Skip to main content

 

ယခုဆိုလျှင် နိုင်ငံတော်အစိုးရက နိုင်ငံတော်တွင် ရည်မှန်းချက် (၄) ရပ်ချမှတ်ပြီး ဆောင်ရွက်နေခြင်း ဖြစ်ပြီး အဆိုပါ (၄)ရပ်ထဲက (၁) က အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်ပြီး စည်းလုံး ညီညွတ်သော ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုဖြစ်လာရေး ဖြစ်ပါကြောင်း၊ ၎င်းဖက်ဒရယ်ဆိုသည့် စကားရပ်သည် လက်တင်ဘာသာ အဓိပ္ပာယ်အရဆိုလျှင် ယုံကြည်ရန် ဖြစ်ပါကြောင်း၊ ယခုလိုယုံကြည်မှုဆိုသည်မှာ နိုင်ငံရေးဆိုင်ရာတန်းတူညီမျှမှု၊ စီးပွားရေးဆိုင်ရာ တန်းတူညီမျှမှုနှင့် လူမှုရေးဆိုင်ရာ တန်းတူညီမျှမှုများအပေါ် အခြေခံသည့် ယုံကြည်မှုမျိုး ဖြစ်ပါကြောင်း၊ ဒုတိယဖြစ်တဲ့ နိုင်ငံရေးဆိုင်ရာ တန်းတူညီမျှမှုနှင့် ပက်သတ်ပြီး နောက်ထပ် ရည်မှန်းချက်ထဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်လာသည့် စီးပွားရေးအခြေအနေကောင်းများ ရရှိရေးဆောင်ရွက်ရန် ဆိုသည့် ရည်မှန်းချက် ဖြစ်ပါကြောင်း၊ ထို့အတူ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အမိန့်ကြော်ငြာစာ အမှတ် (၂၅/၂၀၁၇) နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်နယ်တွင်ရှိသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို လုပ်ဆောင်သည့်အခါ လိုက်နာရမည့် အမိန့်ကြော်ငြာစာ၏ ရည်ရွယ်ချက် အခန်း (၁) တွင်လည်း နိုင်ငံတော်၏ ရည်မှန်းချက်အခန်း (၂)၊ ရည်ရွယ်ချက် (၂) ကို ပြန်ပြီးပြဋ္ဌာန်းထားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိတွင် နိုင်ငံတော်အစိုးရက စီးပွားရေးဟန်ချက်ညီ ဖွံ့ဖြိုးရန်အတွက် စီးပွားရေးမူဝါဒ (၁၂) ချက် ချမှတ်ထားပြီး အဆိုပါ စီးပွားရေး မူဝါဒ (၁၂) ချက်ကို အခြေခံပြီး Plan to Budgeting ဖြင့် အလုပ်လုပ်နေသည်ကို တွေ့ရှိပါကြောင်း၊ ထို့အတူ သိပ်မကြာသေးခင်က MSDP ဟုခေါ်သော Myanmar Sustainable Development Plan ကိုလည်း ချမှတ်ပြီး ဆောင်ရွက် နေသည်ကို သတိထားမိပါကြောင်း၊ သို့သော် ယခု ၂၀၁၇-၁၈ ခုနှစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစီရင်ခံစာတွင် ကယားပြည်နယ်နှင့် ချင်းပြည်နယ်ဆိုလျှင် ၁၉၈၈ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း ၂၉ နှစ်အတွင်း ကယားပြည်နယ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်ခုသာရခဲ့ပါကြောင်း၊ ပြည်တွင်းနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု သုံးခုရခဲ့ပါကြောင်း၊ ချင်းပြည်နယ်က ၂၉ နှစ်လုံးလုံးအတွင်း ရင်းနှီးမြှုပ်နှံမှု တစ်ခုမှမရခဲ့ပါကြောင်း၊ ၂၀၁၈ ဘဏ္ဍာရေးနှစ်အထိ မိမိတို့က နိုင်ငံတော်ရည်မှန်း ချက်များကို ပြည့်မီအောင် ဆောင်ရွက်ရန်အတွက်ဆိုလျှင် မိမိတို့တာဝန် ယူနေသည်အချိန်၊ ၎င်းအစိုးရတာဝန်ယူနေသော ကာလအတွင်း အစွမ်းကုန်ကြိုးစားရန် လိုအပ်ပါသည်ဟု ထင်မြင်ယူဆသည့် အတွက်ကြောင့် မေးခြင်းဖြစ်ပါကြောင်း၊

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက ဒေသအတွင်း ရင်းနှီးမြှုပ်နှံမှုများကို လုပ်ရန်ရ၊ အမိန့်အရ တာဝန်ရှိသည်မှန်သော်ည်း လက်ရှိကယားပြည်နယ်၊ ချင်းပြည်နယ်အခြေအနေကို သုံးသပ်ကြည့်မည် ဆိုလျှင် လက်ရှိဥပဒေနှင့် အဆိုပါ အမိန့်ညွှန်ကြားချက်များက ပေးထားသည့် အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ၊ ရင်းနှီးမြှုပ်နှံမှုများ တိုးပြီးရအောင်ဆောင်ရွက်ရန်ဆိုတာ မသေချာမှု မရှိတော့ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုအဆင့်ရှိသည့် ကော်မရှင်မှ ပူးပေါင်းဆောင်ရွက်မှု ရှိမှသာလျှင် ၎င်းကိစ္စကို မြှင့်တင်နိုင်မည်ဟု ထင်သည့်အတွက်ကြောင့် မေးမြန်းရခြင်းဖြစ်ပါသည်။ ချင်းပြည်နယ်တွင် အလုပ်လုပ်နိုင်သည့် လူငယ်များ အင်မတန် နည်းပါးနေပါကြောင်း၊ ၎င်းသည် အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုနှင့် တိုက်ရိုက်သက်ဆိုင် လျက်ရှိပါကြောင်း၊ ပြီးခဲ့သည့် ကာလအတွင်းကလည်း Investment Forum လုပ်သွားသည့် အတွက်ကြောင့် ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသည့်သူများ စိတ်ဝင်စားမှု မြင့်တက်နေသည် ဆိုသည်မှာလည်း မိမိတို့တွေ့ရှိရပါကြောင်း၊ သို့သော် မိမိတို့ပြည်ထောင်စု အဆင့်ရှိသည့် လွှတ်တော်များ၊ ပြည်သူ့လွှတ်တော်များကလည်း တိုင်းဒေသကြီး၊ ပြည်နယ်တွင်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို မေ့လျော့မထားဘဲ အစိုးရအနေဖြင့်လည်း အဆိုပါမေးခွန်းများကို ဖြေသည့်အခါ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများသည် ဒေသဖွံ့ဖြိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရရှိအောင် မည်ကဲ့သို့ ဆောင်ရွက်နေသည် ဆိုသည်ကို လွှတ်တော်က တစ်ဆင့် ပြည်သူများ ကြားနာခွင့်ရအောင် ရည်ရွယ်ပြီး မေးခြင်းဖြစ်ပါကြောင်း၊

မိမိအကြံပြုချင်သည်မှာ တခြားပြည်နယ်နှင့် တိုင်းဒေသကြီးများကဲ့သို့ အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့် ရကောင်းရချင်မှ ရနိုင်မည် ဖြစ်သည့်အတွက် ပြည်နယ်နှစ်ခုပိုပြီး ရင်းနှီးမြှုပ်နှံမှုများ နိုင်ငံခြားနှင့် ပြည်တွင်းများရအောင် ဆောင်ရွက်ဖို့ဆိုလျှင် ပြည်ထောင်စုအစိုးရအနေဖြင့် အခွန်ကင်းလွတ်ခွင့်များ၊ သက်သာခွင့်များနှင့် ဆွဲဆောင်မှုအတွက် မည်ကဲ့သို့ Plan များ ချမှတ်ထားသည် ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုဝင်ရောက်လာစေရန်အတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့် ပေးခြင်းဖြင့် ဆွဲဆောင်မှုပြုခဲ့ရာ ယခင်ရင်းနှီးမြှုပ်နှံမှု ဥပဒေများအရ ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၌ တစ်ပြေးညီ ခံစားခွင့်ပြုခဲ့ပါကြောင်း၊ သို့သော် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဋ္ဌာန်းကျင့်သုံးပြီးနောက်ပိုင်း ဝင်ငွေခွန်ကင်းလွတ်ခွင့် နှစ်အနည်းအများကို ဒေသဖွံ့ဖြိုးမှု အပေါ်မူတည်၍ သတ်မှတ်ခံစားခွင့် ပြုခဲ့ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၇၅ ပုဒ်မခွဲ (က) နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၁၇) တို့အရ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ မြို့နယ်အားလုံးတွင် ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်း များအနေဖြင့် စီးပွားဖြစ်စတင်သော နှစ်အပါအဝင် တစ်ဆက်တည်း ခုနစ်နှစ်အထိ ဝင်ငွေခွန် ကင်းလွတ်ခွင့် ခံစားခွင့်ရရှိမည် ဖြစ်ပါကြောင်း၊ အခြားဖွံ့ဖြိုးမှုအသင့်အတင့်ရှိသော ဒေသများတွင် ဝင်ငွေခွန်ကင်းလွတ်ခွင့် ငါးနှစ်သာရမည်ဖြစ်ပြီး ဖွံ့ဖြိုးမှုရှိသောဒေသများတွင် ဝင်ငွေခွန်ကင်းလွတ်ခွင့် သုံးနှစ်စီသာ ခံစားခွင့်ပြုသောကြောင့် အခြားဒေသများထက် ကယားပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်များတွင် ဝင်ငွေခွန်ကင်းလွတ်ခွင့်အား ပိုမိုပေးထားပါကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများသည် နှစ်ရှည်မြေ သို့မဟုတ် အဆောက်အအုံအသုံးပြုခွင့် ကနဦး နှစ် ၅၀ နှင့် သက်တမ်းတိုး ၁၀ နှစ် နှစ်ကြိမ် စုစုပေါင်း နှစ် ၇၀ ရရှိမည် ဖြစ်ပါကြောင်း၊ နိုင်ငံခြားသားရင်းနှီး မြှုပ်နှံသူများအတွက် နှစ်ရှည်မြေ အသုံးပြုခွင့်သည်လည်း အဓိကအရေးပါသော ဆွဲဆောင်မှုတစ်ရပ် ဖြစ်သည့်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၅၀ ပုဒ်မခွ(စ) အရ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နည်းပါးပြီး ဆက်သွယ်သွားလာရေး ခက်ခဲသောနေရာများတွင် မြေအသုံးပြုခွင့်ကာလကို နှစ် ၇၀ ထက်ပိုမို၍ အသုံးပြုခွင့်ရရှိရေး ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်နှင့် ခွင့်ပြုနိုင်ကြောင်းကိုလည်း ပြဋ္ဌာန်းထားခြင်း ဖြစ်သည့်အတွက် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့သည် အဆိုပါပြဋ္ဌာန်းချက်များနှင့် အကျုံးဝင်ခြင်း ဖြစ်သောကြောင့် နှစ်ရှည်မြေငှား ရမ်းခွင့်ကိုလည်း အထူးအခွင့် အရေးအနေဖြင့် ရရှိနိုင်မည် ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဖွံ့ဖြိုးမှုနှေးကွေးသည့် နေရာများတွင် ပိုမိုသာလွန်သော အခွင့်အရေးများ ပေးထားခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်လျက် ရှိပါကြောင်း၊ ထို့အပြင် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်များ၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲ များနှင့် အများပြည်သူတို့ ဥပဒေပိုင်းဆိုင်ရာ အသိပညာပေးပွဲများကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ကျင်းပ ပြုလုပ်လျက်ရှိပါကြောင်း၊ ကယားပြည်နယ်တွင် ကျင်းပခဲ့သည့် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်၏ အကျိုးဆက်အနေဖြင့် ၂၀၁၈ ခုနှစ် မေလကစတင်ပြီးတော့ ယနေ့အထိ ဟိုတယ်နှင့်ခရီးသွား ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ မြန်မာကျပ်ငွေသိန်း ၁၂၀၀၀ ကိုခွင့်ပြု ပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ကယားပြည်နယ်အတွင်းတွင်လည်း ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များမှလည်း လေ့လာမှုများ၊ တင်ပြမှုများရှိနေပြီး ဆက်လက်ခွင့်ပြု ပေးသွားမည် ဖြစ်ပါကြောင်း၊ အလားတူ ချင်းပြည်နယ်တွင်ရှိသည့် ရင်းနှီးမြှုပ်နှံမှုပြပွဲကိုလည်း ၂၀၁၉ ခုနှစ် မတ်လတွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုဖိုရမ်များ၊ ပြပွဲများကို စဉ်ဆက်မပြတ် ဆက်လက်ကျင်းပ၍ ရင်းနှီးမြှုပ်နှံမှုများအားလည်း ဖိတ်ခေါ်ဆွဲဆောင် သွားမည်ဖြစ်ပါကြောင်း၊

ကိုယ်စားလှယ်တော်ကြီး ပြောသည့်အထဲ ဘာပါလဲဆိုလျှင် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် Incentive များပေးခြင်း ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုပြီးဆွဲဆောင်နိုင်မည် ဖြစ်သော်လည်း Incentive များထက်ပိုမိုပြီး ပေးသင့်သည်ဆိုပြီး ကိုယ်စားလှယ်ကြီးမှ ဆွေးနွေးသွားခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင်လည်း ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်သည့်အခါ Incentive တစ်ခုတည်းဖြင့် မလုံလောက်ပါကြောင်း၊ သို့သော် Incentive ပေးခြင်းထက်ပိုပြီး Tax Incentive ပေးခြင်းကပိုပြီး ဆွဲဆောင်လျှင် အဓိကအရေးကြီးဆုံးက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်းကျင်ကို ကောင်းမွန်အောင် ဆောင်ရွက်ဖို့ ဖြစ်ပါကြောင်း၊ မိမိတို့ခေါ်သည်က Favourable Investment Climate ကို ဖြစ်အောင် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ Favourable Investment Climate ကို ဆောင်ရွက်သည့်အခါ အဓိကနှစ်ပိုင်းရှိပါကြောင်း၊ ၎င်းတို့သည် Investment ဆိုင်ရာ Eco System ဖြစ်ပါကြောင်း၊ Investment ဆိုင်ရာ Eco System တွင် Hard Infrastructure များ၊ Soft Infrastructure များ ပြည်စုံရန်လည်း လိုအပ်ပါကြောင်း၊ ထို Hard Infrastructure ပိုင်းတွင် Hard Connectivity များ၊ Soft Connectivity များ ပြန်ခွဲပြီး ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် Favourable Investment Climate သည် Incentive၊ Tax Incentive ပေးခြင်းထက် အများကြီးရင်းနှီးမြှုပ်နှံမှု နိုင်ငံတကာတွင်ပိုပြီး ဆွဲဆောင်နိုင်ခြင်း ဖြစ်သည့်အတွက် Favourable Investment Climate ရအောင် Hard Infrastructure ပိုမိုကောင်းမွန်အောင်စေရန်၊ Soft Infrastructure များ ကောင်းမွန်စေရန်၊ Connectivity များ ကောင်းမွန်စေရန်လည်း MSDP  ဟုခေါ်သည့် Myanmar Sustainable Development Plan တွင် အားလုံးဆွဲထားပြီး ဖြစ်ပါကြောင်း၊ MSDP ဆိုသည့် Myanmar Sustainable Development Plan သည်လည်း Policy Direction တစ်ခုအနေဖြင့် ဆွဲပြီး ထားခြင်းမဟုတ်ဘဲ အမှန်တကယ်ဆောင်ရွက်နိုင်ရန် Implement  လုပ်နိုင်စေရန် Project Bank ဆိုင်ရာ ညွှန်ကြားချက်ကလည်း အားလုံးထုတ်ထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါ Project Bank ဆိုင်ရာ ညွှန်ကြားချက်အရ PPP ဟုခေါ်သည့် Private Public Partnership ဆိုသည့် စီမံကိန်းများကို သက်ဆိုင်ရာဌာနများက ဖော်ထုတ်ရမည် ဖြစ်ပါကြောင်း၊ နောက်ပြီး တိုင်းဒေသကြီး အစိုးရများကလည်း PPP စီမံကိန်းများကို ဖော်ထုတ်ပြီး Project Bank ထဲတွင် ထည့်ပြီး Transparently ပွင့်လင်းမြင်သာစွာဖြင့် Competitive Tender များခေါ်ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်သည့် အခါတွင်လည်း PPP လုပ်ငန်းများ၊ PPP စီမံကိန်းများ PP Payable ဖြစ်စေရန် နောက် Bankable ဖြစ်စေရန်လည်း ထပ်မံပြီး နိုင်ငံတော်အနေဖြင့် ထောက်ပံ့မှု အစီအစဉ်များကိုလည်း Project Bank ဆိုင်ရာ ပြဋ္ဌာန်းချက်တွင် ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆက်လက်ပြီး Tax Incentive များမကဘဲ Investment Eco System တစ်ခုလုံးကို Favourable Investment Climate၊ Facilitate၊ Friendly နှင့် Predictable Environment တစ်ခုဖြစ်ရန်လည်း ဆက်လက်ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များ အနေဖြင့်လည်း ကယားပြည်နယ်အတွင်း ဆောင်ရွက်နိုင်သည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ပိုမိုပြီးသိရှိရင်းနှီးမြှုပ်နှံ နိုင်အောင်လည်း ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းလေ့လာမှု အစီရင်ခံစာကို ၂၀၁၈ ခုနှစ် မတ်လတွင် ထုတ်ဝေခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး Website တွင်လည်း အများပြည်သူလေ့လာသိရှိနိုင်ရန် ဖိတ်ခေါ် ဖော်ပြထားသည့်အတွက် အဆိုပါ ဒေသများတွင် ရင်းနှီးမြှုပ်နှံများ ပိုမိုတိုးတက်ဝင်ရောက် လာစေရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။