Skip to main content

 

ဥတ္တရသီရိမြို့နယ်၏ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်း မြို့နယ်ရုံးစိုက်ရာ ရပ်ကွက်တွင်တည်ရှိသည့်အတွက်  ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအကျော် ရွှေနံ့သာရပ်ကွက်မှ တောင်တွင်းလမ်းပေါ်ထိ တောင်ညို အုပ်စုများတွင် မီးဘေးအန္တရာယ်ကျရောက်လာပါက မီးသတ်ကားအနေဖြင့် အချိန်မီရောက်ရှိရန် အားနည်းသည့်အတွက် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေသည်များ ဖြစ်ပေါ်လာပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် မောင်းရမ်းအုပ်စု၊ ဖျက်ကုန်းရွာတွင် လည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် တောင်ညိုအုပ်စုတွင်လည်းကောင်း မီးလောင်မှုများဖြစ်ပေါ်ခဲ့ရာ အချိန်နှင့် တစ်ပြေးညီ မီးသတ်ကားကိုခေါ်နိုင်ခဲ့သော်လည်း မီးသတ်ဦးစီးဌာနရုံးမှ မီးလောင်ရာအခင်းဖြစ်သည့် နေရာအထိ တစ်နာရီပတ်ဝန်းကျင်ခန့် မောင်းနှင်းရခြင်းကြောင့် မဆုံးရှုံးသင့်ဘဲ ပိုပြီး ဆုံးရှုံးခဲ့သည်များရှိပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပြီး မီးသတ်ဦးစီးဌာနနှင့် ညှိနှိုင်းခဲ့ရာ ရွှေနံ့သာရပ်ကွက်နှင့်မင်းကုန်းအုပ်စုတွင် မီးသတ်ရုံးမြေနေရာများ ရရှိထားပြီးဖြစ်ပါကြောင်း၊ ရုံးမြေနေရာ ရထားပြီး အဆိုပါနေရာများတွင် မီးသတ်ကားထားရှိနိုင်မည်ဆိုပါက အချိန်နှင့်တစ်ပြေးညီ ပြည်သူများကို အကူအညီပေးနိုင်မည်ဖြစ်ပါကြောင်း၊ မြို့နယ်ရုံးတွင်လည်း မီးသတ်ကား အင်အားအပြည့်ရှိပါကြောင်း၊ မီးသတ်ယာဉ်နှင့် မီးသတ် ရေသယ်ကားများလည်းရှိပါကြောင်း၊

တောင်ညိုအုပ်စုတွင် မီးလောင်မှုဖြစ်ပေါ်ပြီးနောက်ပိုင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကျေးရွာအုပ်စု တာဝန်ခံများ၊ ရပ်မိရပ်ဖတွေအကုန်လုံးစုပေါင်းရှာဖွေ၍ ကျေးရွာပိုင်မြေပေါ်တွင် မီးသတ်စခန်း ယာယီဖွင့်နိုင်ရန် ဝိုင်းဝန်းစီစဉ်ကြသည့်အတွက် ယခုအချိန်တွင် မြေနေရာလည်းရနေပြီဖြစ်ပါကြောင်း၊ ၎င်းတို့အနေဖြင့် အဆောက်အဦ ခိုင်ခိုင်မာမာ မရခဲ့လျှင်လည်း မီးသတ်ကားနှင့် မီးသတ်တပ်ဖွဲ့အင်အား အသင့်အတင့်ဖြင့် ယာယီမီးသတ်စခန်းထားရှိပေးရန်နှင့် မီးဘေးအန္တရာယ်ကျရောက်ပါက အချိန်နှင့် တစ်ပြေးညီ ကူညီနိုင်ရန် တောင်းဆိုခဲ့ပါကြောင်း၊

ထို့ကြောင့် ရွှေနံသာရပ်ကွက်နှင့် မင်းကုန်းအုပ်စုမှာရှိ ရုံးမြေနေရာပေါ်တွင် မီးသတ်ကား၊ မီးသတ်ရုံး ခွဲများကိုလည်းကောင်း၊ လက်ရှိတောင်ညိုအုပ်စု၏ ကိုယ်ထူကိုယ်ထမြေနေရာတွင်လည်း မီးသတ် ဌာနခွဲနှင့် မီးသတ်ကားထားရှိပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက် ပေးမည်နှင့် အစီအစဉ်မရှိသေးပါက မည်သည့်အတွက်ကြောင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။


 

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ

နေပြည်တော်၊ ဥတ္တရသီရိခရိုင်၊ ဥတ္တရသီရိမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံး၊ မြို့နယ် မီးသတ်စခန်း၊ မီးငြိမ်းသတ်ယာဉ်နှစ်စီး၊ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ မီးသတ်စက်သတ်ယာဉ်တစ်စီး၊ ဥတ္တရသီရိ နယ်မြေမီးသတ်စခန်း မီးငြိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ ပန်းတင်အမြန် မီးသတ်စခန်းတွင် မီးငြိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ်ရေသယ်ယာဉ်တစ်စီးတို့ဖြင့် မြို့နယ်မီးဘေး လုံးခြုံရေးလုပ်ငန်းများကို‌ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စုတွင် အိမ်ခြေ ၂၇၉၄ လုံး၊ အိမ်ထောင်စု ၂၆၀၀ စု၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးဖြင့် ဆောင်ရွက်လျက်ရှိပြီး ၁၀ နှစ်အတွင်း မီးလောင်မှုခုနှစ်ကြိမ်ဖြစ်ပွားခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ၄၅၀၀၀၀ ဖြစ်ပါကြောင်း၊ မင်းကုန်း ကျေးရွာအုပ်စုအတွင်း  ပညာသိဒ္ဓိမီးသတ်စခန်းနှင့် ခုနှစ်မိုင်ခန့်အကွာ၊ သုခသိဒ္ဓိနယ်မြေ မီးသတ်စခန်း နှင့်ရှစ်မိုင်ခန့်၊ ဗလသိဒ္ဓိနယ်မြေမီးသတ်စခန်းနှင့် ကိုးမိုင်ခန့်၊ ဗဟိုမီးသတ်စခန်းနှင့် ၁၀မိုင်ခန့် ၊ ဥတ္တရသီရိ မြို့နယ်မီးသတ်စခန်းနှင့် ၁၂ မိုင်ခန့်ကွာဝေးပြီး အရေးပေါ်မီးလောင်မှုများဖြစ်ပွားလာပါက ပညာသိဒ္ဓိ နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီး၊ သုခသိဒ္ဓိနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီး၊ ဗလသိဒ္ဓိနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီး၊ ဗဟိုမီးသတ်စခန်းမှ မီးသတ်ယာဉ်သုံးစီး၊ ဥတ္တရသီရိမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်လေးစီး စုစုပေါင်း မီးသတ်ယာဉ် ၁၃ စီးဖြင့်သွားရောက် ငြှိမ်းသတ်နိုင်ပါကြောင်း၊

 ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စုတွင် အိမ်ခြေ ၂၁၁၇ လုံး၊ အိမ်ထောင်စု ၂၁၄၄ စုရှိပြီး အရံမီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးရှိပါကြောင်း၊ ၁၀နှစ်အတွင်း မီးလောင်မှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး  သိန်း ၁၃၀၂၄၀၀၀ ကျပ်ဖြစ်ပါကြောင်း၊ တောင်ညိုအုပ်စု၊ ပန်းတင် အမြန်နယ်မြေမီးသတ်စခန်းမှ ငါးမိုင် ခန့်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သုခသိဒ္ဓိနယ်မြေမီးသတ်စခန်းမှ ၁၃ မိုင်ခန့်၊ ဗလသိဒ္ဓိနယ်မြေ မီးသတ် စခန်းမှ ၁၄ မိုင်ခန့်၊ ပညာသိဒ္ဓိနယ်မြေမီးသတ်စခန်းနှင့် ၁၅ မိုင်ခန့်၊ ဗဟိုမီးသတ်စခန်းနှင့် ၁၆ မိုင်ခန့် ၊ ဥတ္တရသီရိမြို့နယ်မီးသတ်စခန်းနှင့် ၁၈ မိုင်ခန့်ကွာဝေးပြီး အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက ပန်းတင် နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီး၊ သုခသိဒ္ဓိ နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီး၊ ဗလသိဒ္ဓိ နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီး၊ ပညာသိဒ္ဓိနယ်မြေ မီးသတ်စခန်းမှ မီးသတ် ယာဉ်နှစ်စီး၊ ဗဟိုမီးသတ်စခန်းမှ မီးသတ်ယာဉ်သုံးစီး၊ ဥတ္တရသီရိမီးသတ်စခန်းမှ မီးသတ်ယာဉ် လေးစီး စုစုပေါင်းမီးသတ်ယာဉ် ငါးစီးဖြင့်သွားရောက်ငြိမ်းသတ်နိုင်ပါကြောင်း၊

ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်တွင် အိမ်ခြေ ၁၃၆၁ လုံး၊ အိမ်ထောင်စု ၁၃၆၃ စုရှိပြီး အရံမီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးရှိပါကြောင်း၊  ၁၀ နှစ်အတွင်း မီးလောင်မှုလေးကြိမ်၊ ဆုံးရှုံးမှုတန်ဖိုး ၄၀၀၀၀ ခန့်ဖြစ်ပါကြောင်း၊ ရွှေနံ့သာရပ်ကွက်သည် ဇမ္ဗူသီရိမြို့နယ်အတွင်း ပညာသိဒ္ဓိမီးသတ်စခန်းနှင့် ငါးမိုင်ခန့်အကွာ သုခသိဒ္ဓိနယ်မြေ မီးသတ်စခန်းနှင့်ခြောက်မိုင်ခန့်၊ ဗလသိဒ္ဓိနယ်မြေမီးသတ် စခန်းနှင့် ခုနစ်မိုင်ခန့်၊ ဗဟိုမီးသတ်စခန်းနှင့် ရှစ်မိုင်ခန့်၊ ဥတ္တရသီရိမီးသတ်စခန်းနှင့် ၁၀ မိုင်ခန့် ကွာဝေးပြီး အရေးပေါ် မီးလောင်မှုဖြစ်ပွားပါက ပညာသိဒ္ဓိနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီး၊ သုခသိဒ္ဓိနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီး၊ ဗလသိဒ္ဓိနယ်မြေမီးသတ်စခန်းမှ မီးသတ် ယာဉ်နှစ်စီး၊ ဗဟိုမီးသတ်စခန်းမှ မီးသတ်ယာဉ်သုံးစီး၊ ဥတ္တရသီရိမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်လေးစီး စုစုပေါင်းမီးသတ်ယာဉ် ၁၃စီးဖြင့် သွားရောက်ငြှိမ်းသတ်နိုင်ပါကြောင်း၊ ဥတ္တရသီရိမြို့နယ်၊ မောင်ရမ်း ကျေးရွာအုပ်စု အိမ်ခြေ ၁၄၉၀ လုံး၊ အိမ်ထောင်စု ၁၅၆၇ စုရှိပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးရှိပါကြောင်း၊  ၁၀ နှစ်အတွင်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၂၁၀၅၀၀၀ ကျပ် ဖြစ်ပါကြောင်း၊ မောင်ရိုင်းကျေးရွာအုပ်စု၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ပညာသိဒ္ဓိနယ်မြေမီးသတ်စခန်းနှင့် ခုနစ်မိုင်ခန့်အကွာ၊ သုခသိဒ္ဓိနယ်မြေ မီးသတ်စခန်းနှင့် ရှစ်မိုင်ခန့်အကွာ၊ ဗလသိဒ္ဓိနယ်မြေ မီးသတ်စခန်းနှင့်ကိုးမိုင်ခန့်အကွာ၊ ဗဟိုမီးသတ်စခန်းနှင့် ၁၀ မိုင်ခန့်၊ ဥတ္တရသီရိမြို့နယ် မီးသတ်စခန်းနှင့် ၁၂ မိုင်ခန့်ကွာဝေးပြီး အရေးပေါ် မီးလောင်မှု ဖြစ်ပွားပါက ပညာသိဒ္ဓိမီးသတ်စခန်း မှမီးသတ်ယာဉ်နှစ်စီး၊ သုခသိဒ္ဓိနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီး၊ ဗလသိဒ္ဓိနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီး၊ ဗဟိုမီးသတ်စခန်းမှ မီးသတ်ယာဉ်သုံးစီး၊ ဥတ္တရသီရိမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်လေးစီး စုစုပေါင်းမီးသတ်ယာဉ် ၁၃စီးဖြင့် သွားရောက်ငြိမ်းသတ်နိုင်ပါကြောင်း၊ နေပြည်တော်တွင် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ရုံးတစ်ရုံး၊ ခရိုင်မီးသတ်ဦးစီးမှူးရုံး နှစ်ရုံး၊ ခရိုင်မီးသတ်စခန်းနှစ်ခု၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးရှစ်ရုံး၊ မြို့နယ်မီးသတ်စခန်းရှစ်ခု၊ နယ်မြေမီးသတ်စခန်း ၂၇ ခုတို့ဖြင့် ဖွင့်လှစ်သွားရန် ဖွဲ့စည်းမိန့် ခွင့်ပြုမိန့်ရရှိပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးတစ်ရုံး၊ ခရိုင်မီးသတ်မှူးရုံးတစ်ရုံး၊ ခရိုင်မီးသတ်စခန်းတစ်ခု၊ မြို့နယ် မီးသတ်စခန်းရှစ်ခုနှင့် နယ်မြေမီးသတ်စခန်း ၁၈ ခုတို့အတွက် မီးသတ်စခန်းနှင့် ဝန်ထမ်း အိမ်ရာများကိုသာ ဆောက်လုပ်ပေးနိုင်ခဲ့ပြီး ခရိုင်မီးသတ်ဦးစီးမှူးရုံး တစ်ရုံး၊ ခရိုင်မီးသတ်စခန်း တစ်ခု၊ နယ်မြေမီးသတ် စခန်းကိုးခုတို့ဆောက်လုပ်ရန်ကျန်ရှိပါကြောင်း၊

သို့ပါ၍ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)တွင် ခွင့်ပြုပြီးသော မီးသတ်စခန်းများအနက် မြေ နေရာရရှိရေး၊ မီးသတ်စခန်းအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများဆောက်လုပ်နိုင်ရေး၊ မီးသတ် ယာဉ်များ ဖြည့်ဆည်းနိုင်ရေးတို့ကို ဆောင်ရွက်နေရခြင်း၊ တောင်ညိုကျေးရွာအုပ်စုနှင့် မောင်ရမ်း နယ်မြေတို့သည် မီးသတ်စခန်း ဖွဲ့စည်းပုံမရှိသေးခြင်းတို့ကြောင့် ၎င်းကျေးရွာအုပ်စုတို့တွင် နယ်မြေ မီးသတ်စခန်း ဖွင့်လှစ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ဖွဲ့စည်းပုံခွင့်ပြုပြီးဖြစ်သော မင်းကုန်း နယ်မြေမီးသတ်စခန်းနှင့် ရွှေနံ့သာနယ်မြေမီးသတ်စခန်းတို့အား ဆောက်လုပ်နိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မူလရန်ပုံငွေတွင်လျာထား တင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးကျော်မင်းလှိုင်(ဥတ္တရသီရိမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မီးသတ်စခန်း ရှိနေပြီး၊ မြေနေရာရရှိနေပြီးဖြစ်သော ရပ်ကွက်နှစ်ခုတွင် ၂၀၂၀-၂၀၂၁ ဘတ်ဂျက်နှစ် အတွက် တင်ပြ တောင်းခံထားသည့်အတွက်လည်း အထူးကျေးဇူးတင်ပါကြောင်း၊ အဓိကအနေဖြင့် အလှမ်းဝေးသည့် တောင်ညိုတွင် မီးလောင်သည်နေရာကို လမ်းကြားမှ ဝင်ရသည်ဖြစ်ခြင်းကြောင့် ပန်းတင်ကလည်း အချိန်မီမရောက်နိုင်ကြောင်း၊ တောင်ညိုက နေပြည်တော်ကောင်စီဥက္ကဋ္ဌကြီးနှင့် ပြည်သူလူထုတွေ့ဆုံပွဲတွင်လည်း ဒေသခံများမှ တောင်းဆိုခဲ့ပါကြောင်း၊ တိုင်းမီးသတ်တပ်ဖွဲ့ ကလည်း အချိန်မီရောက်နိုင်ကြောင်းကို ဖြေဆိုခဲ့သော်လည်း တကယ်မီးလောင်သည့် အချိန်တွင် မရောက်ခဲ့သည့်အတွက် မဆုံးရှုံးသင့်ဘဲ တချို့ဆုံးရှုံးခဲ့ရပါကြောင်း၊

ယခုအချိန်တွင် တောင်ညိုအုပ်စု ပျဉ်းမနား-တောင်ညိုလမ်းမကြီးပေါ်တွင် မင်းကုန်းကျေးရွာ၊ ကျေးရွာပိုင်မြေပေါ် မီးသတ်စခန်းထားရှိပေးရန်အတွက် မြေနေရာလည်း ရရှိနေပြီးဖြစ်ပါကြောင်း၊ မီးသတ်ကားတစ်စီးနှင့် ကျေးရွာအရန်မီးသတ်တပ်ဖွဲ့များ ပူးပေါင်းပြီး မီးသတ်တပ်ဖွဲ့ရုံးက ရုံးဝန်ထမ်း အင်အားနှင့် ညှိနှိုင်းကာ မီးသတ်ကားအမြန်ဆုံးလွယ်ကူစွာ ရောက်ရှိနိုင်မည့် ရပ်ကွက်အတွင်း မီးသတ်ကားတစ်စီးထားရှိနိုင်ရန် လိုအပ်ပါကြောင်း၊ တောင်ညိုအုပ်စု  ကိုယ်ထူကိုယ်ထ မြေနေရာဖြစ်သည့်အပြင် တိုင်းဦးစီးကလည်း ပထမဆွေးနွေးချိန်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ညှိနှိုင်းပြီး မီးသတ်ကားများလည်းရှိနေသည့်အတွက် မီးသတ်တပ်ဖွဲ့ဝင်အင်အားအသင့်အတင့်နှင့် ထားရှိပေးနိုင်မည်ဟု ဆွေးနွေးထားသည်လည်းရှိပါကြောင်း၊  ထို့ကြောင့် တောင်ညိုတွင် ကိုယ်ထူ ကိုယ်ထ မီးသတ်ရုံးထားရန် မြေနေရာ ဆောင်ရွက်ထားသည့်အပေါ် မီးသတ်ကားထားရှိပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီး  ဗိုလ်ချုပ်အောင်သူ

တောင်ညိုကျေးရွာအုပ်စုအနေဖြင့် ဖွဲ့စည်းပုံအရ ခွင့်ပြုမိန့်ရရှိခြင်းမရှိသေးသည့်အတွက် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၏ ထောက်ခံချက်ဖြင့်  မီးသတ်က ပြန်လည် တင်ပြမည်ဆိုပါက ဆက်လက်ပြီးစိစစ်တင်ပြဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။