Skip to main content

 

(ည)-မိုင်းယန်းမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးတွင်လိုအပ်နေသော ရဲစခန်း(အချုပ်ခန်းပါ) (၉၀ x ၃၀ x ၁၂)ပေ သံကူကွန်ကရစ်တစ်လုံး၊ မြို့နယ်ရဲတပ်ဖွဲ့ရုံး (၄၀ x ၃၂ x ၁၂)ပေ Steel Structure တစ်ထပ်တစ်လုံး၊ ခြောက်ခန်းတွဲနှစ်ထပ် (၁၂၆ ပေ x ၃၅ ပေ x ၆ လက်မ)+ ၂ x ၂(၂၀ x ၂၀)ပေ သံကူကွန်ကရစ်တစ်လုံး တို့အား လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

မိမိတို့မိုင်းယန်းမြို့နယ်တွင် ယိုယွင်းပျက်စီးနေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူး ရုံးအဆောက်အဦများ ရှိပါကြောင်း၊ ဘေးတွင်အက်ကွဲနေမှုများ၊ မျက်နှာကျက်တွင် ပျက်စီးနေမှုများ ရှိပါကြောင်း၊ လိုင်းခန်း(၅)တွင် အမိုးများ ပျက်စီး ယိုယွင်းနေပါကြောင်း၊ လိုင်းခန်း၏ဘေးတွင် ထိုင်ခုံများ ပျက်စီးယိုယွင်းနေပါကြောင်း၊ ထို့ကြောင့် မိမိတို့ အမှန်တကယ်လိုအပ်နေသည့် အဆောက်အအုံများအား ရဲစခန်း (အချုပ်ခန်းပါ) သံကူကွန်ကရစ်တစ်လုံးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး Steel Structure တစ်လုံး၊ မြို့နယ်ခြောက်ခန်းတွဲနှစ်ထပ်အဆောက်အအုံလိုင်းခန်း သံကူကွန်ကရစ်တစ်လုံးနှင့် သို့ဖြစ်ပါ၍ ၎င်းအဆောက်အအုံများကို  ယိုယွင်းပျက်စီးနေပါသဖြင့် လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် ပေးနိုင်ရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းတို့သည် မိုင်းယန်းမြို့၊ ဝေးလိပ်ရပ်ကွက်တွင် တစ်စုတစ်စည်းတည်း တည်ရှိလျက်ရှိပါကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းဝင်းအတွင်းရှိအဆောက်အအုံများမှာ နှစ်ကာလကြာမြင့်၍ ဟောင်းနွမ်းပြီးအမြင်တင့်တည်မှုမရှိခြင်း၊ လက်ရှိတပ်ဖွဲ့ဝင်အင်အားနှင့် နေအိမ်လိုင်းခန်း လုံလောက်မှုမရှိခြင်း၊ ပြင်ပနေတပ်ဖွဲ့ဝင်များနှင့် ဖွဲ့စည်းပုံအရအင်အား ထပ်မံ ဖြည့်တင်းလာပါက တပ်ဖွဲ့ဝင်များနေထိုင်ရန် အဆောက်အအုံများလိုအပ်လျက်ရှိခြင်းတို့ကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတစ်ထပ်တစ်လုံး၊ မြို့မရဲစခန်း(အချုပ်ပါ) သံကူကွန်ကရစ် တစ်ထပ်တစ်လုံး၊ ခြောက်ခန်းတွဲနှစ်ထပ်တစ်လုံးတို့အား ဆောက်လုပ်ပေးရန် လိုအပ်လျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ အဆောက်အအုံများအတွက် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းမူလအသုံးစရိတ်တွင် လျာထားတင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားပါသည်။