကြောင်း မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး

ရာထူးခန့်ထားရေးအရ နေ့စားခန့်မည်ဆိုလျှင်တောင် ရုံးများ၊ ကျောင်းများသည်  ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ၏  အတည်ပြုချက်ဖြင့် နေ့စားခန့်ထားရခြင်း ဖြစ်ပါကြောင်း၊ အမြဲတမ်းဝန်ထမ်းမဟုတ်ဘူးဆိုတာသည် နေ့စားဝန်ထမ်းသာဖြစ်သည့်အတွက်  နေ့စား ဝန်ထမ်း ၃၉၀၁ နေရာကို ခန့်ထားပေးရန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရည်အသွေးရှိသူများကိုသာ စိစစ်ပြီး ရွေးချယ်ခန့်ထားနိုင်ရေးကို စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။